← Chapters

နည်းလမ်း

Vol. 80 Ch. 1117

နည်းလမ်း

Vol. 80 Ch. 1117

“ကောင်းပြီလေ ကျုပ် သဘောတူတယ်”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ဝိညာဉ်အသွင်၏ မျက်နှာက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများနှင့် အတူ ဝင်းပ သွားသည်။ သို့သော်လည်း... ဝေ့ဝူယင်၏ စကားက မဆုံးပါသေးချေ။

“ဒါပေမဲ့ ကျုပ်ဆီမှာ ကျုပ် ကိုယ်တိုင် ပျိုးထောင်ပေးနေတဲ့ မှော်သန့်စင် ဆေးအိုး တစ်ခု ရှိတယ်... အဲဒါကို ကျုပ်...”

“အဲဒီ ပြဿနာလောက်က လွယ်လွယ်လေး ဖြေရှင်းလို့ ရပါတယ်... အဲဒီ မှော်သန့်စင် ဆေးအိုးကို ကျွန်မရဲ့ အဓိက ခန္ဓာကိုယ်ထဲ ပေါင်းထည့်လိုက်ရုံပဲလေ”

ဝိညာဉ်အသွင်မှာ အလွန် စိတ်လောနေပုံ ရကာ ဝေ့ဝူယင် စကားကိုပင် ဆုံးအောင် စောင့်ဆိုင်းခြင်း မပြုပါချေ။ သူမက ချက်ချင်း လက်ငင်းပင် ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ် အတွင်း တိုးဝင်ကာ အတွင်းဘက် အလွှာများထဲ အထိ ‌ရောက်ရှိသွား၏။

“...”

ဝေ့ဝူယင်မှာ အလွန်ပင် အံ့သြ သွားခဲ့၏။ ဝိညာဉ်အသွင်က မည်ကဲ့သို့ သက်ရှိမျိုးနည်း။ ရှန့်ထိုလက်စွပ် တစ်ကွင်း၏ အကာအကွယ် ဝင်္ကပါများ ပင်လျှင် ၎င်းကို နည်းနည်းလေးမျှ ဟန့်တားနိုင်ခြင်း မရှိခဲ့ချေ။

“ဘုရား‌ေရ... ဘာကြီးလဲ... ဒါကြီးက...”

မကြာခင်မှာပင် ရှန့်ထို လက်စွပ်ထဲမှ အံ့သြထိတ်လန့်နေသည့် ဝိညာဉ်အသွင်၏ အော်ဟစ်သံကို ဝေ့ဝူယင် ကြားလိုက်ရလေသည်။ ၎င်းမှာ ဝိညာဉ်‌ေရး အာရုံ ဆက်သွယ်မှုမှ တစ်ဆင့် ဝေ့ဝူယင်၏ အကြား အာရုံထဲ တိုက်ရိုက် ဝင်‌ရောက်လာခြင်း ဖြစ်သည်။

ဝေ့ဝူယင် ချက်ချင်းပင် ဝိညာဉ်အာရုံကို ရှန့်ထို လက်စွပ်ထဲ ပို့လွှတ်ကြည့်လိုက်၏။ ထိုအခါ ဝိညာဉ် အသွင်မှာ ဒြပ်စင် ဥဿုံ နေကြတ် မှော်ဆေးအိုး၏ အသန့်စင်ဆုံး မြူနှင်း အလွှာထဲ ကျ‌ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

ဝေ့ဝူယင်၏ တည်ရှိကို ခံစားလိုက်ရသည့် အလား ဝိညာဉ်အသွင်က အပေါ်သို့ မော့ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမ၏ စိမ်းပြာ‌ရောင် မျက်ဝန်းများက ကြောက်မက်ဖွယ် လောဘ အလင်းတန်းများနှင့် ပြည့်နှက် နေ၏။

“ကျွန်မ ဒီခန္ဓာကိုယ်ကို လိုချင်တယ်... ယူလို့ ရမလား... ယူလို့ ရမလား သခင်”

ဝိညာဉ်အသွင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေလေရာ စကားလုံးများပင် ထပ်နေခဲ့လေ၏။

