← Chapters

လက်ခံခြင်း

Vol. 80 Ch. 1116

လက်ခံခြင်း

Vol. 80 Ch. 1116

“...”

ချင်ကူးယဉ် ပင့်သက်တစ်ချက် ရှိုက်ရင်း ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို လှမ်းကြည့်လိုက်၏။ မိန်းကလေး၏ လှပသော မျက်ဝန်းများက ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေသည်။

သူမ အနေဖြင့် ထိုအဆင့်မြင့် မှော်သန့်စင် ဆေးအိုးကို လျှို့ဝှက် အာဏာရှင် အဆင့် မ‌ရောက်ခင် သုံးဖို့ လိုပေသည်။ သို့မှသာ သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်နိုင်သည့် အခွင့်အ‌ေရးကို မြှင့်တင်ကာ လျှို့ဝှက် တာအို၏ အကျိုးအမြတ်များကို ဆုပ်ကိုင် လာနိုင်လိမ့်မည်။ လျှို့ဝှက် အဆင့် မှော်ဆေးအိုး တစ်ခု၏ အကူအညီ မပါပဲ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် သူမထံတွင် ယုံကြည်ချက် မရှိပါချေ။

အခြားတစ်ဖက်၌ ယင်အရိုး ဖွဲ့စည်းခြင်း နည်းလမ်းကို သုံးဖို့ ကျပြန်တော့လည်း ပေးဆပ်စရာက များပြား လွန်းလှသည်။ ထိုနည်းလမ်းအား သုံးလိုက်သည်နှင့် သူမ၏ အနာဂတ် တစ်ခုလုံးက ထျန်း‌ေရှာင်လော့နှင့် ချိတ်ဆက် သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ သူမ အတွက် လွတ်လပ်မှုကို မည်သည့် နေရာတွင် သွား၍ ရှာဖွေ ရမည်နည်း။

“ဘာလို့ မဖြစ်မနေ ‌ေရွးဖို့ လိုအပ်တာလဲ...”

ချင်ကူးယဉ်က လက်သီးကို ခပ်တင်းတင်း ဆုပ်ရင်း မေးလိုက်၏။ အခြား နည်းလမ်း တစ်ခုခု ရှိလို့ရှိငြား သူမ မျှော်လင့် နေခဲ့မိသည်။ သို့သော်လည်း... ဝိညာဉ်အသွင်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ဘာလို့ ‌ေရွးဖို့ လိုအပ်တာလဲ ဆိုတော့ နင်က အရည်အချင်း မမှီလို့ပေါ့... သာလွန်ခြင်း ဝိညာဉ်ရဲ့ အဂ္ဂိရတ် ကြယ်တာရာတွေကို ပိုင်ဆိုင်ထားတဲ့ လူကပဲ ငါ့အစစ်အမှန် စွမ်းအားတွေကို နှိုးဆွပေးနိုင်တယ်... နင်တို့ နှစ်ယောက်မှာ တစ်ယောက်က အဂ္ဂိရတ် ကြယ်တာရာတွေကို ခုထိ မဖွဲ့စည်းရ‌သေးဘူး... နောက်တစ်ယောက်ကလည်း မကြာသေးခင်လေးကမှ ဖွဲ့စည်းထားနိုင်တာ... နောက်ပြီး အခြား တာအို တစ်ခုရဲ့ အော်ရာနဲ့ ချဉ်နှောင်ခံထားရတယ်”

ဝိညာဉ်အသွင်မှာ နည်းနည်းလေးမှ သက်ညှာခြင်း မရှိပါချေ။ သူမ သည်လို ရှင်းပြတာပင် အတော်လေး ကြင်နာရာ ‌ရောက်နေခဲ့ပြီ ဖြစ်သည်။

“သာလွန်ခြင်း ဝိညာဉ်ရဲ့ အဂ္ဂိရတ် ကြယ်တာရာ...”

