လွှဲပြောင်းမှု စတင်ခြင်း
Vol. 80 Ch. 1118
ဝေ့ဝူယင် ရယ်မောလိုက်ချိန်မှာပင် အေးစက်စက် စူးရှရှ ခံစားချက်တစ်ခုက သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်း သွားခဲ့လေသည်။ ထိုခံစားချက်တို့ မြစ်ဖျားခံလာရာ နေရာကတော့ ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့၏ စူးစူးရရဲ မျက်ဝန်းများမှပင် ဖြစ်လေသည်။ အကယ်၍ အကြည့်များသာ လူသတ်နိုင်မည် ဆိုပါက ဝေ့ဝူယင်မှာ နေရာတွင်ပင် အပိုင်းပိုင်း ပြတ်နေလောက်ပြီ ဖြစ်လေသည်။
ပျော်စရာ ကောင်းမယ့်ပုံ...
ဘာက ပျော်စရာ ကောင်းလို့နည်း။ တွေးရင်း တွေးရင်း ချင်ကူးယဉ်၏ မျက်နှာက ရှက်စိတ်ဖြင့် နီမြန်းသွား၏။ ထျန်းေရှာင်လော့နှင့် ခြားနားစွာပင် သူမ၏ မူလ ရည်ရွယ်ချက်မှာ အမွေအနှစ်ကို ဝေ့ဝူယင်နှင့် မျှဝေရန် ဖြစ်ပေသည်။ သူမထံတွင် ဝေ့ဝူယင်၏ ကျေးဇူးတရား အကြွေး တင်ရှိလို့ နေသည်။ ဝေ့ဝူယင်၏ လက်အောက်ငယ်သားများ ကြောင့်သာ မဟုတ်ပါက ကျေးကျွန် တစ်ယောက် အနေဖြင့် သူမ သေဆုံး သွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း မူလယင်ကို ပေဖို့ အထိကျတော့... ထိုအရာက သူမ တန်ဖိုး အထားရဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထို့အပြင်... ချူးစို့သာ မှော်သန့်စင် ဆေးအိုး ပြောပုံ အရ ဆိုလျှင် သူမနှင့် ထျန်းေရှာင်လော့တို့မှာ မူလယင်ချင်း ချိတ်ဆက်သွားမည် ဖြစ်လေရာ သူမ၏ မူလယင်ကို ပေးလိုက်သည်နှင့် ထျန်းေရှာင်လော့ပါ မဖြစ်မနေ လိုက်ပေးရတော့မည် ဖြစ်သည်။
“ဟမ့်...”
ဝိညာဉ်အသွင်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ မိန်းကလေး နှစ်ယောက်၏ တုန့်ပြန်မှုက သူတို့ မိဘများနှင့် ခြိမ်းခြောက်နေသည့် အလားပင်။
သူမ လေ့လာခဲ့ရသလောက် ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ် အတွင်းတွင် သာလွန်ခြင်း အဆင့် အရည်အသွေးနှင့် အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များ မေရမတွက်နိုင်လောက်အောင် ရှိနေချေသည်။ ထိုအရာ အားလုံးက အဂ္ဂိရတ် တာအိုတွင် ဝေ့ဝူယင် ပါရမီ ဘယ်လောက် မြင့်မားကြောင်း ပြသနေသည့် သက်သေ အထောက်အထားများပင် ဖြစ်သည်။ ပုံမှန် အခြေအနေတွင် ဆိုပါက ဝေ့ဝူယင်ထံတွင် ခစားခွင့် ရရန် သူတို့ ဒူးထောက်၍ပင် တောင်းဆိုသင့်သည်။
