← Chapters

အခန်း (၅၁၈)

Vol. 35 Ch. 518

အခန်း (၅၁၈)

Vol. 35 Ch. 518

တချို့ခရီးသည်များက နေ့လယ်ပိုင်းရောက်လာသည်။ ရုံချန်းမှာနေ့ဝက်လောက်ပိတ်မိနေပြီးမှ နောက်ဆုံးချင်းလင်မွေးမြူရေးခြံရောက်လာကြသည်။ ချင်းလင်မွေးမြူရေးခြံမှာ နေ့လယ်ပိုင်းအရောင်းကန့်သတ်ထားသောကြောင့် အထဲဝင်ဖို့လက်မှတ်မဝယ်နိုင်ကြချေ။

နောက်ပြန်လှည့်၍ အရင်ဆုံးချင်းလင်စံအိမ်ထဲလည်မည်အပြုတွင် စံအိမ်မှာလည်းခရီးသည်ဦးရေကန့်သတ်ထားကြောင်းတွေ့လိုက်ရသဖြင့် ခေါင်းကိုက်သွားကြသည်။

ဒီရောက်လာပြီဆိုမှတော့ ဟိုတယ်အခန်းယူပြီး မနက်အစောမှပြန်လာဖို့သာရှိတော့သည်။

သို့သော် ဟိုတယ်အခန်းယူချင်ခါမှ ရုံချန်းမှာဟိုတယ်ခန်းလုံးဝမရှိတော့ကြောင်းသိလိုက်ရ၍ အံအားသင့်မိတော့သည်။ တည်းခိုနိုင်သော ဟိုတယ်၊မိုတယ်များအားလုံးပြည့်နေသည်။

တစ်နည်းပြောရရင် မလည်နိုင်တော့၊ နေလို့လည်းမရတော့။ အခုရွာသွားရမလား ဒါမှမဟုတ် နီးစပ်ရာစီရင်စုသွားတည်းရမလား? ဒီကိုလာပြီး ငုတ်တုတ်မေ့ပြီလား?

အချိန်ကုန်လွန်ပြီး မကြာမီညရောက်လာသည်။ နေ့ဘက်တွင်ပြည့်လျှံနေသော တောင်တန်းစံအိမ်နှင့်မွေးမြူရေးခြံမှာ ပြန်လည်ငြိမ်သက်သွားလေသည်။

ညပိုင်းတွင် ကျောက်မိုချင်းလည်း သူမပြင်ဆင်ထားသောစာရင်းများကို ချင်လင်ဆီအမြန်ဆုံးပေးလိုက်သည်။

ဒီနေ့စံအိမ်နှင့်မွေးမြူရေးခြံမှာ တစ်နေကုန်ပြည့်ကြပ်နေသည်။ မွေးမြူရေးခြံကြောင့် စံအိမ်အပေါ်လည်းရိုက်ခတ်မှုရှိပြီး တစ်နေ့လုံးကန့်သတ်နေရသည်။

ရလဒ်အနေနှင့် စံအိမ်ကမနေ့ကထက်ခရီးသည်ဦးရေ ၃၀၀၀ ပိုလာ၍ ၈၀၀၀ ကျော်ရကာ ဝင်ငွေ ၂.၉၅ သန်းအထိဖြစ်သွားသည်။

နောက်ပြီး အရေအတွက်ကန့်သတ်ထားသောကြောင့်သာ။ ကန့်သတ်မှုမရှိလျှင် ဒီထက်ပိုလိမ့်မည်။

လက်ရှိမွေးမြူရေးခြံကန့်သတ်ချက်အောက်တွင် ခရီးသည်ဦးရေ ၁၂၅၀၀ အထိရှိခဲ့ပြီး ကွင်းလုံးပြည့်ပင်။ ဝင်ကြေး ယွမ် ၁.၁ သန်းနှင့် တခြားအရောင်း ယွမ် ၉၅၀၀၀၀၊ စုစုပေါင်းယွမ် ၂.၀၅ သန်းရသည်။

ဤအချက်အလက်မှ မွေးမြူရေးခြံ၏စားသုံးသူအလားအလာမှာ အပြည့်အဝမဖွံ့ဖြိုးသေးကြောင်းတွေ့နိုင်သည်။

သို့ရာတွင် မွေးမြူရေးခြံနှင့်စံအိမ်ရောင်းအားမှာ ယွမ် ၅ သန်းကျော်သွားပြီး တစ်ဦးချင်းသုံးစွဲငွေ ၂၄၃ ယွမ်ဖြစ်သည်။





ဤပမာဏက လုံးဝလန့်လောက်စရာ။ ရုံချန်းမှတခြားရှုမျှော်ခင်းနေရာအားလုံး၏နေ့စဉ်ဝင်ငွေများပေါင်းလိုက်ရင်တောင် ဒီပမာဏကိုမမီနိုင်။

