← Chapters

ပုဂ္ဂလိက ပြိုင်ပွဲ

Vol. 80 Ch. 1108

ပုဂ္ဂလိက ပြိုင်ပွဲ

Vol. 80 Ch. 1108

များစွာသော လူများမှာ ကွင်းပြင်ထဲမှ တ‌ေရွ့‌ေရွ့ပင် စတင် ထွက်ခွာ နေကြ၏။ သူတို့၏ စိတ်နှလုံးများက အုံ့မှိုင်းကာ သုန်မှုန်ခြင်းများနှင့် ပြည့်နှက်နေသည်။

အလှပဂေး နှစ်ယောက်...

ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည့် ပြိုင်ပွဲ...

၂-၂ မှသည်၊ ပဉ္စမ အကြိမ် အထိ တူညီနေခဲ့သည့် သ‌ေရ ရလဒ်

သို့သော်လည်း... စက္ကန့်ပိုင်း အတွင်းမှာပင် အရာအားလုံးက မျက်လှည့်ဆန်စွာ ပြီးဆုံး သွားခဲ့သည်။ မျှော်လင့်ချက် များစွာမှာ ကမြောသောပါး အဆုံးသတ် သွားခဲ့ရသည်။

“ဒီလို လူမျိုးက ဘယ်လိုလုပ်ပြီး နာမည်ခံ တပည့် ဖြစ်လာရသလဲကွာ... တကယ့်ကို ကံဆိုးတာပဲ”

"ငါတို့ ကြားဖူးတာ တကယ် မှန်တာပဲ... အယ်ဗန် မျိုးနွယ်တွေက ပါရမီ မရှိသလို ဦးနှောက်လည်း မပါဘူး”

ထိုကဲ့သို့သော မှတ်ချက်မျိုးမှာ နေရာ အနှံ့တွင် ထွက်ပေါ်နေ၏။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်တုန်းက အဆင့်နိမ့် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက်မှာ အကယ်ဒမီ အတွင်း ရုတ်တရက် ပေါ်လာကာ အဂ္ဂိရတ် ပညာရှင် အားလုံး အိပ်မက်မက်ခဲ့ရသည့် နေရာကို မိုးကျ‌ေရွှကိုယ်လို ရယူသွားခဲ့သည်။ ထို့နောက်တွင်တော့ အဆင့်အတန်းနှင့် အခွင့်အ‌ေရး အလုံးစုံကို အခန့်သားပင် သိမ်းပိုက် သွားခဲ့သည်။

ထိုစဉ်ကတည်းက အားလုံး၏ နှလုံးသားများထဲတွင် အခြေတည် နေခဲ့သည့် မနာလိုမှုများနှင့် မုန်တီးမှုများမှာ ယခုတွင်တော့ ချိန်ကိုက်ဗုံး တစ်လုံးလို ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။

“အမှန်ပဲ... ဆိုးတယ် ဆိုးတယ်... ဒါပေမဲ့ သေချာလေး ကြည့်ရင် သူက မဆိုးဘူးကွ... အဲဒီ မျက်နှာနဲ့ အဲဒီ ကိုယ်လုံးလေး... နောက်ပြီး နားလေးတွေ ဆိုရင် တို့ ကောင်းကင်မျိုးနွယ်နဲ့တောင် ဆင်နေသေး... ကျွတ်... ကျွတ်...”

“ဘာလဲ... မင်းက အယ်ဗန် ကလေးလေးတွေ လိုချင်နေပြီလား... မင်းလည်း သိသားနဲ့... သူတို့မျိုးနွယ်က ရုပ်လှသလောက်...”

“ဟဟ... ငါ သိပါတယ်ကွာ... ငါ့ရဲ့ ကောင်းကင်မျိုးနွယ် သွေးမျိုးဆက်ကို နိမ့်ကျတဲ့ သွေးနဲ့နှောရအောင် အရူးမှ မဟုတ်တာ”

မိမိမျိုးနွယ်ဂုဏ်ကို မြှင့်တင်ရန် အယ်ဗန် မျိုးနွယ်ကို ရှုံ့ချဖို့ ကြိုးစားရင်း လူသားနှင့် ကောင်းကင် မျိုးနွယ်များ၏ မှတ်ချက်များက ပိုမို၍ ဆိုးရွားလာ၏။

