ရွှင်းစု တာအို တိုက်ပွဲ၏ ရလဒ် (၂)
Vol. 80 Ch. 1111
အဂ္ဂိရတ် တာအို၌ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အဂ္ဂိရတ် ထုတ်ကုန်များကို အလွန် ထူးဆန်းသည့် ဖြစ်စဉ် တစ်ခု၏ ရလဒ် အဖြစ် ယူဆကြသည်။ အတိမပြုနိုင်သေးသည့် အချက်အလက် တစ်ခု အရ ဆိုလျှင် လောက အတွင်းရှိ အဂ္ဂိရတ် ဖော်စပ်မှု ထရီလျံ သုံးရာတွင် တစ်ခုတည်းသော အဂ္ဂိရတ် ထုတ်ကုန်သာ သာလွန်ခြင်း အဆင့် အရည်အသွေး ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။
ထိုကဲ့သို့ အဆုံးစွန် အရည်အသွေးရှိသည့် ထုတ်ကုန် တစ်ခု မည်ကဲ့သို့ ဖြစ်ပေါ်လာကြောင်းကိုတော့ မည်သူမှ မသိကြသေးချေ။ အဂ္ဂိရတ် ရှန့်ထိုများသာလျှင် သိကောင်း သိနိုင်ပေသည်။ တစ်ချို့ ကောလဟလများ အရ ဆိုလျှင် အဂ္ဂိရတ် ကောင်းကင် ရှန့်ထိုများမှာ လျှို့ဝှက် လမ်းစဉ် အပေါ် အခြေခံ နားလည်မှုများနှင့် အတူ ထိုထူးဆန်းသော ဖြစ်စဉ်ကို ချိတ်ဆက်နိုင်ကြသည်ဟု ဆိုသည်။
ချောင်စွေ့ဖုန်းက ထျန်းေရှာင်လော့၏ ခံစားချက်များကို နားလည်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။ မိန်းကလေး ,ဘက်မှ တွေးပါက သူမ ရှုံးနိမ့်သွားခဲ့သည့် နည်းလမ်းမှာ အတော်လေး ခံပြင်းစရာ ကောင်းပေသည်။
ဝေ့ဝူယင်မှာ တာအို တိုက်ပွဲအတွင်း ယင်ယန် အမတေ ဆေးလုံးကို လေးကြိမ် ဖော်စပ်ခဲ့ကာ ပထမ နှစ်ကြိမ်မှာ မသန့်စင်သည့် အဆင့်ဖြင့်သာ အဆုံသတ်ခဲ့သည်။ တတိယမြောက် တစ်ကြိမ်မှာလည်း အောင်မြင်ခဲ့သည် ဆိုသည့်တိုင် အရည်အသွေးနိမ့် အဆင့်တွင်သာ ရှိသည်။
အခြားတစ်ဖက်တွင်တော့ ထျန်းေရှာင်လော့မှာ အရည်အသွေးမြင့် ဆေးလုံး လေးလုံးနှင့် အထွတ်အထိပ် အဆင့် တစ်လုံးတို့ကို ဖော်စပ်အောင်မြင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ကောင်းကင်မှာ ဝေ့ဝူယင်ဘက်တွင်သာ ရှိနေခဲ့သည့်ပုံ ပေါ်သည်။
လျူစုယင်မှာလည်း တူညီစွာပင် တုန်လှုပ်နေခဲ့လေ၏။ သို့သော်လည်း တစ်ချိန်တည်း၌ သူမ၏ စိတ်က နားမလည်နိုင်မှု၊ သံသယများနှင့်လည်း ပြည့်နှက်နေသည်။ တစ်ခုခုက မူမမှန်သလို သူမ ခံစားရသည်။
ဝေ့ဝူယင်မှာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံတွင် ဗိုလ်ဆွဲခဲ့သူ ဖြစ်သည်။ ပြိုင်ပွဲတွင် ကျိုးနင်၏ အကူအညီကို တစ်စိတ်တစ်ပိုင်း ရယူခဲ့သည့်တိုင် သူကသာလျှင် အဓိက ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် မရှိလျှင်ပင် ရလဒ်က ယခုထက် ပိုမို ကောင်းမွန်သင့်သည်။
“သာလွန်ခြင်း အဆင့်... သာလွန်ခြင်း အဆင့်...”
