ပန်းတစ်ပွင့်၊ ကမ္ဘာတစ်စင်း
Vol. 89 Ch. 1157
ဤတောင်တန်း၏ အရှည်မှာ အံ့ဩမှင်သက်ဖွယ်ကောင်းပြီး တောင်သည် မတ်စောက်၏။ ချင်မူ ၀င်ရောက်လိုက်သည်နှင့် ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။ ဤတောင်သည် လူတိုင်းကို တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရစေပြီး သူ၏ချီစွမ်းအင်သည် ဤနေရာကို ရောက်ရှိသည့်အခါ သဲထဲတွင် ပိတ်မိနေသကဲ့သို့ နှေးကွေးလေးလံလာ၏။
ချင်မူက ဖန်သားကောင်းကင်စေတီကို ချက်ချင်း ထုတ်ကာ ကောင်းကင်ဘုံ ၂၈ ဘုံ လှည့်ပတ်နေသည်ကို ကြည့်သည်။ ကောင်းကင်ဘုံ ၂၈ ဘုံ၏ လှည့်ပတ်နှုန်းမှာလည်း ပိုမိုနှေးကွေးနေသလို ၊ လည်ပတ်ရသည်မှာ ပိုမိုခက်ခဲလာပုံရသည်။
ထိုမျှသာမက သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ တောင့်တင်းလာသည့်အပြင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးတို့မှာလည်း ခဲလာနေသလို ခံစားလိုက်ရသည်။
ချင်မူ ခေါင်းမော့ကြည့်လိုက်ရာ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံမှာ မီးခိုးရောင် ပြောင်းနေကြောင်း တွေ့လိုက်ရသည်။ အကြောင်းအရင်းကို သူ မသိချေ။
နဂါးချီလင်သည် သူ့အမြှီးကို ပြန်ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်၏။ “ဂိုဏ်းသခင်၊ ကျွန်တော် ခဲသွားတော့မယ်”
“ဒီနေရာရဲ့ စွမ်းအားက ထူးဆန်းလွန်းတယ်… မင်းတို့ အရင်ပြန်နှင့်ကြ…. ငါ လမ်းကို စစ်ဆေးကြည့်လိုက်မယ်”
ချင်မူလည်း ယန်အာနှင့် နဂါးချီလင်နှင့် ယန်အာကို ပြန်လွှတ်ကာ တစ်ယောက်တည်း တောင်ပေါ်တက်လာသည်။ သူက အသံကို နှိမ့်၍ ပြောသည်။ “ထိုက်ကျိကျောက်တုံးတွင်းထဲမှာ ယင်ချီနဲ့ ယန်ချီ ရှိနေတဲ့ပုံပဲ…. ဒီနေရာက နည်းနည်းထူးဆန်းတယ်”
မကြာမီ သူသည် ဖန်သားကောင်းကင်စေတီနှင့်အတူ တောင်လမ်းတစ်နေရာဆီသို့ ရောက်လာ၏။ ယင်းက ဤနေရာသို့ ရောက်လာခဲ့သည့် ဖန်ဆင်းရှင်များမှာ ဖောက်ခဲ့သော တောင်လမ်းဖြစ်ပေလိမ့်မည်။ ဤနေရာသို့ ရောက်လာခဲ့သည့် ဖန်ဆင်းရှင်များသည်လည်း ဤနေရာသို့ ၀င်ရောက်ပြီး ကျောက်တုံးများ တူးဖော်ရန် စီစဉ်ထားခဲ့ကာ ကျောက်တုံးတွင်း၏ တည်နေရာကို ရှာတွေ့ခဲ့ပြီး ဖြစ်လိမ့်မည်။
'ငါ ဒီတောင်လမ်းအတိုင်း လိုက်သွားရင်... ထိုက်ကျိကျောက်တုံးတွင်း ဘယ်မှာရှိလဲ ရှာနိုင်လိမ့်မယ်’
ချင်မူက ဆက်တက်သွားရင်း တောင်အချို့ကို ပတ်သွားသည်။ ရုတ်တရက် နှိုင်းယှဉ်မရလောက်အောင် မြင့်မားသော ကျောက်ရုပ်တုကြီးသည် လမ်းတွင် ရပ်လျက် ရှိနေသည်ကို တွေ့လိုက်ရ၏။
