သခင် ဖြစ်ချင်လား
Vol. 80 Ch. 1114
“ဟင်းလင်းပြင် ေရွှ့ပြောင်းခြင်းလား...”
ထျန်းေရှာင်လော့၏ အမူအရာက ပိုမို၍ ရှုပ်ထွေးလာခဲ့၏။ အာကာသ ေရွှ့ပြောင်းခြင်းကို အလွှာကြားက လောကတွင် ကန့်သတ်ထားကြောင်း သူတို့ အားလုံး သိရှိခဲ့ပြီး ဖြစ်သည်။ တစ်ခုတည်းသော ချွင်းချက်က ဟင်းလင်းပြင် စွမ်းအင်ကို အစားထိုး အသုံးပြုသည့် ဟင်းလင်းပြင် ေရွှ့ပြောင်းခြင်းမျိုး ဖြစ်သည်။ သို့သော်လည်း... ဟင်းလင်းပြင် စွမ်းအင်မှာ အချိန်၊ အာကာသတို့နှင့် ပေါင်းစပ်နေသည့် ထူးဆန်းသော စွမ်းအင် တစ်မျိုး ဖြစ်လေရာ အလွန်ပင် ရှားပါးလှသည်။
“ကောင်မစုတ်လေး... နင့်ကိုရော ငါက လက်ခံမယ်လို့ ထင်နေတာလား...”
မှော်သန့်စင် ဆေးအိုးထံမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာ၏။ သူမ၏ လေသံက မောက်မာမှု အပေါင်း သရဖူ ဆောင်းထားကာ ထျန်းေရှာင်လော့ကို ရည်ရွယ်နေကြောင်း ရှင်းလင်းပေသည်။
“နင့်ရဲ့ အဂ္ဂိရတ် အမြုတေက အတော်လေး သန့်စင်တယ် ဆိုပေမဲ့ လက်ခံနိုင်တဲ့ အဆင့်ကို ရောက်ရုံလေးပဲ... အခြားလူတစ်ယောက်ကို အတင်းအကြပ် မျှဝေခိုင်းတာတော့ အတော်လေးကို ဆိုးတဲ့ အပြုအမူမျိုးပဲ”
“...”
ထျန်းေရှာင်လော့၏ အမူအရာက ဘာမှ မဖြစ်သလို တည်ငြိမ်နေ၏။ သို့သော်လည်း ခန္ဓာကိုယ် အတွင်းပိုင်းတွင်တော့ သူမ၏ အော်ရာက မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် မြင့်တက် နေခဲ့ပြီ ဖြစ်သည်။ မှော်သန့်စင် ဆေးအိုး စကားပြောချိန်တွင် သူမက လှုပ်ရှားရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
“အဂ္ဂိရတ် တာအိုကို အသုံးချခံ တာအိုလို့ ဆိုနိုင်တယ်... ဒါပေမဲ့”
ဆေးအိုးက စကားဆက်လိုက်၏။ သို့သော်လည်း...
ဝှစ်...
ရုတ်တရက် ထျန်းေရှာင်လော့က အလွန်မြန်ဆန်သည့် နှုန်းထားဖြင့် စတင်ကာ တိုက်ခိုက် လိုက်လေသည်။ လောက ဖိအားမှာ မန်နာလှိုင်း တစ်ခုနှင့် ပေါင်းစည်းသွားကာ မှော်ဆေးအိုးထံ တိုးဝင်သွား၏။
ဘုန်း...
လှိုင်းက နံရံကို တိုးဝင် တိုက်ခတ်သွား၏။ သို့သော်လည်း ချူးစို့သာ မှော်သန့်စင် ဆေးအိုးကတော့ မူလနေရာတွင် မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။
“နင့်အနေနဲ့ ထင်မှတ်မထားတဲ့ ငြင်းဆိုမှုတွေကို သတိပြုသင့်တယ်... တာအို အများစုက တူညီတဲ့ ရင်းမြစ်တစ်ခုတည်းက လာတယ် ဆိုပေမဲ့ အဂ္ဂိရတ် တာအိုကတော့ ကောင်းကင်ဘုံ ဆန္ဒ အပြင်ဘက်မှာ ရှိတယ်... ဘယ်လမ်းကြောင်းကို မဆို သတိနဲ့ လျှောက်လှမ်းပါ”
ထိုစကားလုံးများမှာ အခြားလူများ အတွက် သာမန်ကာ လျှံကာ ဖြစ်နိုင်သော်လည်း ဆန်းကြယ်စွာပင် ထျန်းေရှာင်လော့၏ ဒေါသ အော်ရာ တစ်ခုလုံးကို လုံးဝ ငြိမ်သက် သွားစေခဲ့သည်။ သူမက လက်နှစ်ဖက်ကို ယှက်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ...”