ချင်ကူးယဉ်မှာလည်း ရှုပ်ထွေး ပွေလီသော စိတ်များနှင့် အတူ သာလွန်ခြင်း အဆင့် ယင်ယန် အမတေ ဆေးလုံးလေးကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ ဤသည်က ဝေ့ဝူယင် သာလွန်ခြင်း အဆင့် ဆေးလုံးအား ဖော်စပ်ဖူးသည့် ပထမဆုံး အကြိမ် မဟုတ်ပါချေ။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် သူမနှင့် တိုက်ခိုက်ခဲ့သည့် အဂ္ဂိရတ် တိုက်ပွဲတွင်လည်း လူငယ်မှာ အလားတူ အောင်မြင်ခဲ့သည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းက အဆင့်ငါး ဆေးလုံးပင် မဟုတ်ချေ။ အဆင့်ရှစ် လောက အလင်းပြန်ခြင်း ဆေးရည် ဖြစ်သည်။
ထိုနှစ်ကြိမ်လုံးက တိုက်ဆိုင်မှု သက်သက် ဖြစ်နိုင်ပါသလော။ သို့တည်းမဟုတ် ဝေ့ဝူယင်မှာ သာလွန်ခြင်း အဆင့် ဆေးလုံးများကို ရည်ရွယ်ချက် ရှိရှိ ဖော်စပ်နိုင်သည့် လူတစ်ယောက်လော။
မိန်းကလေး၏ မျက်လုံးများက ဖြည်းညင်းစွာ ေရွ့လျားသွားကာ ဝေ့ဝူယင်ကို အချိန် အကြာကြီး စိုက်ကြည့် နေခဲ့မိ၏။ သာလွန်ခြင်း အဆင့် အရည်အသွေးမှာ အကြိမ် ထရီပေါင်း သုံးရာတွင် တစ်ကြိမ်သာ ဖြစ်ပေါ် လာတတ်သည် ဆိုလျှင် လူတစ်ယောက်တည်းမှ ဆယ်စုနှစ် အနည်းငယ် အတွင်း နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ဖော်စပ်နိုင်ဖို့ ဖြစ်နိုင်ပါသလော။
အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များ အရ ဆိုလျှင် အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင်များမှ အပ မည်သည့် အဂ္ဂိရတ် ပညာရှင်မှ သာလွန်ခြင်း အဆင့် အရည်အသွေးကို မဖော်စပ်နိုင်ဟု သူမ မှတ်သားဖူးသည်။ အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင်များတွင်ပင် မြေကြီး ရှန့်ထို အဆင့်နှင့် အထက်များသာ အဆင့်ခုနစ်နှင့် အောက်အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ အတွက် သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖော်စပ်နိုင်ဖို့ ဖြစ်နိုင်ချေ အနည်းငယ် ရှိသည်။ အခြား အဂ္ဂိရတ် ပညာရှင်များ အတွက်တော့ သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖော်စပ်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်.
သို့သော်လည်း... ငွေရောင် မျက်လုံးများနှင့် လူငယ်ကတော့...
ချင်ကူးယဉ်၏ မျက်လုံးများက ထက်ရှစွာ ကျဉ်းမြောင်း သွား၏။ ဖြစ်နိုင်ချေကို တွက်ချက်ရင်း ဝေ့ဝူယင် အပေါ် သူမ၏ သံသယများက ပိုမို၍ ကြီးထွားလာခဲ့သည်။ ကံဆိုးစွာပင် သူမထံတွင် သက်သေ မရှိပါချေ။ ဝေ့ဝူယင် ကံကောင်းခဲ့တာ သက်သက်လည်း ဖြစ်နိုင်ပေသည်။
အလွန် ဝေးကွာလွန်းလှသော အဆုံးမဲ့ မြို့တော် အတွင်းတွင်တော့ လျူယင်လန်းမှာ ဝေ့ဝူယင် အနိုင်ရရှိခဲ့သည့် သတင်းကို လက်ခံ ရရှိခဲ့၏။ သူမ၏ အမူအရာက ချက်ချင်းပင် စိတ်လှုပ်ရှားမှု၊ အံ့သြမှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားခဲ့သည်။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကံလဲ...”
အချိန် ကြာမြင့်စွာ တွေးတောနေပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ကာ ကျင့်ကြံသည့် အခြေအနေတစ်ခုကို ပြန်လည် ဝင်ရောက်သွားတော့သည်။
...