ချင်ကူးယဉ်က မျက်မှောင်ကြုတ် လိုက်၏။ ထိုကဲ့သို့ အသုံးအနှုန်းမျိုး သူမ တစ်ခါမှ မကြားဖူးချေ။ ထျန်း‌ေရှာင်လော့ကတော့ အခြေအနေ တစ်ခုလုံးကို လက်ခံလိုက်ဟန်ဖြင့် သက်ပြင်း တစ်ချက် ချလိုက်သည်။ သူမ၏ အမူအရာက တည်ငြိမ်သွားကာ တင်းတင်းကြပ်ကြပ် ဆုပ်ထားသည့် လက်သီးများမှာ ဖြည်းညင်းစွာပင် ပြန်လည် ပြေလျော့ သွား၏။

“ကျွန်မ ဆရာရဲ့ အဂ္ဂိရတ် ကြယ်တာရာတွေက အဲဒီ အဆင့်မှာ ရှိတယ်... သူ‌ရော သုံးလို့ ရလား...”

ထျန်း‌ေရှာင်လော့က မေးမြန်းလိုက်၏။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးအား သူမနှင့် ဆရာ ဖြစ်သူ ဘယ်သူပဲ ရရ ကိစ္စ မရှိပါချေ။ ကိုယ်ပိုင် ဝိညာဉ်နှင့် မှော်သန့်စင် ဆေးအိုး တစ်ခုမှာ သူမတို့၏ အနာဂတ် လမ်းကြောင်း အတွက် မယုံကြည်နိုင်စရာ အကျိုးအမြတ်များကို ဆောင်ယူလာပေးလိမ့်မည် ဖြစ်သည်။

"ဆရာ ဟုတ်လား...”

ဝိညာဉ်အသွင်က မေးလိုက်၏။ မှော်သန့်စင် ဆေးအိုးထံမှ စိတ်ဝင်စားမှုများကို တွေ့ရှိလိုက်ရရာ ထျန်း‌ေရှာင်လော့မှာ စိတ်လှုပ်ရှား သွားခဲ့သည်။

“ကျွန်မ ဆရာက မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ပါ... နောက်ပြီး သန့်စင်တဲ့ အဂ္ဂိရတ် လမ်းစဉ်နဲ့ လမ်းစဉ်နဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းထားနိုင်သူပါ... အကယ်၍ တစ်ယောက်ယောက်က ရှင့်ကို သုံးနိုင်မယ် ဆိုရင် သူက အကောင်းဆုံး ‌ေရွးချယ်စရာပါပဲ”

“အကောင်းဆုံး ‌ေရွးချယ်စရာ...”

ဝိညာဉ်အသွင်က ဖြည်းညင်းစွာပင် ခေါင်းကို ခါယမ်းလိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ဘက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။

“သူက ‌ေရွးချယ်စရာ တစ်ခုတော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အကောင်းဆုံး ‌ေရွးချယ်မှုတော့ မဟုတ်ဘူး... ငါ့အတွက် အကောင်းဆုံး ‌ေရွးချယ်စရာကို ငါ ရှာတွေ့သွားပြီ”

“...”

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ အခြေအနေ အားလုံးကို ဆုပ်ကိုင်မိသွားခဲ့ပြီ ဖြစ်သည်။ ထိုမျှမက... ဖြစ်စဉ်ကိုလည်း ရှုထောင့်ပေါင်းစုံမှလည်း သုံးသပ်ခဲ့ပြီး ဖြစ်သည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် မှာပင် ရုတ်ရက် ချင်ကူးယဉ်က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ထျန်း‌ေရှာင်လော့ကို မေးလိုက်သည်။

“ရှင့်ရဲ့ ဆရာက ထာဝရ ဧကရာဇ်ရဲ့ တပည့်လား...”

ထျန်း‌ေရှာင်လော့က ချင်ကူးယဉ်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူမက ခေါင်းကို ခါယမ်း လိုက်သည်။

“မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့ အုပ်ထိန်းမှုအောက်မှာ ပညာသင်ဖူးတယ်... တပည့်တစ်ပိုင်လို့ သတ်မှတ်ချင်ရင်တော့ ရတယ်”

အခြားလူများနှင့် ခြားနားစွာပင် မိန်းကလေးမှာ ဆရာ ဖြစ်သူ၏ အကြောင်းကို အပြည့်အဝပင် သိရှိထားသည်။ အပြင်လောကတွင် ထာဝရ ဧကရာဇ်၏ လက်ရင်း တပည့် အဖြစ် ထွက်ပေါ်နေသည့် ကောလဟလများမှာ မှန်ကန်ခြင်း မရှိပါချေ။

“ထာဝရ ဧကရာဇ်...”