“ဟမ့်... အဲဒါလောက်နဲ့ပဲ ငါက နင့်ကို ကူညီမယ်လို့တော့ မျှော်လင့် မနေနဲ့... အနာဂတ်မှာ နင် ရင်ဆိုင်ရမှာ အများကြီးပဲ... နင်နဲ့ အတူ ကောင်းကင်ကို ဆန့်ကျင်ပေးမယ့် တစ်ယောက်ယောက် ရှာမတွေ့ဘူး ဆိုရင် ကြောက်ဖို့ကောင်းတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်”
ချူးစို့သာ မှော်သန့်စင် ဆေးအိုးက တစ်ခဏမျှ ရပ်ကာ ပင့်သက် တစ်ချက် ရှိုက်လိုက်ပုံ ရသည်။ ထို့နောက် သူမက ဆက်ပြောလိုက်လေ၏။
“ကောင်းပြီလေ... အဂ္ဂိရတ် တာအိုမှာ သင့်တော်တဲ့ အဆင့် တစ်ခု ရောက်ရင်တော့ နင် အဲဒီ ပြဿနာကို ဖြေရှင်းလာနိုင်မှာပါ... လမ်းညွှန်ချက် တစ်ခု လိုချင်တယ် ဆိုရင်တော့ မှတ်ထားပါ... လျှို့ဝှက် တာအို အမှတ်အသား မရှိပဲ အဆင့်မတက်နဲ့”
"နင့် အတွက်ကတော့...”
မှော်သန့်စင် ဆေးအိုးက အနည်းငယ် လည်ပတ်သွားကာ ချင်ကူးယဉ်ကို ကြည့်ဟန် ပြုလိုက်သည်။
“နင့်မှာ အမှတ်အသား ရှိတယ် ဆိုပေမဲ့ နင့်ရဲ့ သွေးမျိုးဆက်က ဒီအမွေအနှစ်ကို လက်ခံဖို့ မသင့်တော်ဘူး... အဂ္ဂိရတ် တာအိုနဲ့ ဖန်တီးထားတဲ့ အထူး နည်းလမ်းတွေ မရှိပဲ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်သလောက် နီးပါးပဲ... ဒါပေမဲ့ လျှို့ဝှက် တာအို စဦး အဆင့်ရဲ့ အထွတ်အထိပ်ကို ဖမ်းဆုပ်ထားနိုင်တဲ့ ကောင်းကင် ရှန့်ထို အဂ္ဂိရတ် ပညာရှင်တွေကတော့ ကောင်းကင်ကို ဆန့်ကျင်ပြီး နင့်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်”
“...”
ချင်ကူးယဉ်၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီနေ၏။ အလွှာအပြင်က လောကတွင် အယ်ဗန်တို့ကို အဆင့်နိမ့် မျိုးနွယ်တစ်ခု အဖြစ် သတ်မှတ်ထားကြောင်း သူမ သိရှိပြီး ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်စွမ်း ကင်းမဲ့သောကြောင့် အများစုက သူတို့ကို ကျွန်များ အဖြစ်ပင် ယူဆ ထားကြသည်။
ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ မှော်သန့်စင် ဆေးအိုးမှာ လောက၏ အကြောင်းအရာ အတော်များများကို သိနေသည်လား။ ထိုရတနာက မည်ကဲ့သို့သော ပစ္စည်းနည်း။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချန်ရစ်ခဲ့သည့် အသိစိတ် အပိုင်းအစ တစ်ခုလော။
“အခြားနည်းလမ်း မရှိတော့ဘူးလား...”
တစ်ခဏမျှ စဉ်းစားပြီးနောက် ချင်ကူးယဉ်က မေးလိုက်သည်။
“ရှိတာပေါ့... အမြဲတမ်း ချွင်းချက် ဆိုတာ ရှိတယ်.. ဒါပေမဲ့ ငါလည်း မသိဘူး”
မှော်သန့်စင် ဆေးအိုးက ရှက်ရွံ့ခြင်း မရှိပဲ ဝန်ခံလိုက်၏။
သို့သော်လည်း သူမ၏ အဖြေစကားက ချင်ကူးယဉ်၏ မျက်ဝန်းများကို တဖျပ်ဖျပ် တောက်ပသွားစေဖို့ လုံလောက်ပေသည်။
“ကျွန်မရဲ့ မွေးရပ်မြေမှာ အထွတ်အမြတ် အယ်ဗန် ဧကရီလို့ ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့်ကို အောင်အောင်မြင်မြင်နဲ့ တက်လှမ်းခဲ့ဖူးတယ်... အဲဒီ အချိန်တွေတုန်းက အဂ္ဂိရတ် ပညာရှင် ဆိုလို့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပဲ တည်ရှိခဲ့ဖူးတယ်”
“ဟုတ်လား...”