ချင်မူ ရှေ့သို့ ဂရုတစိုက် လျှောက်သွားပြီး အကဲခတ်လိုက်ရာ ကျောက်ရုပ်တုသည် ကျောက်တုံးတွင်းရှိရာသို့ မျက်နှာမူနေသည်ကို တွေ့လိုက်ရသည်။ ရုပ်တုမှာ အဝေးသို့ လျှောက်သွားတော့မည်ပုံပေါ်နေပြီး ၎င်းကျော၌ နတ်သတ္တုမှ သွန်းလုပ်ထားသော ကျောက်တူးပုဆိန်တစ်လက်က နေရာယူထားလေသည်။
သူက ကျောက်ရုပ်တုရှေ့သို့ လျှောက်သွားပြီး ခေါင်းမော့ကာ ကြည့်လိုက်သည်။ ဤကျောက်တုံးရုပ်တုသည် ဖန်ဆင်းရှင်တစ်ဦး ထုလုပ်ခဲ့သော လက်ရာ ဖြစ်ဟန်တူသော်လည်း အကြောင်းအရင်းတစ်ခုခုကြောင့် ဤနေရာသို့ ရောက်နေသယောင်ပင်။
“ကမ္ဘာဦးခေတ်တုန်းက ထူးဆန်းတဲ့ ဓလေ့ထုံးတမ်းတွေ အများကြီး ရှိခဲ့တယ်… ဒါက ကျောက်တုံးတူးပြီး ကြီးပွားလာတဲ့ ဒီဖန်ဆင်းရှင်မျိုးနွယ်ရဲ့ ဓလေ့ပဲ ဖြစ်ရမယ်”
ဤသို့ဖြင့် သူ ရှေ့ဆက်လျှောက်လာသည့်အခါ ရုတ်တရက် လမ်းဘေး၌ ကျောက်ရုပ်တုနောက်တစ်ရုပ်ကို တွေ့လိုက်ရသည်။ ၎င်းသည် အလားတူ မြင့်မားပြီး အရွယ်ရောက်ပြီးသား ဖန်ဆင်းရှင်တစ်ဦးနှင့် ဆင်တူ၏။
သူ ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဤလမ်းပေါ်တွင် နေရာအနည်းငယ်စီ ကွာလျက် စီတန်းတည်ရှိနေသော ဖန်ဆင်းရှင်ကျောက်ရုပ်တုများကို တွေ့လိုက်ရသည်။
ချင်မူ့မျက်နှာမှာ မှုန်သုန်သွားသည်။ ကျောက်ရုပ်တုတစ်ရုပ်၊ နှစ်ရုပ်လောက်ဆိုလျှင် ဖန်ဆင်းရှင်တို့၏ ဓလေ့ထုံးတမ်းအဖြစ် ရှင်းပြနိုင်သော်လည်း ဤကျောက်ရုပ်တုဒါဇင်များစွာမှာ သူတို့၏ဓလေ့ ဖြစ်နိုင်ချေမရှိပေ။
သူ လေပေါ်ပျံတက်၍ ကျောက်ရုပ်တုတစ်ရုပ်အရှေ့တွင် ဆင်းသက်လိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားကို စစ်ဆေးကြည့်လိုက်သည်။
ကျောက်ရုပ်တု၏ မျက်ခုံးနှစ်ဖက်ကြား၌ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး နစ်မြုပ်နေသည်။
“ဒီကျောက်ရုပ်တုတွေအကုန်လုံးက ဖန်ဆင်းရှင်တွေချည်းပဲ”
ချင်မူက ဟိုဟိုသည်သည် ကြည့်ရင်း တွေးလိုက်မိသည်။ ‘ဖန်ဆင်းရှင်ကျောက်တူးသမားတွေက ဒီကိုလာခဲ့ပေမယ့် ထိုက်ကျိကျောက်တုံးတွင်းထဲမှာ ထူးဆန်းတဲ့စွမ်းအားကို တွေ့ကြုံခဲ့ရပြီး ကျောက်ရုပ်ဖြစ်သွားကြတာပဲ… ဒါက ဖန်ဆင်းခြင်းလမ်းစဉ်လား’
သူသည် သတိကပ်သွားပြီး အသက်တစ်ရှိုက် ရှူသွင်းလိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏ အသက်တစ်ရှိုက်မှာ အညစ်အကြေးများဖြင့် ပြည့်နှက်နေသောကြောင့် သူ၏ချီစွမ်းအင်ပင်လျှင် ညစ်ညမ်းလာတော့သည်။
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သူက ဓားကျိုးကို ထုတ်၍ လက်ဝါးအား ပိုင်းဖြတ်လိုက်ပြီး သွေးစိမ်းရှင်ရှင် ထွက်လာစေ၏။
