အမျိုးသမီးထုရဲ့ဘုရင်လို! ကာယဗလဝက်! ၂
Vol. 35 Ch. 516
သို့သော် ထိုအချိန်တွင် မိန်းကလေးများစိတ်လှုပ်ရှားစွာနှင့်သူတို့နားဝိုင်းလာပြီး ဖန်းပေါ်တို့ကိုတစ်ယောက်ပြီးတစ်ယောက်မေးကြသည်။
''ရှောင်ချင်ဒီမှာရှိလား? ရှောင်ချင်နဲ့မြင်းစီးလို့ရလား?''
''ငါလည်း ရှောင်ချင်ကိုရှာနေတာ... သူအရမ်းခန့်တာပဲ... သူနဲ့ဓာတ်ပုံရိုက်ချင်တယ်''
''ယေး... ငါလည်းရှောင်ချင်ဖက်တာခံချင်တယ်''
''ရှောင်ချင်ကိုပွေ့ခိုင်းပြီး မြင်းစီးမလို့''
“……”
"ပွေ့တာ" ဖန်းပေါ်။
"ဖက်တာ" အလုပ်သင်များ။
ဒီဖက်ခိုင်းနေတဲ့မိန်းမလှလေးတွေကို ဖန်းပေါ်ဘယ်လိုပြန်ဖြေရမလဲမသိတော့။
ရှောင်ချင်မှမရှိတာ။ သူတို့သူဌေးက ဝတ်စုံဝတ်ပြီးဟန်ပြထားတာလေ။
အလုပ်သင်များမှာ သူတို့သူဌေးကိုအားကျနေကြသည်။
သူတို့ထဲကတစ်ယောက်သာ ရှောင်ချင်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ? ဒီလောက်မိန်းမလှတွေအများကြီးနဲ့ဖက်လိုက်ရရင် အရမ်းစိတ်ကျေနပ်စရာကောင်းမှာပဲ။
နောက်ကျ မိန်းမလှလေးကိုတင်ပြီးမြင်းစီးဖို့ သူဌေးကိုအကြံပြုလို့ရမရ သိချင်လာသည်။ မြေပေါ်ကမြင်းထိန်းပေးစရာမလိုဘဲ မိန်းမလှလေးနဲ့မြင်းစီးနိုင်မည်။
ဘာပဲဖြစ်ဖြစ် ဒီနည်းကပိုပြီးအန္တရာယ်ကင်းတယ်မလား?
အလုပ်သင်တွေပေါက်တတ်ကရတွေးနေစဉ် ဖန်းပေါ်မှာကိုးရိုးကားယားရှင်းပြနေရသည်_
''အားလုံးပဲ... အားနာလိုက်တာ... ရှောင်ချင်က သူ့အမျိုးတွေအိမ်ပြန်သွားတယ်... ဒီနေ့မလာပါဘူး''
ထိုအချိန်တွင် ဝမ်ရန်လည်းအမြန်ဝင်ပြောလိုက်သည်_
''လျှောက်ပြောမနေကြနဲ့... ဒီကိုလာလည်ရင် ဒီကစည်းကမ်းတွေလိုက်နာရမယ်''
ရှောင်ချင်ဘယ်သူလဲ သူသိသည်။ သူကသူဌေးချင်။
ဒီကောင်မလေးတွေက ဥက္ကဌချင်ကိုချီခိုင်းပြီးမြင်းစီးချင်တာတဲ့၊ ပြောရဲလိုက်တာ။
မိန်းမလှလေးများက ဝမ်ရန်စကားနားထောင်ပြီးလက်လျှော့ကာ သေချာတန်းစီလိုက်ကြသည်။ အလုပ်သင်များအကူအညီနှင့်မြင်းပေါ်တက်ပြီး မြင်းပြိုင်ကွင်းထဲတွင်အလုပ်သင်များနှင့် ၁၀ မိနစ်ပတ်သွားကြသည်။ ကျွမ်းကျင်ဓာတ်ပုံရိုက်ဆရာများလည်းရှိသောကြောင့် ဓာတ်ပုံဆရာများရိုက်ရန်ပုံစံအမျိုးမျိုးလုပ်ပြကြသည်။
