← Chapters

ရှီဟွာတောင်၏ အဆုံးသတ်

Vol. 011 Ch. 1015

ရှီဟွာတောင်၏ အဆုံးသတ်

Vol. 011 Ch. 1015

ရှီဟွာတောင်တွင် စိတ်ပျက် ညည်းညူဖွယ် အငွေ့အသက်များ ဖုံးလွှမ်း နေခဲ့သည်။ ရှီဟွာတောင် ရှန့်ထိုသည် တော်ဝင်တောင်အား စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ သူတို့မှာ အမှန်တကယ်ပင် အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

လူအများအပြားသည် ကောင်းကင်ထက်သို့ ပျံတက်ကြ၏။ ထိုအကြီးအကဲ ပြောသည်မှာ မှန်ပေသည်။ သူတို့အတွက် ရွေးချယ်စရာ နှစ်ခုသာ ကျန်တော့သည်။ သူတို့က တစ်ဖက်ရန်သူများ တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းပြီး မိမိတို့က ဝင်္ကပါ၏ အကူအညီဖြင့် ထိုလူများအား ရနိုင်သမျှ သတ်ဖြတ်ရန် ဖြစ်သည်။ ဒုတိယ ရွေးချယ်မှုမှာ ရီဖူရှင်းက ပိုမိုများပြားသော စစ်ကူများဖြင့် ရောက်မလာမီ ထွက်ပြေးရန် ဖြစ်သည်။ သို့သော် အဆုံးသတ်မှာ အတူတူ ဖြစ်ပေသည်။ သူတို့အားလုံးမှာ ရှီဟွာတောင်၌ သေဆုံး ရနိုင်ပေသည်။ သို့သော် ဒုတိယ ရွေးချယ်မှုက လွတ်မြောက်ရန် အခွင့်အလမ်း အနည်းငယ် ရှိ၏။ သူတို့အတွက် တော်ဝင်ကျဲ နန်းတော်မှ လူများအား အကြောင်းပြချက် မရှိဘဲ သတ်ဖြတ်ခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့ပေသည်။

အင်အားစုများက ယခု ဝင်္ကပါတစ်ခု အဖြစ် စတင် ဖွဲ့စည်းကြသည်။ သူတို့က ထွက်ပြေးရန် ပြင်ဆင်ကြလျှင်ပင် သူတို့၏ အခွင့်အလမ်း ပိုမို များပြားစေရန် ကြိုးစား ရပေမည်။ မဟုတ်လျှင် သူတို့သည် လွတ်မြောက်ခြင်း မရှိဘဲ အားလုံး သေဆုံး ကြရပေမည်။

ရှီဟွာတောင်ပေါ်မှ လှုပ်ရှားမှုကို တွေ့ရှိမိသည်နှင့် တောင်ပေါ်သို့ ကြီးမားသော ဖိအားများ ဆင်းသက် လာသည်။ ကောင်းကင်ထက်တွင် များစွာသော သားရဲများ လှည့်ပတ် ပျံသန်းကာ သူတို့အား ထွက်ပေးခြင်းမှ တားဆီးထားသည်။ ထို့အပြင် ရှီဟွာတောင်၏ လေးဖက်လေးတန် ကိုလည်း တော်ဝင်ကျဲ နန်းတော်မှ လူများက ဝန်းရံထားကြ၏။ ရှီဟွာတောင်မှ အပြင်သို့ ထွက်ပြေးလာသူ မည်သူ့ကိုမဆို သူတို့က သတ်ဖြတ် ပေမည်။