သူသည် အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ့သွေးက နတ်သွေးအဖြစ် ပြောင်းလဲခဲ့သည်မှာ ကြာလေပြီ။ ၎င်းတွင် မယုံနိုင်ဖွယ်စွမ်းအားများ ကိန်းဝပ်နေသည်။
သူ၏သွေးသာ မြေပေါ်ကျသွားပါက အစက်လေးတစ်စက်ကတင် သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ၎င်းတွင် ပါဝင်သည့် စွမ်းအားမှာ အားကောင်းလွန်းသဖြင့် အပင်များကို အရူးအမူး ကြီးထွားစေလိမ့်မည်။ ညှိုးငယ်နေသော သစ်ပင်တစ်ပင်သည် နွေဦးရောက်သွားသကဲ့သို့ ပွင့်လန်းတောက်ပလာမည်ဖြစ်ပြီး မိုင်ထောင်ပေါင်းများစွာ ကျယ်၀န်းသည့် မြေပြန့်ကြီးတစ်ခုက နက်ရှိုင်းသော တောအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သူ၏နတ်သွေးသည် အပင်များကို မိစ္ဆာဝိညာဉ်များအဖြစ်သို့ပင် ပြောင်းလဲသွားစေနိုင်၏။
သူသည် ကောင်းကင်နတ်အရှင်တစ်ဦးအနေဖြင့် လိုအပ်ချက်ရှိသေးသော်လည်ညး သူ၏နတ်သွေးတွင်မူ အဆုံးမဲ့၍ ကြောက်ဖက်ဖွယ် အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေချေသည်။
သို့သော် သူ၏ သွေးစက် ဤနေရာရှိ မြေပေါ် ကျရောက်သွားသည့်အခါ သွေးသည် အလျင်အမြန် ခဲသွား၏။ လှုပ်ရှားမှုလည်း မရှိသလို အနည်ထိုင်သွားသည်။ ထို့နောက် သွေးထဲမှ သဲမှုန်များနှင့် ကျောက်ခဲများ အလျင်အမြန် ထွက်လာကြသည်။
ချင်မူက လက်ချောင်းကို ဆန့်ထုတ်ကာ မျက်ခုံးနှစ်ဖက်ကြားသို့ အသာအယာ ပွတ်လိုက်သည်။ ဒေါင်လိုက်မျက်လုံးသည် ပွင့်လာပြီး ကေင်းကင်နတ်ဧကရာဇ် ထိုက်ချူဥ၏ မရေမတွက်နိုင်သော သင်္ကေတများ အသက်၀င်လာ၏။ မဟာကမ္ဘာဦးအစ မူလကျောက်တုံးမှာ အသက်သွင်းခံလိုက်ရပြီး ယိုတုမဟာတာအိုက ချင်စာလုံးမြေထဲတွင် လှည့်ပတ်နေသည်။ ပြောင်းလဲသွားသော သွေး၏ ဖြစ်စဉ်တစ်ခုလုံး သူ့မျက်လုံးထဲတွင် ချက်ချင်း ပေါ်လာသည်။
သူ့နတ်ဘုရားသွေးတည်ဆောက်ပုံမှာ ပြောင်းလဲလာပြီး သွေးမှ ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။ မကြာမီ မြေပြင်ပေါ်ရှိ သွေးမှာ သဲပုံတစ်ပုံ ဖြစ်သွားတော့၏။
“ဒီနေရာက စွမ်းအားက ဖြစ်တည်မှုအနှစ်သာရကို ပြောင်းလဲနိုင်တယ်”
ချင်မူမှာ မျက်တောင်တဖျတ်ဖျတ် ခတ်၍ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤတောင်တန်းသည် ခမ်းနားကြီးကျယ်သည်ကို တွေ့လိုက်ရ၏။ တောင်တန်းထဲတွင် အနားယူနေကြသော ဧရာသားရဲကြီးများစွာလည်း ရှိပြီး တောအုပ်မှာလည်း အတော်လေး ထူထပ်သည်။
ဤထူးဆန်းသော စွမ်းအားမှာ အပင်နှင့် သားရဲများအပေါ် မသက်ရောက်ဘဲ သူ့အပေါ်တွင်သာ သက်ရောက်မှုရှိနေပုံပင်။
ချင်မူ ရှေ့ဆက်မသွားတော့ချေ။ ထိုအစား လမ်းဘေးသို့ ဆင်း၍ မြက်နုတစ်ပင်အား ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။