ရွက်လွင့်လုပ်ငန်းကလို ထိုဓာတ်ပုံများကိုခန်းမထဲမှဝန်ဆောင်မှုခန်းထဲပို့ပေးပြီး သွားယူကြည့်နိုင်သည်။ မိမိစိတ်ကြိုက်ဓာတ်ပုံရှိလျှင် ၁၀ ဒေါ်လာနှင့်ဝယ်နိုင်သည်။
ဝမ်ရန်ကမိန်းကလေးများကိုမြင်းစီးနေရာပို့ပြီးနောက် ဒေါင်းဖြူများကြည့်ရန်ခေါ်သွားသည်။
ဒေါင်းဖြူများကိုရှုစားခြင်းကလည်း ချင်းလင်မွေးမြူရေးခြံတွင်အကျော်ကြားဆုံးလုပ်ငန်းတစ်ခုဖြစ်သည်။

ဝမ်ရန်မှာခင်ပွန်းကောင်းလိုလို တစ်ချိန်လုံးစုကျွမ်ဘေးမှာနေသည်။ တစ်ခါတလေ သူ့ဘေးနားရောက်ရောက်လာပြီးကြည့်နေသောကျန်းလင်းလင်းအတွက်မဟုတ်။
''ယောက်ျား... ဒီဒေါင်းဖြူတွေကလှလိုက်တာ''
စုကျွမ်မှာဒေါင်းဖြူများကိုကြည့်ရင်း မျက်လုံးတဖျတ်ဖျတ်နှင့်။
"အင်း!" ဝမ်ရန်ခေါင်းညိမ့်လိုက်သည်။
ဒီဒေါင်းဖြူတွေက ဗီဒီယိုထဲကအကောင်တွေထက်ပိုလှသည်။
ဒီထက်လှတဲ့ဒေါင်းတော့ မရှိလောက်တော့ဘူးမလား?
ကျန်းလင်းလင်းမှာ ဝမ်ရန်နှင့်အီစီကလီဖို့အချိန်မရ။ သူမဖုန်းထုတ်ပြီး ဒေါင်းဖြူများကိုဓာတ်ပုံရိုက်လိုက်သည်။
အမျိုးသမီးများ၏အသိစိတ်တွင် တိရစ္ဆာန်လှလှများကိုချစ်တတ်စမြဲ။
စိတ်သက်သောင့်သက်သာရှိပြီးအပန်းပြေစေသောဒီလိုမွေးမြူရေးခြံမျိုးကို ဝင်ကြေး ၈၈ ယွမ်တည်းနှင့်ဝင်နိုင်တာ စျေးပေါလွန်းသည်ဟုကျန်းလင်းလင်းထင်မိသည်။ ဒီလောက်လှတဲ့ဒေါင်းဖြူကိုလည်းကြည့်နိုင်သည်။ ၂၈၈ ယွမ်ဆိုရင်တောင် လာကြည့်ဦးမည်။
ဒေါင်းဖြူများကြည့်ပြီးနောက် ဝမ်ရန်တို့လည်းရှုခင်းကြည့်ကားပေါ်တက်ပြီး မွေးမြူရေးခြံတစ်ခုလုံးပတ်ကြည့်ရန်ပြင်လိုက်သည်။
အရည်အသွေး ၂ ခွေးသွားစိတ်မြက်၏ စိတ်သက်သာစေခြင်း +၂၊ အကြည့်ခံခြင်း +၂ အရည်အသွေးများကြောင့် ရှုခင်းကြည့်ကားပေါ်ထိုင်ပြီး မြင်ကွင်းကျယ်ကျယ်ကိုကြည့်ရသည်မှာလည်း အလွန်အံ့ဩစရာကောင်းသောခံစားချက်မျိုးရသည်။
ရှုခင်းကြည့်ကားဆက်သွားနေရင်း ခရီးသည်များစုစုစုစုဖြစ်နေသောနေရာကို ရုတ်တရက်ဝမ်ရန်ကစိတ်ဝင်စားသွားသည်။
''ဟိုမှာခရီးသည်တွေအများကြီးပဲ... ဘာလဲမသိဘူး?''