အရပ်မျက်နှာ လေးခုတွင် စစ်မျက်နှာ တစ်ခုအား ယူချင်းက ဦးဆောင်သည်။ နောက်စစ်မျက်နှာ တစ်ခုအား ယန်ဟောင်၏ ကောင်းကင်ဝင်္ကပါက စောင့်ကြပ်၏။ သူ့ဘေးတွင် ရေခဲနန်းတော်မှ ယွန်ရှင်းက ကူညီ ထောက်ပံ့သည်။ တခြား တစ်ဖက်တွင် ဓားသခင်က ကျူးကော့ချန်းဖန်၊ ယူစီနှင့် တခြား လူတို့နှင့်အတူ စောင့်ကြပ်သည်။ နောက်ဆုံးသော စစ်မျက်နှာအား ရန်ရှောင်နှင့် ဂူတုံးလျိုတို့က စောင့်ကြပ်၏။ စစ်မျက်နှာလေးခုသည် ရှီဟွာတောင်အား လုံးဝ ပိတ်ဆို့ထားကာ တစ်ဖက်ကမှ အားနည်းဟန် မရှိပေ။

ယခင် နေ့ရက်များ၌ တော်ဝင်ကျဲ နန်းတော်အား အမှန်တကယ် ကိုယ်စားပြု နိုင်သည်မှာ သိပ်မရှိခဲ့ပေ။ ကျန်ကျောင်းနှင့် ဓားသမား ကိုးဦးတို့သည်သာ အကျော်ကြားဆုံး ဖြစ်သည်။ သို့သော် ယခုတွင် တော်ဝင်ကျဲ နန်းတော်၏ ယူချင်းနှင့် ဂူတုံးလျို ကဲ့သို့သော အဆင့်နိမ့် တန်ခိုးရှင်များသည် အဆင့်မြင့်တန်းသို့ ရောက်ရှိ လာခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားများမှာ ရှီတန်ခိုး အဆင့်၌ ကိုယ်စီကိုယ်င ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းနှင့် ကျန်ကျောင်းတို့ မရှိလျှင်ပင် သူတို့က ရှီဟွာတောင်အား ဖိနှိပ်နိုင်ပြီ ဖြစ်သည်။

ဆယ်နှစ် မပြည့်သော အချိန်တို ကာလအတွင်း၌ ပြည်နယ်ကိုးခု၏ အင်အား ချိန်ခွင်လျှာမှာ အထက်အောက် ပြောင်းပြန် ဖြစ်ခဲ့ရသည်။ ယခင်က မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များအား မည်သူကမှ ဂရုမစိုက်ခဲ့ကြပေ။

“ဝင်္ကပါ … တိုက်ပွဲအတွက် ပြင်ဆင်ကြ …” တစ်ယောက်က ပြောသည်။ ရုတ်တရက် ရှီဟွာတောင်ပေါ်တွင် စွမ်းအားမြင့် တန်ခိုးရှင်များက တိုက်ခိုက်ရေး ဝင်္ကပါတစ်ခု ဖွဲ့စည်းကြသည်။ ကြီးမားသော ဖိအားသည် ရှီဟွာတောင် တစ်ခုလုံးအား ရိုက်ခတ်သွား၏။ အဝေးတွင် ဟွာထန်းမြို့မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းအား ကြည့်ကာ စိတ်မသက်မသာ ခံစားကြရ၏။ တိုက်ပွဲမှာ မည်သို့ အဆုံးသတ်မည်ကို သူတို့အားလုံး ခန့်မှန်းမိကြသည်။

“ကျုပ် နောက်က လိုက်ခဲ့ …” ရှီဟွာတောင်၏ အကြီးအကဲ တစ်ဦးက ပြတ်သားစွာ ပြောကာ ရန်သူများရှိရာ အရပ်တစ်ခုသို့ ဦးတည် လိုက်သည်။ ထိုနေရာတွင် ယူချင်း ဦးဆောင်သော စစ်မျက်နှာ ရှိ၏။ သူတို့က ထိုနေရာမှပင် ရှိရှိသမျှသော အင်အားဖြင့် ထိုးဖောက် တိုက်ခိုက်ကြမည် ဖြစ်သည်။