မှော်သန့်စင် ဆေးအိုးက စိတ်ဝင်သွားဟန် ရ၏။
“သူ ခုဘယ်မှာရှိလဲ...”
"အဲဒါတော့ ကျွန်မ မသိဘူး...”
ချင်ကူးယဉ်က ခေါင်းခါလိုက်၏။ ထာဝရ ကြယ်တာရာ နယ်မြေမှ အလွှာကြားက လောကကို တိုက်ရိုက် ကူးပြောင်း လာခဲ့လေရာ ချိပ်ပိတ်နယ်မြေ၏ သမိုင်းကြောင်းကို သူမ သိရှိထားခြင်း မရှိပါချေ။ သူမ သိရှိထားသည့် တစ်ခုတည်းသော အချက်အလက်က အထွတ်အမြတ် အယ်ဗန် ဧကရီမှာ ထာဝရ ဧကရာဇ်နှင့် အတူ ထာဝရ ကြယ်တာရာ နယ်မြေမှ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
“သူ အဆင့်တက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ...”
မှော်သန့်စင် ဆေးအိုးက ထပ်မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ခုနစ်ထောင် လောက်ကပဲ...”
ချင်ကူးယဉ်က မတုန့်မဆိုင်းပင် ဖြေလိုက်သည်။ သူမ ဖတ်မှတ်ဖူးသည့် သမိုင်း မှတ်တမ်းများထဲတွင် ထိုအတိုင်း ဖော်ပြထားသည်။
“ဪ...”
မှော်သန့်စင် ဆေးအိုး၏ စိတ်ဝင်စားမှုများက ကျဆင်းသွားသည်။ အယ်ဗန်မျိုးနွယ်မှာ အလွှာ အပြင်က လောကတွင် နှစ်ပေါင်း မေရမတွက်နိုင်အောင် တည်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း.. လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှ မွေးဖွားလာခဲ့ခြင်း မရှိခဲ့ချေ။ ၎င်းက လွယ်ကူစွာ မဖြေရှင်းနိုင်သည့် အခြေခံ ပြဿနာ တစ်ရပ် ဖြစ်သည်။
“နင့်ဆီမှာ သူ့ရဲ့ အမှတ်အသား ရှိတယ် ဆိုတော့ သူ့ရဲ့ အမွေအနှစ်ကို ရနိုင်ပါတယ်... ဒါပေမဲ့ နင်ရဲ့ ဝိညာဉ်နဲ့ သွေးမျိုးဆက်က အားနည်းလွန်းတယ်... သူက သူ့လဲ့ အမွေအနှစ်ကို အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက် ရသွားဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး... နောက်ပြီး ရှင်းရှင်းလင်းလင်း ပြောရရင် အမွေအနှစ် လွှဲပြောင်းမှုကို လက်ခံရင်း နင် ဆိုးဆိုးရွားရွား သေသွားနိုင်တယ်”
နောက်ဆုံး၌ ချူးစို့သာ မှော်သန့်စင် ဆေးအိုးက သူမ အမွေအနှစ်အား လွှဲပြောင်းပေးရန် ငြင်းဆိုရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုစကားကို ကြားပါက ကောင်းကင်တာအို မိန်းကလေး နှစ်ယောက်အား မဟာမိတ် ဖွဲ့ပေးရသည့် အကြောင်းရင်းကို နားလည် သွားလိမ့်မည် ဖြစ်သည်။ ချင်ကူးယဉ်ထံတွင် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမှတ်အသား ရှိသည်။ ထျန်းေရှာင်လော့ထံတွင်တော့ ၎င်းအား ကိုင်တွယ်နိုင်သည့် ခွန်အား ရှိသည်။ သူတို့ နှစ်ယောက်မှာ အဂ္ဂိရတ် တာအိုတွင် တစ်ယောက်ကို တစ်ယောက် မှီခိုကာ ထိုမှတစ်ဆင့် နှစ်ယောက်စလုံး အကျိုးအမြတ်များ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
"...”
