ဘယ်လိုတောင် သောက်ရူးလဲ
Vol. 81 Ch. 1215
ချိုးယွီလော့နှင့် နင်ချဲ့တို့ သူမတို့၏ အ၀တ်အစားများနှင့် လက်နက်ကိရိယာများကို ထိန်းညှိလိုက်ရင်း လင်းရီကို တစ်ချက်ကြည့်လိုက်သည်။
" နင့်ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ... "
" အရင်က ထန်ဓား မသုံးဖူးလို့လေ... စမ်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး... "
" ဒါပေမယ့် ဟိုဘက်က လူတွေ အများကြီးနော်... "
" ဂေါ်ဖီထုပ် ဘယ်လောက်များများ ဂေါ်ဖီထုပ်က ဂေါ်ဖီထုပ်ပဲ... "
ပြောပြီးနောက် လင်းရီ ကားတံခါးဖွင့်လိုက်ပြီး ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း နောက်မှ လိုက်သွားခဲ့ကြသည်။
အမျိုးသမီး နှစ်ယောက်ကို မြင်တော့ ခန်းဂျိတာခါယာမ၏ မျက်လုံးအစုံသည် မျဉ်းမြောင်းသွားခဲ့သည်။
သူ ဤနှစ်ယောက်ကို အီဇူမိုဂျီ ဟိုတယ်တွင်တုန်းက တစ်ကြိမ် တွေ့ခဲ့ဖူး၏။ ဤတစ်ကြိမ် လင်းရီနှင့်အတူ ကားထဲမှ ထွက်လာလိမ့်မည်လို့တော့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
" မင်းတို့ သုံးယောက်က အလုပ်အတူ တွဲလုပ်နေကြတယ်ပေါ့... "
လင်းရီ ပြုံးလျက် ခေါင်းညိမ့်လိုက်ပြီး " ငါ မမှားဘူးဆိုရင် မင်းတို့ကို ဟို ခွေးသူတောင်းစားအိုကြီး ယူရှီမစ်ဆူ ပို့လိုက်တာမလား... မင်းတို့ကို အယ်လက်ဆာ ငါ့သတ်တဲ့အချိန်မှာ ကူညီပေးခိုင်းလိုက်တယ် .. ဟုတ်တယ်ဟုတ်... "
" ဟုတ်တယ်... အဲ့တာ အမှန်ပဲ... "
ခန်းဂျိတာခါယာမ မည်သည်ကိုမျှ ဖုံးကွယ်မနေဘဲ ပြောလိုက်ပြီး " ဒါပေမယ့် မင်း သူ့ကို သတ်လိုက်တဲ့ အမြန်နှုန်းကတော့ ငါထင်ထားတာထက်ကို ပိုနေတာပဲ.. မင်း ဒီလောက် မြန်မြန်ကြီး လက်စဖြတ်လိုက်လိမ့်မယ်လို့တောင် ထင်မထားဘူး... "
" သူသေသွားပြီဆိုတာကို မင်းသိတယ်... ဒါတောင် မင်းက လာရဲသေးတယ်ဆိုတော့ မင်းရဲ့ သတ္တိကတော့ အသိအမှတ်ပြုလောက်စရာပါပဲ... "
" ငါတို့ကြားမှာ လက်တွဲပူးပေါင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... မင်း မစ်ဆူမိသားစုနဲ့ တစ်သားတည်း ရပ်တည်လာမှာကို ကာကွယ်ဖို့ ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတယ်... မစ္စတာလင်း စိတ်မရှိပါနဲ့... "