ယူချင်း၏ မျက်လုံးက ရန်သူများအား အေးစက်စွာ ကြည့်သည်။ သူ့မျက်လုံးများက နီရဲလာကာ အရှိန်အဝါ ကြီးမားသော မိစ္ဆာစွမ်းအားများ သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။ သူ့ခန္ဓာကိုယ် အရွယ်အစားသည် ဒီမွန်းနတ်ဘုရား တစ်ပါးအလား ကြီးမား လာခဲ့သည်။ သူ၏ အေးစက်သော မျက်လုံးနှင့် အကြည့် ခံရသူတိုင်းမှာ စိတ်နှလုံးအတွင်း အကြောက်တရားများ ဖြစ်ပေါ် လာရ၏။

သူ၏ လက်ထဲတွင် ရတနာပုဆိန် ဖြစ်ပေါ်လာသည်။ မှော်နတ်စွမ်အားများ ပုဆိန်ထံသို့ စီးဆင်းလာလျှင် ပုဆိန်မှာ မိစ္ဆာပုဆိန်အဖြစ် ပြောင်းလဲသွား၏။ မိစ္ဆာအသွင် ပြောင်းလဲသော ယူချင်း၏ လက်ရှိ ကိုယ်ရောင်ကိုယ်ဝါမှာ ထပ်သီး ကွန်းရှီတစ်ယောက်နှင့် မခြားပေ။

ယူချင်း၏ နောက်တွင် ရုတ်တရက် ဒီမွန်းနတ်ဘုရား ပုံရိပ်များ ဖြစ်ပေါ် လာသည်။ အရေအတွက်မှာ ၁၀၈ပါးရှိပြီး သူတို့အားလုံးက ကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်ကြ၏။ ယူချင်း၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားတို့တွင်သာ ရှိသော နတ်ရွှေရောင် ချပ်ဝတ်တန်ဆာ တစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ နောက်ကျောတွင် ဧရာမ ကြီးမားသော နတ်ဆိုး အတောင်ပံ တစ်စုံက လေထုကို ပြင်းထန်စွာ ရိုက်ခတ်သည်။

သူတို့၏ရှေ့၌ ဖြစ်ပေါ်လာသော မြင်ကွင်းမှာ လှပ ခမ်းနားသလို ကြောက်မက်ဖွယ်လည်း ကောင်း၏။ ရှီဟွာတောင်မှ တန်ခိုးရှင်များသည် ယူချင်း၏ စစ်မျက်နှာအား ထိုးဖောက်ရန် ဆုံးဖြတ်ခဲ့မိခြင်း အပေါ် နောင်တ ရကြ၏။

ထောင်ကျန်းက ယူချင်းကို တစ်ချက် ကြည့်သည်။ ကွန်းရှီအဆင့်သို့ တက်ရောက် လာပြီးနောက် ယူချင်းသည် ပိုမို၍ စွမ်းအား ကြီးလာကာ အဆင့်မြင့် ကွန်းရှီ တစ်ယောက်နှင့် မခြားသော စွမ်းရည်များအား ပိုင်ဆိုင်သည်။ ယူချင်း၏ နောက်တွင် ဝင်္ကပါတစ်ခု ရှိသည်။ ဝင်္ကပါ၏ အလယ်ဗဟို၌ ဟောင်ကျူဂီ ရှိ၏။ သူက အားလုံး၏ စွမ်းအားများကို စုစည်းကာ သူ့ကိုယ်ပိုင် စွမ်းအားကို ရှီအဆင့်၏ အမြင့်ဆုံးသို့ အထိ မြှင့်တင်နိုင်သည်။ ရန်ဟောင်အသိ မွေးဖွားလာလျှင် ရွှေရောင် အလင်းမှာ ကောင်းကင်တစ်ခွင် လင်းလက် သွားသည်။ သူက ရန်ဟောင်လေးအား လေးညှို့မှ ဆွဲလိုက်လျှင် သူ့ခန္ဓာကိုယ်မှ ဗဟိုပြု၍ ထောင်ပေါင်း များစွာသော မြားပုံရိပ်များ ဖြစ်ပေါ် လာသည်။

ဟောင်ကျူဂီလည်း ထိုနည်းတူ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်အား တော်ဝင်မြေ ခုနစ်ခုက အဘယ်ကြောင့် ဝိုင်းရံ တိုက်ခိုက် ကြသနည်း။

