← Chapters

နိုင်ငံတော်အဆင့်သိပ္ပံသုတေသနစမ်းသပ်မှု!

Vol. 35 Ch. 525

နိုင်ငံတော်အဆင့်သိပ္ပံသုတေသနစမ်းသပ်မှု!

Vol. 35 Ch. 525

မြက်လေးနည်းနည်းခိုးတာ?

ဝမ်ဖုန်းကပြဿနာအတိမ်အနက်ကိုသဘောမပေါက်သေးသောကြောင့် ခေါင်းဆောင်ဟုန်ငေါ့လိုက်သည်_

''ဒါဆိုရင် မင်းနောက်ကွယ်ကလူက ဘာလို့မြက်ခိုးချင်တာထင်လဲ? စီးပွားရေးအရတန်ဖိုးမရှိရင် ဘယ်သူကမြက်ကိုစိတ်ဝင်စားမှာလဲ?''

''ဒါနဲ့... မင်းကိုနောက်ထပ်သတင်းပေးဦးမယ်... ချင်းလင်စံအိမ်က ချွမ်ကျင်းဥပဒေကုမ္ပဏီနဲ့စာချုပ်လက်မှတ်ထိုးထားတယ်... ဒီဥပဒေကုမ္ပဏီကိုမင်းမသိလောက်ဘူးဆိုပေမဲ့ တစ်ခုသိထားရမှာက ဒီဥပဒေကုမ္ပဏီရဲ့နှစ်စဉ်ကြေးက သန်းချီ မဟုတ်ရင် သန်းဆယ်ချီရှိနိုင်တယ်ဆိုတာပဲ... မင်းလက်ခံနိုင်တာသေချာလား?''

ခေါင်းဆောင်ဟုန်ကပြောပြောဆိုဆို မတ်တပ်ရပ်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။

''ရဲအရာရှိ... ကျွန်တော်ပြောမယ်... ခိုင်းတဲ့သူရှိပါတယ်''

ဝမ်ဖုန်းလုံးဝထူပူသွားသည်။

မြက်ခိုးတဲ့အကျိုးဆက်က ဒီလောက်ပြင်းထန်လိမ့်မည်ဟု လုံးဝမထင်မိ။

အထူးသဖြင့် ဥပဒေအကျိုးဆောင်က သန်းချီ ဒါမှမဟုတ် သန်းဆယ်ချီတောင်တန်တယ်ဆိုသောစကားကြားပြီး သူလန့်သွားသည်။

အရင်တစ်ခေါက်က အဆင်ချောလွန်း၍ သိပ်ဂရုမထားမိသော်လည်း အခုသေချာစဉ်းစားကြည့်လိုက်မှ ကိစ္စရှိနေတယ်မဟုတ်ပါလား?

မြက်ကအရေးမကြီးရင် ဟန်စုကဘာလို့ခိုးခိုင်းတာလဲ?

ခေါင်းဆောင်ဟုန်စကားကိုတွေးကြည့်ရင် သူ့မှာဒါတွေအားလုံးခေါင်းခံရဲတဲ့သတ္တိမရှိ။ သူသာထောင်ထဲ ၆ နှစ်နေရရင် သူ့မိန်းမ၊ ကလေး၊ အိမ်နဲ့ ကား၊ ဒါတွေအားလုံး သူများဟာဖြစ်သွားလိမ့်မည်။

''ဒါဆို ပြောပါဦး... မင်းကိုဘယ်သူခိုင်းတာလဲ?''

ခေါင်းဆောင်ဟုန်ကပြုံးပြီး ပြန်ထိုင်လိုက်သည်။

သူထင်ထားတဲ့အတိုင်းပဲ။

''ချင်းယွမ်မွေးမြူရေးခြံရဲ့ဥက္ကဌဟန်.. ဟန်စုပါ... သူကမြက်လာခိုးခိုင်းတာ... ကျွန်တော်တို့နဲ့အဖော်တွေပါပါသေးတယ်... မြက်ခိုးပြီးရင် ကားပါကင်မှာဆုံဖို့ချိန်းထားတာပါ''

ဟန်စုက အိတ်သွန်ဖာမှောက်ပြောပြလိုက်သည်။ သူ့အဖော်နာမည်တွေတောင်ပါသည်။

သတင်းရပြီး ခေါင်းဆောင်ဟုန်ကတုံ့ဆိုင်းမနေ။ စစ်ဆေးမေးမြန်းခန်းအပြင်ထွက်ပြီး ချင်လင်ကိုပြောပြလိုက်သည်_

