← Chapters

အခန်း (၅၁၃)

Vol. 35 Ch. 513

အခန်း (၅၁၃)

Vol. 35 Ch. 513

အထူးသဖြင့် ဆော့ကုမ္ပဏီကိုသူ့စိတ်ထဲမထားပေ။ အစားအသောက်ကုမ္ပဏီ၏ဆော့နှင့်အားဖြည့်လက်ဖက်ရည်ကိုတောင်မစီမံဘဲ ကိစ္စဝိစ္စအားလုံးကိုတန့်ကွမ်းနှင့်သာလွှဲထားသည်။

သို့ရာတွင် ကျိုးချန်ကျွင်းလည်းအတော်လေးလုပ်ရည်ကိုင်ရည်ရှိသည်။ သူ့ယွမ် ၅ သန်းရင်းနှီးမြှုပ်နှံမှုဖြင့် ရုံချန်းဆော့ကုမ္ပဏီကိုကောင်းကောင်းဖွံ့ဖြိုးစေခဲ့သည်။

ဆော့ကိုကအရသာကောင်းပြီး အရည်အသွေး ၁ ရှိသောကြောင့်ပင်။ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဆော့ကိုယ်စားလှယ်၏အဆက်အသွယ်များကြောင့် ဆော့စျေးကွက်တွင် စျေးကွက်ရှယ်ယာ ၀.၅% ကိုပိုင်ဆိုင်ထားပြီဖြစ်သည်။

ချင်းလင်ခရမ်းချဉ်ဆော့၊ချင်းလင်လက်ဖက်ရည်နှင့်မယှဉ်နိုင်သော်လည်း ဒီဆော့စျေးကွက် ၀.၅% က တခြားကုမ္ပဏီများအတွက် အလွန်အထင်ကြီးစရာကောင်းနေသေးသည်။

မနှစ်ကဆော့စျေးကွက် ၂၅% ကို လောင်ကန်းမာကသိမ်းပိုက်ခဲ့ပြီး နှစ်စဉ်ဝင်ငွေယွမ် ၆.၄ ဘီလီယံရှိခဲ့သည်။

နောင်မှာ ဒီစျေးကွက်ရှယ်ယာ ၀.၅% ကတက်မလာရင်တောင် ရုံချန်းဆော့နှစ်စဉ်ဝင်ငွေမှာ ၁၂၈ သန်းခန့်ရှိလိမ့်မည်။

ထို့အပြင် ဆော့စျေးကွက်မှာလှုပ်လှုပ်ရွရွဖြစ်နေ၍ ချဲ့ထွင်ဖို့အချိန်ကောင်းဖြစ်သည်။

လောင်ကန်းမာ၏မျိုးဆက်များလက်လွှဲယူပြီးကတည်းက တဖြည်းဖြည်းကျလာသည်။ မနှစ်က ၂၅% မှာ ၅% ကျဆင်းသွားခြင်းဖြစ်၍ ဒီနှစ်ပိုနည်းရင်နည်းနိုင်သည်။

ကျိုးချန်ကျွင်းလည်းငွေကြေးလွတ်လပ်မှုရထားပြီး အောင်မြင်သောလူတန်းစားထဲဝင်လာသည်။

အနည်းဆုံး လက်ရှိသူ့အောင်မြင်မှုက သူ့ကောင်မလေးမိသားစုကိုနောင်တရအောင်လုပ်နိုင်လိမ့်မည်။

ချင်လင်လည်း ဖုန်းကိုင်လိုက်သည်။

ကျိုးချန်ကျွင်းအသံကိုချက်ချင်းကြားရသည်_

''ဥက္ကဌချင်... ကျွန်တော်တင်ပြစရာရှိပါတယ်''

''ပြောပါ!'' ချင်လင်ကပြုံးပြီးပြောလိုက်သည်။



တကယ်တော့ စီမံပိုင်ခွင့်အားလုံး ကျိုးချန်ကျွင်းကိုပေးထားပြီးသား။ လုပ်ငန်းကိစ္စများကိုသူကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ပြီး သူ့ကိုတင်ပြစရာမလိုပေ။

သို့သော် အဓိကရှယ်ယာရှင်တစ်ဦးအနေနှင့် ကုမ္ပဏီမန်နေဂျာကလေးစားသမှုပြသောကြောင့် သူအမြဲစိတ်ချမ်းသာရသည်။

