ဝက်တောင်ဒီလောက်ကြိုးစားနေရင် မင်းဘာအားကိုးနဲ့ပျင်းနေမလဲ? ၃
Vol. 35 Ch. 511
စံအိမ်ဝန်ထမ်းဟောင်းများမှာ စံအိမ်ကိစ္စများနှင့်အသားကျနေ၍ ပုံမှန်လည်ပတ်မှုကိုသက်ရောက်လိမ့်မည်မဟုတ်။
ရန်သုံ့ကိုမွေးမြူရေးခြံပြောင်းမလား ဒါမှမဟုတ် ဘဲခြံကိုမွေးမြူရေးခြံနဲ့ပေါင်းမလား။ ဘဲခြံရေလှောင်တမံတစ်ဖက်ကိုလည်း မွေးမြူရေးခြံအဖျားနှင့်ဆက်ထားသည်။
ရန်သုံ့လည်း မွေးမြူရေးခြံတွင် ဝက်ခြံအပါအဝင် တချို့မွေးမြူရေးတိရစ္ဆာန်များနှင့်ငှက်စာကျွေးခြင်းကိုပါတာဝန်ယူထားရသည်။
ဝက်ခြံထဲတွင်ဝက်မမှာရသေးခြင်းသာ။ အခုအဆီချဝက်ရောက်လာပြီဖြစ်၍ နောက်ထပ်ဝက်မှာစရာမလိုတော့။
ကားရပ်ပြီးမကြာမီ ရန်သုံ့ကမွေးမြူရေးခြံဝန်ထမ်းတချို့နှင့်အတူ ကိရိယာများယူပြီးရောက်လာသည်။
''သူဌေး!'' ရန်သုံ့ကအရင်ဆုံး ချင်လင်ကိုနှုတ်ဆက်ပြီးမှ ဝန်ထမ်းများကိုခေါ်လိုက်သည်_
''အရင်ဆုံးဝက်ခြံကိုသန့်ရှင်းရေးလုပ်လိုက်... ပြီးရင် ဝက်တွေကိုလှည်းနဲ့ရွှေ့... ခြံစည်းရိုးလုံမလုံစစ်လိုက်ဦးနော်''
မွေးမြူရေးခြံထဲမှဝက်ခြံမှာ သာမန်မွေးမြူရေးခြံမှဝက်ခြံနှင့်မတူ။ ဝက်ခြံရှေ့တွင် ဝက်များရွှေ့ရန်အဓိကသုံးသောနေရာကျယ်ကျယ်ရှိသည်။
ဝက်ခြံကိုနည်းနည်းသန့်ရှင်းရေးလုပ်ပြီးနောက် ရန်သုံ့ကဝန်ထမ်းများအား ထရပ်ကားပေါ်မှဝက်များကိုရွှေ့ခိုင်းသည်။
ဝန်ထမ်းတချို့ကကားပေါ်တက်ပြီး အဆီချဝက်များကိုတစ်ကောင်ချင်းကားပေါ်မှချလိုက်သည်။ သို့ရာတွင် အဆီချဝက်အကောင်ကြီးသုံးကောင်ကိုရွှေ့သောအခါ ကြွက်သားများထွက်နေသောကိုယ်လုံးကိုမြင်ပြီး အားလုံးလန့်သွားသည်။
''ဒီဝက်ကဘယ်လိုဖြစ်တာလဲ? ကြွက်သားတွေနဲ့ပါလား?''
''ဒီလိုအသားနဲ့ဝက်ရှိတာလား?''
''ဒီဝက်သုံးကောင်ကလေ့ကျင့်ခန်းလုပ်ထားတာလား?''
“……”
ရန်သုံ့ကပွစိပွစိအသံများကြားပြီး ကားပေါ်တက်၍စူးစမ်းလိုက်သည်။
သူလည်းအဆီချဝက်အကောင်ကြီးသုံးကောင်ကိုမြင်ပြီး အံ့ဩသွားသည်_
''သောက်*... ဒီဝက်သုံးကောင်ရဲ့အကြောတွေက နည်းနည်းသန်တယ်... သူဌေး ဒါအမေရိကန်ဒူးရော့ဝက်တွေလား?''

