စနစ်ကိုအမှိုက်ထင်နေလား? အမြဲတမ်းလူရွှင်တော်!
Vol. 35 Ch. 520
ချင်လင်က ဟန်စုစကားနားထောင်ပြီး နည်းနည်းရယ်ချင်သွားသည်။
တစ်ဖက်လူရဲ့လေသံထဲမှာ သူ့အရှိအတိုင်းကြားလိုက်ရသည်။
သူ့ဆီစားကျက်မြေမျိုးစေ့ရောင်းကိုရောင်းရမည့်အတိုင်း။
အထူးသဖြင့် 'တို့အားလုံးကတောင်ပိုင်းက၊ မြောက်ပိုင်းကိုယှဉ်သင့်တယ်'ဆိုတဲ့စကားမျိုးတောင်ပြောထွက်သည်။
ဒါကြောင့်မင်းရဲ့စားကျက်မြေမျိုးစေ့ကိုဝယ်တာ၊ မင်းငါ့ကိုရောင်းသင့်တယ်ဆိုသောအမြင်မျိုးပေးနေသည်။
ချင်လင်ကဟန်စုကိုကြည့်ပြီး စလိုက်သည်_
''သူဌေးဟန်... ဒါစားကျက်မျိုးစေ့ပဲလေ... ကျွန်တော့်ဆီကဝယ်စရာမလိုပါဘူး... အဲဒါမင်မြို့တော်ရဲ့မျိုးစေ့ကုမ္ပဏီတစ်ခုကနေဝယ်ခဲ့တာ... ခင်ဗျားသူတို့ဆီကနေတိုက်ရိုက်ဝယ်ဖို့ ကျွန်တော်အကြံပြုပါတယ်''
ဟန်စုကထိုစကားကြားလျှင် မျက်နှာပုပ်သိုးသွားပြီး_
''သူဌေးချင်... ကျုပ်ပြောချင်တာ ဒီသဘောမဟုတ်မှန်း ခင်ဗျားသိပါတယ်... ကျုပ်အဲဒီသာမန်မျိုးစေ့တွေမလိုချင်ဘူး''
''ဒါဆိုရင်တော့ ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး... ကျွန်တော်တို့မွေးမြူရေးခြံရဲ့စားကျက်မြေက အဲဒီကုမ္ပဏီရဲ့မျိုးစေ့တွေနဲ့ဖြစ်လာတာပဲ''
ချင်လင်ကပြုံးပြီးပြောလိုက်သည်။
ထိုစကားကြောင့် ဟန်စုငြိမ်သွားသည်။ တစ်ဖက်ကသူ့ကိုဒီလိုပဲပြောပြီး မျိုးစေ့လုံးဝမရောင်းချင်မှန်း သူသဘောပေါက်သည်။
ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ သူ့မှာရှိရင်တောင် သူဘယ်သူ့ကိုမှရောင်းမှာမဟုတ်။
ဒါပေမဲ့လည်း ဒီကောင်လေးချင်ကငယ်သေးတော့ စိတ်မြန်လက်မြန်လုပ်တာပဲ။ လူတွေကိုငြင်းတဲ့အခါ ညှိနှိုင်းဖို့လေးတောင်မချန်ဘူး။ အဓိကအချက်က စားကျက်မြေကပစ္စည်းကောင်း၊ ဒါပေမဲ့ သူ့မွေးမြူရေးခြံရဲ့ကာကွယ်ရေးနည်းလမ်းက သိပ်မကောင်းဘူး။
ထိုအတွေးနှင့် ဟန်စုကပြုံးလိုက်ပြီး_
''သူဌေးချင်... တစ်ခါတလေ ပစ္စည်းတွေကဝယ်စရာမလိုပါဘူး... အများစုကဝယ်တယ်ဆိုတာ မျက်နှာသာပေးချင်လို့''
ထိုစကားပြောပြီး သူကချင်လင်ကိုမပီပြင်သောအပြုံးမျိုးနှင့်ကြည့်လိုက်သည်။
သူ့စကားရဲ့အဓိပ္ပါယ်ကရှင်းနေပြီ။ စားကျက်မြေကိုသူဝယ်ချင်ရင်တောင် ဝယ်စရာမလိုဘူးဆိုတဲ့သဘော။
ဝယ်မယ်ဆိုတာ မျက်နှာသာပေးနေတာ။
ဒီငွေပမာဏကိုလက်ခံရင် နှစ်ဖက်လုံးမျက်နှာလှမယ်။ လက်မခံရင်တော့ ဒီငွေပမာဏကိုတောင်ရတော့မှာမဟုတ်ဘူး။
ကျောက်မိုချင်းမျက်နှာမှာ ပိုပြီးမှုန်မှိုင်းသွားသည်။ စောစောကသူမကိုတစ်ကြိမ်ခြိမ်းခြောက်ပြီးပြီ၊ အခုသူမယောက်ျားကိုခြိမ်းခြောက်နေပြန်ပြီ။
ချင်လင်က ဟန်စုစကားအဓိပ္ပါယ်ကိုနားလည်သော်လည်း ပြုံးလိုက်ပြီး_
''သူဌေးဟန်... ကြည့်ရတာ ခင်ဗျားဒီစားကျက်မျိုးစေ့ကိုတကယ်လိုနေပုံပဲ... ကျွန်တော် မင်မြို့တော်ကမျိုးစေ့ကုမ္ပဏီကိုဖုန်းဆက်ပြီး မျိုးစေ့တစ်သုတ်ပို့ခိုင်းလိုက်မယ်... ခင်ဗျားဝယ်စရာမလိုတော့ဘူး... ကျွန်တော်ပေးမယ်လေ''
လာနောက်နေတာလား?