ရန်ဟောင် အမွေအနှစ်ကြောင့် ဖြစ်ပေသည်။

ရီဖူရှင်းက သူသည် ဟောင်ကျူဂီကို ပင်လျှင် မကာကွယ်နိုင်ပါက တော်ဝင်ကျဲ နန်းတော်ကိုလည်း ကာကွယ်ရန် အဆင့်မမီဟု ပြောဖူးခဲ့သည်။ ထိုသို့သော အကြောင်းပြချက်က ကြီးမားသော တန်ဖိုးအား သယ်ဆောင် လာပေသည်။ ရန်ဟောင် အပျက်အစီး နယ်မြေတွင် တစ်ခါ တော်ဝင်ကျဲ နန်းတော်၌ တစ်ခါ ရီဖူရှင်းက ထိုအချက်များအား သက်သေပြခဲ့ပြီး ဖြစ်ရာ နန်းတော်မှ တပည့်များ၏ သစ္စာရှိမှုမှာ ပြောနေစရာပင် မလိုတော့။

ဘုန်း …

ဒီမွန်း နတ်ဘုရားအလား ယူချင်းက အတောင်ပံများကို ဖြန့်ကြက်ကာ သူ့ထံသို့ ပြေးဝင် လာကြသော လူအုပ်များရှေ့သို့ ခုန်ဆင်း လိုက်သည်။ သူ၏ ခွန်အားဖြင့် ယူချင်းက ရှီဟွာတောင် စစ်တပ်အား တစ်ဟုန်ထိုး တိုက်ခိုက် လိုက်သည်။

“သတ် …” ရှီဟွာတောင်မှ တန်ခိုးရှင်များ ကလည်း မာန်သွင်း အော်ဟစ်ကြသည်။ ရုတ်တရက် မရေမတွက် နိုင်သော တိုက်ခိုက်မှုများ ယူချင်းထံသို့ ဆင်းသက် လာကြသည်။ ဖိအားများက အရာခပ်သိမ်းအား ဖျက်ဆီးနိုင်စွမ်း ရှိဟန်ရသည်။ တော်ဝင်ကျဲ နန်းတော်မှ လူများသည် ထိုတိုက်ခိုက်မှုများကို မြင်ကာ ယူချင်းအတွက် စိုးရိမ်ကြရသည်။

သို့သော် ယူချင်းက မည်သို့မှ ခံစားရဟန်မတူ။ ကောင်းကင်မှ ရတနာပုဆိန် ကျဆင်းလာခဲ့ကာ ကမ္ဘာမြေပြင်၌ ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။ သူ့ထံသို့ ပျံ့လွင့်လာသော ဧရာမ ကျောက်ဆောင်ကြီးများမှာ အပိုင်းပိုင်းအစစ ကြေပျက်သွားရပြီး ရတနာပုဆိန်မှာ အတားအဆီး ကင်းမဲ့ခဲ့သည်။ ကောင်းကင်တွင် ပုဆိန် ကျဆင်းလာခဲ့သော အနက်ရောင် မှော်အလင်းတန်းကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြ ရပေသည်။

ချက်ချင်းပင် သူ့ရှေ့မှ တိုက်ခိုက်ရေး ဝင်္ကပါသည် ကျယ်လောင်သော အသံနှင့်အတူ မရေမတွက်နိုင်သော သူများမှာ အပိုင်းပိုင်း ပြတ်တောက် ရသည်။ ကောင်းကင်မှာ သွေးရောင်များ လွှမ်းသွား၏။ သို့သော် ဘေးမှ အဆက်မပြတ် တိုက်ခိုက်လာသော စွမ်းအားများသည် သူ၏နတ်ဆိုးအလား ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ဒီမွန်းနတ်ဘုရား၏ ၁၀၈ပါးသော ပုံရိပ်များသည် မိစ္ဆာစွမ်းအားများဖြင့် ယူချင်းအား ကာကွယ်ထားကြရာ ရန်သူများအား ယူချင်းက အလေးမထားပေ။ သူက လက်ထဲမှ ရတနာပုဆိန်အား နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ပုဆိန် ကျဆင်းလာလျှင် နောက်ထပ် နတ်ရွှေရောင် အလင်းတစ်ခု လေထဲ၌ လှပစွာ ဖြစ်ပေါ်လာသည်။

