မြက်ခိုးတာ ခွေးမိသွားတယ်! မြက်ပင်လေးနည်းနည်းခိုးတာ?
Vol. 35 Ch. 523
အရင်ဆုံး ချင်းလင်မွေးမြူရေးခြံစားကျက်မြေကိုပျိုးထောင်ရမည်မှန်း ဟန်စုသိသည်။ မဟုတ်ရင် သူ့ချင်းယွမ်မွေးမြူရေးခြံပျက်စီးသွားလိမ့်မည်။
မကြာမီ ချင်းလင်မွေးမြူရေးခြံသွားသောလူက ဟန်စုဆီလူတချို့နှင့်ပြန်ရောက်လာသည်_
''ဥက္ကဌဟန်... ချင်းလင်မွေးမြူရေးခြံကို ကျွန်တော့်လူတွေခေါ်သွားမယ်''
ဟန်စုကမြန်မြန်ပြောလိုက်သည်_
''ဝမ်ဖုန်း... ဒီတစ်ခါ စားကျက်မြက်တွေပိုခိုးခဲ့... ဒီမြက်က ငါတို့ထင်သလိုမရိုးရှင်းဘူး... စမ်းသပ်မှုတွေအများကြီးလုပ်ရမယ်... မြက်ယူလာခဲ့ရင် ငါမင်းကိုဆုချမယ်... မတော်တဆဖမ်းမိခဲ့ရင်တော့ ချင်းယွမ်မွေးမြူရေးခြံကိုအပြစ်ပုံမချနဲ့... အဲဒါစားကျက်မြက်ပဲ... ကြီးကြီးမားမားမှမဟုတ်တာ''
''စိတ်မပူပါနဲ့ ဥက္ကဌဟန်... ချင်းလင်မွေးမြူရေးခြံရဲ့လုံခြုံရေးကအားနည်းတယ်... သူတို့မိမှာမဟုတ်ဘူး''
ဝမ်ဖုန်းကခေါင်းညိမ့်ပြလိုက်သည်။ ဒီတာဝန်အတွက် သူနည်းနည်းစိတ်မပူ။
ဘယ်သူမှမသိအောင် စားကျက်မြက်ကိုသူခိုးနိုင်သည်။
ချင်းယွမ်မွေးမြူရေးခြံမှဝမ်ဖုန်းထွက်လာပြီး မကြာခင်ရုံချန်းကိုရောက်သည်။ သူကလက်မှတ်တစ်စောင်ဝယ်၍ ချင်းလင်မွေးမြူရေးခြံထဲဝင်ခဲ့သည်။
တစ်ဖက်တွင် ဝမ်ဖုန်းကသူခေါ်လာသောလူများအား_
''အဖွဲ့ခွဲပြီးဖြန့်မယ်... ဒီတစ်ခါ ခိုးနိုင်သလောက်သာခိုးခဲ့... မဟုတ်ရင် သွားလိုက်ပြန်လိုက်လုပ်နေရမယ်''
ထိုလူများကခေါင်းညိမ့်၍ အုပ်စုခွဲပြီး စားကျက်မြေထဲဖြန့်ဝင်လိုက်သည်။
မြက်ခိုးရုံသာဆိုသော်လည်း အတူတူစုသွားရင် ပစ်မှတ်အကြီးကြီးဖြစ်သွားလိမ့်မည်။ နှစ်ယောက်တစ်ဖွဲ့ခွဲပြီး တစ်ယောက်ကမြက်ခိုး၊ နောက်တစ်ယောက်ကစောင့်။
လုံးဝအသည်းအသန်မြက်ခိုးကြသည်။
ချင်းလင်မွေးမြူရေးခြံဝင်ပေါက်၌_
ခွေးနက်က မွေးမြူရေးခြံအတွင်းလမ်းကြောင်းမှ ကုပ်ကုပ်ကုပ်ကုပ်နှင့်ဝင်လာသည်။
မွေးမြူရေးခြံဖွင့်သောအခါ အလည်လာသောခရီးသည်များအပြင် အပျော်ဆုံးကဝမ်ချိုင်ပင်။ မွေးမြူရေးခြံတစ်ခုလုံးက သူ့ရဲ့ပျော်စရာဥယျာဉ်။
ခွေးလည်း လျှောက်ပြေးရတာသဘောကျသည်။ တစ်ခါတလေ တချို့တိရစ္ဆာန်များကိုအပျော်လိုက်သည်။
"ဝမ်ချိုင်ပဲ''
''တကယ်သူပဲ... မြန်မြန်... ဗီဒီယိုရိုက်''
''နောက်ဆုံးတော့ ခွေးအစစ်တွေ့ပြီ''
“…”
ခရီးသည်တချို့က ဝမ်ချိုင်ကိုမြင်ပြီး သူတို့ဖုန်းများထုတ်၍ဗီဒီယိုရိုက်ကြသည်။