ဝိညာဉ်အသွင်က ဝေ့ဝူယင်ဘက်ကို ပြန်လှည့်လိုက်၏။ သူမ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေချေသည်။ ယခု၌ ဝိညာဉ် ချိတ်ဆက်မှု အရ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံကို အတိုင်းအတာ တစ်ခု အထိ သူမ ခံစားနိုင်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ဧဒင်နှင့် ချိတ်ဆက်နေသည့် အပိုင်းကိုပင်။
အစ ပထမတုန်းက လူငယ်ကို ချဉ်းကပ်ခဲ့ရခြင်းမှာ သူ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပါရမီက သူမ၏ အစီအစဉ်များကို အကောင်အထည် ဖော်ဖို့ လုံလောက်သောကြောင့် ဖြစ်သည်။ လူငယ်မှာ သူမ မြင်ဖူးသမျှ အဂ္ဂိရတ် ပါရမီ အမြင့်မားဆုံး သုံးယောက်ထဲ၌ တစ်ယောက် အပါအဝင် ဖြစ်သည်။ သူက အနိမ့်ဆုံး အရှင်သခင် အဆင့် ပါရမီကို ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း လူငယ်၏ ကျင့်ကြံခြင်း အခြေခံကို တွေ့မြင်ပြီး နောက်တွင်တော့ သူမ၏ မကောင်းသော ရည်ရွယ်ချက်တို့မှာ ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစသည်။ မပျောက်ပဲ ခံနိုင်ပါရိုးလား။
ရှစ်ဆယ့်တစ် စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေ...
ဝိညာဉ် ကွင်းဆယ့်သုံးကွင်း...
မဟာ ပေါင်းဆုံခြင်း အာကာသ ပဲ့တင်သံလှိုင်း...
ဝိညာဉ် အလင်းနှင့် ချိတ်ဆက်ထားသည့် နယ်မြေမျိုးစေ့...
လူငယ်နှင့် ပတ်သက်နေသည့် ရှာဖွေ တွေ့ရှိမှုတိုင်းက အဇူရာ မူလ ကြယ်စင်စုကြီး တစ်ခုလုံးကိုပင် တဖိန့်ဖိန့်တုန်သွားစေနိုင်သည့် ဖြစ်တည်မှုတွေချည်း ဖြစ်သည်။ ပိုမို၍ ဆိုးသည်က ထိုအရာ အားလုံးကို ပိုင်ဆိုင်ထားသူမှာ အသက် တစ်ရာပင် မပြည့်သေးသည့် လောကသခင် အဆင့် လူငယ်လေး တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။
ဝိညာဉ်အသွင်က လေးစားမှုတို့ တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝေ့ဝူယင် အနားသို့ ချဉ်းကပ် လာခဲ့၏။ လူငယ်လေးထံတွင် ဝိညာဉ် ကျိန်ဆိုခဲ့ခြင်းက သူမ ဘဝ တစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက် ဟုပင် တွေးတော နေခဲ့မိသည်။ ဤလောက၌ သူမလောက် ကံကောင်းသည့် ဝိညာဉ်အသွင် ရှိလိမ့်တော့မည် မထင်ပါချေ။
တစ်ယောက်ကို တစ်ယောက် ဝိညာဉ်အာရုံဖြင့် ဆက်သွယ် ဆွေးနွေး နေကြသည့် မိန်းမလှလေး နှစ်ယောက်ကို လျစ်လျူကာ ဝိညာဉ်အသွင်က ဝေ့ဝူယင်ကို ဝိညာဉ် ဆက်သွယ်မှုဖြင့် ပြောလိုက်၏။
“အခြား နည်းလမ်းက တကယ့်ကို မရှိတော့တာ သခင်...”
အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များကို လွှဲပြောင်းရန် အဓိက လိုအပ်ချက်က ဝိညာဉ် ဉာဏ်ပညာ အမွေခံ သင်္ကေတ ဖြစ် ဖြစ်သည်။ ထိုသင်္ကေတ မရှိပါက ဘာမှ လုပ်၍ မရချေ။ နောင်တစ်ချိန် ဝေ့ဝူယင် ကောင်းကင်ရှန့်ထို အဆင့်ကို ရောက်လျှင်တော့ သူမ၏ အကူအညီဖြင့် အတင်းအကြပ် သန့်စင်ကောင်း သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သင်္ကေတအား မရရှိနိုင်သည့် အပေါ် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည့်တိုင် အမွေအနှစ်က သူ့အတွက် မဖြစ်နိုင်တော့ကြောင်း ဝေ့ဝူယင် သဘောပေါက်ပြီး ဖြစ်သည်။ ကောင်းကင် တာအိုမှာ အချို့သော ကံကောင်းမှုများကို သူ ရည်ရွယ်ထားသည့် ကောင်းချီးခံများမှ တစ်ပါး အခြားလူများ မရရှိနိုင်အောင် စီမံထားပုံ ရသည်။ ဘာတတ်နိုင်မည်နည်း။
ထို့အပြင်... သူ့အတွက် လက်ချည်းဗလာ ဖြစ်ခဲ့သည်တော့ မဟုတ်ချေ။ ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ ဝိညာဉ်အသွင်မှာ သူ့ကို သခင် အဖြစ် လက်ခံခဲ့ကာ သူမကိုယ် သူမ ဒြပ်စင် ဥဿုံ မှော်သန့်စင် ဆေးအိုးနှင့် ပေါင်းစပ်လိုခဲ့သည်။ ၎င်းက ကောင်းကင်တာအို ဖန်တီးထားသည့် ကာလရှည်ကြာ အကျိုးဖြစ်ထွန်းစေသော ကမ္မ အခွင့်အေရး တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
မကြာခင်မှာပင်... မိန်းကလေး နှစ်ယောက်၏ ဆွေးနွေးဝိုင်းက ပြီးဆုံးသွားပုံ ရသည်။ ချင်ကူးယဉ်က ဖြူေရာ်သည့် အပြုံး တစ်ခုကို ဆင်မြန်းကာ ဝေ့ဝူယင်ဘက်ကို လှည့်လိုက်၏။
“ကျွန်မ စိတ်မကောင်းပါဘူး... ဝေ့ဝူယင်”
သူမက တောင်းပန်လိုက်လေသည်။ ထိုအဖြေကို ဝေ့ဝူယင် အစောကြီးတည်းကပင် သိရှိထားပြီး ဖြစ်သည်။ ထျန်းေရှာင်လော့လို မာနကြီးသူ တစ်ယောက်က သူ့လို သူစိမ်း တစ်ယောက် သူမကိုယ် သူမ ပုံအပ်ဖို့ အဘယ်မှာ သဘောတူပါမည်နည်း။ အမွေအနှစ်ကို ဆုံးရှုံးရမည် ဆိုလျှင်ပင် သူမ သဘောတူလိမ့်မည် မဟုတ်ပါချေ။
“ကိစ္စမရှိပါဘူး...”
ဝေ့ဝူယင်က ချင်ကူးယဉ်ကို နွေးထွေးစွာ ပြုံးပြလိုက်၏။ ထို့နောက် သူက ထျန်းေရှာင်လော့ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
“တကယ်လို့ မင်းတို့ သဘောတူရင်တောင် ငါက လက်ခံမှာ မဟုတ်ဘူး”
“ဟမ့်...”
ထျန်းေရှာင်လော့ စိတ်ထဲမှ နှာခေါင်းရှုံ့ကာ လှောင်ပြောင် လိုက်မိ၏။ ကောင်းကင်ဘုံ၏ အလှတရားများ ဖုံးလွှမ်းနေသည့် မိန်းကလေး နှစ်ယောက်နှင့် အတူ အိပ်စက်ကာ လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ အမွေအနှစ်များအား ရရှိနိုင်မည့် အခွင့်အေရးကို မည်ကဲ့သို့သော ယောက်ျားမျိုးက ငြင်းဆန်မည်နည်း။ အဓိပ္ပာယ် မရှိလိုက်လေခြင်း။ သူမ မျက်လုံးများကို လှန်တင် လိုက်မိ၏။
“ဒါနဲ့ ရှင် မျက်လုံး မကောင်းဘူးလား...”
