စနစ်ကိုအမှိုက်ထင်နေလား? အမြဲတမ်းလူရွှင်တော်! ၂
Vol. 35 Ch. 521
မွေးမြူရေးခြံစီမံရေးနဲ့သုတေသနအပိုင်းမှာ ချင်းလင်မွေးမြူရေးခြံက ချင်းယွမ်မွေးမြူရေးခြံလောက်မကောင်း။
ချင်းယွမ်မွေးမြူရေးခြံမှာအောင်အောင်မြင်မြင်ရွှေ့စိုက်ပြီးရင် သူတို့စီမံရေးအတွေ့အကြုံက ချင်းလင်မွေးမြူရေးခြံထက် အသာလေးကျော်တက်သွားလိမ့်မည်။
ထိုအတွေးနှင့် ဟန်စုကမေးလိုက်သည်_
''ဒေါင်းဖြူနဲ့အမေရိကန်ဒူးရော့ဝက်ဝယ်ဖို့အဆက်အသွယ်ရှိလား?''
ဝတ်စုံနှင့်လူကရှင်းပြသည်_
''ဒေါင်းဖြူနဲ့ဒူးရော့ဝက်အဆက်အသွယ်ရှာထားပါတယ်... သူတို့လည်း ဒူးရော့ဝက်တွေအများကြီးပြင်ဆင်ပြီး ကျွန်တော်တို့ဆီတပြိုင်တည်းပို့ပေးနိုင်ပါတယ်တဲ့... ချင်းလင်မွေးမြူရေးခြံက ဒေါင်းဖြူနဲ့ဒူးရော့ဝက်သတင်းကြားပြီး တခြားမွေးမြူရေးခြံတွေကဝယ်လိမ့်မယ်လို့တွက်ထားပုံရပါတယ်''
''အဲဒါအရေးမကြီးဘူး... ဒီမှာရှိနေရင်ပြီးရော''
ဟန်စုက ဝတ်စုံနှင့်လူကိုမေးလိုက်သည်_
''မြေကြီးအဆင်သင့်ဖြစ်ပြီလား?''
ဝတ်စုံနှင့်လူကခေါင်းညိမ့်ပြပြီး_
''ဟုတ်ကဲ့... အဆင်သင့်ဖြစ်ပါပြီ... အခုချက်ချင်းစစိုက်လို့ရပါပြီ''
''သွားစို့'' ဟန်စုက ခပ်ပြတ်ပြတ်ပြောလိုက်သည်။ ခွေးသွားစိတ်မြက်စိုက်ပျိုးချိန်က ၄၅ ရက်။
မြက်ပင်ဖြစ်လာပြီး ချင်းယွမ်မွေးမြူရေးခြံတစ်ခုလုံးဖုံးလွှမ်းနိုင်ဖို့က အချိန်ယူရလိမ့်မည်။ စောစောထုတ်နိုင်လေ ကောင်းလေ။
ဟန်စုက ချက်ချင်းသူ့လူများကိုခေါ်ပြီး ချင်းယွမ်မွေးမြူရေးခြံစိုက်ခင်းထဲသွားလိုက်သည်။ ခြံထဲတွင်ရွှေ့ပြောင်းစိုက်ရန် နည်းပညာရှင်တချို့စောင့်နေသည်။
ချင်းလင်မွေးမြူရေးခြံကခိုးလာသောမြက်ကိုလည်းယူလာပြီး နည်းပညာရှင်များကိုလွှဲပေးလိုက်သည်။
ခွေးသွားစိတ်မြက်ရွှေ့ပြောင်းစိုက်ခြင်းမှာ မျိုးစေ့မှစိုက်ခြင်းအပြင် တခြားနည်းနှစ်ခုရှိသေးသည်။
တစ်နည်းက တစ်ပင်ချင်းစိုက်နည်း။ ဒီနည်းက ခွေးသွားစိတ်မြက်မျိုးစေ့ကို အမြစ်အစအနနှင့်အစားထိုးခြင်းဖြစ်သည်။ အမြစ်နဲ့ပင်စည်လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပေးနိုင်သရွေ့ ကြီးထွားလာသောခွေးသွားစိတ်မြက်ကိုအမြစ်ဖြတ်ပြီး မြေထဲရွှေ့စိုက်နိုင်သည်။
နောက်တစ်နည်းက အပင်ခွဲရွှေ့စိုက်နည်း။ ကောင်းကောင်းဖွံ့ဖြိုးနေသောခွေးသွားစိတ်မြက်ကိုအပင်ပွားစိုက်နည်းဖြစ်သည်။ ခွေးသွားစိတ်မြက်ပင်ကိုဖြတ်ကာ မြေထဲတစ်ဝက်မြှုပ်စိုက်သည်။