ချင်ကူးယဉ်မှာ တုန်လှုပ် သွားခဲ့၏။ အမှတ်အသား ရှိလျှင်ပင် အမွေအနှစ်ကို အန္တရာယ် ကင်းကင်း လက်ခံဖို့ မဖြစ်နိုင်သည်လား။ သူမက အလောတကြီးပင် မေးလိုက်၏။
“ဒါဆိုရင် ဘာလုပ်လို့ရလဲ...”
“ဟမ်...”
မှော်သန့်စင် ဆေးအိုးက ထျန်းေရှာင်လော့ထံသို့ ပျံသန်းသွားကာ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်ပတ် ကြည့်လိုက်သည်။
“ဒီမိန်းကလေးက ယင် အရိုး ပေါင်းစည်းခြင်း အတွက် သင့်တော်တယ်... နောက်ပြီး နင်တို့ နှစ်ယောက် စလုံးက အပျိုစင် ဖြစ်တဲ့ အပြင် သေမျိုးတွေ ဆိုတော့... နည်းလမ်း တစ်ခုတော့ ရှိတယ်”
“ယင် အရိုး ပေါင်းစည်းခြင်း...”
ချင်ကူးယဉ်က မျက်တောင်များကို တဖျပ်ဖျပ် ခပ်လိုက်၏။ ထိုကဲ့သို့ အချင်းအရာမျိုး ရှိကြောင်း သူမ တစ်ခါမှ မကြားဖူးပါချေ။ သို့သော်လည်း... နာမည်အရ ၎င်းက သာမန် မဖြစ်နိုင်ကြောင်းကိုတော့ သူမ ရိပ်မိလိုက်၏။
"ဟုတ်တယ်... အယ်ဗန်ငယ်လေး... နင်သာ လျှို့ဝှက် ဝိညာဉ် အဆင့်ကို ရောက်ရှိခဲ့မယ် ဆိုရင် အဲဒါက အမွေအနှစ်ကို လက်ခံစေဖို့ ခွင့်ပြုလိမ့်မယ်...
မှော်သန့်စင် ဆေးအိုးက တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“ယင်ယန် ပေါင်းစည်းခြင်း အရိုးက ရိုးရှင်းတယ်... နင်တို့ နှစ်ယောက် မူလယင်တွေကို ချိတ်ဆက်ပြီး အမွေအနှစ်ကို မျှဝေရမယ်... ဒါပေမဲ့ တစ်ခု ရှိတာက အနာဂတ်မှာ နင်တို့ နှစ်ယောက် လက်ထပ်မယ့် အမျိုးသားက တစ်ယောက်တည်းပဲ ဖြစ်ရမယ် ဆိုတဲ့ အချက်ပဲ... တကယ်လို့ အဲဒီလို မလုပ်ဘူး ဆိုရင် နင်တို့ နှစ်ယောက်စလုံး မျှော်လင့်မထားတဲ့ အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်...”
“...”
မိန်းကလေး နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထိုအရာက သူတို့ အတွက် တစ်ခုတည်းသော ေရွးချယ်စရာလား။
ရုတ်တရက်... မှော်သန့်စင် ဆေးအိုးက ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ မိန်းကလေး နှစ်ယောက်မှာ ထိုအချင်းအရာကို သတိထားမိလိုက်ရာ လိုက်လံ၍ ကြည့်လိုက်ကြသည်။
မှော်သန့်စင် ဆေးအိုးက မည်သည့် အကြောင်းအရာများကို တွေးတော နေသနည်း။ ၎င်းက ဝေ့ဝူယင်ကို ဘာပြောမလို့နည်း။
ဝှစ်...
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မှော်သန့်စင် ဆေးအိုးမှာ ပျောက်ကွယ်သွား၏။ ထို့နောက် ၎င်းက ဝေ့ဝူယင်ေရှ့ တစ်မီတာခန့် အကွာတွင် ပြန်လည် ပေါ်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ခါနေကြောင်း သူတို့ အားလုံး မြင်နိုင်ပေသည်။
“သူရဲကောင်းလေး... ငါ့ သခင် ဖြစ်ချင်လား...”
မှော်ဆေးအိုး၏ အသံက လေးနက်စွာပင် ထွက်ပေါ်လာ၏။ ထိုအသံထဲ၌ အသနားခံသည့် အငွေ့အသက်များပင် စွက်ဖက် ပါဝင်နေသည်။
“ဘာကြီး...”
***