လှုပ်ရှားလာသည့် မှော်သန့်စင် ဆေးအိုး (၂)
Vol. 80 Ch. 1113
ချင်ကူးယဉ်က ထျန်းေရှာင်လော့ကို ကြည့်လိုက်၏။ မိန်းကလေး နှစ်ယောက်စလုံး၏ အမူအရာများက တူညီစွာပင် သုန်မှုန် နေကြသည်။
“မှော်ဆေးအိုးက ပိုင်ရှင် အဖြစ် လက်ခံဖို့ သော့ချက် လိုတာများလား...”
ထျန်းေရှာင်လော့က အနည်းငယ် စဉ်းစားဟန်ဖြင့် မေးလိုက်သည်။ ချင်ကူးယဉ်မှာ အမွေအနှစ် အတွက် သော့ချက်ကို ကိုင်ဆောင်ထားကြောင်း သူမ အစောကြီးကတည်းက သိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူမ ချင်ကူးယဉ်ကို မပါပါအောင် ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။
“...”
ချင်ကူးယဉ်၏ မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပသွား၏။ သူမက လက်ချောင်းကလေးများနှင့် အင်္ကျီရင်ဘတ်ကို ထိလိုက်ရင်း ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင် အကြည့်လွှဲနေသည်ကို သတိထားမိသော အခါတွင်မှ သူမက အပေါ်ရုံ ဖြည်းညင်းစွာ လျှောချလိုက်သည်။
တဒင်္ဂ အတွင်းမှာပင် မိန်းကလေး၏ အပေါ်ပိုင်း၌ အဖြူရောင် အတွင်းခံ ပါးပါးလေး တစ်ခုသာ ကျန်ရှိတော့၏။ သူမ၏ ရင်သားနှစ်မွှာမှာ အလွန် ကြီးမားခြင်း မရှိသည့်တိုင် ပုံပန်း သဏ္ဌာန်၊ အရွယ်အစားနှင့် နူးညံ့မှုတို့က ရင်သပ် ရှုမောဖွယ် ကောင်းလွန်းလှသည်။
မိန်းကလေး၏ ရင်ဘတ် ဗဟို တည့်တည့်၊ သားမြတ်တို့၏ အထက်တွင်တော့ တက်တူးသဖွယ် သင်္ကေတ နှစ်ခု ဖြစ်တည် နေခဲ့လေသည်။ ၎င်းတို့ အနက် တစ်ခုမှာ “အနန္တ” ဟု အဓိပ္ပာယ် ရကာ နောက်တစ်ခုကတော့ “အသွင်ပြောင်းခြင်း” ဟု အဓိပ္ပာယ် ရလေသည်။
မိန်းကလေးက လက်ဟန် ချိပ်စည်း တစ်ခုကို ဖွဲ့စည်းလိုက်လေရာ သင်္ကေတ နှစ်ခုမှာ ဖြည်းညင်းစွာ လင်းလက် လာခဲ့လေ၏။ ၎င်းတို့က ထူးကဲလှသည့် သြဇာ အာဏာ၊ ကြီးမြတ်မှုတို့နှင့် အတူ မဟာ အော်ရာကို စတင်ကာ ထုတ်လွှတ်လာသည်။
ထျန်းေရှာင်လော့၏ မျက်လုံးများက မသိမသာ တောက်ပသွား၏။ ချင်ကူးယဉ်၏ ခန္ဓာကိုယ်မှာ မယုံကြည်နိုင်စရာ ကောင်းအောင် လှပလွန်းလှသည်။ နှင်းဆီနီရောင် နှုတ်ခမ်းတို့မှ အစ သားမြတ်များ၏ အကောက်အကွေ့များ အဆုံး အရာအားလုံးမှာ ပြီးပြည့်စုံ လွန်းလှသည်။ သူမသာ ယောက်ျား တစ်ယောက် ဖြစ်ပါက ထိုမိန်းမလှလေးကို ပိုင်ဆိုင်ခွင့် ရရန် စစ်ပွဲ တစ်ပွဲပင် ဆင်နွှဲလိမ့်မည် ဖြစ်သည်။ ထူးဆန်းသော အတွးများနှင့် အတူ ထျန်းေရှာင်လော့မှာ လည်ချောင်းများပင် ခြောက်ကပ်လာသလို ခံစားလိုက်ရ၏။
ချင်ကူးယဉ်က ေရှ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ ဆတ်ခနဲ တုန်ရီသွား၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ ၎င်းမှာ နောက်ကို ေရွ့လျားသွားခြင်း မရှိပါချေ။
မိန်းကလေး နှစ်ယောက်မှာ ပိုမို၍ စိတ်လှုပ်ရှား လာခဲ့ကြ၏။ ထျန်းေရှာင်လော့မှာ သူမ မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ချနိုင်ခဲ့သည်ဟု တွေးလိုက်မိသည်။
ချင်ကူးယဉ်က လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။ မှော်သန့်စင် ဆေးအိုးက ပိုမို၍ တုန်ရီလာကာ စတင်ကာ လှည့်ပတ် လာခဲ့သည်။
ချင်ကူးယဉ်၏ လက်ချောင်းလေးများက ဖြည်းညင်းစွာပင် ေရှ့ကို တိုးသွားကာ တစ်လက်မ မျှသာ ကွာဝေး ပေတော့သည်။ ကျေနပ်သည့် အပြုံး တစ်ခုမှာ မိန်းကလေး၏ လှပသော မျက်နှာထက်၌ ဖွဲ့စည်း လာခဲ့၏။
ထိုနောက်...