ဝေ့ဝူယင်က သာလွန်ခြင်း အဆင့် ယင်ယန် အမတေ ဆေးလုံးလေးကို ဂရုတစိုက်ပင် ပြန်လည် သိမ်းဆည်းလိုက်၏။ သူ၏ အမူအရာက အခြားလူများ ခိုးယူသွားမှာ စိုးရိမ်နေသည့် အလားပင်။ ထို့နောက် သူက ထျန်းေရှာင်လော့ကို လှည့်ကြည့်လိုက်၏။
“ကျုပ် နိုင်သွားပြီ ဆိုတော့ ကျုပ်ပါ ပါလို့ရပြီ မလား”
လူငယ်၏ ငွေရောင် မျက်လုံးများက မျှော်လင့်ချက် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ ထျန်းေရှာင်လော့က သက်ပြင်းတစ်ချက် ချကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။
အဂ္ဂိရတ် ပညာရှင် တစ်ယောက် အတွက် ထိုကဲ့သို့ မျက်လှည့်ဆန်ဆန် ရှုံးနိမ့်ရခြင်းမှာ အလွန် မချင့်မရဲ ဖြစ်စရာ ကောင်းလွန်းလှသည်။
သို့သော်လည်း... သူမအတွက် တစ်ခုတည်းသော ေရွးချယ်စရာက လက်ခံရန်သာ ဖြစ်သည်။ သူမထံတွင် လက်ခံပြီး ေရှ့ဆက်ရုံသာ ရှိပေသည်။ သို့သော်လည်း... ချူးစို့သာ မှော်သန့်စင် ဆေးအိုးအား ချင်ကူးယဉ် မျှဝေ နေသေရွ့ သူမ အတွက် အကျိုးအမြတ် ရှိနေလိမ့်မည် ဖြစ်သည်။ ထိုမိန်းကလေးသာ မရှိပါက သူမ၏ ရည်ရွယ်ချက် အားလုံး ေရစုန်မျော သွားပေလိမ့်မည်။
“သွားကြမယ်...”
ထျန်းေရှာင်လော့က ဝေ့ဝူယင်နှင့် ချင်ကူးယဉ်တို့ကို နန်းတော် အတွင်းသို့ ပြန်လည် ဖိတ်ခေါ်လိုက်၏။ သူမက လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့ကိုတော့ အထဲကို ဝင်ရောက်ခွင့် ပြုလိမ့်မည် မဟုတ်ချေ။ အမွေအနှစ်မှာ အလွန် အေရးကြီးသည့် ရတနာ တစ်ခု ဖြစ်လေရာ တင်းကြပ်သင့်သည့် စည်းမျဉ်းများ ရှိပေသည်။
မကြာခင်မှာပင် ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့မှာ နန်းတော် တံခါးကို ဖြတ်သန်း၍ အထဲသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။ ဝေ့ဝူယင်က လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့ကို တောင်းပန်ဟန်ဖြင့် တစ်ချက် ကြည့်ကာ မိန်းကလေး နှစ်ယောက် နောက်သို့ လိုက်သွားခဲ့၏။
ဝမ်... ဝမ်...
ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ဝင်္ကပါများမှာ အသက်ဝင်လာကာ နန်းတော် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့လေ၏။ တံခါး အပြင်ဘက်တွင်တော့ မိန်းကလေး နှစ်ယောက်နှင့် အရိပ်ထဲမှ စောင့်ကြည့် နေကြသူများသာ ကျန်ရစ်ခဲ့ပေသည်။
လောကအဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ အမွေအနှစ်...
လျှို့ဝှက် အဆင့် အတားအဆီးများအား ချိုးဖျက်နိုင်မည့် ထိုအခွင့်အေရးကို မလိုချင်သူ ကမ္ဘာပေါ်မှာ အဘယ်မှာ ရှိပါမည်နည်း။
“...”
လျူစုယင်မှာ နန်းတော်၏ ရိုးရှင်းသော တံခါးကို စိုက်ကြည့် နေခဲ့၏။ ထူးဆန်းစွာပင် သူမ၏ အေးစက်စက် မျက်ဝန်းများက ခံစားချက် အငွေ့အသက် တစ်ချို့ဖြင့် ယှက်သမ်းနေသည်။
“ရှင် သူ့ကို စိတ်ပူနေတာလား...”
