← Chapters

နှစ်ပေါင်းကုဋေသုံးဆယ်

Vol. 89 Ch. 1163

နှစ်ပေါင်းကုဋေသုံးဆယ်

Vol. 89 Ch. 1163

“နှစ်ပေါင်း ကုဋေသုံးဆယ်...”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ ဤဧရာမအနက်ရောင်တောင်ထိပ်၏ သက်တမ်းကို တွက်ချက်ရန် နဂါးချီလင် အသုံးပြုခဲ့သောနည်းလမ်းတွင် အမှားတချို့ သေချာပေါက် ပါနိုင်သော်လည်း ထိုမျှကြီးကြီးမားမား ကွဲပြားသွားမည်မဟုတ်ပေ။ နှစ်ပေါင်းကုဋေသုံးဆယ် ဆိုသော အတိုင်းအတာက ချင်မူ့ကို အကြီးအကျယ် တုန်လှုပ်မိစေသည်။

နှစ်ပေါင်းကုဋေသုံးဆယ်သည် အနက်ရောင်တောင်ထိပ်၏ သက်တမ်းကိုသာ နှစ်အပိုင်းအခြားဖြင့် ဖော်ပြရုံရှိသေးသည်။ ဤတောင်ထိပ်အပြင် စက်ဝန်းပုံသဏ္ဍာန်တောင်တန်းများစွာ ကျန်ရှိနေသေးသည် မဟုတ်လော။

ထိုထိုသော စက်ဝန်းပုံသဏ္ဍာန် တောင်တန်းများတွင်းလည်း အလားတူ အသက်ရစ်ကွင်းများ ရှိနေလျှင် ဤမဟူရာသစ်ပင်နက်ကြီး၏ စုစုပေါင်း သက်တမ်းသည်ကား မယုံနိုင်စရာကြီး ဖြစ်သွားပေလိမ့်မည်။

အနက်ရောင်သစ်ပင်ကြီးတစ်ပင်လုံးသည် တိုင်းဆမရအောင် ကြီးမားလွန်းသည့်အပြင် ကမ္ဘာဦးသစ်ပင်ထက်ပင် အဆပေါင်းများစွာ အလုံးတုတ်၏။ ထိုမျှသာမက ကမ္ဘာဦးသစ်ပင်ထက်ပင် အိုမင်းနေသည်။ အမိကမ္ဘာမြေ၏ သက်တမ်းမှာ ဤသစ်ပင်ကြီးအတွက် မပြောပလောက်တော့ပေ။

“အမိကမ္ဘာမြေရဲ့ အသက်ရစ်ကွင်းတွေက ကုဋေအနည်းငယ် ရှိပေမယ့် ဒီသစ်ပင်နက်ကြီးကတော့ အသက်ရစ်ကွင်းဆယ်ခြောက်ကွင်းတိတိ ရှိနေတယ်.... အသက်ရစ်ကွင်းတစ်ကွင်းစီမှာ အသေးစားအရစ်ပေါင်းများစွာ စုစည်းနေတယ်.. ဒီသစ်ပင်ကြီး ဘယ်လိုသမိုင်းမျိုးတွေ ကြုံတွေ့ခဲ့ရလောက်မလဲ... သစ်ပင်တစ်ပင်အတွက် အဲဒီလောက်အထိ ရှင်သန်နိုင်ဖို့ ခက်ပေမယ့် ဒီသစ်ပင်ကြီးကတော့ အကြာကြီး ရှင်သန်နေခဲ့တယ်”

ချင်မူ့မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ဤသစ်ပင်ကြီးမှာ သေဆုံးသွားပြီဖြစ်၍ ငုတ်တိုသာ ကျန်တော့ခြင်းက နှမြောစရာအမှန်ပင်။

“ထိုက်ကျိကျောက်တုံးတွင်းရဲ့ ရှေးဟောင်းနတ်ဘုရားနှစ်ပါးတောင် ဒီနေရာကို ညွှန်းရတဲ့အထိဆိုတော့ ဒီသစ်ပင်ကြီးရဲ့ ဇစ်မြစ်က ဘာများလဲ... ဒါပေမဲ့ ဒီနေရာက ကမ္ဘဦးအစ ကျောက်တုံးတွင်းငါးတွင်းပြီးရင် ဒုတိယနေရာနဲ့တော့ တကယ်ထိုက်တန်တယ်”

