အခန်း (၅၁၄)
Vol. 35 Ch. 514
လီရီသုံ့မှာအံ့ဩ၍အာစေးမိနေပြီးမှ ချင်လင်ကိုရိုရိုသေသေနှင့်အမြန်ပြောလိုက်သည်_
''ဥက္ကဌချင်... တွေ့ရတာဝမ်းသာပါတယ်... ရှင်ကအံ့ဩစရာကောင်းလိုက်တာ''
အစကချင်လင်မှာ ရုံချန်းဆော့ကထုတ်ကုန်အပ်နှံထားသောအမျိုးသမီးဆယ်လီကိုနည်းနည်းစိတ်ဝင်စားသော်လည်း လီရီသုံ့၏လေးစားသော၊ သတိထားသော၊ မျက်နှာချိုသွေးသောပုံစံကိုမြင်ပြီး ဘာမှထူးခြားသည်မထင်တော့။
သာမန်လူတွေလိုက်နေသောအမျိုးသမီးသရုပ်ဆောင်များ၊ ပရိသတ်များက နတ်ဘုရားမအဖြစ်သတ်မှတ်ထားသူများမှာ ပိုအဆင့်မြင့်သူတစ်ယောက်ရှေ့တွင်ဘာမှမဟုတ်တော့။
ပုံပန်းအသွင်အပြင်က အရည်အသွေး ၂ အလှအပဥနှင့်အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုကြာရှည်စားလာခဲ့သော ကျောက်မိုချင်းကိုတောင်မယှဉ်နိုင်။
ကိုယ်လုံးကိုယ်ပေါက်မှာ ကျောက်မိုချင်းလိုလေယဉ်ပြေးလမ်းပုံစံနှင့်လူတောင် လေ့ကျင့်ထားသောသူမ၏လှလှပပခန္ဓာကိုယ်ကိုမြင်ပြီး နည်းနည်းရှက်မိလိမ့်မည်။
ထို့ကြောင့် အကြာကြီးမပြောလိုက်ရ။ တွေ့ဆုံမှုကိုအဆုံးသတ်ပြီး ကျိုးချန်ကျွင်းကိုခေါ်သွားခိုင်းလိုက်သည်။
နောက်ရက်များတွင် ရန်သုံ့လည်း အဆီချဝက်များအတွက်ကြံ့ခိုင်ရေးဝက်ခြံတစ်ခုကိုစိတ်တိုင်းကျတည်ဆောက်နေသည်။
စိတ်တိုင်းကျဝက်ခြံဆောက်ပြီးနောက် ချင်လင်ကကျောက်မိုချင်းကိုခေါ်လာပြီးတစ်ချက်ကြည့်ခိုင်းသည်။
ကျောက်မိုချင်းမှာ ထိုအဆီချဝက်များကိုသဘောကျပြီး ရယ်နေတော့သည်။
ဒီရက်ပိုင်းအတွင်း လူသိရှင်ကြားမွေးမြူရေးခြံပြင်ဆင်ရေးပထမအဆင့်မှာ နောက်ဆုံးပြီးမြောက်သွားပြီဖြစ်၍ ဖွင့်ချိန်တန်ပြီဖြစ်သည်။
တိရစ္ဆာန်များအကုန်မမှာရသေး၊ နွားများမရောက်သေးသော်လည်း သဘာဝရှုမျှော်ခင်းနေရာဖြစ်နေသည်။ အားလုံးအဆင်သင့်ဖြစ်တဲ့အထိစောင့်ပြီးမှဖွင့်လို့မဖြစ်။ ပြီးတဲ့အချိန်ဖွင့်ရမည်။
လင်းလန်ဇီကတရားဝင်အကောင့်တွင် မွေးမြူရေးခြံဖွင့်ကြောင်းဗီဒီယိုတင်ရင်း ကြိုတင်လက်မှတ် ၁၀၀၀ ကိုပါထုတ်လိုက်သည်။
ကြေညာချက်ဗီဒီယိုထွက်ထွက်ချင်း ချင်းလင်စံအိမ်ပရိသတ်များ အသည်းအသန်ဖြစ်သွားကြသည်။ ချင်းလင်မွေးမြူရေးခြံကိုမျှော်လင့်စောင့်စားနေကြသောကြောင့် ကြေညာချက်ဗီဒီယိုမှာ အချိန်တိုအတွင်းရေပန်းစားရှာဖွေမှုဖြစ်သွားသည်။
ဒါလက်ရှိချင်းလင်စံအိမ်ရဲ့ကျော်ကြားမှုပင်။
နောက်ပြီး ချင်းလင်မွေးမြူရေးခြံဝင်ကြေးက ၈၈ ယွမ်သာဖြစ်သည့်အတွက် မယူသူမရှိဘဲ ကြိုတင်လက်မှတ် ၁၀၀၀ မှာ ၅ မိနစ်မတိုင်ခင် ရောင်းကုန်သွားသည်။
လက်မှတ်မရလိုက်သူများက ၈၈ ယွမ်ပြပြီး ချင်းလင်မွေးမြူရေးခြံကိုလက်မှတ်ပိုရောင်းပေးရန်တောင်းဆိုကြသည်။
…
ရုံးခန်းထဲ၌_
ချင်လင်ထံ ဝမ်ရန်ဆီမှဖုန်းဝင်လာသည်။
''ဥက္ကဌချင်... ဖုန်းဆက်ပြီးအနှောက့်အယှက်ပေးမိတာ အားနာလိုက်တာ... ကျွန်တော့်မှာတောင်းဆိုစရာတစ်ခုရှိနေလို့ပါ''
ဖုန်းထဲမှဝမ်ရန်၏အသံထွက်လာသည်။
တစ်ဖက်ကပင့်သက်ရှိုက်နေပုံရပြီး သူဘာဖြစ်နေမှန်းမသိရ။
''ပြောပါ... ဘာကိစ္စလဲ?''