သူ့မြင်ကွင်းထဲတွင် မြက်နု၏ အရွက်ကြောများမှာ ပို၍ ရှင်လင်းထူထပ်လာ၏။ တောင်တန်းများက သူ့မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး မြက်ထဲရှိ ရေမှာ မြစ်များအဖြစ် ပြောင်းလဲသွားသည်။
သူ့နားထဲတွင် ရေလှိုင်းတို့ ပုတ်ခတ်သံကိုပင် ကြားနေရ၏။
ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ ရုတ်တရက် မြက်၏တည်ဆောက်ပုံမှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေသည်ကို တွေလို့လိုက်ရသည်။ သူက အလောတကြီး နောက်ဆုတ်လိုက်ပြီး မြက်မှာ သစ်ပင်ကြီးတစ်ပင်အဖြစ် အလျင်အမြန် ကြီးထွားလာနေသည်ကို တွေ့လိုက်ရ၏။ ၎င်းကား နှစ်ထောင်ပေါင်းများစွာ ကြီးထွားလာသကဲ့သို့ သစ်ကိုင်းများ ညွတ်ကျနေချေသည်။
ချင်မူ အကြောများကို အသေအချာ ကြည့်ရန် ပြင်လိုက်စဉ် သစ်ပင်ကြီးမှာ ထပ်မံ ပြောင်းလဲသွားပြန်၏။ သူ့အကြည့်အောက်တွင် ၎င်းသည် သူ့ကို စိုက်ကြည့်နေသည့် ဧရာမကမ္ဘာဦးသားရဲကြီးအဖြစ် ပြောင်းလဲသွားကာ သူ့အပေါ် ခုန်အုပ်လိုက်သည်။
ချင်မူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီ မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖွဲ့တည်လာ၏။ ဖန်တီးလိုက်သည်။ ကမ္ဘာဦသားရဲ၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပိန်လှီလာပြီး အဆုံးမဲ့စွာ ဆန့်လျက် မြင့်တက်သွားသည်။
ချင်မူ ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ မပြီးသေးခင်မှာပင် ထူးဆန်းသော သားရဲကြီးသည် ကျဆင်းတိုက်ခတ်လာသည့် လေတစ်ဝေ့အဖြစ် ပြောင်းလဲသွားသည်။
လေလှိုင်းသည် မြေကြီးပေါ် ကျရောက်လာကြီး တောင်ထဲရှိ မြက်နုတစ်ပင်အဖြစ် ပြောင်းလဲသွားချေ၏။
ချင်မူမှာ ကြောင်အသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ပန်းတစ်ပွင့်၊ မြက်တစ်ပင်နှင့် ကမ္ဘာတစ်စင်း… ဒါပေမဲ့ ပြောင်းလဲမှုတွေက မျိုးစုံပဲ…. သဏ္ဍာန်မရှိ သွင်ပြင်မရှိ၊ အခြေအနေလည်းမရှိ…”
ချင်မူက ပတ်၀န်းကျင်ရှိ တောင်တန်းများ၊ မြစ်များနှင့် သစ်ပင်များကို ကြည့်ရင်း သူ့ရင်ထဲတွင် ကြောက်မက်ဖွယ် ခံစားချက်ကြီးတစ်ခု ဖြစ်တည်လာ၏။ သူက ရေရွတ်လိုက်သည်။ “ဒီနေရာက ငါမြင်နိုင်တာထက် ပိုပြီး ကြီးမားတာပဲ… မရေမတွက်နိုင်အောင် အဆပေါင်းများစွာ ကြီးမားတယ်”
သူ့မှာ တုန်ရီစွာဖြင့် ချာခနဲလှည့်ကာ တောင်အောက် ပြေးဆင်းသွားသည်။ နဂါးချီလင်သည် သူ ပြန်လာသည်ကို မြင်သဖြင့် မေးရန်ပြင်လိုက်စဉ် ချင်မူက မြေကြီးမှ သဲတစ်မှုန်ကောက်လိုက်သည်ကို တွေ့လိုက်ရ၏။ သူက လက်ဖဝါးထဲ ထည့်ကာ မှုတ်လိုက်လေသည်။