ဒီရွှေ့ပြောင်းစိုက်နည်းကကျရှုံးနိုင်ချေများပြီး အပင်ပုပ်ဆွေးနိုင်သည်။
ဒါပေမဲ့ ကိစ္စမရှိ။ ဒီနည်းလမ်းနှစ်မျိုးသုံးပြီး ချင်းလင်မွေးမြူရေးခြံမှခိုးလာသောမြက်ကို ရွှေ့ပြောင်းစိုက်နိုင်သည်။
စားကျက်မြေရွှေ့ပြောင်းစိုက်သောနည်းပညာရှင်များ၏စွမ်းရည်က အလွန်ကောင်းသည်။ ဟန်စုတို့အုပ်စုခိုးလာသောခွေးသွားစိတ်မြက်ကို အလွယ်တကူရွှေ့စိုက်နိုင်လိမ့်မည်။
နောက်ပြီး ဒီနှစ်နည်းက မျိုးစေ့စိုက်ခြင်းထက်အများကြီးပိုထိရောက်သည်။ အညှောက်သစ်ထွက်ရန် သို့မဟုတ် အမြစ်ပြန်ထွက်ရန် သုံးရက်ခန့်ကြာတတ်ပြီး ရက်ပိုင်းအတွင်းအညှောက်များပေါ်လာလိမ့်မည်။
ထို့ကြောင့် ရက်ပိုင်းနှင့် ချင်းလင်မွေးမြူရေးခြံမှခိုးလာသောမြက်မှာအသီးတင်လိမ့်မည်။
ဟန်စုကတင်ပြချက်ရရချင်း စိုက်ခင်းထဲသွားလိုက်သည်။ အညှောက်ထွက်လာသောခွေးသွားစိတ်မြက် သို့မဟုတ် အမြစ်ထွက်လာပုံကို ပြုံးပြုံးပြုံးပြုံးနှင့်ကြည့်လိုက်သည်။
ရွှေ့ပြောင်းစိုက်သောနည်းပညာရှင်တစ်ဦးက ဂုဏ်ယူသံစွက်ပြီးတင်ပြသည်_
''ဥက္ကဌဟန်... ခွေးသွားစိတ်မြက်ကိုအောင်အောင်မြင်မြင်စိုက်ပြီးပါပြီ... ခွဲပြီးစိုက်ထားတာဆိုပေမဲ့ ပုပ်သွားမယ့်လက္ခဏာမျိုးမရှိပါဘူး... ချင်းလင်မွေးမြူရေးခြံရဲ့ခွေးသွားစိတ်မြက်ကအရမ်းသန်ပါတယ်''
''ဟဲ ဟဲ... ချင်းလင်မွေးမြူရေးခြံရဲ့ကောင်လေးချင်က တကယ်ငယ်သေးတာပဲ... ခွေးသွားစိတ်မြက်ကိုပျိုးထောင်ရခက်မယ်ထင်နေတာ''
ထိုစကားကြားပြီး ဟန်စုမျက်နှာမှာပြုံးရွှင်နေသည်။
တစ်ဖက်ကသူ့ကိုမျက်နှာသာမပေးခဲ့။ ခွေးသွားစိတ်မြက်ကပျိုးထောင်ရလွယ်လေလေ၊ ပိုပြီးလှောင်ချင်လေလေ၊ သူ့စိတ်ခံစားချက်ပိုကောင်းလေလေပင်။
ဟန်စုကတုံ့ဆိုင်းမနေ။ သူကသုတေသနသမားကိုဖုန်းဆက်ပြီးညွှန်ကြားလိုက်သည်_
''မြန်မြန်... ဒီစားကျက်မြက်အပင်ပေါက်တွေကိုစမ်းသပ်လိုက်... ပျိုးထောင်ထားတဲ့အာနိသင်ကိုကြည့်ချင်တယ်''
''ကောင်းပါပြီ... နေ့ဝက်မတိုင်ခင်သိရပါမယ်''
သုတေသနသမားလည်း ခွေးသွားစိတ်မြက်နှစ်မျိုးယူပြီး ချက်ချင်းလေ့လာလိုက်သည်။
တောင်ပိုင်းရဲ့နံပါတ်တစ်မွေးမြူရေးခြံတစ်ခုဖြစ်သောချင်းယွမ်မွေးမြူရေးခြံမှာ တိရစ္ဆာန်မျိုးများ၊စားကျက်များကို လေ့လာမှုတချို့လုပ်ထားပြီး အထူးပြုသုတေသနသမားများရှိသည်။
