စနစ်ကိုအမှိုက်ထင်နေလား? အမြဲတမ်းလူရွှင်တော်! ၃
Vol. 35 Ch. 522
အဖေရောအမေပါ နတ်ဘုရားတွေ၊ ဒါပေမဲ့ ကလေးကျမှ ဘဲပေါက်ရုပ်ဆိုးလေး။ ဒါသူတို့ကလေးလို့ဘယ်သူယုံမှာလဲ?
ဒီတစ်ခါ သုတေသနသမားက မြေပေါ်မှချင်းလင်မြက်ယူသည်ကို ဟန်စုကိုယ်တိုင်စောင့်ကြည့်ပြီး စမ်းသပ်စက်နောက်လိုက်လာသည်။
သုတေသနသမား မတတ်သာတော့။
သူ့သူဌေးက သူ့အရည်အချင်းကိုလုံးဝမယုံ၊ ဒါပေမဲ့ သူဘာတတ်နိုင်မလဲ? သူ့သူဌေးရှေ့မှာ ပြန်စမ်းသပ်ရုံပေါ့။
နေ့ဝက်ကျိုးပြီးနောက် သုတေသနသမားထပ်စမ်းသပ်ပြီး အဖြေရလာသည်။
ဟန်စုက စမ်းသပ်ချက်ကိုအမြန်ယူလိုက်သည်။ အချက်အလက်အသစ်ကိုမြင်သောအခါ သူ့မျက်နှာပိုပြီးရှုံ့တွသွားသည်။
သာမန်ခွေးသွားစိတ်မြက်အချက်အလက်တွေ!
ဒါပေမဲ့ ဒီတစ်ခေါက်စမ်းသပ်ချက်က သူကိုယ်တိုင်မျက်မြင်သက်သေ။
ဘာလို့ဒီလိုစားကျက်မြက်မျိုးက ပျိုးထောင်ပြီးတော့ သာမန်မြက်ဖြစ်သွားတာလဲ?
ဟန်စုမှာရုတ်တရက် ချင်လင်၏မထီလေးစားပုံကိုမြင်ယောင်မိသည်။
ဒီလိုဖြစ်လိမ့်မယ်လို့ သူသိထားလို့လား? အဲဒါကြောင့် သူခြိမ်းခြောက်တာကို လုံးဝဂရုမစိုက်တာလား?
ချင်းလင်စံအိမ်မှာ ယုံကြည်ချက်ရှိရှိနဲ့ခြိမ်းခြောက်ခဲ့ပုံကိုရုတ်တရက်ပြန်တွေးမိပြီး သူတစ်ချိန်လုံးလူပျက်ဖြစ်နေမှန်း သဘောပေါက်လိုက်သည်။


''ဒါပါမောက္ခလီခိုင်လုပ်ထားတာများလား?''
ဟန်စုကချက်ချင်း ဖြစ်နိုင်ချေကိုစဉ်းစားကြည့်သည်။
ချင်းလင်မွေးမြူရေးခြံရဲ့စားကျက်မြေကို ခိုးမယူနိုင်တဲ့အထူးနည်းလမ်းသုံးဖို့ဆိုတာက ပါမောက္ခလီခိုင်ပဲလုပ်နိုင်မှာ။
ရလဒ်ကတော့ သာမန်နည်းလမ်းတွေနဲ့ မြက်ကိုရွှေ့ပြောင်းမစိုက်နိုင်။ သူတို့ရွှေ့စိုက်တဲ့မြက်တွေအားလုံး အဆင့်ကျကုန်သည်။
ထိုအချိန်တွင်_
စောစောကဝတ်စုံနှင့်မန်နေဂျာလည်း မျက်နှာပျက်ပျက်နှင့် ခပ်သုတ်သုတ်ဝင်လာပြီး_
''ဥက္ကဌဟန်... ဒေါင်းဖြူနဲ့ဒူးရော့ဝက်တွေရောက်ပါပြီ... ဒါပေမဲ့ အခြေအနေကသိပ်မဟန်သလိုပဲ''
''ဘာဖြစ်လို့လဲ?''