ချောင်စွေ့ဖုန်းက လျူစုယင် အနားကို အနည်းငယ် တိုးကပ်ရင်း မေးလိုက်သည်။ မှိန်ဖျော့ဖျော့ အပြုံးတစ်ချို့က သူမ၏ နုနုရွရွ နှုတ်ခမ်းထက်တွင် တွဲလွဲခိုနေသည်။
“ဒါမှမဟုတ် သူ့ကို ဘယ်အရာတွေက ထူးခြားစေတာလဲ ဆိုတာ တွေးနေတာလား...”
“...”
မိန်းကလေးက မျက်တောင်များကို တဖျပ်ဖျပ် ခပ်လိုက်၏။ သို့သော်လည်း... အချိန် အတန်ကြာသည် အထိ သူမထံမှ အဖြေစကား ထွက်မလာခဲ့ပါချေ။ အမှန်တကယ် ဝန်ခံရပါက သူမ ကိုယ်တိုင်ပင် မည်သည့် အကြောင်းအရာများ အတိအကျ တွေးတောနေကြောင်း စဉ်းစားမရပါချေ။
...
အခြားတစ်ဖက်တွင်တော့ ဝေ့ဝူယင် ဆိုသည့် နာမည်မှာ တစ်စတစ်စဖြင့် အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒီထဲ စတင်ကာ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်သည်။ များစွာသော လူများမှာ ဝေ့ဝူယင်၏ ဇစ်မြစ်၊ အသက်၊ အတိတ်နှင့် အလားအလာများ အကြောင်းကို စတင်ကာ စုံစမ်း လာကြသည်။
ကံမကောင်းစွာပင် သူတို့ ရှာဖွေ တွေ့ရှိခဲ့သည့် အချက်အလက်များက အလွန် နည်းပါးလွန်းလှသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်နှင့် ပတ်သက်၍ အချက်သုံးချက်ကို သူတို့ ရှာဖွေ တွေ့ရှိခဲ့ပေသည်။
ပထမ တစ်ချက်... ဝေ့ဝူယင်မှာ ချိပ်ပိတ်နယ်မြေ ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ချိပ်ပိတ် နယ်မြေ ဝိညာဉ်ဟု သုံးနှုန်းရသည့် အကြောင်းရင်းကား ဝေ့ဝူယင်မှာ ချိပ်ပိတ် အစီအရင် မသက်ရောက်နိုင်သည့် ဝိညာဉ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ သူက ချိပ်ပိတ်နယ်မြေထဲတွင် သဘာဝ အတိုင်း မေးဖွားလာခဲ့သူ ဖြစ်သည်။
ဒုတိယ တစ်ချက်... ဝေ့ဝူယင်၏ လည်ပင်းတွင် အာကာသ ဝေဟင်ဂိုဏ်း၏ ကျောက်စိမ်း လခြမ်း ဆွဲကြိုးအား ဆွဲထားသည်ကို တွေ့ရသည်။ သူက အာကာသ ဝေဟင်ဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် အပြင် ေရစက်ကြိုး ပိုင်ရှင် တစ်ယောက်လည်း ဖြစ်သည်။
တတိယမြောက်နှင့် နောက်ဆုံးတစ်ချက်... ဝေ့ဝူယင်မှာ အဆုံးမဲ့ ဟင်းလင်းပြင် တံတားကို အသက်သွင်းကာ အာကာသ ဥပဒေသ၏ ကောင်းချီးကို ရရှိခဲ့သည်ဟု သိရသည်။ သူက အစစ်အမှန် ကံကြမ္မာ ခရီးသည်လည်း ဖြစ်သည်။ ထို့အပြင်... သူက သမိုင်းမှတ်တမ်းများထဲတွင် ဖော်ပြထားသည့် တံတားကိုပင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။
နောက်ဆုံးတစ်ချက်ကို ကြားခဲ့ရချိန်တွင်တော့ အားလုံးမှာ ပါးစပ် အဟောင်းသားပင် ဖြစ်သွားခဲ့ရတော့သည်။ လူငယ်လေးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ရုံမျှသာ မက အသက် တစ်ရာ မပြည့်ခင်မှာပင် အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက်လည်း ဖြစ်နေခဲ့သေးသည်။
ပါရမီ ဆိုသော စကားလုံးကို အဓိပ္ပာယ် ဖွင့်ရမည် ဆိုပါက ဝေ့ဝူယင် ဆိုသော ဝေါဟာရ ဥပမာ တစ်ခု အဖြစ် ထည့်သွင်းသင့်နေပြီ ဖြစ်သည်။
***