အခုရွှေ့ပြောင်းစိုက်နည်းနှစ်မျိုးလုံးမှ ခွေးသွားစိတ်မြက်အပင်ပေါက်ပြီး အမြစ်ဆွဲသည်ဖြစ်၍ အာဟာရတန်ဖိုးပါဝင်မှုကို အကြမ်းဖျင်းစမ်းသပ်နိုင်သည်။
ဟန်စုကမျှော်လင့်စောင့်စားနေသည်။ စားကျက်မြေကို ပျိုးထောင်ထားတဲ့မြက်တွေဖုံးလွှမ်းသွားရင် တခြားစားကျက်မြေတွေလည်းအသုံးပြုနိုင်အောင် စားကျက်မြေလှူပစ်မည်။
စားကျက်မြေကိုသူတို့ဘာသာထိန်းသိမ်းထားပြီး တခြားသူတွေပျိုးမထောင်နိုင်ဘူးထင်နေတဲ့ ချင်းလင်မွေးမြူရေးခြံကလူတွေလိုမဟုတ်။
အဲဒီအစား လုပ်ငန်းကိုဖြန့်လိုက်မည်။
ချင်းလင်မွေးမြူရေးခြံရဲ့စားကျက်မြက်ခိုးတဲ့ကိစ္စက သူ့နာမည်ကိုထိခိုက်စေမှတော့ တခြားစားကျက်မြေတွေကိုပါအကျိုးဆက်ခံစားရအောင်လုပ်မည်။
နောက်ဆုံး အားလုံးအဆင့်တူသွားတော့မှ စီမံရေးပိုင်းယှဉ်ကြတာပေါ့။
ချင်းယွမ်မွေးမြူရေးခြံမှာ ဘယ်သူ့ကိုမှမကြောက်။
စားကျက်မြေမှာမြက်တွေပြည့်နေရင် ချင်းလင်မွေးမြူရေးခြံကကောင်လေး ကြက်သေသေသွားလိမ့်မည်။
နေ့ဝက်ကုန်လွန်သွားသည်။
ဟန်စုလည်း သုတေသနသမားထံမှတင်ပြချက်ရလာသည်။ သူကချက်ချင်းမေးလိုက်၏_
''ဘယ်လိုလဲ?''
သုတေသနသမား၏မျက်နှာက အလွန်ထူးဆန်းနေသည်။ သူကစမ်းသပ်ချက်အစီရင်ခံစာကို ဟန်စုဆီပေးရင်း_
''ဥက္ကဌဟန်... အခြေအနေက ကျွန်တော်တို့မှန်းထားတာနဲ့ နည်းနည်းလွဲနေတယ်ထင်တယ်... ဒီစမ်းသပ်ချက်ရလဒ်ကို တစ်ချက်ကြည့်လိုက်ပါဦး''
''စမ်းသပ်တဲ့အချိန်မှာမတူတာ ပုံမှန်ပဲလေ''
ဟန်စုက စမ်းသပ်ချက်ယူပြီးကြည့်လိုက်သည်။ သို့သော် ခဏအကြာ သူ့မျက်နှာရှုံ့မဲ့သွားပြီး_
''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? စားကျက်မြေမှားမစစ်တာသေချာလား?''
အချက်အလက်မတူရုံတဲ့လား? လုံးဝကိုမတူတာ ဟုတ်ပြီလား?
ဒါပထမစမ်းသပ်ချက်နဲ့မတူ။ အချက်အလက်က သာမန်စားကျက်မြေနဲ့မခြားပါလား?
''ဥက္ကဌဟန်... ဒါပျိုးထောင်ထားတဲ့စားကျက်မြေကိုစမ်းသပ်ထားတာပါ''
သုတေသနသမားက အောင့်သက်သက်နှင့်ပြောလိုက်သည်။
''မဖြစ်နိုင်တာ... ဘာလို့ဒီလိုဖြစ်ရတာလဲ?''
ဟန်စုကလုံးဝမယုံ။
ဒီလောက်အဆင့်ရှိတဲ့စားကျက်မြေက ရွှေ့စိုက်လိုက်တာနဲ့ ဘယ်လိုဖြစ်ပြီးသာမန်စားကျက်မြေဖြစ်သွားတာလဲ?
ထို့နောက် သူကသုတေသနသမားဘက်လှည့်ပြီး_
''ခင်ဗျားမှားတာဖြစ်မယ်... ပြန်စစ်ကြည့်... ဒီတစ်ခါ ကျုပ်ကိုယ်တိုင်စောင့်ကြည့်ချင်တယ်... ဘာလို့ဒီလိုအမှားမျိုးလုပ်ရတာလဲ?''