''ခင်ဗျားသိတယ်လား?''
ချင်လင်ကပြုံးပြီးမေးလိုက်သည်။
ရန်သုံ့ကရှင်းပြသည်_ ''သူဌေး... ကျွန်တော့်ကိုဒီကိစ္စတွေဂရုစိုက်ခိုင်းမှတော့ ကျွန်တော်လည်းရှာပြီးလေ့လာထားတာပေါ့... ဒီကယေဘူယျဝက်မျိုးစိတ်တွေရဲ့တချို့အချက်အလက်တွေဖတ်ထားတယ်''
''သူဌေးယူလာတဲ့ဒူးရော့ဝက်တွေက နည်းနည်းအကောင်သေးတာတစ်ခုပဲ... ဒူးရော့ဝက်ငယ်မျိုးကိုအိမ်မွေးတိရစ္ဆာန်လုပ်ဖူးတယ်ထင်တယ်? ဒါပေမဲ့ ဝက်မျိုးစပ်တာမအောင်မြင်ခဲ့ဘူးလားလို့?''
''မဟုတ်သေးဘူး... ဒီဝက်တွေရဲ့ကြွက်သားက သံတုံးနဲ့တူတယ်... အရမ်းသဘောကျစရာကောင်းတယ်... လေ့ကျင့်တဲ့ရလဒ်ကဒီလိုထွက်လာရင် အောင်မြင်တယ်လို့ပြောရမှာမလား?''
ချင်လင်ကထိုအမေးကိုမဖြေ၊ ရန်သုံ့ဘာသာအဖြေရှာလိမ့်မည်။
သူ့ကိုဒူးရော့ဝက်ဟုထင်အောင်သာလုပ်ရမည်။
တကယ်လည်း ဒီဝက်ကဒူးရော့ဝက်မျိုးပါသည်။
ရန်သုံ့ကသူ့လူများကို အဆီချဝက်အကောင်ကြီးသုံးကောင်အားထရပ်ကားပေါ်မှရွှေ့စေလိုက်သည်။ ထို့နောက် လှောင်အိမ်ဖွင့်၍ဝက်များကိုလွှတ်လိုက်သည်။
ထိုအဆီချဝက်သုံးကောင်မှာ လွတ်သည်နှင့်ဂဏှာမငြိမ်တော့။ လှောင်အိမ်ထဲအကြာကြီးနေပြီး အားအင်များပြည့်ဝနေသည်။ ထို့ကြောင့် ဝက်ကြီးသုံးကောင်ကလွတ်လွတ်ချင်း ပတ်ပတ်လည်လျှောက်ပြေးတော့သည်။
ဝက်ပေါက်များက ဝက်ကြီးသုံးကောင်နောက်ပြေးလိုက်နေသဖြင့် အပြေးအဖွဲ့လေးဖြစ်နေသည်။
အထူးသဖြင့် ဝက်များအဖွဲ့ဖြစ်ပြီး အစီအစဉ်ကျကျပြေးနေသည်။
ရန်သုံ့နှင့်ဝန်ထမ်းများမှာ ထိုအဆီချဝက်များ၏လှုပ်ရှားပုံကိုကြည့်ရင်းကြောင်နေသည်။
ဒီဝက်တွေက ထွက်ပြေးဖို့ကြိုးစားနေတာလား?