“နောက်ပြီး... ဒီမှာ ရှိတဲ့ အသန့်စင်ဆုံး မြူနှင်းတွေက... ဒီလောက်ထိ များတဲ့ အဆင့်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး... ဒီမှော်သန့်စင် ဆေးအိုးက ဖော်စပ်မှုတွေကို ဘယ်လောက်တောင် ဆက်တိုက် အောင်မြင်ခဲ့တာလဲ... တစ်သန်းလား... မဟုတ်ဘူး ပိုများဦးမယ်... အရမ်းကို များတဲ့ အဆင့်ကိုး ထုတ်ကုန်တွေ... အဂ္ဂိရတ် နတ်မင်းကြီး‌ေရ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဆယ်သန်းလား... မဟုတ်သေးဘူး... သန်းတစ်ရာတောင်မှ ဖြစ်နိုင်တယ်... နောက်ပြီး ဆေးလုံး၊ ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်... ဘယ်တစ်ခုမှ ချွတ်ယွင်း မနေဘူး... တကယ့်ကိုပဲ”

ဒြပ်စင် ဥဿုံ မှော်သန့်စင် ဆေးအိုး၏ နံဘေးတွင် လှည့်ပတ် ပျံသန်းရင်း ဝိညာဉ်၏ အသံက ပိုမို၍ ခြောက်ကပ် လာ၏။

“သေချာတယ်... ရာနှုန်းပြည့်ထက်တောင် ပိုပြီး သေချာတယ်... လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို တစ်ကြိမ် အောင်မြင်ရုံနဲ့တင် ဒီမှော်သန့်စင် ဆေးအိုးက အစစ်အမှန် လျှို့ဝှက် အဆင့်ကို ဆင့်ကဲ ပြောင်းလဲ သွားတော့မှာ... ဘယ်အရည်အသွေးနဲ့ပဲ ဖြစ်ဖြစ် အ‌ေရး မကြီးဘူး... သာလွန်ခြင်း အဆင့် အရည်အသွေးတွေကို ဘယ်‌လောက်တောင် များအောင် ဖော်စပ်ခဲ့တာလဲ”

သူမက မျှော်လင့်တကြီးဖြင့် ဝေ့ဝူယင်ကို မော့ကြည့်လိုက်၏။

“သခင်... ကျွန်မရဲ့ ခန္ဓာကိုယ် အဟောင်းကို ဒီမှော်သန့်စင် ဆေးအိုးထဲ ပေါင်းထည့်လို့ ရလား...”

မိန်းမငယ်လေး၏ အပြောင်းအလဲက အလွန်ပင် မြန်ဆန်လွန်းလှကာ ချူးစို့မှာ မှော်သန့်စင် ဆေးအိုးကိုပင် “ခန္ဓာကိုယ် အဟောင်း” ဟု သုံးနှုန်း နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ ရွှင်မြူးသွားမိသလို တစ်ချိန်တည်း၌ ထိတ်လန့်မှုကိုလည်း ခံစားလိုက်ရသည်။ အဂ္ဂိရတ် တာအိုနှင့် ပတ်သက်၍ ထိုဝိညာဉ် အသွင်၏ လေ့လာနိုင်စွမ်းနှမှာ ကြောက်စရာ ကောင်းလွန်းလှသည်။

“နေပါဦး... ကျုပ်က ခင်ဗျား သခင်မှ မဖြစ်သေးတာ... ဘာအခမ်းအနားမှ မလုပ်ရသေးသလို ဘာကျိန်စာမှလည်း မဆိုရသေးဘူးလေ”

“ဟုတ်သားပဲ... မေ့တော့မလို့”

ဝိညာဉ်အသွင်က အနည်းငယ် လှည့်ပတ်လိုက်ရင်း ရှန့်ထို လက်စွပ်ထဲမှ ပျံသန်း ထွက်လာခဲ့သည်။ ထို့နောက် သူမက နဖူးကို ထိတွေ့လိုက်ရာ စကျင်ကျောက် အရွယ် အလင်းလုံးလေး တစ်ခု ပျံသန်း ထွက်ပေါ်လာခဲ့၏။ ထို့နောက် မိန်းကလေး နှစ်ယောက်၏ အကြည့်များ အောက်တွင်ပင် ၎င်းက ဝေ့ဝူယင်၏ နဖူး အတွင်း ဖြည်းညင်းစွာပင် ဝင်‌ရောက်သွား၏။

ဝှစ်... ဝှစ်...