ဟန်စုကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
''လိုက်ကြည့်ရင် သိပါလိမ့်မယ်''
မန်နေဂျာက အောင့်သီးအောင့်သက်နှင့်ပြောသည်။
ဟန်စုမှာ ဘာရယ်မသိ ခံစားချက်မကောင်းတော့။ သူကထိုလူနောက်လိုက်ပြီး တင်ပေးလိုက်သောဒေါင်းဖြူနှင့်ဒူးရော့ဝက်များကြည့်လိုက်ရာ အကြောင်းရင်းကိုသိသွားသည်။
ဒေါင်းဖြူများမှာ ဖြူဆွတ်နေသောအမွေးရှိသော်လည်း ချင်းလင်မွေးမြူရေးခြံကဒေါင်းဖြူများလိုလှလည်းမလှ၊ ဆွဲဆောင်မှုလည်းမရှိပေ။ နည်းနည်းချို့တဲ့ရုံသာမဟုတ်။


ဒူးရော့ဝက်များလည်းရှိသေးသည်။ တအစ်အစ်နှင့်အရေထူထူတွေ။ လှုပ်ရှားဖို့မပြောနှင့်၊ မြေပေါ်မှာသာလှဲပြီး အသံပေးနေသည်။
ချင်းလင်မွေးမြူရေးခြံကဒူးရော့ဝက်တွေလို လေ့ကျင့်ပေးလို့ရမယ့်ပုံပေါက်လား? ဒါအတော်အန္တရာယ်များသည်ဟုခံစားလိုက်ရသည်။
နောက်ရက်များတွင် သူငှားထားသောတိရစ္ဆာန်လေ့ကျင့်ပေးသူက ဒူးရော့ဝက်များကိုလေ့ကျင့်ပေးသော်လည်း ရလဒ်မှာ:
ဒီဝက်တွေကလေ့ကျင့်ခန်းလုပ်ဖို့မပြောနဲ့၊ တိရစ္ဆာန်လေ့ကျင့်ပေးသူဆိုတာတောင် ဘာမှန်းမသိတာ ဟူ၍။
တိရစ္ဆာန်လေ့ကျင့်ပေးသူက ဒီဒူးရော့ဝက်တွေကိုလေ့ကျင့်ပေးလို့မရကြောင်း အရှင်းဆုံးပြောလိုက်ခြင်းပင်။
ပြီးတော့ ဒီတိရစ္ဆာန်လေ့ကျင့်ပေးသူက နာမည်ကြီး။ သူတောင်မဖြစ်နိုင်ဘူးထင်ရင် နောက်တစ်ယောက်ငှားလည်း ရလဒ်ကအတူတူပဲဖြစ်လိမ့်မည်။
အရေးကြီးတာက ပျိုးထောင်ထားသောခွေးသွားစိတ်မြက်မှာ အရောင်၊ ခမ်းနားပုံ၊ အသွင်အပြင်အားဖြင့် ချင်းလင်မွေးမြူရေးခြံမှသူခိုးလာသောမြက်လိုမလှ။ လုံးဝအဆင့်ကျသွားသည်။
အရေးအကြီးဆုံးမှာ ဒီရက်ပိုင်း သူတို့ချင်းယွမ်မွေးမြူရေးခြံတွင်ခရီးသည်အရေအတွက်ကျဆင်းသွားခြင်းပင်။ တောင်ပိုင်းကခရီးသည်များအားလုံး ချင်းလင်မွေးမြူရေးခြံရောက်ကုန်သည်။
အဲဒီထက်အရေးကြီးတာက အင်တာနက်မှာ ချင်းလင်မွေးမြူရေးခြံအကြောင်းပြောနေကြသည်။ ချင်းယွမ်မွေးမြူရေးခြံမှာ တောင်ပိုင်းတွင်အကောင်းဆုံးမွေးမြူရေးခြံဖြစ်ခဲ့သော်လည်း အခုတခြားမွေးမြူရေးခြံနှင့်နှိုင်းယှဉ်ခံနေရပြီ။ ချင်းယွမ်မွေးမြူရေးခြံအကြောင်းကို လူတိုင်းလိုလိုမပြောကြ။
ဟန်စုမှာ ရုတ်တရက်အခြေအနေပြင်းထန်ပုံကိုသဘောပေါက်ပြီး အစကလိုမမောက်မာနိုင်တော့။
သူတို့ဝယ်တဲ့ဒေါင်းဖြူနဲ့ဝက်တွေက ချင်းလင်မွေးမြူရေးခြံကလိုအရည်အသွေးမျိုးမရှိရင်၊ ချင်းလင်မွေးမြူရေးခြံလိုလုပ်နိုင်စွမ်းမရှိတော့ရင် တောင်ပိုင်းမှာနံပါတ်တစ်မွေးမြူရေးခြံဆိုတဲ့နာမည်တစ်ခုပဲဆုံးရှုံးရမှာမဟုတ်။
ဟန်စုကအလောတကြီးသူ့လူတစ်ယောက်ကိုလှမ်းခေါ်ပြီး ရှုံ့မဲ့နေသောမျက်နှာနှင့်တိုက်တွန်းလိုက်သည်_
''မြန်မြန်... ချင်းလင်မွေးမြူရေးခြံကခွေးသွားစိတ်မြက်တွေပိုခိုးခိုင်းလိုက်... ဒါလုံးဝပျိုးထောင်ရမှာ''