ချင်မူ စိတ်ကျေနပ်နေသည်။ ထိုက်ကျိကျောက်တုံးတွင်း၏ ရှေးဟောင်းနတ်ဘုရားနှစ်ပါး သူ့ကို ဤနေရာသို့ ညွှန်းပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူတို့အကြား၌ ရင်းနှီးမှုတစ်ခု တည်ဆောက်နိုင်ခဲ့ပြီဟု ဆိုရမည်။ ဘိုးဘေးနန်းတော်ထဲတွင် သူ့အတွက် အခြေခိုင်ရန် အလွန်အကျိုးရှိလာလိမ့်မည်။

ဖန်သားကောင်းကင်စေတီမှ ကောင်းကင်ဘုံ ၂၈ ဘုံအား ဖြန့်ကျက်ပေးထားနိုင်သရွေ့ ခုခံရန်လည်း လွယ်ကူမည်။ အပြင်မှ သူ့ကို တိုက်ခိုက်ရန်လည်း ခက်စေမည်။

ထို့အပြင် ဤသစ်နက်တောင်တန်းများထဲတွင် ကမ္ဘာဦးအစ ကျောက်တုံးတွင်းများကဲ့သို့ အဆန်းတကြယ်အဖြစ်အပျက်များလည်း မရှိပေ။ ဤနေရာတွင် ခြေကုပ်ထားရန် သေချာပေါက် လွယ်ကူမည်။

ချင်မူ ကောင်းကင်ပေါ် ပျံတက်ပြီး တောင်တန်းများကို စနည်းနာကြည့်သည်။ ဤနေရာရှိ သတ္ထုကြောများသည် သစ်နက်တောင်တန်းအတွင်း၌ စုပြုံနေခြင်း မဟုတ်ဘဲ တောင်တန်း၏ အပြင်ဘက်အကျဆုံး အကွင်းထဲ၌ တည်ရှိကြ၏။

ထိုနေရာတွင် သတ္ထုများစွာ ပေါ်ထွက်နေကာ အတိုင်းထက်အလွန် ရှေးကျမည့်ပုံရသည်။ တချို့ကို လိုက်ကောက်ထားပြီး ဖြစ်သော်လည်း မည်သည့်သတ္ထုအမျိုးအစားများမှန်း သူ မသိပေ။ အပြင်ပြန်ရောက်မှ ရွှေအဆီ မေးကြည့်ရန်သာ သိမ်းဆည်းထားနိုင်သည်။

ချင်မူ လှည့်ပတ်ကြည့်နေရင်း ဤနေရာမှာ ဟင်းလင်းပြင်သားရဲများ၏ အစားခံထားရကြောင်း သတိထားမိသည်။ သဘာဝပေါက်ပင်များ မရှိသော်လည်း အနက်ရောင်တောင်ထိပ်၏ အလယ်အနားတွင်တော့ ကျိုးကျိုးကြဲကြဲ သစ်ပင်များ ပေါက်နေသည်။

သူ့အနေဖြင့် အနက်ရောင်သစ်ပင်ကြီးတစ်ပင်လုံးအား လေ့လာရန် ဆယ်ရက်ကျော် ကြာလိမ့်မည်။ အသေးစိတ် စူးစမ်းလျှင် ပို၍ပင် ကြာမည်။

ချင်မူ ရပ်လိုက်၏။ ယခုတွင် အဓိကပြဿနာသည် ဤနေရာမှာ အလွန်မျက်စိဖွယ်နေရာ ဖြစ်နေသည့်အချက်ပင်။ ဟင်းလင်းပြင်သားရဲများ အချိန်မရွေး ဝင်တိုက်ခိုက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ တတ်နိုင်သမျှ မြန်မြန် လုပ်ရလိမ့်မည်။

“ဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်နေတဲ့သူက မဟာဧကရာဇ် ဖြစ်တဲ့ နတ်အရှင်မချန်းပဲ... သူက အကြာကြီး ထိုင်နေမှာမဟုတ်ဘူး... ကျန်ကောင်းကင်နတ်အရှင်တွေရဲ့ ပိုက်နက်တွေကို အကဲခတ်ဖို့ ဟင်းလင်းပြင်သားရဲမိခင်ကို လွှတ်မှာပဲ”

ချင်မူ မျက်တောင်ပုတ်ခတ်ရင်း သူ့ဘာသာသူ တွေးလိုက်သည်။ “ဒါပေမဲ့ ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ... မဟုတ်မှ..”