ချက်ချင်း လက်ငင်း ဆိုသလိုပင် ဧဒင်မှာ လှုပ်ရှားလာခဲ့လေသည်။ ၎င်း၏ အမြစ်များမှာ အလွန် ပြင်းထန်သည့် စုပ်ယူအား တစ်ခုကို ထုတ်လွှတ်ကာကာ အလင်းလုံးကို အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ပြီးသည်နှင့် ချက်ချင်းပင် ၎င်းကို စတင်ကာ သန့်စင် လိုက်‌လေ၏။ စက္ကန့် အနည်းငယ် အတွင်းမှာပင် အလင်းလုံးမှာ ဧဒင်၏ အမြစ်များထဲ၌ ‌ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ စစ်ဝိညာဉ်များနှင့် တူညီသည့် ဆက်သွယ်မှု တစ်ခုကို ဝိညာဉ်နှင့် သူ့အကြား၌ ခံစားလိုက်ရ၏။ ထိုဆက်သွယ်မှုက အလွန်ပင် သိမ်မွေ့ကာ တစ်ဖက်သတ် သိပ်မဆန်သည့်တိုင် ဝေ့ဝူယင်မှာ ဝိညာဉ်အသွင်၏ သေခြင်း၊ ရှင်ခြင်းကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်သလို ခံစားလိုက်ရသည်။

“ပြီးသွားပြီ... ကျွန်မ အဲဒီ မှော်သန့်စင် ဆေးအိုးနဲ့ ပေါင်းစပ်လို့ ရပြီလား... သခင်”

ဝိညာဉ်အသွင်မှာ ခန္ဓာကိုယ် အသစ် ပြောင်းလဲရန် နည်းနည်းလေးမျှ မစောင့်ဆိုင်း လိုတော့ပုံ ရလေသည်။ သို့သော်လည်း...

“နေဦး...”

ထျန်း‌ေရှာင်လော့က တားဆီးလိုက်၏။ ဝေ့ဝူယင်နှင့် မှော်ဆေးအိုးတို့ ဘယ်လို သဘောတူညီချက်မျိုး ပြုလုပ်ခဲ့သည်ကို သူမ မသိသော်လည်း ရိုးရှင်းစွာပင် ထိုလုပ်ရပ်ကို သူမ သဘော မတူနိုင်ချေ။

“မှော်သန့်စင် ဆေးအိုးက ကျွန်မဟာ... ကျွန်မ ပိုင်တဲ့ဟာကို ဘယ်အရာနဲ့မှ ပေါင်းစပ်ခွင့် မရှိဘူး”

၎င်းက အစစ်အမှန် လျှို့ဝှက် အဆင့် မှော်သန့် ဆေးအိုး တစ်ခု ဖြစ်သည်။ သူမ မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။

ဝိညာဉ်အသွင်က မိန်းကလေး နှစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်၏။

“အမွေအနှစ်ကို နင်တို့ မလိုချင်ဘူးလား...”

သူမ၏ အသံက အေးစက်ကာ မနှစ်သက်ခြင်းများနှင့် ပြည့်နှက် နေသည်။ အစတုန်းက သူတို့ကို ကူညီပေးဖို့ ဆန္ဒ တစ်ချို့ သူမထံတွင် ရှိခဲ့သေးသည်။ သို့သော်လည်း ၎င်းက အထင်ကြီးလောက်စရာ အရည်အချင်းများကြောင့် မဟုတ်ပဲ မိန်းကလေး နှစ်ယောက်၏ ပြိုင်စံရှား အလှတရားကို သ‌ဘောကျသောကြောင့်နှင့် သနားမိသောကြောင့်သာ ဖြစ်သည်။

ယခုမူကား... ထျန်း‌ေရှာင်လော့၏ စကားလုံးများမှာ သူမရည်ရွယ်ထားခဲ့သည့် ကောင်းသော ဆန္ဒအချို့ကိုပင် ပျောက်ကွယ် သွားစေခဲ့သည်။ ဝေ့ဝူယင်၏ မှော်သန့်စင် ဆေးအိုးနှင့် ပေါင်းစပ်ခွင့် ရဖို့ အတွက် သူမ ဘာကိုမဆို လုပ်မည် ဖြစ်သည်။ သတ်ရမည် ဆိုလျှင် သူမ လက်တွန့်မည် မဟုတ်ချေ။ သို့သော်လည်း... သူမမှာ အဂ္ဂိရတ် တာအိုမှ ပေါက်ဖွားလာသည့် ဝိညာဉ်အသွင် တစ်ယောက်သာ ဖြစ်သည်။ သူမထံတွင် အခြားလူ တစ်ယောက်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်သည့် စွမ်းအား မရှိပါချေ။

”...”