ဝှစ်...
မှော်သန့်စင် ဆေးအိုးမှာ ပျောက်ကွယ်သွား၏။ နောက်တစ်ကြိမ် ပြန်လည် ပေါ်လာသော အခိုက်၌ ၎င်းမှာ ချင်ကူးယဉ်၊ ထျန်းေရှာင်လော့တို့နှင့် ဝေးရာ အခန်း၏ ထောင့်နားသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
"..."
မိန်းကလေး နှစ်ယောက်၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် သွားကြ၏။ ၎င်းက ဟင်းလင်းပြင် ေရွှ့ပြောင်းသွားသည်လော။
“မထိုက်တန်ဘူး...”
ရုတ်တရက် ေရွှဘုံစံ မင်းသမီးငယ် တစ်ပါးလို မောက်မာမှုများဖြင့် ထုံလွှမ်းထားသည့် အသံတစ်ခုမှာ အခန်း အတွင်း အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက် ၎င်းက တည်မြဲသည့် နှလုံးခုန်သံ တစ်ခု အလား အဆက်မပြတ် ပဲ့တင်ထပ် သွားခဲ့သည်။
မထိုက်တန်ဘူး...
မထိုက်တန်ဘူး...
မထိုက်တန်ဘူး...
ထိုအသံ ရပ်တန့်သွားသည့် နောက်တွင်တော့ ထျန်းေ ရှာင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက်စလုံး၏ ကျင့်ကြံခြင်း ဝိညာဉ်များမှာ ဝိညာဉ်အလင်းများနှင့် တုန်ရီသွားကြတော့သည်။ သူတို့၏ ကြယ်တာရာ အမြုတေများမှာ ထျန်းတျန်များ အတွင်း၌ ထုတ်ဖော်ပြသလာကြကာ အသံကို တုန့်ပြန်လာကြသည်။
မိန်းကလေး နှစ်ယောက်မှာ တစ်ယောက် ဝမ်းဗိုက်ကို တစ်ယောက် စိုက်ကြည့် လိုက်မိကြ၏။ လက်ရှိ၌ ကြယ်တာရာ ဝိညာဉ်များမှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို လောကထံ သိသာ ထင်ရှားစွာ ပြသ နေကြပြီ ဖြစ်လေတော့သည်။
ချင်ကူးယဉ်၏ ကြယ်တာရာ ဝိညာဉ်မှာ နှစ်စင်တီမီတာမျှ ရှိကာ ပျမ်းမျှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ထက် ပိုမို၍ ကြီးမားပေသည်။ ထိုအဆင့် ကျင့်ကြံသူများ အတွက် ပျမ်းမျှ အရွယ်အစားက စင်တီမီတာဝက် ဖြစ်လေရာ မိန်းကလေး၏ ကျင့်ကြံခြင်းက အခြေခံ ခိုင်မာသည်ဟု ဆိုနိုင်ပေသည်။ တစ်ချိန်တည်း၌... ထျန်းေရှာင်လော့၏ ကျင့်ကြံခြင်း အခြေခံကို မြင်တွေ့လိုက်ရချိန်တွင်တော့ ချင်ကူးယဉ်၏ မျက်လုံးများမှာ ဝိုင်းစက် ပြူးကျယ် သွားတော့သည်။
“သုံးဆယ့်... သုံးဆယ့် သုံး...”