" ဒါဆိုလည်း တော်လိုက်ကြတာပေါ့... ဒီနေ့ ငါ့ရဲ့ ဓားစွမ်းရည်ကို မင်းတို့နဲ့ စမ်းသပ်ကြည့်ရချည်သေးရဲ့... "
" လုပ်တော့.... "
ခန်းဂျိတာခါယာမ သူ့ဘေးရှိ လူများကို ပြိုင်တူ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
သူ၏ လက်ပါးစေ ဆယ်ယောက်ကျော်မှာ တစ်ချိန်တည်းနီးပါး တိုက်ခိုက်လိုက်ကြလေသည်။
ထိုအခိုက်အတန့်တွင် သုံးယောက်လုံး၏ မျက်လုံး သူငယ်အိမ်သည် မှေးကျဉ်းသွားခဲ့ကြ၏။
ဤသည်က ဘာကြောင့်လဲဆိုတော့ သူတို့ ရှေ့ရှိ လူတစ်ဒါဇင်ခန့်သည် လူသာမန်များ ဟုတ်မနေသည်ကို ရှာဖွေတွေ့ရှိလိုက်ရသောကြောင့်ပင် ဖြစ်သည်။ ထိုသူတို့က အနည်းဆုံး E အဆင့်သို့ ရောက်ရှိနေကြချေပြီ။
၎င်းကို မြင်တော့ သုံးယောက်လုံး၏ အတွေးထဲတွင် တူညီသည့် အတွေးတစ်ခုက တိုင်ပင် မထားဘဲ ပေါ်ပေါက်လာခဲ့တော့၏။
ဤလူများက လက်ရှိ အဆင့်သို့ ရောက်ရန်အတွက် ဗီဇ သွေးရည်ကြည် ထိုးသွင်းထားသည့်လူများ ဖြစ်လောက်ပေသည်။
" ဟားဟား ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းထားလိုက်လဲ... "
ချိုးယွီလော့ "... "
နင်ချဲ့ ".... "
သပကို စိတ်လှုပ်ရှားဖို့ ကောင်းပါလား.. ဒီလောက် အန္တရာယ်များတာကို မြင်နေရဲ့သားနဲ့...
ဦ
ယ့့့ပ့့ပ
မောက်မာသည့် အပြုံးတစ်ပွင့်ဖြင့် လင်းရီသည်လည်း ရှေ့သို့ တုံ့ဆိုင်းခြင်းမရှိ ပြေးတက်သွားခဲ့၏။
" သေစမ်း..... သောက်ကောင်က ရူးနေပြီ... "
နင်ချဲ့ ကျိန်ဆဲလိုက်ပြီး လင်းရီကို ကာပေးရန်အတွက် သူမသည်လည်း ရှေ့သို့ ပြေးတက်လာခဲ့၏။
လင်းရီ၏ ရပ်တန့်မရသည့် အဟုန်ကို မြင်တော့ ရှေ့တန်းရှိ လူများသည် ချက်ချင်းဆိုသလို သူတို့၏ ပြေးလမ်းကြောင်းများတွင် ရပ်တန့်လိုက်ကြ၏။
အကယ်၍ လှိုင်းလုံးသည် ကမ်းခြေကို ပုတ်ခတ်မည်ဆိုပါက သူတို့သည် ခုခံနိုင်စွမ်း ကင်းမဲ့နေလိမ့်မည်။
ရွှစ်...
ထက်ရှသည့် ထန်ဓားက ပထမလူကို တည့်တည့် ထိုးစိုက်သွားခဲ့သည်။ ထို့နောက် နေရာတွင် ချက်ချက်း အသက်ပျောက်သွားခဲ့တော့၏။
နီးကပ်စွာဖြင့် နောက်မှ လိုက်ပါလာသည့် ချိုးယွီလော့သည် လင်းရီ လူသတ်လိုက်သည်ကို မြင်တော့ မသိမသာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
ဒီကောင်ကတော့ တကယ်ရူးနေတာပဲ...