တစ်နေ့ချင်းဝင်ငွေ ၅ သန်းမှာ နေ့စဉ်ဝင်ငွေသန်းဆယ်ချီသောထိပ်တန်းရှုမျှော်ခင်းနေရာများကိုမယှဉ်နိုင်သော်လည်း ဦးဆောင်သူဟုသတ်မှတ်နိုင်သေးသည်။

ထို့အပြင် နောင်မှာရောင်းအားကဆက်တက်လာဦးမည်။ ဘာပဲဖြစ်ဖြစ် တစ်ဦးချင်းသုံးစွဲမှု ၂၄၃ ယွမ်က နည်းနည်းနိမ့်သေးသည်။

နောက်ရက်များတွင် ချင်းလင်မွေးမြူရေးခြံမှာဆက်လက်ကျော်ကြားနေဆဲပင်။ နေ့တိုင်းလိုလိုပြည့်လျှံနေသည်။ ရုံချန်းမှာယာဉ်လမ်းကြောင်းအမိန့်အရ တချို့ထိန်းညှိမှုများလုပ်ထားသော်လည်း ယာဉ်ကြောကကြပ်နေသေးသည်။

ဤကဲ့သို့ တစ်ပတ်လောက်ဖြစ်နေပြီးမှ နောက်ဆုံးတည်ငြိမ်သွားသည်။ ချင်းလင်မွေးမြူရေးခြံနှင့်ချင်းလင်စံအိမ်ခရီးသည်စုစုပေါင်းအရေအတွက်မှာ ၁၂၀၀၀ ခန့်ဆက်ရှိနေသည်။

ရောင်းအားကျသွားသော်လည်း မွေးမြူရေးခြံဖွံ့ဖြိုးရေးအပြီးသတ်လျှင် အမြန်ပြန်တက်လာလိမ့်မည်။ ဒါမှမဟုတ် ကျော်တောင်ကျော်သွားနိုင်သည်။

ရက်ပိုင်းကုန်လွန်သွားသည်။

ချင်းလင်စံအိမ်လည်း ပျော်ရွှင်စရာပွဲတစ်ခုကိုကြိုဆိုနေသည်။ အရင် ရုံချန်းစီရင်စုက ဂင်ဂိုပင်နှစ်ပင်ကိုနောက်ခံထားပြီးရိုက်ခိုင်းထားသောခရီးသွားမှတ်တမ်းရုပ်ရှင်ထွက်လာသည်။

မှတ်တမ်းရုပ်ရှင်ထွက်ထွက်ချင်း ရုံချန်း TV ရုပ်သံဌာနတွင်လွှင့်ခဲ့သည်။ စီရင်စုက ရုံချန်းထဲမှနာမည်ရမီဒီယာကုမ္ပဏီတချို့ကိုတောင် ကူလွှင့်ပြီးကြော်ငြာပေးဖို့တောင်းဆိုခဲ့သည်။ ချင်ရန်၏ကြော်ငြာကုမ္ပဏီတရားဝင်အကောင့်လည်းပါသည်။

ရုံချန်း TV ရုပ်သံဌာနနှင့်တခြားမီဒီယာချန်နယ်တွေပေါင်းပြီးကြော်ငြာခြင်းမှာ ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောဗီဒီယိုလောက် မထိရောက်ချေ။ ဝမ်ချိုင်နဲ့မွေးနီရဲ့ပရိသတ်အရေအတွက်ထက်တောင်ပိုဆိုးနိုင်သည်။

သူတို့ like တွေ၊မှတ်ချက်တွေပေါင်းလိုက်ရင် ဝမ်ချိုင်နဲ့မွေးနီရဲ့ပရိသတ်တွေတင်တဲ့ဗီဒီယိုလောက်များမည်မဟုတ်ပေ။

ဒါစီရင်စုအတွက်တော့ နည်းနည်းရင်နာစရာ။ ဖြစ်ချင်တော့ ချင်းလင်စံအိမ်မှဂင်ဂိုပင်နှစ်ပင်နှင့်သီချင်းသံက အလွန်နာမည်ကြီးသောကြောင့် မှတ်တမ်းရုပ်ရှင်မှာ အသိအမှတ်ပြုခံရပြီး စီရင်စု၏ကြော်ငြာရည်ရွယ်ချက်အောင်မြင်သွားသည်။ နောင်မှာ အကျိုးအမြတ်အများကြီးဖြစ်စေလိမ့်မည်။

ချင်းလင်စံအိမ်ဝန်ထမ်းစားသောက်ခန်းထဲ၌ နံရံပေါ်မှ LCD ဖန်သားပြင်ပေါ်တွင် ဂင်ဂိုပင်နှစ်ပင်နှင့်ဆရာလင်း၏ကြော်ငြာဗီဒီယိုကိုပြထားသည်။





ကိုယ့်အနီးအနားကလူအကြောင်းဖြစ်သောကြောင့် ဝန်ထမ်းအားလုံးမှာစိတ်ဝင်တစားနှင့်ကြည့်ပြီး ဆွေးနွေးနေကြသည်။