ချင်ကူးယဉ်က အသက်ရှူမှားသည့် လေသံမျိုးဖြင့် ေရရွတ်လိုက်၏။ ထျန်းေရှာင်လော့မှာလည်း သူမ မြင်တွေ့ခဲ့ရသလိုမျိုး ချင်ကူးယဉ်ပါ မြင်တွေ့သွားကြောင်း သဘောပေါက် သွားသည်။ သူမ၏ မျက်လုံးများက သိသိသာသာပင် ကျဉ်းမြောင်း သွား၏။ ကျင့်ကြံခြင်း အခြေခံမှာ သူမ၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ ကျင့်ကြံသူများထံတွင် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော် ပြသခြင်း မပြုဖို့ ဆရာဖြစ်သူက သူမကို မှာကြားဖူးသည်။ ၎င်းက အသက် အန္တရာယ် ရှိသည့် ကပ်ဘေးများကို ဆင့်ခေါ် စေနိုင်စွမ်း ရှိသည်။ ထိုစကားလုံးများက သူမ နှလုံးသားထဲတွင် အမာရွတ် တစ်ခုလို စွဲထင် နေပေသည်။ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရင်း သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူမ မျက်လုံးများထဲတွင် နေရာယူ လာခဲ့လေ၏။
ရုတ်တရက်... ချင်ကူးယဉ်မှာ ကျောရိုးတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ ထျန်းေရှာင်လော့ထံမှ သတ်ဖြတ်လိုသည့် ဆန္ဒကို သူမ မည်ကဲ့သို့ မခံစားမိပဲ နေပါမည်နည်း။ သို့သော်လည်း... မိန်းကလေးမှာ တွေးတောမှု မြန်ဆန်သူ တစ်ယောက် ဖြစ်လေရာ ဖြေရှင်းနည်းကို ချက်ချင်းပင် ရှာဖွေ တွေ့ရှိလိုက်သည်။
“ဒီအကြောင်းကို လျှို့ဝှက်ထားပါမယ်လို့ ငါ လျှို့ဝှက်ကျိန်စာ ဆိုတယ်...”
သူမက ခပ်မြန်မြန်ပင် ပြောလိုက်၏။
“...”
ထျန်းေရှာင်လော့၏ အမူအရာက အနည်းငယ် တွေဝေသွားသည်။ တစ်ခဏ ကြာပြီးနောက် သူမထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ တဖြည်းဖြည်း ပြန်လည် လျော့နည်းသွားသည်။ အနာဂတ် အစီအစဉ်များ အတွက် ချင်ကူးယဉ်ကို သူမ လိုအပ်ဆဲ ဖြစ်သည်။ ထို့အပြင်... အကယ်ဒမီ အတွင်း သူမကို သတ်ဖြတ်လိုက်ခြင်းက အန္တရာယ် များလွန်းသည်။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များအား တောင့်တ နေကြသူများ အတွက် ၎င်းက ထိုးနှက်စရာ အားနည်းချက် တစ်ခု ဖြစ်လာနိုင်သည်။
လျှို့ဝှက်ကျိန်စာ ကျိန်ဆိုပြီးနောက် မိန်းကလေး နှစ်ယောက်မှာ ဝေ့ဝူယင်ကို သတိထားမိသွားကာ လှည့်ကြည့် လိုက်သည်။ ထိုအခါ လူငယ်မှာ မျက်လုံးများကို လက်ဖြင့် ဖုံးအုပ်ကာ ချူးစို့သာ မှော်သန့်စင် ဆေးအိုးဘက်သို့ မျက်နှာမူနေသည်ကိုသာ တွေ့လိုက်ရသည်။ သို့သော်လည်း... ဝိညာဉ်အာရုံနှင့် နားများ တည်ရှိနေလေရာ ထိုစကားဝိုင်းကို သူ မည်ကဲ့သို့ မကြားပဲ နေပါမည်နည်း။
“ဘာလဲ...”
ရုတ်တရက် ဝေ့ဝူယင်၏ ကြယ်တာရာ ဝိညာဉ်က တူညီစွာ တုန့်ပြန်ခြင်း မရှိကြောင်း ချင်ကူးယဉ် တွေ့ရှိလိုက်ရ၏။ သူ၏ ဝမ်းဗိုက်က နည်းနည်းလေးမျှ တောက်ပခြင်း မရှိပါချေ။
“အဂ္ဂိရတ် ကြယ်တာရာ အမြုတေတွေပဲ တုန့်ပြန်တာလား...”
မိန်းကလေးက အခန်းထောင့်နား၌ ရှိနေသည့် ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို လှမ်းကြည့်လိုက်သည်။ ဤသို့ဆိုလျှင် ဝေ့ဝူယင်ထံတွင် ကြယ်တာရာ ဝိညာဉ် အမှန်တကယ် မရှိသည်လား။ မိန်းကလေး၏ စိတ်အတွင်းရှိ သံသယ အချို့မှာ ဖြည်းညင်းစွာ လွင့်ပါး သွားခဲ့၏။
“ဒါမှမဟုတ်... အဲဒါက မိန်းကလေးတွေကိုပဲ တုန့်ပြန်တာလား...”