စုကျွမ်ကစူးစမ်းလိုက်သည်။
ကျန်းလင်းလင်းတို့လည်း သိချင်စိတ်နှင့်လှမ်းကြည့်လိုက်ကြသည်။
''ကားဆရာ... ဟိုနားလေးခဏရပ်ပေးပါ''
ဝမ်ရန်လည်း ကားဆရာကိုနေရာပြလိုက်သည်။
ခရီးသည်ကားဆရာလည်း ထိုနေရာမောင်းသွားပြိးရပ်လိုက်သည်။
ဝမ်ရန်က စုကျွမ်နှင့်ကျန်းလင်းလင်းကိုကားပေါ်မှခေါ်လာသည်။ အနားရောက်သောအခါ ကွင်းထဲတွင်ဆိုင်းဘုတ်တစ်ခုကိုတွေ့ရသည်:
မစ်စတာကာယဗလလှုပ်ရှားမှု။
ချင်းလင်မွေးမြူရေးခြံမှာ ဒီလိုလှုပ်ရှားမှုမျိုးရှိလား?
ဒါပေမဲ့ ကာယဗလက မွေးမြူရေးခြံနဲ့လုံးဝမလိုက်။
နောက်ပြီး သူတို့ရှေ့ကဝက်ခြံနဲ့တူတယ်မလား?
သူတို့ကိုပြန်ဖြေနေသလိုလို ဝက်ခြံထဲမှဝက်အော်သံများထွက်လာသည်။
တံခါးနဲ့တံတိုင်းကိုကျော်ပြီး အထဲကတိတိကျကျအခြေအနေကိုမမြင်နိုင်ခြင်းသာ။
သူတို့ကြားတွင် တခြားခရီးသည်များလည်းစုရုံးလာပြီး ဇဝေဇဝါနှင့်ဆွေးနွေးနေကြသည်။
''ငါကြားတာမမှားရင် ဝက်သံမလား?''
''အင်း... ဝက်ပဲ... ဒါပေမဲ့ အပြင်ကအသုံးအဆောင်တွေက ဘာလို့အားကစားကွင်းလေးနဲ့တူနေတာလဲ?''
''ငါလည်းအဲဒါတွေးနေတာ... အပြေးလမ်းကြောင်းနဲ့တုံးတွေရှိနေတယ်''
''ဒီမှာဆိုင်းဘုတ်ရှိတယ်:
'ဤဒူးရော့ဝက်များမှာ မျိုးစပ်ထားသောကြောင့် အထူးအရည်အချင်းရှိသည်။ လေ့ကျင့်ခန်းလုပ်နည်းကိုသိပြီး လေ့ကျင့်ကြသည်။ ကာယဗလလည်းရှိသည်။'တဲ့''
ခရီးသည်ကဖတ်ရင်း ရုတ်တရက်သူ့အသံမှာလည်ချောင်းထဲဆို့သွားသည်။
တခြားသူများလည်း သူ့အသံကြားပြီးကြောင်သွားသည်။
ဘာလဲဟ?
ဝက်တွေက လေ့ကျင့်ခန်းလုပ်နည်းသိပြီး လေ့ကျင့်ကြတယ်၊ ကာယဗလလည်းရှိတယ်တဲ့လား?
ဒါလုံးဝဟာသမဟုတ်ဘူးလား?
''ယောက်ျား... ချင်းလင်မွေးမြူရေးခြံမှာ ကာယဗလလုပ်တာ ဝက်တဲ့လား?''
စုကျွမ်မှာပါးစပ်အဟောင်းသားနှင့် ဝမ်ရန်ကိုမေးလိုက်သည်။
''ဟုတ်မယ်... ဟုတ်မယ်!''