ဝေ့ဝူယင်၏ အမူအရာက မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... သူ့ နှလုံးသားကတော့ ရွံရှာ စက်ဆုပ်မှုများနှင့် ပြည့်နှက် နေခဲ့၏။ အနန္တ ဧကရာဇ်ဂိုဏ်းအား သူ သဘောကျရသည့် အချက် တစ်ချက်မှာ လူတိုင်းကို တူညီစွာ ရှုမြင်ခြင်းကြောင့် ဖြစ်သည်။ ထိုနေရာ၌ အယ်ဗန်များ၊ နတ်ဆိုးများ၊ လူသားများနှင့် ရှို့ရန်များ အပါအဝင် မျိုးနွယ်စုပေါင်း များစွာမှာ နှစ်ထောင်ပေါင်းများစွာ တိုင်အောင် သဟဇာတ ဖြစ်စွာ နေထိုင်ခဲ့ကြပေသည်။

“စစ်မှန်တဲ့ ဧကရာဇ် တစ်ပါး ဆိုတာ ကောင်းကင်နဲ့ မြေကြီး အပါအဝင် အဲဒီကြားမှာ ရှိတဲ့ အရာအားလုံးကို အစိုးရတယ်... ငါ့မျက်လုံးထဲမှာ မြင်ပင်ပဲ ဖြစ်ဖြစ်၊ လေပဲ ဖြစ်ဖြစ်၊ သက်ရှိပဲ ဖြစ်ဖြစ် အကုန် အတူတူပဲ.... ငါ တစ်ယောက်ပဲ သူတို့ အပေါ်မှာ ရှိတယ်”

ထိုအရာက ဂိုဏ်းစတင် တည်ထောင်ခဲ့သည့် နေ့တွင် မဟာ ဧကရာဇ် ဝူယု ပြောကြားခဲ့သည့် နာမည်ကျော် စကားပင်။

အခြားတစ်ဖက်တွင်တော့ ချင်ကူးယဉ်၏ မျက်ဝန်းများမှာ ခံပြင်းဒေါသများနှင့် ပြည့်နှက် နေသည်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် သူမ၏ လက်ကလေးများမှာ တဆတ်ဆတ် တုန်ရီနေသည်။ သူမမှာ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်လေရာ မိုင်ရာပေါင်းများစွာ အကွာအဝေးမှ သက်ရွက်ကြွေသံကိုပင် ကြားနိုင်စွမ်း ရှိသူ ဖြစ်သည်။ သို့ဖြစ်လေရာ အထိန်းအကွပ် မရှိ ပြောဆိုနေသည့် အတင်းအဖျင်း စကားများကို သူမ မည်ကဲ့သို့ မကြားပဲ နေပါမည်နည်း။

မကြာခင်မှာပင် ဒိုင်လူကြီး သုံးယောက်မှာ ချူးစို့သာ မှော်သန့်စင် ဆေးအိုး ထည့်ထားသည့် လက်စွပ်ကို ထျန်း‌ေရှာင်လော့ထံ ယူဆောင် လာခဲ့၏။ ဆေးအိုးမှာ လျှို့ဝှက် အဆင့်၌ ရှိနေလေရာ လက်စွပ်မှာလည်း ရှန့်ထို လက်စွပ် ဖြစ်သည်။ သို့သော်လည်း... အတွင်းရှိ အရွယ်အစားကတော့ အလွန် သေးငယ်ကာ ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို ထည့်သွင်းရန်သာ လုံလောက်ပေသည်။

မှော်သန့်စင် ဆေးအိုး အတွက် ထျန်း‌ေရှာင်လော့ကို ကျမ်းသစ္စာ ကျိန်ဆိုစေခြင်း အပါအဝင် တာဝန် အားလုံး ပြီးဆုံးသွားသည့် နောက်တွင်တော့ ဒိုင်လူကြီး သုံးယောက်မှာလည်း ပြန်လည် ထွက်ခွာ သွားခဲ့ကြသည်။ နောက်ဆုံး၌ ကွင်းပြင်ကျယ်ကြီး အတွင်းတွင် ဝေ့ဝူယင် အပါအဝင် လူငါးယောက်သာ ကျန်ရစ်ခဲ့ပေတော့သည်။ အခြား လေးယောက်ကတော့ ချောင်စွေ့ဖုန်း၊ လျူစုယင်၊ ချင်ကူးယဉ်နှင့် ထျန်း‌ေရှာင်လော့တို့ပင် ဖြစ်လေသည်။