ဝမ်ချိုင်မှာချင်းလင်စံအိမ်တွင်အလွန်နာမည်ကြီးသည်။ တချို့ဂီတချန်နယ်များ၏တရားဝင်အကောင့်တွင် ပရိသတ်အရေအတွက်က သူ့အကစွမ်းရည်ကြောင့် ၃ သန်းနီးပါးထိရောက်နေသည်။
တချို့ဂီတများတွင် ဒီလိုစွမ်းရည်ရှိသောတိရစ္ဆာန်မျိုးက အလွန်နာမည်ကြီးသည်။
ချင်းလင်တောင်တန်းစံအိမ်လာသောခရီးသည်များမှာ လမ်းညွှန်တချို့ကြည့်ထားပြီး ချင်းလင်တောင်တန်းစံအိမ်တွင် အီစတာဥနှစ်လုံးရှိကြောင်းသိထားကြသည်။ တစ်လုံးက ခွေးဝမ်ချိုင်၊ နောက်တစ်လုံးက ရှဉ့်မွေးနီ။
ဒီခွေးနဲ့ရှဉ့်မှာ တစ်ကောင်က လူရှာစကင်န်ဖတ်ခိုင်းပြီး ငွေပေးခိုင်းမည်၊ နောက်တစ်ကောင်ကခရီးသည်ရွေးပြီး လက်ဆောင်ပေးမည်။
ကောင်လေးက ဗီဒီယိုရိုက်နေသောခရီးသည်များကိုမြင်လျှင် တန်းပြေးသွားသည်။ သူ့လည်ပင်းမှာဆွဲထားသော QR ကုဒ်ကိုကိုက်ပြီး ထိုခရီးသည်များရှေ့တွင်ငုတ်တုတ်ထိုင်ချ၍ကြည့်လိုက်သည်။
သူ့သဘောကရှင်းနေပြီ။
ထိုခရီးသည်များမှာ အရင်ကလမ်းညွှန်ကြည့်ဖူးသဖြင့် ဘာအဓိပ္ပါယ်လဲသိသည်။ သူတို့ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
''မြန်မြန်... သူ့ကို QR ကုဒ်ဖတ်ပေးလိုက်''
''အွန်လိုင်းလမ်းညွှန်ပြောတာမှန်တယ်... အီစတာဥတွေ့တာ ငါတို့ကံကောင်းလို့''
''ရေး... ငါတို့ဝမ်ချိုင်နဲ့ဓာတ်ပုံရိုက်လို့ရလား?''
“……”
မည်သို့ဆိုစေ ခွေးအတွက်ကုဒ်စကင်န်ဖတ်ပေးရတာဖြစ်ဖြစ်၊ ရှဉ့်နဲ့ပဲတွေ့တွေ့၊ အခုခရီးသည်များမျှော်လင့်စောင့်စားနေသောအရာတစ်ခုဖြစ်လာသည်။
ဒါလင်းလန်ဇီရဲ့ကြေညာအား၊ ကြော်ငြာအား၊ ကြီးကြပ်မှုရလဒ်ဖြစ်သည်။
ပြီးတော့ သက်ရောက်မှုကသိသိသာသာကောင်းသည်။
တခြားရှုမျှော်ခင်းနေရာများလည်း ချင်းလင်စံအိမ်မှလေ့လာပြီး တိရစ္ဆာန်များအတွက်ကုဒ်စကင်န်ဖတ်သောအီစတာဥလုပ်ကြသည်။ ဖြစ်ချင်တော့ သူတို့ရှာထားသောတိရစ္ဆာန်များမှာ မတော်၊ဉာဏ်မကောင်းသဖြင့် မသင်ယူနိုင်ကြပေ။
အထူးသဖြင့် ခွေးကသောကိစ္စမျိုးက သူတို့ရှုမျှော်ခင်းနေရာများတတ်နိုင်သောအရာမဟုတ်။
ဒါကြောင့်လည်း လင်းလန်ဇီနှင့်မီဒီယာဌာနဝန်ထမ်းများက သူတို့သူဌေးကိုအလွန်လေးစားကြသည်။ အိမ်မွေးတိရစ္ဆာန်လေ့ကျင့်တာ ဘယ်သူမှဒီလောက်မကောင်း။
ဝမ်ချိုင်ကခရီးသည်များနှင့်ဓာတ်ပုံရိုက်ပြီး ချက်ချင်းထွက်လာသည်။ တစ်စက္ကန့်မှဆက်မနေ။
စကင်န်ဖတ်တဲ့ဝန်ဆောင်မှုက အချိန်ကန့်သတ်ချက်ရှိသည်။
ဝု.. ဝု.. ဝု!