ကာယဗလလုပ်တာဝက်ဆိုရင် ဟာသပဲဖြစ်မည်ဟုဝမ်ရန်ထင်မိသည်။
ဝက်ဆိုတာ ဘယ်လိုကောင်လဲအားလုံးအသိ။ သူလေးဖင့်နေတာ အဆီတွေပြည့်နေလို့လေ။
ဝက်တောင်လေ့ကျင့်ခန်းလုပ်နည်းသိပြီး ဗလရှိတယ်ဆိုရင် သူတို့လိုလူသားတွေကမလုပ်နိုင်ဘူးလား?
ခရီးသည်အားလုံးတွေဝေနေစဉ် ရန်သုံ့ကဝန်ထမ်းများနှင့်ထွက်လာသည်။
ဒီထွင်လုံးနဲ့အထူးအဆန်းတွေက တမင်သက်သက်လုပ်ထားခြင်းပင်။
ထိုအခြေအနေတွင် ခရီးသည်များ၏သိချင်စိတ်ကမြင့်တက်နေလိမ့်မည်။
ဒီတော့ ဝက်တွေကိုထုတ်ပြဖို့အချိန်တန်ပြီ။
ရန်သုံ့ကမိုက်ခရိုဖုန်းကိုင်ပြီး စုဝေးနေသောခရီးသည်များအား_
''အားလုံးပဲ... မွေးမြူရေးခြံရဲ့မစ်စတာကာယဗလလှုပ်ရှားမှုကနေကြိုဆိုပါတယ်... အခု ကျွန်တော်တို့ရဲ့မစ်စတာကာယသမားတွေကိုကြိုဆိုလိုက်ရအောင်''
ဝန်ထမ်းများကအလိုက်သင့် ဝက်ခြံတံခါးဖွင့်လိုက်သည်။
တစ်ခဏချင်း ပိတ်ခံထားရသောအဆီချဝက်များမှာ စိတ်မရှည်ပုံနှင့်တစ်ကောင်ပြီးတစ်ကောင်ပြေးထွက်လာကြသည်။
ဝက်ခြံအတွင်းနေရာက သူတို့လေ့ကျင့်ခန်းလုပ်ဖို့မလုံလောက်။
ဝက်သုံးကောင်ပြေးထွက်လာချိန်တွင် စုရုံးနေသောခရီးသည်များကရေရွတ်လိုက်ကြသည်။
''သောက်*... တကယ်ကြီးလား? ဒီဝက်ရဲ့ကြွက်သားတွေက''

''ငါ့မျက်စိနဲ့မြင်နေရတာ မဟုတ်ဘူးမလား?''
''ဒီကြွက်သားတွေက ငါ့ကိုနောက်နေတာလား?''
“…”
ဝက်သုံးကောင်ရဲ့ကြွက်သားတွေကိုမြင်သူတိုင်း မှင်တက်သွားကြသည်။
သို့ရာတွင် နောက်ဆက်ဖြစ်သောအရာက ပတ်ပတ်လည်မှခရီးသည်များကိုပိုပြီးမှင်တက်စေသည်။ ဝက်သုံးကောင်ကပြေးထွက်လာလာချင်း အဝိုင်းပုံပြေးလမ်းထဲတွင်ပြေးတော့သည်။
ဝပ်ပေါက်လေးများက အပြေးအဖွဲ့ကဲ့သို့နောက်မှလိုက်ပြီး သုံးလေးလှမ်းလှမ်းပြီးသည်နှင့် ညီညီညာညာဖြစ်သွားသည်။
ပြေးရုံလားဆိုတော့ မဟုတ်သေး၊ ဝက်များကတစ်ပတ်ပတ်ပြီးနောက် တုံးများရှိသောအလယ်နေရာကိုပြေးလာပြီး အတားအဆီးများကိုပတ်ပြေးကြသည်။
ဒါအဆီချဝက်များ၏မယုံနိုင်စရာလေ့ကျင့်ခန်းအစွမ်းပင်။
ပိုပြီးမယုံနိုင်စရာကောင်းတာက အတားအဆီးများရှေ့တွင် သစ်သားဆိုင်းဘုတ်လေးများရှိပြီး ထိုဆိုင်းဘုတ်များကို ဝက်သုံးကောင်က တန်းကျော်ပြေးသလိုပြေးလေသည်။
ဆိုင်းဘုတ်အားလုံးကိုကျော်တက်ပြီးနောက် ပြေးလမ်းပြန်သွားပြီးဆက်ပြေးသည်။ အားလုံးကအားအင်အပြည့်နှင့် မမောတော့မပမ်းတော့မည့်အတိုင်း။
''ယောက်ျား... သူတို့ကတကယ်လေ့ကျင့်ခန်းဆင်းနေတာနဲ့တူတယ်!''