ထျန်း‌ေရှာင်လော့ တစ်စုံတစ်ရာ မဖြေရသေးခင်မှာပင် ချင်ကူးယဉ်က ကြားထဲမှ ဝင်‌ရောက်ကာ အလျင်စလို အဖြေပေးလိုက်၏။

“လိုချင်ပါတယ်... ကျွန်မတို့ လိုချင်ပါတယ်ရှင်...”

သူမက ဝိညာဉ်အသွင် စိတ်ပြောင်းသွားမည်ကို အလွန်ပင် ကြောက်ရွံ့နေပုံ ပေါ်လေသည်။ ထျန်း‌ေရှာင်လော့ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ လက်ခံရုံမှ တစ်ပါး အခြား ‌ေရွးချယ်စရာ မရှိကြောင်း သူမ ကိုယ်တိုင်လည်း သဘောပေါက်ပေသည်။ ဝိညာဉ်အသွင်၏ အကူအညီ မပါပါက အမွေအနှစ်ကို ရယူဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့အပြင်... ဝေ့ဝူယင်သာ ယုတ်မာပါက သူတို့ နှစ်ယောက် ဘာမှ မရရှိပဲ အဆုံးသတ် သွားတာမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။

ထျန်း‌ေရှာင်လော့က ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက အလွန်တရာ ထက်ရှနေကာ ဒေါသမီးတောက်များဖြင့် တောက်လောင်နေပေသည်။

ဝေ့ဝူယင်မှာ မိန်းကလေး၏ အကြည့်ကို ခံစားမိလိုက်ရာ စိတ်ထဲမှ ရယ်ချင်လာမိ၏။ အပြစ်သား သွေးမျိုးဆက် ကြောင့်လော၊ ကံကြမ္မာ ကြောင့်လော မသိသော်လည်း အမြဲတမ်းလိုလိုပင် သူနှင့် ကောင်းချီးခံများမှာ တစ်ဖက် တစ်ချက် ဖြစ်နေတတ်သည်။

ယခုတစ်ဖန် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များအား ထျန်း‌ေရှာင်လော့ ဆက်ခံနိုင်မည့် အ‌ေရးအားလည်း ပျက်စီးသွားအောင် လုပ်ရန် အခွင့်အ‌ေရးက သူ့ ‌ေရှ့မောက်သို့ ‌ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ချင်ကူးယဉ်ကို ထျန်း‌ေရှာင်လော့ အနားမှ ခေါ်ထုတ်သွားဖို့ပင် သူ့တွင် ယုံကြည်ချက် ရှိသည်။

“စော‌စောက သဘောတူထားတဲ့ အတိုင်းပဲ ကျုပ်တို့ ‌ေရှ့ဆက် ကြတာပေါ့... အမွေအနှစ်ကို သုံးယောက် မျှဝေယူမယ်”

ထျန်း‌ေရှာင်လော့ အတွက် ကံကောင်းသွားတာ တစ်ခုက ဝေ့ဝူယင်မှာ ရည်ရွယ်ချက် ရှိရှိ ယုတ်မာတတ်သူ တစ်ယောက် မဟုတ်ခြင်းပင် ဖြစ်သည်။ ထို့အပြင်... ကောင်းချီးခံတိုင်းမှာ အမွေခံ အပြစ်သားများ အတွက် ရန်သူ ဟု သူ မခံစားရပါချေ။ မည်သို့ပင် ဆိုစေ... သူ ကိုယ်တိုင်ကလည်း ကောင်းချီးခံ တစ်ယောက်ပင် မဟုတ်ပါလား။

“...”