သူ့ကိုဘာထင်နေလဲမသိဘူး?
အရည်အသွေး ၂ ခွေးသွားစိတ်မြက်? သူ့ကိုယ်သူစနစ်ထက်ပိုပြီးအားကောင်းတယ်များထင်နေလား?
ချင်းလင်မွေးမြူရေးခြံက အရည်အသွေး ၂ ခွေးသွားစိတ်မြက်ယူနိုင်တဲ့သူကို လေးလေးစားစားနဲ့ပေးလိုက်ဦးမယ်။
ဟန်စုကသူ့စကားကြောင့် ဒေါပွသွားပြီး_
''သူဌေးချင်... မင်းကငယ်သေးတယ်... ငယ်ရွယ်ပြီးစိတ်မြန်လက်မြန်ရှိတာကောင်းပေမဲ့ သိပ်မထက်လွန်းနဲ့... အဲဒါကိုယ့်အညွန့်ကိုယ်ချိုးသလိုဖြစ်မယ်''
ထိုသို့ပြောပြီး ဟန်စုကအေးစက်စက်အပြုံးနှင့်
မတ်တပ်ထရပ်ကာ ထွက်လာသည်။
ဒီလိုဆိုမှတော့ မျိုးစေ့ဖိုးတောင် သူမရတော့ဘူးပေါ့။
ဆိုရိုးရှိတဲ့အတိုင်း၊ 'ယဉ်ကျေးမှုကအရင် ဖိအားပေးတာကနောက်'။
သူ့မျက်နှာကိုထည့်စဉ်းစားပေးတာ၊ ဒါကိုလက်မခံရင် နောက်ပိုင်းသူကြည့်လုပ်လိုက်မည်။
စားကျက်မြေခိုးပြီးရွှေ့ပြောင်းစိုက်ပျိုးတာ သူတို့နာမည်ပျက်သည်ဆိုသော်လည်း ဘာမှမလုပ်တာထက်စာရင်တော်သေးသည်။ စားကျက်မြေမပျိုးထောင်ရင် တောင်ပိုင်းရဲ့နံပါတ်တစ်မွေးမြူရေးခြံဆိုသောနာမည်ကို အနှေးနဲ့အမြန် ချင်းလင်မွေးမြူရေးခြံဆီလွှဲပေးရလိမ့်မည်။
ဟန်စုကနောက်ပြန်လှည့်မကြည့်ဘဲ ချင်းလင်စံအိမ်မှထွက်လာခဲ့သည်။ ကားပါကင်ရောက်သောအခါ အသင့်စောင့်နေသောကားနှစ်စီးရှိသည်။ သူရောက်လာသည်နှင့် လူတချို့ကားထဲမှထွက်လာသည်။
''ဘယ်လိုလဲ ဥက္ကဌဟန်?''
တစ်ယောက်ကမေးသည်။
''ချင်းလင်စံအိမ်က မျိုးစေ့ရောင်းဖို့သဘောတူလား?''
ဟန်စုက အထင်သေးပုံနှင့်_
''စံအိမ်သူဌေးက ငယ်လွန်းတယ်... စိတ်မြန်လက်မြန်နဲ့... ဒါမှမဟုတ် တို့ကိုအထင်သေးတာဖြစ်ရင်ဖြစ်မယ်... သူမျိုးစေ့မရောင်းပေးရင် ချင်းလင်မွေးမြူရေးခြံရဲ့စားကျက်ကိုမယူနိုင်တော့ဘူးလို့ထင်နေတယ်!''
''အိုး ဟုတ်ပြီ... ခင်ဗျားဘက်ကရော?''