ထျန်းေရှာင်လော့က ဝင်ရောက်၍ ထောက်လိုက်၏။ ဝေ့ဝူယင်အား လျှို့ဝှက် ကျိန်စာ တစ်ခု ကျိန်ဆိုစေရန် သူမ ဆန္ဒရှိပေသည်။ ပိုမို၍ အေရးကြီးသည့် အရာက သူတို့ နှစ်ယောက်စလုံးမှာ ချိပ်ပိတ်နယ်မြေ အတွင်းမှ ဖြစ်သည်။ ထိုစကားလုံးများသာ ပြန့်ကားသွားပါက...။
ချင်ကူးယဉ်မှာလည်း ထိုဖြစ်နိုင်ချေကို တွက်ချက် လိုက်မိသည်။ ၎င်းက ကြယ်တာရာ ဝိညာဉ်များကိုသာ သက်ရောက်သည်လော... မိန်းကလေးများကိုသာ သက်ရောက်သည်လော သူတို့ မသိနိုင်ပါချေ။
“ငါတို့ ဘာဆက်လုပ်ကြမလဲ...”
သူမက ထျန်းေရှာင်လော့ဘက်ကို လှည့်ကာ မေးလိုက်၏။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချန်ထားခဲ့သမျှကို ရရှိနိုင်မည့် တစ်ခုတည်းသော အခွင့်အေရး ဖြစ်သည်။ ၎င်းကိုပင် မထိတွေ့နိုင်ပါက သူတို့ ဘာလုပ်၍ ရတော့မည်နည်း။
ထျန်းေရှာင်လော့က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီ အသံကို နင်လည်း ကြားတာလား...”
“ကြားတယ်...”
ချင်ကူးယဉ်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။ အသံက မိန်းကလေးသံ ဖြစ်ကာ နူးညံ့၍ မြင့်မြတ် စင်ကြယ်သည်။ အသံကို ကြားကြားချင်းပင် သေမျိုး ဧကရီငယ်လေး တစ်ပါး၏ ရုပ်ရည်ကို သူမ မြင်ယောင် ခဲ့မိသေးသည်။
“မထိုက်တန်ဘူး...”
ချူးစို့သာ မှော်သန့်စင် ဆေးအိုးထံမှ အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ မိန်းကလေး နှစ်ယောက်မှာ နောက်တစ်ကြိမ် ထိတ်လန့် သွားကြကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် ချင်ကူးယဉ်က မှော်ဆေးအိုးကို ပြန်ကြည့်ကာ မဝံ့မရဲဖြင့် မေးလိုက်၏။
"ဆရာလား...”
“ဆရာ ဟုတ်လား... နင့်လို အမှိုက်ကို ငါက တပည့် လက်ခံရမှာလား...”
အသံက အလွန်ပင် မောက်မာလွန်းလှ၏။ ချင်ကူးယဉ်၏ ေရွှရောင် မျက်ဝန်းများက သည်းခံနိုင်မှု အကန့်အသတ်ကို ရောက်ရှိသွားသည့် အလား ကျဉ်းမြောင်း သွားသည်။ သူမက လက်သီးများကို တင်းတင်းဆုပ်ကာ အံကို ကြိတ်လိုက်၏။
သို့သော်လည်း... အနာပေါ် ထပ်မံ၍ ဆားပက်သည့် အလား အသံပိုင်ရှင်၏ စကားက မဆုံးပါသေးချေ။
“ယုတ်ညံ့တဲ့ သွေးမျိုးဆက်နဲ့ ဘာတန်ဖိုးမှ မရှိ... ရွံစရာ ကောင်းလိုက်တာ”
“ဘုန်း...”
ယခုတစ်ကြိမ်တွင်တော့ ချင်ကူးယဉ်မှာ ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိပါတော့ချေ။ သူမက အလွန် လျှင်မြန်သည့် နှုန်းထားဖြင့် ချူးစို့သာ မှော်သန့်စင် ဆေးအိုးထံ ခုန်ဝင်သွား၏။ ထို့နောက် ခန္ဓာကိုယ် အင်အားကို သုံးကာ အတင်းအကြပ် ဖိနှိပ်ဖို့ ကြိုးပမ်းလိုက်သည်။
မိန်းကလေးမှာ အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံသည့် လူတစ်ယောက် ဖြစ်သော်လည်း ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားလေရာ သေမျိုးများထက် အဆများစွာ သာလွန်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း ကံမကောင်းစွာပင် ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ နောက်တစ်ကြိမ် နေရာ ေရွှ့ပြောင်းသွားကာ မိန်းကလေး နှစ်ယောက်နှင့် အဝေးဆုံး နေရာ၌ ပြန်လည် ပေါ်လာခဲ့သည်။
***