ဝေ့ဝူယင်ကို ကြည့်သည့် ထျန်း‌ေရှာင်လော့၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ထိုအခြေအနေကို အသာစီး မယူလိုတော့ပုံ ရသည်။ အနည်းဆုံးတော့ ထိုကောင်စုတ်လေးမှာ ရုပ်ကလေးချောရုံထက် ပိုအထင်ကြီးစရာ ကောင်းသွားခဲ့ပြီ ဖြစ်သည်။

ချူးစို့သာ မှော်သန့်စင် ဆေးအိုး အနေဖြင့် သူတို့ အားလုံးထက် ဝေ့ဝူယင်အား ‌ေရွးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ထိုပြိုင်စံရှား ရုပ်ရည်ကြောင့်ပင် ဖြစ်ရမည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင် မထားသည့် အပြင် ကျင့်ကြံခြင်း အခြေခံမှာလည်း အလွန်ပင် နိမ့်ပါးသေးသည် မဟုတ်ပါလား။

“ခစ်... ခစ်...”

ထျန်း‌ေရှာင်လော့ တစ်ယောက် ကိုယ့်ဟာသကို စိတ်ထဲမှ ကြိတ်ကာ ရယ်လိုက်မိ၏။ အမှန်တကယ် အကြောင်းရင်းက ထိုကဲ့သို့ မဟုတ်မှန်း သူမ သိရှိပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ သူတို့ အားလုံးထဲတွင် အသက် အငယ်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။ ထို့အပြင်... သူက ချင်ကူးယဉ်လို သွေးမျိုးဆက် အားနည်းချက် မရှိသလို သူမလိုမျိုး ကျင့်ကြံခြင်း တာအို ‌ရောနှောမှုလည်း မရှိချေ။ ကျင့်ကြံခြင်း သီးသန့် ကြည့်ပါက ဝေ့ဝူယင်က သူတို့ သုံးယောက်ထဲတွင် အသင့်တော်ဆုံး ‌ေရွးချယ်မှု ဖြစ်သည်။

ချင်ကူးယဉ်မှာလည်း အလားတူပင် တွေးတော နေမိခဲ့သည်။ ဆေးအိုးအား ဆုံးရှုံးရခြင်းက နာကျင်စရာ ကောင်းသည့်တိုင် တစ်ချိန်တည်း၌... ၎င်းကို အသုံးပြုနိုင်ဖို့ အတွက် သာလွန်ခြင်း ဝိညာဉ်၏ အဂ္ဂိရတ် ကြယ်တာရာများကို လိုအပ်သည်ဟု သိလာရသည်။ ထိုကြယ်တာရာတို့ကို ရရှိပိုင်ဆိုင်ဖို့ အတွက် အချိန် မည်မျှ စောင့်ဆိုင်းရမည်နည်း။ ရာစုနှစ် တစ်ခုလော။ ထောင်စုနှစ် တစ်ခုလော။ သူမတို့ မသိနိုင်ပါချေ။

“ကောင်းပြီလေ...”

ဝိညာဉ်အသွင်က မိန်းကလေး နှစ်ယောက်ကို လှမ်ကြည့်ရင်း ပြုံးလိုက်သည်။

“ဆိုတော့ နင်တို့ နှစ်ယောက်က ယင်အရိုး ပေါင်းစည်းခြင်းကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ပြီးပြီပေါ့...”

သူမ၏ အမူအရာက သူတို့ တကယ်ပဲ ယင်အရိုး ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်လား စိတ်ဝင်စားနေပုံ ရသည်။

“ကျွန်မ...”

ထျန်း‌ေရှာင်လော့၏ အမူအရာက အနည်းငယ် ထူးဆန်းသွားကာ စကားစပြောလိုက်၏။ သို့သော်လည်း ဝိညာဉ်အသွင်က ကြားဖြတ်ကာ ဝင်‌ရောက် နှောက်ယှက်လိုက်လေသည်။

"ဪ... မေ့တော့မလို့”

စိမ်းပြာ‌ရောင် မင်းသမီးငယ်လေးက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ရင်း ဝေ့ဝူယင် ရင်ဘတ်‌ေရှ့သို့ ပျံသန်း သွားခဲ့သည်။ ထို့နောက် သူမက မျက်လုံးသေးသေးကလေးများဖြင့် ဝေ့ဝူယင်ကို မော့ကြည့်လိုက်၏။ ဝေ့ဝူယင်မှာ လက်ရှိ အချိန်အထိ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည့်တိုင် သူမကို မြင်ရ‌ကြောင်း ခန့်မှန်း နိုင်ပေသည်။

“သခင်.. ဝိညာဉ် ဉာဏ်ပညာ အမွေ သင်္ကေတကို သခင်ဆီ မျှဝေပေးလို့ မရဘူး”

"..."