ချင်လင်ကမေးလိုက်သည်။
အခုဝမ်ရန်က သူ့လက်မောင်းတစ်ဖက်ဖြစ်နေပြီ။ သူ့ကြော်ငြာအားကြောင့် ချင်းလင်အားဖြည့်လက်ဖက်ရည်က မင်စီရင်စုပြည်နယ်မြို့တော်ကို ခြေကုပ်ယူထားပြီ။
မင်စီရင်စုအတွက်အဓိကကိုယ်စားလှယ်အဖြစ် သူ့ကိုပေးထားပြီး မင်စီရင်စု၏တခြားနှစ်မြို့တွင်ချင်းလင်အားဖြည့်လက်ဖက်ရည်ကြော်ငြာအားကလည်းကောင်းနေသည်။ ဝမ်ရန်၏လက်ဖက်ရည်ကြော်ငြာပုံက မျှစ်စို့နှင့်တူသည်။
အဓိကမှာ ဒီလူကတကယ်ဦးနှောက်ရှိခြင်းပင်။ တချို့လူကြိုက်များသောဂီတဗီဒီယိုအတိုများကို ဘယ်လိုအသုံးချရမလဲသူသိသည်။ အရင်က 'လူခုတ်ဓား'ဆိုသောသူ့အကောင့်မှာ ခဏခဏနာမည်ကြီးခဲ့ပြီးလူသိများသည်။ ထိုအကောင့်ကိုလည်း ကြော်ငြာအကောင့်အဖြစ်အသုံးချပြီး 'လူခုတ်ဓား'မှ 'လူခုတ်ဓား - မင်စီရင်စုချင်းလင်လက်ဖက်ရည်အထွေထွေကိုယ်စားလှယ်'ဟု ပြောင်းထားသည်။
အထူးသဖြင့် ထိုအကောင့်ကပရိသတ်အများကြီးရလာပြီး တစ်သန်းကျော်နေပြီဖြစ်သည်။
သူ့ဗီဒီယိုတိုင်းလိုလို မိန်းမလှလေးတစ်ဦးပါပြီး အားလုံးကအလွန်ချောကြသည်။
သူကသော့ချက်ဆရာကြီးပင်။
''သူဌေးချင်... ချင်းလင်မွေးမြူရေးခြံကဖွင့်တော့မှာမလား? ကျွန်တော့်ဝန်ထမ်းတွေက ချင်းလင်မွေးမြူရေးခြံကိုအုပ်စုဖွဲ့လာချင်လို့တဲ့... ပြီးတော့ ကျွန်တော့်အသက်တောင် သူတို့လက်ထဲမှာ... ကျွန်တော့်ကိုဖုန်းဆက်ဖို့ဖိအားပေးပြီး ဥက္ကဌချင်ကိုတောင်းဆိုခိုင်းတာ!''
''ခင်ဗျားကအခုသူဌေးကြီးပဲ... ဝန်ထမ်းကခြိမ်းခြောက်နိုင်တယ်လား?''