ရှီဟွာတောင်မှ တန်ခိုးရှင်များသည် သူတို့၏ အကောင်းဆုံးသော အရန်အတားကို ဖွဲ့စည်းကြသော်လည်း ပုဆိန်ခုတ်ချက်တွင် ချက်ချင်း ပြိုလဲရ၏။ မည်သူကမှ သူ့အား မတားဆီးနိုင်ကြ။

“သွား …” ဤတွင် မရေမတွက်နိုင်သော လူများသည် အရပ်မျက်နှာ မျိုးစုံသို့ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော်လည်း ထိုအခိုက်တွင် သူတို့မှာ ပစ်မှတ်များသဖွယ် ခံစားလိုက်ရပြီး မရေမတွက်နိုင်သော မြားချက်များ လေထုကို ခွင်းကာ ရောက်ရှိ လာကြတော့သည်။

မြားမိုးများ တဖွဲဖွဲ ကျဆင်းလာခဲ့လျှင် ရှီဟွာတောင်မှ တန်ခိုးရှင် အများအပြားမှာ ထိခိုက်သေကျေ ကြသည်။ ယခု သူတို့သည် ထွက်ပြေးရန် လမ်းကြောင်းကိုသာ ရှာဖွေနေကြခြင်း ဖြစ်ပြီး အရပ်မျက်နှာ မျိုးစုံသို့ ဖရိုဖရဲ တိုးဝင် တိုက်ခိုက်ကြ၏။

ယူချင်းက လေထဲသို့ ခုန်တက်ကာ ပုဆိန်အား နောက်တစ်ကြိမ် ဝှေ့ယမ်း လိုက်သည်။ အဆုံးအစမဲ့သော ပုဆိန်ပုံရိပ်များ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့လျှင် ထွက်ပြေးရန် ကြိုးစားကြသူများမှာ ကူရာမဲ့စွာဖြင့် ခုခံကြရပြန်၏။ အများအပြားမှာ ဒဏ်ရာရလျက် သွေးအန်ကြသည်။

နောက်ပိုင်းတွင် စစ်မျက်နှာသုံးခုမှ တန်ခိုးရှင်များ သည်လည်း ဖရိုဖရဲ ထွက်ပြေးနေကြသော ရှီဟွာတောင်မှ တန်ခိုးရှင်များအား လိုက်လံ တိုက်ခိုက်ကြသည်။ စစ်မြေပြင်မှာ အမှန်တကယ်အားဖြင့် တစ်ဖက်သတ် သတ်ဖြတ်ခြင်းသာ ဖြစ်ပေသည်။

ရှီဟွာတောင်မှ တန်ခိုးရှင်များ အားလုံးသည် ထွက်ပြေးရန်ကိုသာ အာရုံစိုက် နေကြသည်။ သူတို့က ဤစစ်ပွဲတွင် အနိုင်ယူ တိုက်ခိုက်လိုသော ရည်ရွယ်ချက် မူလကတည်းက မရှိခဲ့ပေ။

ရှီဟွာတောင် အပြင်ဘက်တွင် ဟွာထန်းမြို့မှ တန်ခိုးရှင်များသည် အဝေးမှ စစ်မြေပြင်ကို ကြည့်ကာ မသက်မသာ ခံစားနေကြရ၏။ စစ်မြေပြင်၌ ရှီဟွာတောင်မှ တန်ခိုးရှင်များသည် အဆက်မပြတ် သတ်ဖြတ် ခံနေရကာ မည်သူမှ လွတ်မြောက်မဲ့ပုံဟန် မရှိပေ။ အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေဖြစ်သော ရှီဟွာတောင်သည် မကြာခင် သမိုင်း မှတ်တမ်းထဲသို့ နစ်မြုပ် ပျောက်ကွယ် သွားပေတော့မည်။

***

All Chapters