စုကျွမ်မျက်နှာမှာအံ့ဩမှုအပြည့်နှင့် ဝမ်ရန်ကိုပြောလိုက်သည်။
သောက်*။
သူကပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိ။ နောက်နေတာမဟုတ်။ ဝက်တွေကတကယ်လေ့ကျင့်ခန်းလုပ်နေတာ။ ဒါသူ့နားလည်စွမ်းထက်ပိုနေပြီ။
ရုတ်တရက် ပြေးနေသောဝက်များဘက်မှလော်စပီကာသံထွက်လာသည်။
''တို့ဝက်တွေတောင် ဒီလောက်ကြိုးစားနေရင် မင်းဘာလို့ပျင်းနေမလဲ?''
''မင်းတို့ကောင်တွေက တို့ဝက်တွေလောက်မတော်တာလား?''
''တို့ဝက်တွေတောင်ကြွက်သားတက်လာရင် မင်းတို့ကမရှက်ဘူးလား?''
"အံ့ဩပါ့" ခရီးသည်များ။
သူကဘုရင်လိုလူ။
ဝက်တွေလေ့ကျင့်ခန်းလုပ်ပြီး ဒီလိုတွေကြွေးကြော်နေတော့ ရုတ်တရက်ရင်နာသလိုခံစားရသည်။
အမျိုးသားခရီးသည်များမှာ အမှတ်တမဲ့သေးသွယ်သောသူတို့လက်မောင်းနှင့်ခြေသလုံးများကိုကြည့်မိကြသည်။ တကယ်ဝက်ထက်ဆိုးနေပြီ။
နည်းနည်းဝသောအမျိုးသားတစ်ဦးက အသီးတစ်လုံးကိုက်စားနေရင်း ရုတ်တရက်ကြားသွားသည်။ ထို့နောက် သူ့ကောင်မလေးကသူ့ကိုထူးဆန်းသောအကြည့်နှင့်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။
အသီးကိုပါးစပ်ထဲထည့်ဖို့အကြိမ်ကြိမ်လုပ်သော်လည်းမအောင်မြင်တော့။ ဒီတစ်ခါစားရင် ပြစ်မှုမြောက်တော့မလိုလို။
သောက်*ဘာလဲဟ? အပန်းဖြေထွက်လာခါမှ ဝက်တွေကရင်နာအောက်လုပ်နေတယ်။
ဝမ်ရန်တို့မှာ အဆီချဝက်များကိုလုံးဝစိတ်ဝင်စားသွားကြသည်။ နာရီဝက်ခန့်ကြာသည်အထိ ဝက်တွေကနည်းနည်းမှပင်ပန်းပုံမပေါ်ဘဲဆက်ပြေးနေကြသည်ကိုတွေ့ရသည်။
ထိုအချိန်တွင် ဒီဝက်တွေဘာလို့ဒီလောက်ကြွက်သားထွက်နေလဲ ခရီးသည်များသဘောပေါက်သွားပုံရသည်။
လူသာဆိုရင် နာရီဝက်လောက်တောင်ပြေးနိုင်မှာမဟုတ်၊ ဒါပေမဲ့ ဒီဝက်တွေကပြေးနေတုန်း။
ကောင်းလိုက်တဲ့သက်လုံ!
ဝမ်ရန်ကဝက်များကိုကြည့်ရင်း မနာလိုသည့်ပုံပေါက်သွားသည်။