''ဟား ဟား... ဆရာလင်းနဲ့ဂင်ဂိုပင်နှစ်ပင်ရဲ့မှတ်တမ်းရုပ်ရှင်က တော်တော်ကောင်းတာပဲ''

''ဆရာလင်းငယ်ငယ်တုန်းက ဒီလောက်ဆိုးမှန်းမသိဘူး... ဒီအပင်နှစ်ပင်ကိုခဏခဏတက်ခဲ့တာပဲ''

''ဆရာလင်းက အတော်စိတ်ကူးယဉ်ဆန်တာပဲ... သူရဲကောင်းက အလှလေးကိုကယ်သလို ကျဲ့ဇီကိုတောင်သိတယ်''

''သစ်ခုတ်သမားတွေနဲ့တိုက်တဲ့အခန်းမှာ ဆရာလင်းကသတ္တိအရမ်းကောင်းတယ်''

အမှန်ပင်၊ မှတ်တမ်းရုပ်ရှင်ထဲတွင် သစ်ခုတ်မည့်သူများကို ဆရာလင်းကတွေ့ခဲ့သည်။ သူကပေါက်ပြားကိုင်၍ပြေးဝင်သွားကာ သစ်ခုတ်သမားနှစ်ယောက်နှင့်အသေအကြေတိုက်ခဲ့သည်။ နောက်ဆုံး သစ်ခုတ်သမားများကို ထောင်ထဲတောင်ပို့ခဲ့သည်။

''ဟူး ဟူး ဟူး''

ထိုမြင်ကွင်းကြောင့် ဆရာလင်းမျက်နှာမှာ ခါးခါးသီးသီးဖြစ်သွားသည်။

ဒါတွေအားလုံး ဒါရိုက်တာကဖိအားပေးတာ၊ ဒါမျိုးမရှိခဲ့ဘူး။

သို့သော် အဓိကအချက်မှာ မှတ်တမ်းရုပ်ရှင်အစတွင် 'မှတ်တမ်းရုပ်ရှင်ကိုလိုက်လျောညီထွေဖြစ်အောင်ဆွေးနွေးခဲ့သည်' ဟုပြောထားလေသည်။

ဒါတစ်ဖက်လူကဖန်တီးထားတယ်ဆိုတာ ရှင်းနေတာပဲ ဟုတ်တယ်မလား?

သူ့မှာ လူတိုင်းကိုလှည့်စားထားသောလူလိမ်ကြီးလို၊ ဒီအခြေအနေကိုထိန်းမနိုင်သိမ်းမရဖြစ်စေသောလူလို ခံစားနေရသည်။

သူသာအခွင့်အရေးပြန်ရခဲ့ရင် သူ့ကိုယ်သူထိန်းထိန်းသိမ်းသိမ်းနေပြီး တစ်လုံးမှပြောခဲ့မှာမဟုတ်။

အခုတော့ ဒီအခြေအနေအထိရောက်လာပြီ၊ လူကြားထဲ ဒါတွေအမှန်မဟုတ်ဘူးလို့သွားပြောရင်တောင် သူ့ကိုဘယ်သူမှယုံမှာမဟုတ်ပေ။

စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ!

ဆရာလင်းစိတ်ညစ်နေစဉ် ရုတ်တရက်လင်းလန်ဇီဝင်လာပြီး သူ့ကိုလာရှာသည်_

''ဆရာလင်း... ရှင့်ကိုပြောစရာရှိတယ်... မင်စီရင်စု TV ရုပ်သံဌာနက မင်စီရင်စုထဲကနာမည်ကြီးတွေရဲ့လုပ်ဆောင်ချက်တွေကို အစီအစဉ်လုပ်တော့မှာ... သူတို့က ရှင်နဲ့မင်စီရင်စုထဲကနာမည်ကြီးတချို့ကိုဖိတ်ပြီး အစီအစဉ်မှာပါစေချင်တယ်... ရှင့်ရဲ့လုပ်ဆောင်ချက်တွေကိုကြော်ငြာပေးမယ်တဲ့''

ဆရာလင်းမှာထိုသတင်းကြားပြီး သူ့တစ်ကိုယ်လုံးရုတ်တရက်ထုံထိုင်းသွားသည်။

TV ရှိုးအစီအစဉ်သွားပြီး ဒါမျိုးဆက်ကြွားရဦးမှာတဲ့လား?

အသက်ပဲဒီလောက်ရနေပြီ၊ ဘာလို့ဒါမျိုးတွေကြုံရတာလဲ?

မင်စီရင်စု TV ရုပ်သံဌာနက ဆရာလင်းရဲ့လုပ်ဆောင်ချက်တွေကိုကြော်ငြာပေးမည်ဟူသောသတင်းရပြီး ချင်လင်မှာ ရယ်ရမှန်းမသိ၊ငိုရမှန်းမသိဖြစ်သွားသည်။

ဘာတွေဖြစ်နေလဲ သူသာအတိအကျသိသောကြောင့်ပင်။





All Chapters