ချင်မူမှာ ရုတ်တရက် ကျောရိုးတစ်လျှောက် စိမ့်အေးသွားပြီး မျက်နှာပေါ်ရှိ အပြုံးသည်လည်း တောင့်တင်းသွား၏။ “ကောင်းကင်နတ်အရှင်ကုန်းက နတ်အရှင်မချန်းကို သွားတိုက်ခိုက်တာများလား... ကောင်းကင်နတ်အရှင်ကုန်း သူ့ကို သတ်နိုင်ရင်တော့ ကိစ္စမရှိဘူး.... မသတ်နိုင်ရင် ပြောလိုက်တဲ့သူက ငါမှန်း တန်းပေါ်သွားမှာပဲ”

ချင်မူ့အပြုံးက တဖြည်းဖြည်း ခါးသီးလာပြီး သူသည် အနက်ရောင်တောင်ထိပ်ဆီသို့ ခပ်သွက်သွက် ပြန်သွား၏။ သူ့နှလုံးသားမှာ ဒုန်းစိုင်း ခုန်နေတော့သည်။ “ကောင်းကင်နတ်အရှင်ကုန်း ရိုက်တာ ခံရပြီးရင် သူ့ဒေါသတွေကို ငါ့အပေါ် သေချာပေါက် ပုံချမှာၑ

အနက်ရောင်တောင်ထိပ်ဆီ ပြန်‌ရောက်သည့်အခါ သူက ဖန်သားကောင်းကင်စေတီကို ချက်ချင်း အသက်သွင်းလိုက်ပြီး သူနှင့် ယဉ်ပါးနေသော ဟင်းလင်းပြင်သားရဲအား ကောင်းကင်ဘုံ ၂၈ ဘုံ၏ အပြင်သို့ ပို့လိုက်သည်။

ချင်မူမှာ ကောင်းကင်သို့ မော့ကြည့်ရင်း ငြိမ်ငြိမ်လေး စောင့်နေသည်။ သို့သော် ကောင်းကင်တွင်သော်လည်းကောင်း၊ ဟင်းလင်းပြင်တွင်သော်လည်းကောင်း မည်သည့်လှုပ်ရှားမှုမှ မရှိပေ။

နေ့ဝက်ကြာသည်အထိ စောင့်နေသော်လည်း ထူးမလာပေ။ ထို့ကြောင့် သူလည်း စိတ်သက်သာရာ ရသွားပြီး ထိုက်ရှီဥကို ထုတ်လိုက်သည်။ သူက ထိုက်ရှီဥပေါ်ရှိ သင်္ကေတအမှတ်အသားများအား အားသွန်ခွန်စိုက် ‌လေ့လာနေလေသည်။

ပထမဆုံး ထိုက်ရှီသင်္ကေတကို လေ့လာပြီးပြီ ဖြစ်သည့်အတွက် တံခါးဝသို့ ရောက်လာခဲ့ပြီဟု ဆိုရမည်။ တံခါးထဲ ဝင်လိုက်သည်နှင့် ကျန်ထိုက်ရှိသင်္ကေတများအား လေ့လာရ ပိုမိုလွယ်ကူမည်။

ဆယ်ရက်ကြာ အေးအေးဆေးဆေး ကုန်လွန်သွားပြီးနောက်တွင် ဟင်းလင်းပြင်သားရဲများသည် မတိုက်ခိုက်သေးပေ။ ချင်မူလည်း အေးအေးလူလူ ဖြစ်လာကာ သူ့ဘာသာသူ တွေးနေသည်။ “ကြာလေ ကောင်းလေပဲ... ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေ အပြင်ထွက်ချင်ရင် ငါ့ လာရှာရမှာပဲ... အဲဒီအချိန်ကျရင် နတ်အရှင်မချန်း ငါ့ကို သတ်ချင်ရင်တောင် ငါ မသေနိုင်ဘူး”

“ကောင်းကင်နတ်အရှင်ကုန်းရဲ့ နတ်ကျောက်တုံး ဆယ်ရာခိုင်နှုန်းက တကယ် စျေးကြီးတာပဲဟ”

ထိုအချိန်တွင်

ကောင်းကင်နတ်အရှင်ချန်းသည် စုတ်ပြတ်သပ်နေသော အဝတ်အစားများဖြင့် တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေသည်။ သူမက သနားစဖွယ်အခြေအနေဖြင့် ရှင်းမျိုးနွယ်စု၏ ကျောက်တုံးတွင်းထဲမှ ထွက်ပြေးလာ၏။ သူမမျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေရာ ရက်ရက်စက်စက် ဆော်ပလော်တီးခံထားရမှန်း သိသာသည်။ ကောင်းကင်နတ်အရှင်ကုန်းက သူမနောက်မှ လိုက်လာနေဆဲ ဖြစ်လေသည်။