လူတစ်ယောက်ကို ကိုင်တွယ်ပြီးနောက် လင်းရီ ကျန်သူများထံ ဓားကိုင်ဆွဲ၍ ဆက်လက် ပြေးသွားခဲ့သည်။
ဒုတိယ တစ်ယောက်ကတော့ ပထမလူထက် အနည်းငယ် သန်မာသည်။ လင်းရီလက်ထဲ မရှုံးနိမ့်မီတွင် နှစ်ချက်ခန့်မျှ လက်ရည် ဖလှယ်သွားနိုင်ခဲ့၏။
တစ်ချိန်တည်းတွင် ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း သူမတို့၏ ကိုယ်စီပြိုင်ဘက်များကို အဆုံးသတ်ပေးလိုက်ကြသည်။
ငါးမိနစ် အတွင်းမှာပဲ ခန်းဂျိတာခါယာမဘက်မှ လူလေးယောက် ဆုံးရှုံးထားပြီး ဖြစ်၏။
လူဦးရေ အသာစီး ရထားသော်လည်းပဲ ကံမကောင်းစွာဖြင့် ထိုလူများက E အဆင့် ဖြစ်နေခဲ့လေသည်။
လင်းရီနှင့် ကျန်နှစ်ယောက်မှာ D အဆင့်သို့ ရောက်ရှိထားပြီး အဆင့်များကြား ကွာဟမှုက သိသာထင်ရှားလှ၏။ ထို့ကြောင့် သဘာ၀ အလျောက် တုတ်ဓားချင်းယှဉ်ပါက လင်းရီတို့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
အကယ်၍ အစောပိုင်းတွင်သာ အယ်လက်ဆာဘက်မှ ယခုလို လူဒါဇင်ခန့် ကူညီပေးမည်ဆိုလျှင်တော့ ထွက်ပေါ်လာသည့် အခြေအနေမှာ ကွဲပြားသွားနိုင်ပေသည်။
အယ်လက်ဆာ တစ်ယောက်တည်းကပင် သူနှင့် လက်ရည်တူ တိုက်ခိုက်နေနိုင်ပြီး အကယ်၍ ဤလူများ၏ ပံ့ပိုးပေးမှုကိုပါ ထည့်ပေါင်းလိုက်မည် ဆိုပါက လင်းရီ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ခန်းဂျိတာခါယာမသည် အတွက်ချက် မှားယွင်းသွားပြီး အယ်လက်ဆာသည် နင်ချဲ့၏ ပစ်သတ်ခြင်းကို ခံလိုက်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ထို့ပြင် သူ ခေါ်ဆောင်လာသည့် လူ ဒါဇင်ကျော်ကလည်း ချိုးယွီလော့နှင့် နင်ချဲ့ကြားတွင် ပျံ့ကျဲနေလျက်ရှိကာ လင်းရီကို ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့နေသည်။
အမှန်တော့ ခန်းဂျိတာခါယာမ၏ အကြီးဆုံး အမှားက ချိုးယွီလော့နှင့် နင်ချဲ့တို့၏ ခွန်အားကို မှားယွင်း အကဲဖြတ်မိခြင်း ဖြစ်သည်။
သူ ကားထဲမှ ထွက်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့ လင်းရီ၏ ကားထဲ ရှိနေသည်ကို သူ မြင်သည်။ သို့ပေမယ့် သူမတို့က ထိုမျှ သန်မာနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
အကယ်၍ ထိုသူတို့ကြောင့်သာ မဟုတ်ပါက ဤ ဒါဇင်ကျော်သည့် လူများသည် လင်းရီကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်မည်မှာ အမှန်ပင်။ ထိုသို့ဆိုပါက လင်းရီကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးပင် ရှာဖွေကောင်း ရှာဖွေနိုင်လိမ့်ဦးမည်။
သို့သော် လက်ရှိ အနေအထားက သူ့အဖို့ အင်မတန် အလေးမသာလျက် ရှိ၏။
" လင်းရီ .. ဂရုစိုက်... "
ချိုးယွီလော့ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ လင်းရီ ချက်ချင်း တုံ့ပြန်လိုက်ပြီး လှည့်ကြည့်လိုက်တော့ ခန်းဂျိတာခါယာမမှ သေနတ်ထုတ်၍ သူ့အား အသင့် ချိန်ရွယ်ပြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
" သောက်ခွေး... "
လင်းရီ ကျိန်ဆဲပြီး ဘေးသို့ အလျင်အမြန် ရွေ့လျားလိုက်၏။
ဘန်း...