ချင်လင်ခေါင်းခါလိုက်သည်။ ဝမ်ရန်လိုလူမျိုးက သူ့လက်အောက်ငယ်သားဖိအားပေးလို့ဖုန်းဆက်တာ သူမယုံ။
ဟာသပဲ။
သို့သော် သူလည်းပြောလိုက်သည်_
''အရင်ဆုံး အုပ်စုလိုက်တော့လက်မခံချင်သေးဘူး... ဒါပေမဲ့ ခင်ဗျားကကျွန်တော်တို့လူပဲလေ... လူအရေအတွက်နဲ့သူတို့ ID ကတ်ကိုပို့ပေးပါ... ခင်ဗျားအတွက်စီစဉ်ပေးမယ်... လာတဲ့အချိန်ကျရင် ကုဒ်ကိုစကင်န်ဖတ်ပြီးဝင်ရုံပါပဲ... ခင်ဗျားဝင်လာပြီး ထောက်ခံပေးစရာမလိုဘူး''
ချင်းလင်မွေးမြူရေးခြံဖွင့်သည့်အချိန်မှစ၍ ကုမ္ပဏီအဖွဲ့များစွာရှိသော်လည်း အားလုံးကိုငြင်းဆိုထားပြီး အဖွဲ့လိုက်ဝန်ဆောင်မှုမပေးသေး။
သို့သော် စည်းမျဉ်းကအသေ လူကအရှင်။ ဝမ်ရန်လိုလူမျိုးက ချင်းလင်ကုမ္ပဏီ၏တစ်စိတ်တပိုင်းဖြစ်နေသည့်အတွက် တစ်ခါတလေစီစဉ်ပေးရမည်။
မင်စီရင်စု_
ရုံးခန်းထဲတွင် ဝမ်ရန်ကချင်လင်သဘောတူကြောင်းကြားကြားချင်း ကျေးဇူးတင်စကားဆိုလိုက်သည်_
''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်... ခင်ဗျားကကျွန်တော့်ကျေးဇူးရှင်ပဲ''
ဖုန်းပိတ်ပြီးနောက် ချက်ချင်းသူ့ဖုန်းကိုချပြီး_
''အစ်မလင်းလင်း... ဥက္ကဌချင်သဘောတူလိုက်ပြီ... အခုပျော်ပြီလား? ပြီးရင် ဥက္ကဌချင်ကိုပို့ပေးလိုက်မယ်''
သို့သော် ရုံးခန်းထဲဟာလာဟင်းလင်း၊ ဘယ်သူမှလည်းမရှိ။
ခဏအကြာ ကျန်းလင်းလင်းမှာရုတ်တရက်ရုံးခန်းစားပွဲအောက်မှထွက်လာပြီး ဝမ်ရန်ကိုမျက်စိမှိတ်ပြကာ_
''ကျေးဇူးတင်ပါတယ် သူဌေး...''
သူမကပြောရင်းဆိုရင်း စားပွဲပေါ်မှတစ်ရှူးယူပြီးပါးစပ်သုတ်လိုက်သည်။ ထို့နောက် အပြင်လျှောက်သွားပြီး ဝမ်ရန်လက်အောက်မှမိန်းကလေးများကိုဖုန်းဆက်၍ ချင်းလင်မွေးမြူရေးခြံသွားမည့်လူအရေအတွက်တောင်းလိုက်သည်။
ထိုမိန်းကလေးများမှာ ဝမ်ရန်၏နိုက်ကလပ်မှအဓိကအုပ်စုဖြစ်ခဲ့ပြီး လက်ရှိတွင်အားလုံးကဝမ်ရန်၏လက်အောက်ငယ်သားများဖြစ်လာသည်။ တစ်ယောက်ချင်းစီက တစ်နယ်ကိုကုန်ဖြည့်ဖို့တာဝန်ယူထားပြီး အဓိကကြော်ငြာအင်အားဖြစ်လာသည်။
ဝမ်ရန်ကလမ်းလျှောက်ထွက်သွားသောကျန်းလင်းလင်းကိုကြည့်ရင်း စိတ်မောသွားသည်။ နောက်ဆုံးချင်းလင်စံအိမ်မှာတုန်းက အစ်မလင်းလင်းလက်ထဲရောက်မသွားအောင် ဘာလို့စိတ်မထိန်းခဲ့မိပါလိမ့်?
အဲဒီတုန်းက သူပိုပြီးစိတ်ဆုံးဖြတ်ထားခဲ့ရင်တောင် အစ်မလင်းလင်းကနေ့တိုင်း အစာတောင်းမှာမဟုတ်။
စုကျွမ်ကလေးမွေးပြီး အိမ်မှာအစာတောင်းရင် ဘယ်လိုဖြစ်မလဲ သူမတွေးရဲ။ ကုမ္ပဏီလာရင် သူမကအစာထပ်တောင်းဦးမည်။
သူတော့ ပြောင်လိမ့်မည်။
ဒီတစ်ခါသူ့အသက်ကယ်ဖို့ ဥက္ကဌချင်ကိုချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းတောင်းရတော့မည်။
မကြာမီ ချင်လင်လည်း ဝမ်ရန်ပေးသောလူအရေအတွက်စာရင်းကိုရသည်။
ဝမ်ရန်လက်အောက်မှအရောင်းသမားများနှင့် မြို့သုံးမြို့တွင်ခန့်ထားသောအရောင်းသမားများအပါအဝင် စုစုပေါင်း ၁၆၃ ယောက်။
သို့ရာတွင် ချင်လင်စာရင်းရသောအခါ ID ကတ်ပေါ်မှနာမည်အားလုံးမှာ အမျိုးသမီးများဖြစ်နေသောကြောင့် သူနည်းနည်းအံ့ဩသွားသည်။
သူကသေသေချာချာထပ်ရေကြည့်လိုက်ရာ စာရင်းစာရွက်ပေါ်တွင် အမျိုးသားတချို့သာပါကြောင်းတွေ့လိုက်ရသည်။
ယင်ဓာတ်အားကောင်းပြီး ယန်ဓာတ်ကအတော်လေးနည်းနေတာပဲ။