ကောင်းကင်နတ်အရှင်ချန်းသည် ‌ဒေါသအမျက်တချောင်းချောင်း ထွက်နေပြီး အော်ဟစ်နေ၏။ “ထိုက်ချူနဲ့ အဲဒီကောင်စုတ်လေး ကောင်းကင်နတ်အရှင်မူပဲ ငါ့သရုပ်မှန်ကို သိတာ... ထိုက်ချူနဲ့ ငါက တစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်ထားတဲ့သူတွေ... သူ ငါ့သရုပ်မှန်ကို ဖော်လိုက်ရင် ငါလည်း သူ့သရုပ်မှန်ကို ဖော်နိုင်တယ်... သူက ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး... ဒါဆို ဟိုခွေးမသားလေး ချင်မူပဲ ဖြစ်ရမယ်”

“နင်တော့ တကယ် သေချင်နေတာပဲ... ကျားနှုတ်ခမ်းမွှေးကို လာဆော့ရဲတယ်ပေါ့လေ’

သူမ၏အသိစိတ်အလျဉ်သည် တရှိန်ထိုး ပေါ်ထွက်လာပြီး ဆယ့်ကိုးထပ်မြောက် ဟင်းလင်းပြင်အလွှာ၌ နေထိုင်သော ဟင်းလင်းပြင်သားရဲမိခင်ကား အမိန့်ရလိုက်သကဲ့သို့ ဝုန်းခနဲ ထရပ်လိုက်ချေပြီ။ သူမက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လှုပ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဤအခိုက်အတန့်တွင် ဘိုးဘေးနန်းတော်ထဲရှိ ကောင်းကင်နတ်အရှင်အားလုံး ဟင်းလင်းပြင်၏ အတွင်းပိုင်းထဲမှ တုန်ခါလှိုင်းများ ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့အားလုံး နန်းတော်များအတွင်းမှ ထွက်လာကာ အပေါ်မော့ကြည့်လိုက်ကြ၏။

ကောင်းကင်ထက်၌ ဧရာမမျက်လုံးကြီးတစ်လုံး ဘွားခနဲ ထင်းလာသည်။ မျက်လုံးကြီးသည် ကီလိုမီတာရာချီ ရှည်လားပြီး မျက်ခွံက အောက်ကျနေ၏။ ၎င်းက ဟိုလှိမ့်သည်လှိမ့်ကာ ကြည့်နေသည်။

ထို့နောက် တဂျွတ်ဂျွတ် မြည်သံများ ထွက်လာပြီး မျက်လုံးတစ်လုံးပြီးတစ်လုံး တဖောက်ဖောက် ပေါ်လာကြသည်။ ၎င်းတို့သည် ကြောက်စရာကောင်းလောက်အောင် မိစ္ဆာဆန်နေပြီး မိုးသည်းထန်စွာ ရွာပြီးနောက် ပေါ်ထွက်လာသည့် မှိုပွင့်ကြီးများအလား ထင်ရပေသည်။ မကြာခင် ကောင်းကင်တစ်ပြင်လုံး ပြည့်သွားချေပြီ.

ထို့အပြင် မြေကြီးပေါ်၊ မြစ်ထဲ၊ ကန်ထဲ၊ ပင်လယ်ထဲတို့တွင်လည်း မရေမတွက်နိုင်သော မျက်လုံးကြီးများ ပေါ်လာကြသည်။

ကောင်းကင်နတ်အရှင်များက သရော်တော်တော် ပြုံးလျက် အာရုံမထားကြပေ။

ဟင်းလင်းပြင်သားရဲတို့သည် အင်အားကြီးမားသော်လည်း သူတို့လို ကောင်းကင်နတ်အရှင်များအောက် နိမ့်ကျနေသေး၏။ သို့ဖြစ်၍ ကြောက်စရာမရှိပေ။