ဝေ့ဝူယင်တို့ သုံးယောက်သားမှာ တိတ်ဆိတ် သွား၏။

“ဘာလို့လဲ...”

ချင်ကူးယဉ်က နားမလည်စွာဖြင့် မေးလိုက်သည်။ ဝိညာဉ်အသွင်က ၎င်း၏ ခန္ဓာကိုယ်လေးကို မိန်းကလေး ဘက်သို့ ပြန်လှည့်လိုက်သည်။

“အနန္တ အသွင်ပြောင်းခြင်း အမှတ်ကို မူလယင် ရင်းမြစ်မှာ ရိုက်နှိပ်ထားနိုင်သူတွေပဲ ဝိညာဉ် ဉာဏ်ပညာ အမွေ သင်္ကေတကို လက်ခံနိုင်လိမ့်မယ်... ယင်အရိုး ပေါင်းစည်းခြင်းကို ဖွဲ့စည်းပြီးရင် နင်တို့ နှစ်ယောက်စလုံး အဲဒီ အမှတ်အသားကို ရရှိနိုင်လိမ့်မယ်... အဲဒီ နည်းလမ်းနဲ့ နင့်ရဲ့ ချွတ်ယွင်းချက် ရှိတဲ့ ခန္ဓာကိုယ်နဲ့ သွေးမျိုးဆက်က သင်္ကေတ လွှဲပြောင်းမှုကို ပေါက်ကွဲမှု မရှိပဲ ခုခံနိုင်လိမ့်မယ်... ကံမကောင်းတာက...”

ဝိညာဉ်အသွင်က စကားကို ပြီးအောင် ဆက်မပြောပဲ ရပ်တန့်လိုက်၏။ သို့သော်လည်း... သူတို့ အားလုံးမှာ ဉာဏ်ကောင်းသည့် ကျင့်ကြံသူများ ဖြစ်ကြလေရာ မည်သည့် အရာကို ဆိုလိုကြောင်း သိကြပေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“အဲဒါဆိုရင် မမျှတရာ ကျမလား...”

ချင်ကူးယဉ်က ပြောလိုက်၏။ ထျန်း‌ေရှာင်လော့ကတော့ ဘာမှ မပြောပဲ တိတ်ဆိတ် နေသည်။

“ဒါပေမဲ့ နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်...”

ဝိညာဉ်အသွင်က အနည်းငယ် ပြုံးရင်း ပြောလိုက်၏။ သူမ၏ မျက်ဝန်းတို့က လျှို့ဝှက် ဆန်းကြယ်စွာဖြင့် တောက်ပနေသည်။

"နည်းလမ်းတစ်ခု... ဘယ်လိုလဲ...”

ချင်ကူးယဉ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ ဝိညာဉ် အသွင်က ပြန်လည် အဖြေ မပေးခင် ချောင်းတစ်ချက် ဟန့်လိုက်သည်။

“အဟမ်း... ဉာဏ်ပညာ သင်္ကေတကို ဖွဲ့စည်းပြီးတာနဲ့ နင်တို့တွေ စုံတွဲ ကျင့်ကြံရမယ်... အဲဒီ ဖြစ်စဉ်မှာ အစီအရင် တစ်ခု ထပ်ပေါင်း ထည့်လိုက်ရုံနဲ့တင် အမွေခံ အသိပညာတွေကို အားလုံး မျှဝေလို့ ရလိမ့်မယ်... အဲဒါက အနည်းဆုံး အချိန် နာရီ ရှစ်ရာလောက်တောင် ကြာမြင့်နိုင်တယ်... ဒါပေမဲ့ ယင်အရိုး ပေါင်းစည်းခြင်းကြောင့် နင်တို့ နှစ်ယောက်စလုံး လက်ခံနိုင်တဲ့ နှုန်းထား အတိုင်း စွမ်းဆောင် နိုင်ကြလိမ့်မယ်”

"..."

ထျန်း‌ေရှာင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက်စလုံး ဆွံ့အသွားကြ၏။ ဝေ့ဝူယင်ကတော့ သဘောကျစွာဖြင့် ရယ်မောလိုက်လေသည်။

“ကြားရတာ ပျော်စရာ ကောင်းမယ့်ပုံပဲ...”

***

All Chapters