← Chapters

အခန်း (၅၁၉)

Vol. 35 Ch. 519

အခန်း (၅၁၉)

Vol. 35 Ch. 519

အရင်က အချိန်သည် သူရဲကောင်းကိုဖန်တီးသည်ဟုပြောလေ့ရှိကြသည်။ ဖန်တီးသည်ဟူသောစာလုံးမှာ တကယ်စိတ်ဝင်စားဖို့ကောင်းသည်။

ဆရာလင်းကိုသူရဲကောင်းဟုမဆိုနိုင်သော်လည်း သူကနာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးကိုဖန်တီးခဲ့သည်။ သူ့ကျော်ကြားမှုသူတောင် နည်းနည်းဇဝေဇဝါဖြစ်နေလိမ့်မည်။

ဒီတော့ တခြားနာမည်ကြီးတဲ့သူတွေရော ဆရာလင်းလိုအခြေအနေမျိုးရှိနိုင်လား? အားလုံးအတုအယောင်တွေ?

ဒါကိုဘယ်သူမှအာမမခံနိုင်။

ချင်လင်အတွေးနယ်ချဲ့နေစဉ် ကျောက်မိုချင်းကသက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့်အတူဝင်လာသည်။ သက်လတ်ပိုင်းအမျိုးသားမှာ မျက်နှာလေးထောင့်ကျကျနှင့်၊ သူ့မျက်နှာပေါ်တွင်အလွန်ကိုးရိုးကားယားနိုင်သောအပြုံးအတုအယောင်နှင့်။

ကျောက်မိုချင်းက တစ်ခုခုဖြစ်ခဲ့သလိုနည်းနည်းမှုန်မှိုင်းနေသောမျက်နှာနှင့်ဝင်လာသည်။

သူမကရုံးခန်းထဲရောက်ရောက်ချင်း ချင်လင်အား_

''ယောက်ျား... သူကဟန်စု... လူကြီးမင်းဟန်... တောင်ပိုင်းရဲ့အကြီးဆုံးချင်းယွမ်မွေးမြူရေးခြံပိုင်ရှင်... သူကကျွန်မတို့မွေးမြူရေးခြံရဲ့မျိုးစေ့ကိုဝယ်ချင်လို့တဲ့''

ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်ပြီး ဟန်စုကိုကြည့်လိုက်သည်။ ကျောက်မိုချင်းမျက်နှာပျက်နေတာ ဒါကြောင့်လား? သူမကစိတ်တိုခဲသည်။ ဒီတော့ နှစ်ဦးနှစ်ဖက်စကားပြောတာအဆင်ပြေခဲ့ပုံမရ။

ချင်းလင်မွေးမြူရေးခြံဖွင့်ပြီးရင် စားကျက်မြေရဲ့ထူးခြားမှုကိုတစ်ယောက်ယောက်က အနှေးနဲ့အမြန်သတိထားမိပြီး သူ့ကိုလာရှာလိမ့်မည်တွက်ထားသော်လည်း ဒီလောက်မြန်မြန်ရောက်လာမည်ဟုမထင်မိပေ။

ပြီးတော့ သူကတောင်ပိုင်းရဲ့ထိပ်တန်းမွေးမြူရေးခြံချင်းယွမ်ကတဲ့။

အရင်ဆုံးလာနိုင်ပုံထောက်ရင် သူတို့တော်တော်လုပ်နိုင်စွမ်းရှိပုံရသည်။ သို့သော် တောင်ပိုင်းရဲ့နံပါတ်တစ်ချင်းယွမ်မွေးမြူရေးခြံမှာ မကြာခင်ချင်းလင်မွေးမြူရေးခြံကိုနေရာလွှဲပေးရတော့မည်။

ဟန်စုက ချင်းလင်မွေးမြူရေးခြံပိုင်ရှင်ကို ဒီလောက်ငယ်မည်ဟုမထင်ထားပေ။ ဒီနေ့ခေတ်လူငယ်တွေက တကယ်အထင်ကြီးဖို့ကောင်းသည်။ သို့ရာတွင် ချင်းလင်မွေးမြူရေးခြံ၏အသေးစိတ်အချက်အလက်တချို့ကို သူသိထားသည်။ အဲဒါစားကျက်မြေပင်။

ချင်းလင်မွေးမြူရေးခြံကြေညာပြီးချိန်တွင် ဒီခြံက ထိပ်ဆုံးနေရာမှာရှိတဲ့သူ့ရဲ့ချင်းယွမ်မွေးမြူရေးခြံကိုခြိမ်းခြောက်လာမည်မှန်း သူသိသည်။

ထို့ကြောင့် ခြံစဖွင့်သောပထမနေ့တွင် သူကကြိုတင်ပြင်ဆင်ပြီး ချင်းလင်မွေးမြူရေးခြံအကြောင်းစုံစမ်းရန်လူတချို့လွှတ်ခဲ့သည်။

ဒေါင်းဖြူတွေနဲ့လေ့ကျင့်ခန်းလုပ်တတ်တဲ့ဝက်တွေက ပြဿနာကြီးမဟုတ်။ ဒေါင်းဖြူကိုသူပိုက်ဆံပေးဝယ်နိုင်သည်။ ဒူးရော့ဝက်တွေကို ချင်းလင်မွေးမြူရေးခြံက ဒီအခြေအနေရောက်အောင်လေ့ကျင့်ပေးနိုင်သည်။ ကျွမ်းကျင်တိရစ္ဆာန်လေ့ကျင့်သူတစ်ဦးခန့်ပြီး ဒူးရော့ဝက်တစ်သုတ်တင်သွင်းလိုက်ရင် သူလည်းတထေရာတည်းဖြစ်အောင့်လေ့ကျင့်ပေးနိုင်မည်ဟု သူယုံသည်။