သူတို့သည် ဟင်းလင်းပြင်သားရဲမိခင်ကို သုတ်သင်ရန်လည်း စိတ်ပိုင်းဖြတ်ထားကြ၏။ သို့သော် ဟင်းလင်းပြင်သားရဲမိခင်က ဆယ့်ကိုးထပ်မြောက် ဟင်းလင်းပြင်အလွှာ၌ ပုန်းအောင်းနေသောကြောင့် သူတို့၏အသိစိတ်အလျဉ်များမှာ ထိုမျှအလွှာအထိ မဝင်နိုင်ကြပေ။ သူတို့၏အသိစိတ်အလျဉ်သည် အသိစိတ်အလျဉ်ကို အထူးပြုကျင့်ကြံကြသော ဖန်ဆင်းရှင်များနှင့် ကွဲပြား၏။

ရုပ်ခန္ဓာကိုလည်း ဟင်းလင်းပြင်ကို ဖြတ်ကာ သယ်သွားမရပေ။ မူလဝိညာဉ်များဖြင့်သာ ဆယ့်ကိုးခုမြောက် ဟင်းလင်းပြင်ထဲ ဝင်လျှင် အန္တရာယ်များလွန်းလိမ့်မည်။

သို့သော် ဟင်းလင်းပြင်သားရဲမိခင်‌ ပေါ်လာသည်နှင့် သူမအား သတ်ဖြတ်ပစ်နိုင်သည်။

ကောင်းကင်ထက်၊ မြေပြင်ပေါ်နှင့် ရေထဲတို့မှ ဟင်းလင်းပြင်သားရဲအမြောက်အမြား ထွက်လာကြသည်။ ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်သားရဲများက တောင်ပံများ ခတ်ကာ ပျံသန်းသွားကြ၏။ မြေပြင်ပေါ်ရှိ ဟင်းလင်းပြင်သားရဲများ၏ ခြေခြောက်ချောင်းကလည်း ဒုန်းစိုင်းပြေးထွက်သွားကြသည်။

ထို့အပြင် ဟင်းလင်းပြင်တစ်လျှောက် ဖြတ်ကူးနေသော ဧရာမဟင်းလင်းပြင်သားရဲကြီးများလည်း ပါသည်။ ဟင်းလင်းပြင်သားရဲအားလုံးက တစ်ပြိုင်တည်းဆိုသလို လှုပ်ရှားကာ အရပ်မျက်နှာတစ်ခုတည်းဆီသို့ ပြေးသွားကြသည်။

ထိုအရပ်မျက်နှာကား ... ဘိုးဘေးနန်းတော်၏ မြောက်ပိုင်းပင်။

ကောင်းကင်ရှိ အက်ကွဲကြောင်း ပိုကျယ်လာအောင် ဆွဲဖြဲနေကြသော ဟင်းလင်းပြင်သားရဲများပင်လျှင် အောက်ဆင်းလာကြသည်။

သူတို့က ဆင်းလာနေစဉ် ခန္ဓာကိုယ်များကို လှည့်လိုက်ကြပြီး ခြေလက်များ ဖြန့်ကာ အသားမြှေးပါးတို့ဖြင့် ကောင်းကင်တစ်လျှောက် ပျံသန်းသွားကြ၏။

“မြောက်ပိုင်းက...”

ရေကန်ကြီးထဲတွင် ကောင်းကင်နတ်အရှင်ဟုန်သည် ခေါင်းထောင်ကြည်ပြီး အံ့အားသင့်နေ၏။ “မဟူရာတောင်နက်.... အဲဒီနေရာက အင်မတန် ခေါင်တယ်... ဘိုးဘေးနန်းတော်ထဲမှာ အကြမ်းဆုံးနေရာလည်း ဟုတ်တယ်... ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ ဖန်ဆင်းရှင်တွေတောင် အဲဒီနေရာဆီ မသွားရဲလို့ ရှောင်သွားခဲ့ကြတာ... ဟင်းလင်းပြင်သားရဲတွေ အဲဒီနေရာဆီ ပြေးနေကြပုံထောက်ရင် တစ်ယောက်ယောက် အဲဒီရောက်နေလို့လား”

“ကောင်းကင်နတ်အရှင်ဆယ်ယောက်လုံး အရူးတွေ မဟုတ်ဘူး... အဲဒီတောင်နက် ဘယ်လောက်ကြောက်စရာကောင်းမှန်း သူတို့အားလုံး မြင်နိုင်တော့ ရွေးမှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ဟုန်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူက ခြေဆောင့်နင်းလိုက်လေ၏။ “သေစမ်း... တောင်နက်ကို ဘယ်သူ သွားလဲ ငါသိပြီ... အဲဒီခွေးသူတောင်းစားလေးပဲ အဲဒီလောက် သတ္တိကောင်းမှာ”

All Chapters