ကျိုးချန်ကျွင်းကတင်ပြသည်_

''ဒီလိုပါ... ရုံချန်းဆော့က အနေအထားတစ်ခုရောက်နေပြီဆိုတော့ ဆယ်လီတစ်ယောက်ကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ဖိတ်ဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်... ကျွန်တော်တို့စီမံရေးက အမျိုးသမီးဆယ်လီတစ်ယောက်ကိုရွေးပြီး ဥက္ကဌနဲ့ပေးတွေ့ချင်တယ်... ထောက်ခံချက်စာချုပ်ကိုဥက္ကဌကသဘောတူတယ်ဆိုရင် သူ့ကိုပေးလိုက်မယ်... တကယ်လို့သဘောမတူဘူးဆိုရင် တခြားအမျိုးသမီးဆယ်လီတွေရှာလိုက်ပါမယ်''

''ကောင်းပြီလေ... တွေ့တာပေါ့''

ချင်လင်ကမငြင်း၊ အဓိကက သူနည်းနည်းသိချင်စိတ်ဖြစ်နေသောကြောင့်ပင်။

သူနှင့်သက်ဆိုင်သောထုတ်ကုန်တစ်ခုကို ဆယ်လီတစ်ယောက်ဆီအပ်နှံဖို့ဖိတ်ခေါ်ခြင်းကလည်း ပထမဆုံးအကြိမ်ဖြစ်နေသည်။ ထို့အပြင် ထုတ်ကုန်အများစုကို ဆယ်လီအပ်နှံဖို့ဖိတ်ခေါ်ခြင်းမှာ ရေပန်းစားနေသည်။ ထုတ်ကုန်၏ပုံရိပ်၊ နာမည်၊ ကြော်ငြာကို အနည်းနှင့်အများတက်စေသည်။

သူ့ချင်းလင်အစားအသောက်ကုမ္ပဏီက ချင်းလက်ဖက်ရည်နဲ့ချင်းလင်ဆော့ကတော့ ခြွင်းချက်ပေါ့။ စနစ်အရည်အသွေးကြောင့် ဝယ်လိုအားကိုမလိုက်နိုင်ဘဲ အတော်လေးနာမည်ကြီးနေသည်။ ဆယ်လီခေါ်ဖို့လုံးဝမလို။ ချင်းလင်အားဖြည့်လက်ဖက်ရည်အတွက် ပုံရိပ်၊ နာမည်၊ ကြော်ငြာတက်ဖို့ ဆယ်လီတစ်ယောက်ငှားရမည်ဆိုပါလျှင် နတ်မင်းလျိုအဆင့်ရှိသောတစ်ယောက်ယောက်ကိုငှားဖို့သာလိုလိမ့်မည်။

သာမန်ဆယ်လီဖြစ်လျှင် ဆယ်လီကြောင့်ထုတ်ကုန်နာမည်ကြီးမှာမဟုတ်၊ ထုတ်ကုန်ကြောင့် ဆယ်လီနာမည်ကြီးလိမ့်မည်။ ထို့ကြောင့် သူ့ထုတ်ကုန်အတွက်ဆယ်လီငှားဖို့မလိုချေ။

…

နေ့လယ်ပိုင်း_

ကျိုးချန်ကျွင်း ချင်းလင်စံအိမ်ရောက်လာသည်။ သူ့နောက်တွင် ဦးထုပ်၊နှာခေါင်းစည်းနှင့်မျက်မှန်တပ်ထားသောအမျိုးသမီးတစ်ဦးပါလာသည်။

''ဥက္ကဌကျိုး... ချင်းလင်ကုမ္ပဏီရဲ့ဥက္ကဌချင်က ဘယ်လိုလူမျိုးလဲ?''

ကျိုးချန်ကျွင်းနောက်မှလိုက်လာသောအမျိုးသမီးက စူးစမ်းလိုက်သည်။

ကျိုးချန်ကျွင်းကပြန်ရှင်းပြ၏_

''မစ္စလီရီသုံ့... ဥက္ကဌချင်ကိုတွေ့ရင်အရမ်းအံ့ဩသွားလိမ့်မယ်... ခင်ဗျားထင်ထားတာထက်ပိုငယ်ရင်ငယ်ဦးမယ်... သိတောင်သိနေမလားပဲ''

ဒီရက်ပိုင်း သူဌေးချင်ကအင်တာနက်မှာအလွန်နာမည်ကြီးနေသည်။ အတော်များများကမြင်းထိန်းသမားရှောင်ချင်အကြောင်းသိသော်လည်း ရှောင်ချင်မှာ ချင်းလင်စံအိမ်၊ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့သူဌေးလို့ဘယ်သူကထင်မလဲ?