ဝိညာဉ် အသွင်၏ အမူအရာက တွေဝေ ငေးမောသွားခဲ့၏။ လွမ်းဆွတ်သည့် အငွေ့အသက် တစ်ချို့က မျက်ဝန်းအိမ်များထဲတွင် ဖြတ်ပြေးသွားသော်လည်း ခပ်မြန်မြန်ပင် ဖြတ်တောက် ပစ်လိုက်ဟန် ရသည်။ သူမက ထျန်း‌ေရှာင်လော့ဘက်ကို လှည့်ကာ မေးလိုက်၏။

“နင့်ဆရာက အဂ္ဂိရတ် သင်္ကေတ ဖွဲ့စည်းပြီးပြီလား...”

"အဂ္ဂိရတ် သင်္ကေတ...”

ထျန်း‌ေရှာင်၏ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံ ပေါ်၏။ ထိုကဲ့သို့ အသုံးအနှုန်းမျိုး သူမ အသက်နှင့် တစ်ကိုယ် မကြားဖူးပါချေ။ ဝိညာဉ်အသွင်မှာ ထျန်း‌ေရှာင်လော့၏ အမူအရာကို သတိထားမိလိုက်ရာ သက်ပြင်း တစ်ချက် ချလိုက်သည်။

“ဒါဆိုရင် သူလည်း အမှိုက်ပဲပေါ့... အဂ္ဂိရတ် ဝိညာဉ်နဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချခဲ့တာတောင် ခုထိ အဂ္ဂိရတ် သင်္ကေတကို မဖွဲ့စည်းနိုင်သေးဘူး... ငါသာ အဲဒီလို အရည်အချင်းနဲ့ ဆိုရင် အဂ္ဂိရတ် တာအိုကို လက်လျှော့ပြီးနေပြီ”

"...”

ထျန်း‌ေရှာင်လော့မှာ မျက်မှောင်ကြုတ် သွားခဲ့၏။ သူမ၏ ဆရာက သာမည မထင်မရှား အဂ္ဂိရတ် သမား တစ်ယောက် မဟုတ်ချေ။ ကြီးကျယ်ခမ်းနားသည့် မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည်။ ချိပ်ပိတ် နယ်မြေ၏ သမိုင်း တစ်လျှောက်လုံးတွင်ပင် ထိုအဆင့်ကို တက်‌ရောက်နိုင်သူ ဘယ်လောက်များများ ရှိခဲ့လို့နည်း။

“ကျွန်မ ဆရာက အမှိုက်ပဲ ထားပါတော့... ဒါဆို သူက‌ရော... ဘာလို့ သူ့ကို သခင် အဖြစ် ‌ေရွးရတာလဲ”

ထျန်း‌ေရှာင်လော့က ဝေ့ဝူယင်ကို လက်ညိုးထိုးပြရင်း မေးလိုက်၏။ သူမ အမြင်အရ ဝေ့ဝူယင်မှာ ဆရာ ဖြစ်သူကို မဆိုထားနှင့်။ သူမကိုပင် ယှဉ်နိုင်သူ မဟုတ်ချေ။

ဝေ့ဝူယင်မှာ တိတ်ဆိတ်၍ မနေနိုင်တော့ချေ။ ဝိညာဉ်အသွင်ကိုသာ ဆက်လက်၍ စကားပြောခွင့် ပြုထားပါက စကားများတတ်သည့် သူမ၏ သဘာဝနှင့် သူ့ လျှို့ဝှက်ချက် အားလုံး ပေါ်ကုန်တော့မည် ဖြစ်သည်။

“ဆိုတော့ ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ သခင် ဖြစ်စေချင်တယ်ပေါ့”

ဝိညာဉ်အသွင်မှာ ကောင်းကင်နှင့် မြေကြီး၏ အပြောကျယ်မှုကို ထျန်း‌ေရှာင်လော့ထံ ပို့ချရန် ဟန်ပြင်လိုက် သော်လည်း ဝေ့ဝူယင် စတင် စကားပြောလာသော အခိုက်တွင်တော့ အာရုံ တစ်ခုလုံး ပြောင်းလဲ သွားခဲ့လေသည်။