''သူဌေးချင်... နောက်ကွယ်ကလူက ဟန်စုပါ... သူဘယ်သူလဲ ခင်ဗျားသိမယ်ထင်တယ်''

''တကယ်ဒီလူပဲ''

ချင်လင်ကမျက်မှောင်ကြုတ်ပြီး ခေါင်းညိမ့်လိုက်သည်။

''သူဌေးချင်... သူတို့မှာတခြားလူတွေပါသေးတယ်... ကျွန်တော်အရင်သွားဖမ်းလိုက်ဦးမယ်''

ခေါင်းဆောင်ဟုန်ကပြောပြောဆိုဆို သူတို့ကိုဖမ်းရန် ပတ္တရောင်လှည့်ရဲများစုပြီး ချန်တပေကိုလုံခြုံရေးအစောင့်များလွှတ်ခိုင်းသည်။ ဝမ်ဖုန်းကချိန်းထားသည်ဆိုသောနေရာကိုချက်ချင်းသွား၍ ကျန်လူများကိုဖမ်းဆီးလိုက်သည်။

ချင်လင်လည်းတွေဝေမနေ။ သူကချက်ချင်းချူဖုန်းကိုဖုန်းဆက်ပြီး ဟန်စုကိုတရားစွဲခိုင်းလိုက်သည်။

ထိုလူမောက်မာပုံကိုမြင်ယောင်ပြီး လင်းလန်ဇီကိုခေါ်လိုက်ပြန်သည်။

မာတီမီဒီယာဌာနအလုပ်လုပ်ချိန်ကျပြီ။ သူ့ကိုလာပြီးစိတ်အနှောင့်အယှက်ပေးတာကိုလက်စားမချေရင် အနိုင်ကျင့်ရလွယ်သည်ဟုထင်သွားလိမ့်မည်။

ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့ပြည်သူ့အမြင်ကမကောင်း။ သူတို့လှူဒါန်းထားသောဒိုနာစီမြက်ရင်းအတွက် စိတ်မကောင်းဖြစ်မိသည်။

ဝမ်ဖုန်းတို့မြက်ခိုးသောအုပ်စုကိုမူ ခေါင်းဆောင်ဟုန်လက်ထဲအပ်ပြီး ကျန်တာလွှဲလိုက်မည်။ သူတို့သဘောအတိုင်းဖြေရှင်းပါစေ။

တချို့အသေးအမွှားလေးတွေ သူ့စိတ်ထဲမရှိ။

…

ချင်းယွမ်မွေးမြူရေးခြံ_

ဟန်စုက ဝမ်ဖုန်းတို့ဆီမှသတင်းစောင့်နေသည်။ ပထမအကြိမ်ခွေးသွားစိတ်မြက်ခိုးတာ အလွယ်တကူရခဲ့သောကြောင့် ဝမ်ဖုန်းတို့ဒုတိယအကြိမ်ခိုးတာ သိပ်စိတ်ပူမနေ။

အခု ရလဒ်ကိုထိုင်စောင့်နေရုံသာ။

သို့သော် အချိန်လွန်သည်နှင့်အမျှ တစ်ခုခုဖြစ်နေပြီဟုခံစားရသည်။ ဝမ်ဖုန်းတို့ထွက်သွားတဲ့အချိန်အရ အောင်မြင်သင့်ပြီဖြစ်သော်လည်း ဘာသတင်းမှမရဘဲရှိနေသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ဖုန်းတို့က သူ့ကိုဖုန်းဆက်အသိပေးသင့်တာပေါ့။

ညရောက်သည့်တိုင်အောင် ဝမ်ဖုန်းထံမှသတင်းမရချေ။

ဟန်စုမှာ ရုတ်တရက်ခံစားချက်မကောင်းသဖြင့် လက်အောက်ငယ်သားတစ်ဦးကိုအမြန်ရှာပြီး_

''ဝမ်ဖုန်းဆီက သတင်းမရသေးဘူးလား?''

''မရသေးပါဘူး... ဝမ်ဖုန်းတို့အဖမ်းခံရတာများလား?''