တကယ်တော့ ချင်းလင်စံအိမ်ရဲ့အကြီးဆုံးအားထားစရာက စားကျက်မြေပင်။

ဒီစားကျက်မြေကအရမ်းထူးခြားသည်ဟု သူ့လူတွေသိခဲ့ရသည်။ အရောင်၊ ခမ်းနားမှု၊ အသွင်အပြင်ပိုင်း၊ သာမန်စားကျက်မြေများထက် အဖက်ဖက်ကပိုကောင်းသည်။

ထို့ကြောင့် ထိုမြက်ခင်းပြင်လိုက်ကြီးက ပိုလှပြီးပိုဆွဲဆောင်မှုရှိသည်။

အဓိကအကျဆုံးအချက်မှာ စားကျက်မြေကိုစမ်းသပ်ကြည့်လိုက်သောအခါ မွေးမြူရေးတိရစ္ဆာန်များကိုအလွန်အကျိုးရှိစေသောအာဟာရများ မယုံနိုင်လောက်အောင်ပါဝင်နေမှန်းတွေ့လိုက်ရသည်။

တကယ်တော့ ဒီစားကျက်မြေနဲ့တိရစ္ဆာန်တွေမွေးရင် တိရစ္ဆာန်အစာကျွေးဖို့သီးသန့်သုံးရတဲ့အာဟာရဖိုးသက်သာသွားလိမ့်မည်။

ဒါမွေးမြူရေးခြံအတွက် လုံးဝရတနာတစ်ပါးပင်။

ချင်းလင်မွေးမြူရေးခြံက ဒီစားကျက်မြေရဲ့အကျိုးအာနိသင်ကိုမသိသေးတာများဖြစ်မလား?

ထို့ကြောင့် ဒီစားကျက်မြေအတွက် သူအရောက်လာခဲ့သည်။ သူပြန်ယူသွားပြီး ချင်းယွမ်မွေးမြူရေးခြံမှာနည်းနည်းပါးပါးစီစဉ်လိုက်ရင် ချင်းလင်မွေးမြူရေးခြံက သူတို့ခြံကိုဘယ်တော့မှခြိမ်းခြောက်နိုင်မှာမဟုတ်။

ဟုတ်တာပေါ့၊ သူလာဝယ်တာ ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်ရဲ့မျိုးစေ့ကိုပေါ့။ ဒီမြက်က ပါမောက္ခလီခိုင်ရဲ့စမ်းသပ်မှုဖြစ်မယ်လေ။

ချင်းလင်ဓာတ်ခွဲခန်းက အရင်ဒိုနာစီမြက်ရင်းလှူပြီး ဂုဏ်သတင်းကောင်းရှိခဲ့သည်။ သူတို့က မြက်မျိုးစေ့ကို အနုနည်းနဲ့ရအောင်လုပ်ရမည်။

မဟုတ်ရင် စားကျက်မြက်ရဖို့ ဒီနည်းသုံးစရာမလို။ သူ့ဘာသာရွှေ့ပြောင်းစိုက်လိုက်ရင် တစ်ဖက်လူဘာမှတတ်နိုင်မှာမဟုတ်။

တောင်ပိုင်းရဲ့နံပါတ်တစ်မွေးမြူရေးခြံအနေနဲ့ သူဒီလိုလုပ်နိုင်သည်ဟုယုံကြည်ချက်ရှိသည်။

သို့သော် ဒီလုပ်ရပ်က အနည်းနဲ့အများနာမည်ပျက်စေလိမ့်မည်။ ဒါကြောင့် သူကိုယ်တိုင်ရောက်လာခြင်းပင်။

သို့ရာတွင် စောစောကသူဌေးကတော်ကိုဒီအကြောင်းပြောပြသောအခါ သူမကငြင်းသည်။ ဆွေးနွေးချက်က အရာမရောက်၊ ဒီတော့ သူမကိုနည်းနည်းပါးပါးခြိမ်းခြောက်ပြီး သူဌေးချင်နဲ့တွေ့ဖို့ဖြစ်လာသည်။

မိန်းမတွေက အတွေ့အကြုံမရှိ၊ ဒါပေမဲ့ ယောက်ျားတွေကတော့ ဘာလုပ်ရမလဲသိတတ်သည်။

ထိုအကြောင်းတွေးရင်း ဟန်စုလည်းစကားစလိုက်သည်။ သူကစိတ်မပါသောအပြုံးမျိုးနှင့်_

''သူဌေးချင်... ခင်ဗျားကိုအနှောင့်အယှက်ပေးရတာ အားနာပါတယ်... ကျုပ်မှာတခြားရည်ရွယ်ချက်မရှိပါဘူး... ဒါပေမဲ့ ချင်း​လင်မွေးမြူရေးခြံကနေ စားကျက်မြေမျိုးစေ့နည်းနည်းဝယ်ချင်လို့ပါ... ကျုပ်တို့အားလုံး တောင်ပိုင်းမွေးမြူရေးခြံတွေပဲလေ... ဒီတော့ အချင်းချင်းကူညီပြီး မြောက်ပိုင်းနဲ့ယှဉ်ရတာပေါ့... ခင်ဗျား စားကျက်မြေမျိုးစေ့တချို့တော့ ရောင်းပေးနိုင်မယ်ထင်ပါတယ် သူဌေးချင်''



All Chapters