ဝှစ်…
အနက်ရောင်သဲမှုန်က ရှေ့သို့ ပျံသန်းသွားပြီစ လည်ပတ်ရင်း ကြီးမားလာ၏။ မကြာမီ ၎င်းကကား နတ်သတ္ထုတောင်ငယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
နဂါးချီလင်နှင့်ယန်အာမှာ အလန့်တကြား ထခုန်လိုက်ကြ၏။ သူတို့က အနက်ရောင်ရွှေမှ ဖြစ်တည်လာသော တောင်ပုလေး အဝေးသို့ ပျံသန်းသွားပြီး သဲပင်လယ်ထဲ ကျသွားသည်ကို ငေးကြည့်နေကြသည်။
ထူးဆန်းစွာနှင့် အနက်ရောင်တောင် သဲမှုန်များပေါ် ကျသွားချိန်တွင် ၎င်းက ချက်ချင်း လိမ့်ဆင်း၍ အဝေးသို့ ပြေးသွားသော ကမ္ဘာဦးသားရဲအဖြစ် ပြောင်းလဲသွား၏။
ဟင်းလင်းပြင်သားရဲမှာ ၎င်းကို မြင်သည်နှင့် ပျော်ရွှင်မြူးထူးသွားသည်။ ၎င်းက ချက်ချင်း ပြေးလိုက်သွားကာ ထိုဆန်းကြယ်သားရဲအား ကိုက်သတ်ရန် ပြင်လိုက်၏။ မမျှော်လင့်ဖွယ်ကောင်းစွာနှင့် ၎င်း၏ပါးစပ်ကြီး ကျရောက်ချိန်တွင် ထိုဧရာမသားရဲကြီးကား သဲပင်လယ်ထဲ ကျသွားသည့် မဖြစ်စလောက် သဲမှုန်တစ်မှုန်အဖြစ် ပြောင်းလဲသွားချေသည်။
နဂါးချီလင်နှင့် ယန်အာမှာ ကြောင်အနေကြသည်။
“ထင်တဲ့အတိုင်းပဲ”
ချင်မူက တောင်ပေါ် ပြန်တက်သွား၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ရုတ်တရက် အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးတို့က ဆူပွက်သွားပြီး ရောင်စုံအလင်းတန်း အလွှာလိုက် ဖြာထွက်လာသည်။ သူ တောင်ပေါ်တက်သွားစဉ် အလင်းတန်းတစ်သောင်းသည် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထား၏။
“ဒီကျောက်တုံးတွင်းက ဖန်ဆင်းခြင်းလမ်းစဉ် မဟုတ်ဘူး…. ယင်နဲ့ယန်ပေါင်းစည်းခြင်းပဲ… အနန္တသတ္တဝါတွေ တိုးပွားရှင်သန်နိုင်ကြတဲ့အတွက် ဒါက ယင်ယန်တာအိုလို့ ခေါ်တယ်…. ဒါပေမဲ့ ဒီယင်ယန်တာအိုက နက်နဲလွန်းတယ်”
“အထွတ်အမြတ်နယ်မြေ တစ်ခုလုံးက ယင်နဲ့ယန်ကနေ ဖြစ်တည်လာတာ… ဒါ့အပြင် ဒီနေရာရဲ့ ယင်ယန်ချီက ပေါင်းဆုံမှုကြောင့် အဆက်မပြတ် ပြောင်းလဲနေတယ်”
“ယင်ယန်ချီက ဘယ်အရာကိုမဆို အသွင်ပြောင်းပေးနိုင်တယ်… တောင်ပေါ်က ကျောက်တုံးတွေ၊ သစ်ပင်တွေ၊ ဧရာမသားရဲတွေအပြင် ကမ္ဘာတွေတောင် ဖြစ်လို့ရတယ်”
ချင်မူက ဖန်ဆင်းရှင်ကျောက်ရုပ်များဘေးမှ ဖြတ်သွားပြီး အသံကို နှိမ့်ကာ ပြော၏။ “ဒီဖန်ဆင်းရှင်တွေက ဒီနေရာရဲ့ ယင်ယန်တာအိုကို မခံနိုင်တဲ့အတွက် ကျောက်ရုပ်တွေဖြစ်သွားကြတာပဲ… ဒီထိုက်ကျိကျောက်တုံးတွင်းမှာ အသိစိတ်အလျဉ် ရှိနေတယ်”
“ယင်ယန်တာအိုက ဖန်ဆင်းခြင်းတာအိုနဲ့ ဆင်တယ်”
“လက်ရှိ လောကရဲ့… ဖန်ဆင်းခြင်းလမ်းစဉ်မှာ ငါက ကောင်းကင်နတ်အရှင်တစ်ပါးပဲ”