လက်အောက်ငယ်သားက မျက်မှောင်ကြုတ်လိုက်သည်။

ဟန်စုကထိုစကားကြားလျှင် အမြန်ခေါင်းခါပြီး_

''သူတို့အဖမ်းခံရတယ်ဆိုရင်တောင် အကုန်လုံးဖမ်းမိဖို့မဖြစ်နိုင်ဘူး... သတင်းထွက်မှာပဲ... မြက်ခိုးတာပဲလေ... ဝမ်ဖုန်းတို့ကအဖမ်းခံရရင်တောင် သစ္စာမမဲ့လောက်ပါဘူး''

လက်အောက်ငယ်သားလည်း ထောက်ခံလိုက်သည်_

''ဥက္ကဌဟန်ရဲ့လစာကမနည်းဘူး... မြက်ခိုးတာမိသွားရင် သူလက်ဆော့တာလို့ပြောလိုက်ရုံပဲ''

''ဒါပေမဲ့ သစ္စာဖောက်ရင် သေချာပေါက်အလုပ်ပြုတ်မှာ... ဘာကိုရွေးရမလဲ လူတိုင်းသိပါတယ်''

သူတို့နှစ်ဦးအတွေးများနေစဉ် မန်နေဂျာကအလောတကြီးဝင်လာပြီး_

''ဥက္ကဌဟန်... သတင်းဆိုးပဲ... တစ်ခုခုဖြစ်နေပြီ''

''ဘာဖြစ်လို့လဲ?''

ဟန်စုမှာစိတ်ခံစားချက်မကောင်းသောကြောင့် မန်နေဂျာ၏ပြာပြာသလဲအကြည့်ကိုမြင်ပြီး စိတ်အခြေအနေမကောင်းသည့်ကြားကမေးလိုက်သည်။

မန်နေဂျာက တုန်တုန်ယင်ယင်နှင့်ဟန်စုကိုဖုန်းပေးရင်း_

''ဥက္ကဌဟန်... အင်တာနက်ပေါ်ကသတင်းကြည့်ပါဦး... ဝမ်ဖုန်းတို့အဖမ်းခံလိုက်ရပြီ... ချင်းယွမ်မွေးမြူရေးခြံလို့တောင် ထွက်ဆိုထားသေးတယ်... အခုအခြေအနေကဆိုးရွားနေပြီ''

''ဘာ?'' ဟန်စုကြက်သေသေသွားသည်။ သူ့မျက်နှာမှာမယုံနိုင်ပုံနှင့်။

ဒါမျိုးမဖြစ်နိုင်ဘူးလို့ စောစောကပဲအခိုင်အမာယုံကြည်ထားတာလေ။

ဟန်စုမှာ အချိန်မဆိုင်းရဲ၊ ချက်ချင်းမန်နေဂျာဖုန်းကိုယူလိုက်ရာ ဗီဒီယိုတစ်ပုဒ်တွေ့သည်။ သူကဖွင့်မည်ကိုနှိပ်ပြီး ကြည့်လိုက်သည်။ ပထမဆုံးမြင်ကွင်းကြောင့် သူ့မျက်နှာရှုံ့တွသွား၏။

လက်ထိပ်ခတ်ထားသောလူများကို ရဲကားထဲခေါ်သွားနေသည်။

ဒီလူတွေက ဝမ်ဖုန်းတို့မလား?

''လက်ရှိစစ်ဆေးမေးမြန်းထားချက်အရ ဒီသူခိုးတွေက ချင်းယွမ်မွေးမြူရေးခြံကဖြစ်ပါတယ်... သူတို့ရဲ့ရည်ရွယ်ချက်က ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းက လူအားငွေအားအများကြီးစိုက်ထုတ်ပြီးပျိုးထောင်ထားတဲ့ အထူးစားကျက်မြက်ကိုခိုးဖို့ပါ''

''ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းဟာဆိုရင် ဒိုနာစီမြက်ရင်းကိုအခမဲ့လှူဒါန်းထားပြီး သူတို့လုပ်ရပ်တွေက အလွန်ဖြောင့်မှန်ပါတယ်... ဒါပေမဲ့ ပါမောက္ခလီခိုင်ရဲ့နောက်ဆုံးသုတေသနကို လက်မဲတွေကပစ်မှတ်ထားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?''

''သတင်းရင်းမြစ်အရ ရုံချန်းရဲတပ်ဖွဲ့က ချင်းယွမ်မွေးမြူရေးခြံကိုချက်ချင်းသွားပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုစစ်ဆေးမေးမြန်းပါလိမ့်မယ်''

လင်းလန်ဇီရဲ့မာတီမီဒီယာဌာနကို ချင်လင်ကဒီသတင်းတင်ခိုင်းထားခြင်းပင်။ စံအိမ်တရားဝင်အကောင့်ကိုတောင် သုံးစရာမလိုချေ။



All Chapters