ချင်ကူးယဉ်က အနည်းငယ် တွေးတောကာ မေးလိုက်၏။ ဝေ့ဝူယင်မှာ အစတကည်းက မျက်လုံး နှစ်ဖက်ကို လက်များဖြင့် အုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင်... သူက နေရာမှ နည်းနည်းလေးမှ ေရွ့လျားခြင်း မရှိသေးချေ။
ထျန်းေရှာင်လော့မှာလည်း ထိုအချင်းအရာကို သတိထားမိရာ မျက်မှောင်ကြုတ် လိုက်၏။ ပထမတုန်းကတော့ ချင်ကူးယဉ် ရင်ဘတ် အမှတ်အသား ပြသတာကို ေရှာင်ဖယ်ဖို့ ဝေ့ဝူယင် မျက်လုံးများကို ပိတ်ထားခြင်းဟု သူမ ထင်မြင် နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူက အဘယ်ကြောင့် ယခုထိ ဆက်ပိတ်ထားရသနည်း။
“...”
ဝေ့ဝူယင်မှာ သူ့အဖြစ်သူ ပြန်လည် သတိထားမိသွား၏။ သူက ခပ်မြန်မြန်ပင် ဝိညာဉ်အသွင်ထံ ဆက်သွယ်ကာ အဂ္ဂိရတ် အမြုတေ အော်ရာ ဖြာထွက်မှုကို ခုခံ ကာကွယ်နိုင်မည့် နည်းလမ်း တစ်ခု ရှိမလား မေးမြန်း လိုက်သည်။ ထိုအခါတွင်မှ ဝိညာဉ်အသွင်မှာလည်း သတိရသွားဟန် ရ၏။
သူမက ခပ်မြန်မြန်ပင် မှော်သန့်စင် ဆေးအိုးထံ ပြန်လည် ရောက်ရှိသွားသည်။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မှော်သန့်စင် ဆေးအိုးထံမှ ထွက်ပေါ်နေသည့် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ မှေးမှိန်သွား၏။ ထိုအခါတွင်မှ ဝေ့ဝူယင်မှာ တစ်ကိုယ်လုံ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူ၏ ဒုတိယမြောက်စိတ်နှင့် ကြယ်တာရာ ဝိညာဉ် လေးခုမှာလည်း ဖိအားများ ပြေလျော့ သွားသလို သက်ပြင်းများ ချလိုက်ကြသည်။
တစ်ခဏ အတွင်းမှာပင် မျက်လုံးများ အတွင်းရှိ ကြယ်တာရာများမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့လေရာ ဝေ့ဝူယင် လက်နှစ်ဖက်ကို ပြန်လည် ခွာလိုက်သည်။ ကြည်လင် တောက်ပသည့် သူ၏ ငွေရောင် မျက်ဝန်းများမှာ လောကထံ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာ၏။
“ဘာမှ မဖြစ်ပါဘူး...”
ဝေ့ဝူယင်က အပြုံးဖြင့် ပြောလိုက်၏။ ထျန်းေရှာင်လော့ စိုးရိမ် သကဲ့သို့ပင် သူသည်လည်းပဲ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်များနှင့် ပတ်သက်သည့် သတင်းများ ပျံ့နှံ့သွားမည်ကို စိုးရိမ်မိပေသည်။ သာမန် မြေကြီး ရှန့်ထို အဆင့်လောက်ကို သူ မမှုသော်လည်း အာဏာရှင် အင်ပါယာများပါ ပါဝင်လာပါက လောကသခင် အဆင့် သူ့ ကျင့်ကြံခြင်း အခြေခံဖြင့် ေရှာင်လွှဲဖို့ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
“သခင်... အခြားကိစ္စ မရှိတော့ရင် သူတို့ နှစ်ယောက်ကို အမွေအနှစ် စလွှဲပေးဖို့ ရပြီလား... လုပ်ငန်း ပြီးတာနဲ့ လွတ်လပ်မှုကို ကျွန်မ ပြန်ရပြီ”
***