ဝေ့ဝူယင်မှာ အချောအလှ လေးယောက်၏ အလယ်တွင် ရှိနေခဲ့၏။ သို့သော်လည်း... သူ့ စိတ်က ထိုအတွက်ကြောင့်တော့ နည်းနည်းလေးမျှ တုန်လှုပ်ခြင်း မရှိပါချေ။ အဘယ်ကြောင့်နည်း။ ထျန်း‌ေရှာင်လော့မှာ သဘောထား ကြီးစွာဖြင့် ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို ချင်ကူးယဉ်နှင့် မျှဝေရန် ဆန္ဒရှိနေသောကြောင့်ပင် ဖြစ်လေသည်။

ချင်ကူးယဉ်က ထိုကမ်းလှမ်းမှုကို ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။ အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက် အနေဖြင့် သူများ အထင်သေးမည့် ကိစ္စမျိုး သူမ ထပ်မလုပ်လိုတော့ချေ။ သို့သော်လည်း... ထျန်း‌ေရှာင်လော့မှာ မှော်သန့်စင် ဆေးအိုးကို သူမ တစ်ယောက်တည်း မပိုင်ဆိုင်လိုပုံ ရလေသည်။ သူမက ချင်ကူးယဉ်ကို သွယ်ဝိုင်၍ ဖျောင်းဖျနေကာ နောက်ဆုံး၌ အသက် အန္တရာယ်နှင့်ပင် ခြိမ်းခြောက် လာခဲ့သည်။

ချင်ကူးယဉ် တစ်ယောက် ထျန်း‌ေရှာင်လော့ကို အချိန် အကြာကြီး စိုက်ကြည့် နေမိသည်။ သူမက အရူးတစ်ယောက် မဟုတ်ပါချေ။ ထျန်း‌ေရှာင်လော့ထံတွင် ရည်ရွယ်ချက် တစ်ခု ရှိလိမ့်မည် ဖြစ်ကြောင်း သတိပြုမိပြီး ဖြစ်သည်။

ဘယ်လိုမှ မတတ်နိုင်သည့် အဆုံးတွင်တော့ မိန်းကလေးမှာ တောင်းဆိုမှု တစ်ခုနှင့် အတူ လက်ခံရန် သဘောတူခဲ့ရတော့သည်။

“ဝေ့ဝူယင်ပါ သုံးလို့ရမယ် ဆိုရင် ကျွန်မ လက်ခံမယ်”

“...”

ဘေးနားရှိ ဝေ့ဝူယင်၏ မျက်လုံးများက မသိမသာပင် လင်းလက် သွား၏။

‘ဆိုတော့ ချင်ကူးယဉ်ဆီမှာ အမွေအနှစ် အတွက် သော့က တကယ်ပဲ ရှိနေတယ်ပေါ့... နောက်ပြီး ထျန်း‌ေရှာင်လော့ရဲ့ ပုံစံက အဲဒါကို သိနေပုံ ရတယ်... ထူးဆန်းတယ်... ဒါဆိုရင် သ‌ေရ ဆိုတာက ကောင်းကင်တာအို ဖန်တီးတာလား... ထျန်း‌ေရှာင်လော့ တမင် လုပ်ယူတာလား... ထျန်း‌ေရှာင်လော့က ငါ့လိုပဲ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက်များလား”

ဤသို့ဆိုလျှင် သူ၏ မူလ သီအိုရီက များစွာ လွဲမှားနေပုံ မရပါချေ။ ချင်ကူးယဉ်နှင့် ထျန်း‌ေရှာင်လော့တို့မှာ တစ်နည်းနည်းဖြင့် မဟာမိတ် ဖြစ်ကို ဖြစ်ရမည် ဖြစ်သည်။

အချိန် ကြာမြင့်စွာ တိတ်ဆိတ်ပြီး နောက်ဆုံး၌ ထျန်း‌ေရှာင်လော့မှာ ဝေ့ဝူယင်ကို ပထမဆုံး အကြိမ် အဖြစ် လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက လူငယ်၏ ချောမောမှုကို သတိမထားမိသည့် အလား ထူးမခြားနားမှုများနှင့် ပြည့်နှက်နေသည်။ ထို့နောက်... သူမက ချင်ကူးယဉ်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။

“သူသာ မှော်သန့်စင် ဆေးအိုးကို မျှဝေဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်ရင် ငါ လက်ခံပေးမယ်... မဟုတ်ဘူး ဆိုရင်တော့ ထားလိုက်တော့... ငါ့ဘာသာငါပဲ သိမ်းထားလိုက်တော့မယ်”