လီရီသုံ့မှာ ရုံချန်းဆော့ကအငှားဖိတ်ထားသောအမျိုးသမီးသရုပ်ဆောင်ဖြစ်သည်။ 'မိစ္ဆာတစ်ပိုင်းတိုင်းပြည်ထဲဝင်လာပြီ'နှင့်အနုပညာနယ်ပယ်ထဲရောက်လာပြီး TV ဒရာမာများစွာတွင်သရုပ်ဆောင်ထားသည်။ နာမည်ရှိသော်လည်း သိပ်မကျော်ကြားသော အမျိုးသမီးသရုပ်ဆောင်မျိုးဖြစ်သည်။

လက်ရှိအခြေအနေမှာ ရုံချန်းဆော့က ဒီအဆင့်အမျိုးသမီးသရုပ်ဆောင်ကိုသာငှားနိုင်သည်။

အခုလောင်ကန်းမာကစျေးကွက်ရှယ်ယာထဲအမှားမှားအယွင်းယွင်းဖြစ်နေစဉ် ရုံချန်းဆော့ကစျေးကွက်ဖွင့်ပြီး ဆယ်လီတစ်ယောက်ငှားထားဖို့လိုသည်။

ကျိုးချန်ကျွင်းစကားကြားပြီး လီရီသုံ့ပိုသိချင်သွားသည်။

တကယ်တော့ ရုံချန်းဆော့လိုထုတ်ကုန်မျိုးကြော်ငြာဖို့အတွက် သူမကိုယ်တိုင်ဒီကိုလာစရာမလိုသော်လည်း ရုံချန်းဆော့နောက်ကွယ်ကအဓိကရှယ်ယာရှင်မှာချင်းလင်ကုမ္ပဏီ၏သူဌေးမှန်းသိထားသောကြောင့် အခြေအနေတစ်မျိုးဖြစ်သွားသည်။

ချင်းလင်ဆော့နဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်ရဲ့အလားအလာကိုအားလုံးအသိ။ ချင်းလင်ဓာတ်ခွဲခန်းဆိုရင်လည်း ပြောစရာမလို။

သူမလိုဆယ်လီတစ်​ယောက်အတွက် ချင်းလင်ကုမ္ပဏီသူဌေးက အရေးကြီးအရာပါဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုလာတွေ့ပြီးလေးစားသမှုပြဖို့လိုသည်။

သူနဲ့တစ်ချိန်လောက်သောက်ပြီး သုံးလေးကြိမ်ဆုံနိုင်ရင် သူမအပေါ်အမြင်ကောင်းတွေရှိလာမည်။ ပြီးတော့ ပူးပေါင်းလုပ်ကိုင်ဖို့အခွင့်အရေးရချင်ရလာနိုင်သည်။

ကျိုးချန်ကျွင်းက လီရီသုံ့ကိုချင်လင်ရုံးခန်းထဲခေါ်သွားလိုက်သည်။

ချင်လင်လည်း ကျိုးချန်ကျွင်းခေါ်လာသော လီရီသုံ့ကိုတွေ့သည်။

တစ်ချက်ကြည့်ရုံနှင့် ဒီအမျိုးသမီးဆယ်လီကိုရင်းနှီးနေသလိုလို။ အနည်းဆုံးတော့ တစ်နည်းတဖုံကျော်ကြားသူဖြစ်မည်။

လီရီသုံ့ကချင်လင်ကိုမြင်လျှင် သူမမျက်နှာလှလှမှာအံ့ဩမှုအပြည့်နှင့် နည်းနည်းကြောင်သွားသည်။

နောက်ဆုံးတော့ ကျိုးချန်ကျွင်းပြောတာကိုသဘောပေါက်လိုက်ပြီ။

ဒီရက်ပိုင်း မြင်းထိန်းသမားရှောင်ချင်ကအင်တာနက်မှာအလွန်နာမည်ကြီးနေသည်။ မြင်းထိန်းသမားရှောင်ချင်ရဲ့မြင်းစီးစွမ်းရည်ကို သူမတောင်အံ့ဩသွားသည်။ ငွေရောင်ချပ်ဝတ်တန်ဆာနှင့်ငွေရောင်လှံကိုင်ထားပြီး လုံးဝကြည့်ကောင်းနေသည်။

သို့သော် မြင်းထိန်းသမားရှောင်ချင်က ချင်းလင်ကုမ္ပဏီရဲ့သူဌေးဖြစ်လိမ့်မည်ဟုလုံးဝမထင်မိပေ။

ဒီအကြောင်းသူများတွေကိုပြောပြရင် သူမကိုဟာသလို့ထင်ကြဦးမည်။





All Chapters