မဟုတ်သေးဘူး။ ထွက်ပြေးချင်ရင် ခြံစည်းရိုးကိုဝင်တိုက်မှာပေါ့။ ဘာလို့ပတ်ပတ်လည်ပြေးနေတာလဲ? ပြေးနေရင်းတောင် တအစ်အစ်နှင့်ပြိုင်တူအော်နေသေးသည်။
ထိုမြင်ကွင်းက မသိသူများအဖို့နည်းနည်းထူးဆန်းနေသည်။


ချင်လင်တစ်ယောက်သာ ဘာဖြစ်နေမှန်းသိသည်။ ဘာပဲဖြစ်ဖြစ် ဒီအဆီချဝက်တွေရဲ့မှတ်ချက်က နေ့တိုင်းပြေးလိမ့်မည်တဲ့။
ရန်သုံ့နှင့်မွေးမြူရေးခြံဝန်ထမ်းများက ဘာမှမသိ။ ဝက်တွေကပတ်ပတ်လည်ပြေးနေသောကြောင့် အတော်စိတ်ဝင်စားနေကြသည်။
ရုတ်တရက် အဆီချဝက်ကြီးသုံးကောင်ကဦးဆောင်ပြီး ရန်သုံ့နှင့်မွေးမြူရေးခြံဝန်ထမ်းများကိုပတ်ပြေးကာ အချင်းချင်းတောင်ကျော်တက်နေကြသည်။
သူတို့လုပ်ပုံကြောင့် ရန်သုံ့နှင့်မွေးမြူရေးခြံဝန်ထမ်းများပိုပြီးဇဝေဇဝါဖြစ်ကုန်ကြသည်။
ချင်လင်လည်း ထိုအဆီချဝက်များ၏မှတ်ချက်များကြားယောင်ပြီးအံ့ဩသွားသည်။ ဒီအဆီချဝက်တွေက မယုံနိုင်စရာလေ့ကျင့်ခန်းတွေလုပ်တတ်တယ်တဲ့။
သူမြင်နေရတာ ဝက်တွေအတွက်ဆို မယုံနိုင်စရာလေ့ကျင့်ခန်းဖြစ်လောက်တယ်မလား?
ဒါရန်သုံ့တို့ကို အတားအဆီးတွေလိုသဘောထားတာပဲ။
ထို့အပြင် ရန်သုံ့တို့ကိုပတ်ပြီးနောက် ဝက်ကြီးသုံးကောင်က ဝန်ထမ်းများမြေပေါ်ချထားသောထွန်ခြစ်များဆီပြေးသွားသည်။ သူတို့က အတားအဆီးများခုန်ကျော်သလို ထွန်ခြစ်များကိုခုန်ကျော်ကြ၏။
တစ်ဖက်တွင် အဆီချဝက်ပေါက်များကမခုန်နိုင်။ ခုန်လျှင်ခေါင်းနှင့်ဆောင့်မည်ဖြစ်သောကြောင့် ပတ်သာပြေးနေကြသည်။
''ဒီကောင်တွေဘာလုပ်နေတာလဲ? ကြံ့ခိုင်ရေးလား?''
နောက်ဆုံး ရန်သုံ့ကမနေနိုင်ဘဲမေးလိုက်သည်။
မွေးမြူရေးခြံဝန်ထမ်းများလည်း အချင်းချင်းကြည့်လိုက်ကြသည်။
ဝက်များ၏လှုပ်ရှားပုံကိုကြည့်ရင်း အာစေးမိကုန်သည်။
ဒီကောင်တွေ လေ့ကျင့်ခန်းလုပ်နေတာမလား?
သူဌေးဘယ်ကတွေ့လာပါလိမ့်? ဒီဝက်တွေက အကြောင်းအရင်းမရှိလုပ်နေတာတော့မဟုတ်ဘူးမလား?
ရန်သုံ့မှာအတော်သိချင်လာ၍ ချက်ချင်းသူဌေးကိုမေးလိုက်ချင်သည်။
ထိုအချိန်တွင် ချင်လင်ကရန်သုံ့ကိုထမေးလိုက်သည်_
''ခင်ဗျားအချက်အလက်တွေဖတ်ထားတယ်မလား? ဒီဝက်တွေကဘာဖြစ်တာလဲ? ဘာလို့ဒီလိုဖြစ်နေတာလဲ?''
ဝက်များထူးဆန်းနေပုံကိုကြည့်ရင်း မေးခွန်းထုတ်မခံချင်သောကြောင့် သူကအရင်မေးလိုက်ရသည်။
လုံးဝဘာဖြစ်နေမှန်းမသိသလိုပုံဖမ်းပြီး ဇဝေဇဝါလုပ်နေလိုက်၏။
''ကျစ်.. ကျစ်''
ထိုမေးခွန်းကြောင့် ရန်သုံ့ကြောင်သွားသည်။
ဒါသူဌေးကိုမေးချင်နေတာလေ။
ဘယ်လိုလုပ်ပြီး သူဌေးကပြန်မေးနေတာလဲ?