လင်းရီ ဘေးသို့ ရွေ့လျားသည့် အချိန်တွင်ပဲ သေနတ်ပစ်ခွင်းသံ တစ်ချက် ထွက်ပေါ်လို့လာသည်။
ပူပြင်းသည့် ကျည်တစ်တောင့်သည့် သန်မာသည့် ဖောက်ထွင်းအားကို သယ်ဆောင်ထားလျက်ရှိပြီး တဝီဝီ မြည်သံပေးလျက် ချဉ်းကပ်လာလေသည်။
" သတိထား... လင်းရီ .... "
မိန်းကလေး နှစ်ယောက်လုံးမှ ပြိုင်တူအော်ဟစ်လိုက်ကြ၏။
သူက ကျည်ကာ၀တ်စုံ ၀တ်ထား၍ မသေနိုင်ဘူး ဆိုသော်ငြားလည်း အကယ်၍ ကျည်ဆံ ထိမှန်သွားခဲ့မည် ဆိုပါက မလွှဲဖယ်သာသည့် ငရဲတမျှ နာကြင်မှုကိုတော့ ခံစားရလိမ့်ဦးမည်။
လင်းရီ အချိန်မီ ရှောင်လိုက်နိုင်သဖြင့် ကျည်ဆံမှာ သူ၏ လင်မောင်းအုံသို့သာ ထိမှန်လာလေသည်။
လင်းရီ မျက်မှောင်ကြုတ်ပြီး တစ်ချက် ညည်းညူမိသွားခဲ့၏။ ကျေးဇူးတင်ဖို့ ကောင်းစွာဖြင့် ကျည်ကာ၀တ်စုံမှာ လာရောက်ထိမှန်သည့် ကျည်ဆံကို အပြည့်အ၀ ကာကွယ်ပေးသွားခဲ့လေသည်။
" ငိုးပဲ .. ဆက်လုပ်စမ်း..."
လင်းရီ ကျိန်ဆဲလိုက်ပြီး " ငါ ဒီနေ့ မင်းတို့အကုန်လုံးကို မခုတ်နိုင်ဘူးဆိုရင် ငါ့နာမည် လင်း မဟုတ်တော့ဘူး... "
မှင်တက်ဆွံ့အ ...
မယုံကြည်နိုင်...
လင်းရီသည် ကျည်ဆံမှန်ပြီးသည့်တိုင်အောင် မည်သို့မျှ မနေဘူးလော။
ခန်းဂျိတာခါယာမ သာမက ချိုးယွီလော့နှင့် နင်ချဲ့တို့ပင် လင်းရီကို မွန်းစတား သဖွယ် ခံစားလိုက်ကြရသည်။
သူက D အဆင့်သို့ ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူတို့ထက် ထူးခြားသည်ဆိုသော်လည်းပဲ ယခုလို အပစ်ခံရပြီးနောက်တွင် ဆက်လက် လှုပ်ရှားနေနိုင်ခြင်း မရှိသင့်ချေ။
သူ၏ အမူအရာက ခန္ဓာကိုယ် လေ့ကျင့်ခန်း အစုံတစ်ခါက်ပြီးပါလို့ နောက်ဆယ်ခါ လာစမ်းဟု အော်ပြောနေသယောင်ယောင်။
နင်ချဲ့ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း " ဆာလိုက်တာ.... "
" နင် သတိထားစမ်း... ဒီလို အချိန်မျိုး မှာတောင် နှာခေါင်း မီးတောက်နိုင်သေးတယ်ပေါ့... နင် တစ်ချက် ဂရုမစိုက်ရင် ချက်ချင်း သေသွားနိုင်တယ်နော်... "ချိုးယွီလော့ စောဒက တက်လိုက်၏။
" အေးပါ အေးပါ .. အာရုံစိုက်ကြတာပေါ့... "
လင်းရီ အဆင်ပြေသည်ကို သိလိုက်ရတော့ အမျိုးသမီး နှစ်ဦးမှာ အားဆေး အသွင်းခံလိုက်ရသည့်နှယ် ပို့လိုပင် တက်တက်ကြွကြွ တိုက်ခိုက်နေကြတော့သည်။