ဝမ်ချိုင်ကရုတ်တရက် ခွေးနှစ်ကောင်ကိုဟောင်လိုက်သည်။ ထိုခွေးနှစ်ကောင်မှာ ခရီးသည်ပတ္တရောင်လှည့်သောရဲနှစ်ယောက်၏ခွေးဖြစ်သည်။
ချင်းလင်မွေးမြူရေးခြံတရားဝင်ဖွင့်ပြီးနောက် လုံခြုံရေးအခန်းထဲတွင် ပတ္တရောင်လှည့်သောရဲအရေအတွက်တိုးလာပြီး ရဲခွေးနှစ်ကောင်လည်းထားသည်။
မဟုတ်ရင် ခေါင်းဆောင်ဟုန်တို့က ချင်းလင်မွေးမြူရေးခြံကိုဂရုစိုက်နိုင်မည်မဟုတ်။
ရဲခွေးနှစ်ကောင်က ဝမ်ချိုင်ဟောင်သံကြားပြီး ဝမ်ချိုင်ကိုပြန်နှုတ်ဆက်သလို တက်တက်ကြွကြွဟောင်လိုက်သည်။ သို့ရာတွင် သူတို့တာဝန်ကိုသိသဖြင့်ပြေးမလာဘဲ ပတ္တရောင်လှည့်ရဲနှစ်ယောက်နောက်လိုက်သွားသည်။
ဝမ်ချိုင်ကသူ့အဖော်များကိုနှုတ်ဆက်ပြီးနောက် စားကျက်မြေထဲစပြေးထာ အလွန်ကျေနပ်နေသည်။
ချင်းလင်စားကျက်မြေတစ်နေရာ_
ဝမ်ဖုန်းက ပတ်ဝန်းကျင်ကိုစူးစမ်းရန် သူ့အဖော်ကိုခေါ်လာသည်။ ဒီနားမှာခရီးသည်သိပ်မရှိသောကြောင့် သူတို့စလှုပ်ရှားနိုင်သည်။
''မင်းကြည့်နေ... ငါမြက်တူးမယ်''
ဝမ်ဖုန်းကသူ့တပည့်ကိုမှာပြီး ငုတ်တုတ်ထိုင်ကာ လက်ဗလာနှင့်မြက်စတူးလိုက်သည်။
ခွေးသွားစိတ်မြက်တစ်အုံတူးပြီး သူ့အင်္ကျီထဲဖွက်ကာ နောက်တစ်အုံတူးရန်ပြင်လိုက်သည်။
ထိုအခိုက်_
''အစ်ကိုဝမ်... ခွေးရှိတယ်''
စောင့်ကြည့်နေသောလူက ရုတ်တရက်ထပြောသည်။
ဝမ်ဖုန်းကဇဝေဇဝါနှင့်ခေါင်းထောင်ကြည့်လိုက်ရာ သူတို့နားတွင်ခွေးနက်တစ်ကောင်ဝပ်နေသည်ကိုတွေ့လိုက်ရသည်။ ခွေးကကြောင်အမ်းအမ်းနှင့် သူတို့ကိုကြည့်နေသည်။
ဒီခွေးအကြည့်က ထူးဆန်းလိုက်တာ။
''အစ်ကိုဝမ်... ဒီခွေးကဘာဖြစ်နေတာလဲ?''
ထိုလူကခွေးကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။
ဒီခွေးကနည်းနည်းထူးဆန်းနေသလိုပဲ။
''ထားလိုက်... ငါတို့မြက်ခိုးနေတာ ခွေးကဘယ်လိုလုပ်သိပြီးပြန်ပြောမှာလဲ?''
ဝမ်ဖုန်းကပြောပြောဆိုဆို ဆက်တူးနေလိုက်သည်။
သို့သော် ထိုအချိန်တွင် ခွေးနက်နားရွက်ထောင်ပြီး သူ့မျက်လုံးကထူးထူးဆန်းဆန်းအရောင်တောက်သွားသည်ကို လုံးဝမမြင်လိုက်။
ဝမ်ချိုင်ကနောက်ပြန်လှည့်ပြီး ရဲခွေးနှစ်ကောင်နှင့်ဆုံခဲ့သောနေရာကိုတန်းပြေးသွားသည်။
လုံးဝပြန်ပြောတတ်တာပေါ့။
ဝု.. ဝု.. ဝု!
ဝမ်ချိုင်ကရဲခွေးနှစ်ကောင်ကိုပြန်တွေ့လျှင် စပြီးအူပြလိုက်တော့သည်။