သူကမေးလိုက်သည်။
ထိုလူကချက်ချင်း ဟန်စုကိုကားအနောက်ဘက်ခေါ်သွားပြီး အဖုံးဖွင့်ပြသည်။ အထဲတွင် အိုးစိုက်ပင်များ။
အမှန်တကယ်ခွေးသွားစိတ်မြက်ထည့်ထားသော အိုးစိုက်ပင်များ။
ချင်းလင်မွေးမြူရေးခြံကပဲပေါ့။
သူတို့လူတွေက ချင်းလင်မွေးမြူရေးခြံထဲဝင်ပြီး ဒီအတိုင်းထုတ်ယူလာခဲ့သည်။ ချင်းလင်မွေးမြူရေးခြံကလူတွေသတိတောင်မထားမိ။
ထိုလူကရှင်းပြသည်_ ''ချင်းလင်မွေးမြူရေးခြံက အစောင့်အားနည်းတယ်... ဒီလောက်ကောင်းတဲ့စားကျက်မြေရှိတာတောင် အခိုးခံရမှာမကြောက်တဲ့အတိုင်းပဲ... နောက်ဆုံးတော့လည်း အသစ်ဆောက်နေတဲ့မွေးမြူရေးခြံပဲလေ... အတွေ့အကြုံမှမရှိတာ''
ဟန်စုကချင်းလင်စံအိမ်ဘက်ကို အေးစက်စက်အပြုံးနှင့်ကြည့်လိုက်ပြီး_
''ဒါဆိုရင် ခွေးသွားစိတ်မြက်ပျိုးထောင်ပြီးတဲ့အထိစောင့်ပြီး သူတို့ကိုသင်ခန်းစာပေးရုံပဲပေါ့... ခွေးသွားစိတ်မြက်က မျိုးစေ့နဲ့ပျိုးထောင်နေမှမဟုတ်ဘူး''
ဟန်စုကသူ့လူများနှင့် ချင်းလင်စံအိမ်မှထွက်ပြီး ချင်းယွမ်မွေးမြူရေးခြံပြန်သွားသည်။
ချင်းယွမ်မွေးမြူရေးခြံမှာ ကွမ်းတုံစီရင်စုတွင်ရှိပြီး ချင်းလင်မွေးမြူရေးခြံထက်အများကြီးပိုကျယ်သည်။ တောင်ပိုင်းရဲ့နံပါတ်တစ်မွေးမြူရေးခြံဟုလူသိများပြီး နယ်ဘက်တွင်လည်းအလွန်နာမည်ကြီးသည်။
ဟန်စုနှင့်သူ့လူများ ချင်းယွမ်မွေးမြူရေးခြံပြန်ရောက်သောအခါ မန်နေဂျာတစ်ဦးကလူတစ်စုနှင့်အသင့်စောင့်နေသည်။
''ဥက္ကဌဟန်... ပြန်လာပြီလား''
ဝတ်စုံပြည့်နှင့်လူတစ်ယောက် ချက်ချင်းသူ့ဆီရောက်လာသည်။
''ဒီနေ့မွေးမြူရေးခြံအခြေအနေဘယ်လိုလဲ?''
ဟန်စုကချက်ချင်းမေးလိုက်သည်။
ဝတ်စုံနှင့်လူကရုတ်တရက်မျက်မှောက်ကြုတ်လိုက်ပြီး_
''ဥက္ကဌဟန်... ဒီနေ့ခရီးသည်အရေအတွက်က မနေ့ကထက်အများကြီးကျသွားပါတယ်... လက်မှတ်ကြိုယူထားတဲ့ခရီးသည်တွေကလည်း နောက်ပိုင်းပိုက်ဆံပြန်ထုတ်ကြပါတယ်''
''ပြီးတော့ အတော်များများက ကျွန်တော်တို့တရားဝင်မှတ်ချက်နဲ့လိုင်းပေါ်ကမှတ်ချက်တွေမှာ ချင်းလင်မွေးမြူရေးခြံနဲ့ယှဉ်ပြီးပြောနေကြပါတယ်... ကျွန်တော်တို့ချင်းယွမ်မွေးမြူရေးခြံက ချင်းလင်မွေးမြူရေးခြံထက်ညံ့တယ်တဲ့''
သူ့စကားကြောင့် ဟန်စုမျက်နှာမဲမှောင်သွားသည်။ ပုံရိပ်ကဒီလောက်မြန်မြန်ပေါ်လာမည်ဟုမထင်မိ။
ဒါကြောင့်လည်း ဟိုကောင်လေးကဒီလောက်ယုံကြည်မှုရှိနေတာဖြစ်မယ်။
စိတ်မကောင်းပါဘူး၊ အဲဒါ ခဏပါပဲ။