ချင်ကူးယဉ်က မျက်မှောင်ကြုတ်လိုက်၏။ ဝေ့ဝူယင်မှာ သူမလိုမျိုး ထာဝရ ကြယ်တာရာ နယ်မြေမှာ လာသူ တစ်ယောက် ဖြစ်လေရာ ထိုနေရာရှိ အဂ္ဂိရတ် အဆင့်အတန်းကို သူမ သဘောပေါက် ပေသည်။ လူငယ်မှာ အဂ္ဂိရတ် နယ်ပယ်တွင် အလွန် ပါရမီ မြင့်မားသည့်တိုင် သင်ကြားခဲ့ရသော အရာများကတော့ ထျန်း‌ေရှာင်လော့နှင့် ယှဉ်လျှင် အလွန် ကွဲပြားပေလိမ့်မည်။ လူငယ် အနေဖြင့် ထိုက်တန်ကြောင်း သက်သေ မပြနိုင်မှာ သူမ စိုးရိမ်မိပေသည်။

သို့သော်လည်း... အခြားတစ်ဖက်၌ သူမသာ လက်ခံရန် ငြင်းဆိုလိုက်ပါက မှော်သန့်စင် ဆေးအိုး ပိုင်ဆိုင်ခွင့်ကို နှစ်ကြိမ်တိတိ ဆုံးရှုံးရတော့မည် ဖြစ်သည်။

“ဟဟ...”

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ အခွင့်အ‌ေရးက မျက်စိ ‌ေရှ့မှောက်၌ ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းအား တဆုံး မနှိုက်ပါက သူ မိုက်ရာ ကျပေလိမ့်မည်။

“ကောင်းပြီလေ... ကျုပ်ကိုကျုပ် ဘယ်လို သက်သေပြရမလဲ ပြောပါဦး”

ထျန်း‌ေ အခွင့်အ‌ေရးက မျက်စိ ‌ေရှ့မှောက်၌ ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းအား တဆုံး မနှိုက်ပါက သူ မိုက်ရာ ကျပေလိမ့်မည်။

ထျန်း‌ေရှာင်လော့က ခေါင်းညိတ်လိုက်၏။ ယောက်ျား တစ်ယောက်မှာ သူ့ကိုယ်သူ သက်သေပြရန် အမြဲတမ်း အဆင်သင့် ရှိနေသင့်သည်။

“နင်နဲ့ငါ ရွှင်းစု တာအို တိုက်ပွဲ တစ်ခု တိုက်မယ်... အဆင့်ငါး ထုတ်ကုန်ကို သုံးမယ်... ငါနိုင်ရင် ချင်ကူးယဉ် နင့်ကို ဘာပဲ သင်သင်၊ ဘာပဲ ကူညီ ကူညီ ငါနဲ့ မဆိုင်ဘူး... ဒါပေမဲ့ မှော်ဆေးအိုးထဲက အမွေအနှစ်ကို နင်ယူခွင့် မရှိဘူး... တကယ်လို့ နင်နိုင်ရင် ကြိုက်သလိုလုပ်... ဒါပေမဲ့ စတုတ္ထမြောက် တစ်‌ယောက်ကိုတော့ ဆွဲသွင်းလို့ မရဘူး”

ထျန်း‌ေရှာင်လော့က ချောင်စွေ့ဖုန်းကို မသိမသာ လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက ထူးဆန်းသည့် အလင်းတန်းများနှင့် ပြည့်နှက်နေသည်။

“ကောင်းပြီလေ... ကျုပ် သဘောတူတယ်”

ဝေ့ဝူယင်က မတုန့်မဆိုင်းပင် လက်ခံလိုက်၏။ ရွှင်းစု တာအို တိုက်ပွဲများတွင် ပါဝင်ခဲ့ဖူးခြင်း မရှိသော်လည်း အနိုင်ရရှိရန် သူ အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။ မည်သို့ပင် ဆိုစေ... သူက လျှို့ဝှက် ဆန်းကြယ်လှသော နယ်ပယ်ကို ခြေတစ်လှမ်း လှမ်းထားနိုင်သည့် သေမျိုး အဂ္ဂိရတ် ရှန့်ထို တစ်ယောက် မဟုတ်ပါလား။

***

All Chapters