တစ်ဖက်သူကို ခွန်အား အရာတွင် ဖိနှိပ်နိုင်ရုံတင်မက အရှိန်အဝါအရပါ ဖိနှိပ်နိုင်သွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ခန်းဂျိတာခါယာမမှာ ချွေးတစ်ပြိုက်ပြိုက် ကျဆင်းနေလျက်ရှိ၏။ သူ၏ လက်ကောက်၀တ်များဆို တုန်ယင်နေပြီး သူ၏ အမူအရာသည်လည်း အကျည်းတန်လို့ နေသည်။
ကျည်ဆံပင်လျှင် ထိုအကောင်၏ ဇီဝိန်ကို မခြွေယူနိုင်သည်အထိ အသက်ပြင်းသည်လော။ သူ့တွင် ရွေးချယ်စရာ မကျန်တော့ပေ။
ခန်းဂျိတာခါယာမ၏ တုံ့ပြန်မှုက အလွန်လျင်မြန်သည်။ အခြေအနေ မဟန်သည်ကို မြင်တော့ သူ သေနတ်ကို အမြန် ကောက်ပစ်ပြီး ကားထံသို့ သွား၍ ထွက်ပြေးရန် ကြံစည်တော့သည်။
" ငိုးပဲ... "
လင်းရီ ကျိန်ဆဲပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ဘက်လှည့်၍ " ဒီကောင်တွေ မင်းတို့နဲ့ အပ်ခဲ့မယ်... ငါ သူ့နောက်လိုက်သွားပြီး ဖမ်းလိုက်ဦးမယ်.... "
" ရတယ်... "
" သူ့ကို တားထားကြ... "
ခန်းဂျိတာခါယာမမှ ကျန်ရှိသည့် လူများကို လင်းရီအား တားဆီးရန်အတွင် အမိန့်ပေးလိုက်ပြီး သူ့အတွက် အချိန်ပိုရအောင် ဖန်တီးခိုင်းလိုက်လေသည်။
" မင်းတို့ကောင်တွေက ငါ့ရှေ့မှာ ပိတ်ရပ်ဖို့တောင် မတန်တဲ့ကောင်တွေ... "
ချိုးယွီလော့နှင့် နင်ချဲ့တို့ ပြေးတက်လာပြီး လင်းရီအတွင် လမ်းရှင်းပေးလိုက်ကြ၏။
လင်းရီ သူ၏ ဓားရှည်ကို ကောက်ပစ်လိုက်ပြီး ခန်းဂျိတာခါယာမထံ ပြေးသွားလိုက်၏။
ဘုန်း...
ခန်းဂျိတာခါယာမ အင်ဂျင်နှိုးပြီးသည့် အချိန်တွင်ပဲ လင်းရီ ခွန်အားအပြည့်ဖြင့် ကားပေါ်သို့ လွှားခနဲ ခုန်၍ တွယ်ကပ်ထားလိုက်၏။
ခန်းဂျိတာခါယာမ ရုတ်တရက် သူ့ခေါင်းကို မော့ကြည့်လိုက်တော့ အလင်းဖောက်မှန်မှတဆင့် လင်းရီ၏ မျက်နှာကို မြင်တွေ့လိုက်ရလေသည်။
သို့သော် သူ ချက်ချင်းဆိုသလို တည်ငြိမ်သွားခဲ့၏။ သူ စတီယာရင်ဘီးကို ရူးသွပ်စွာ လှည့်ပတ်လိုက်ရင်း ဟိုင်းဝေးလမ်းတွင် မြွေလိမ်မြွေကောက်သွား၍ လင်းရီကို ခါချတော့သည်။
လင်းရီလည်း ကားခေါင်မိုးထက်တွင် ဇကောထဲ ထည့်လိမ့်ခံနေရသည့် ဇီးသီးကဲ့သို့ ဖြစ်နေပြီး မကြာမီ လမ်းဘေးသို့ ပြုတ်ကျသွားခဲ့တော့သည်။
" ငါ-ိုးပဲ... "
လင်းရီ လမ်းကို ဗြောင်းခနဲပုတ်၍ ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သန်မာသည့် ကိုယ်ကာယ၏ ဆောင်မမှုကြောင့်တော့ ဒဏ်ရာတော့ မရရှိသွားခဲ့ပေ။
" ဒီအစ်ကိုကြီးက မင်းတို့လို ကိုယ်တိုင်ကိုယ်ကျ တံခါးရှေ့ လိုက်ပို့ပေးတဲ့ ငကြောင်ကောင်တွေကို သိပ်သဘောကျတာပဲ... “
စာစဉ် (၈၁) ပြီး၏။