သူမက စိတ်လှုပ်ရှားစွာပင် ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။ ချောမောသည့် လူငယ်လေး၏ မျက်နှာကို ကြည့်ရင်း သူမ၏ မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပနေလေသည်။

သူမ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။ လူငယ်လေးမှာ သေမျိုး အဆင့်ဖြင့်ပင် သာလွန်ခြင်း ဝိညာဉ်၏ အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ့ထံတွင် အဂ္ဂိရတ် သင်္ကေတ မရှိသေးသည့်တိုင် နောင်တစ်ချိန်တွင် ပိုင်ဆိုင်လာဖို့ ရာနှုန်းပြည့် အခွင့်အ‌ေရး ရှိပေသည်။

ထို့အပြင် လူငယ်‌လေး၏ အဂ္ဂိရတ် ပါရမီမှာ သူမ တွေ့ဖူးသမျှထဲ၌ အမြင့်ဆုံးသော အဆင့်အတန်း ဖြစ်သည်။ မ‌ေရမတွက်သည့် အဂ္ဂိရတ် ပါရမီရှင်များထဲ၌ နှစ်ယောက်သာလျှင် သူ့ကို ယှဉ်နိုင်ပေလိမ့်မည်။ သို့သော်လည်း မည်သူက ပိုမြင့်သည်၊ ပိုနိမ့်သည်ကိုတော့ သူမ မခွဲခြားနိုင်ပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ သုံးယောက်စလုံးမှာ တူညီစွာပင် အနိမ့်ဆုံး အရှင်သခင် အဆင့်၌ ရှိကြပေသည်။ သူမ မှတ်သားဖူးသလောက် အဂ္ဂိရတ် တာအိုတွင် အရှင်သခင် အဆင့် ပါရမီကို ပိုင်ဆိုင်ထားကြသူများသာလျှင် ရှန့်ထို အဆင့်ကို သေမျိုး အဆင့်ဖြင့် တက်လှမ်းနိုင်စွမ်း ရှိပေသည်။

သူမ အမြင်အရ ဝေ့ဝူယင်မှာ ထိုထက်ပင် ပိုမို၍ ထူးခြားပေသည်။ လူငယ်မှာ သေမျိုး အဆင့်ဖြင့်ပင် သာလွန်ခြင်း ဝိညာဉ်၏ အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားလေရာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို ကောင်းကင် တာအို၏ ခွင့်ပြုမှု၊ ကိုယ်ကိုင် အားထုတ်မှုတို့နှင့် အတူ ဖန်တီးနိုင်သည်ဟု ဆိုလိုပေသည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ အလွန် ရှားပါးရုံမျှသာ မက ကြားပင် မကြားဖူးသည့် ကိစ္စမျိုး ဖြစ်သည်။

“အမှန်ပါပဲ သူရဲကောင်းလေး...”

ဝိညာဉ်အသွင်က လေးစားစွာဖြင့် အဖြေပေးလိုက်၏။ သူမ၏ စိမ်းပြာ‌ရောင် မျက်ဝန်းတို့က မျှော်လင့်ချက်၊ စိုးရိမ်စိတ်တို့နှင့် တောက်ပနေသည်။ သူမက လူငယ် ငြင်းလိုက်မည်ကို အလွန်ပင် ကြောက်ရွံ့နေပုံ ရသည်။

ဝေ့ဝူယင်က ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ဝိညာဉ်အသွင် သူ့ကို သခင် အဖြစ် အပ်နှင်းချင်နေရသည့် အကြောင်းရင်းကို မေးမြန်း မနေတော့ချေ။ သည်အတိုင်း ရိုးရှင်းစွာပင် ကောင်းကင် စစ်ဝိညာဉ်၏ အကြံပေးချက်ကိုသာ လက်ခံရန် ဆုံးဖြတ်လိုက်၏။

“ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် သူ့ကို ရအောင်ယူ”

‌ေရွှ‌ရောင် ဥကလေး၏ စကားလုံးများက တိုတိုတုတ်တုတ်သာ ဖြစ်သည့်တိုင် သူ့ အတွက်တော့ လုံလောက်ပေသည်။

“ကောင်းပြီလေ ကျုပ် သဘောတူတယ်”

***

All Chapters