← Chapters

ပိုင်ရှု

Vol. 80 Ch. 1119

ပိုင်ရှု

Vol. 80 Ch. 1119

ထျန်း‌ေရှာင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက်မှာ ယင်အရိုး ပေါင်းစည်းခြင်း ပြုလုပ်ဖို့ ဆုံးဖြတ် ခဲ့ကြပြီး ဖြစ်သည်။ ထိုအရာက... လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်ထံမှ အမွေအနှစ်များ ရရှိနိုင်မည့် အခွင့်အ‌ေရး ဖြစ်သည်။ ၎င်းက ဘယ်လောက် အတိမ်အနက် ရှိကြောင်း မခန့်မှန်း နိုင်သည့်တိုင် အဆုံးမဲ့ အကျိုးအမြတ်များ ရရှိမည်တော့ မလွဲမသွေပင် ဖြစ်လေသည်။

ဝေ့ဝူယင်ထံမှ ခွင့်ပြုချက် ရရှိပြီးနောက် ဝိညာဉ်အသွင်က မိန်းကလေး နှစ်ယောက်ဘက်ကို လှည့်လိုက်သည်။

“နင်တို့ နှစ်ယောက် လျှို့ဝှက် ကျိန်စာ ကျိန်ဆိုကြရမယ်... အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ အမွေအနှစ်တွေကို ကာကွယ်ဖို့ အတွက်”

ထို့နောက်... သူမက ဝေ့ဝူယင်ကို တောင်းပန်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များမှာ လွယ်လွယ်ကူကူ လွှဲပြောင်းပေးနိုင်သည့် အရာများ မဟုတ်ပါချေ။ ထာဝရ ကြယ်တာရာ နယ်မြေတွင် အဖိုးတန် အမွေအနှစ်များကို ကြင်နာ သနားစိတ်ဖြင့် လွတ်လွတ်လပ်လပ် ဖြန့်ဝေခွင့် ပြုခဲ့သည့် ထာဝရ ဧကရာဇ်မှ တစ်ပါး မည်သည့် အဂ္ဂိရတ် ရှန့်ထိုမှ သူတို့ အမွေအနှစ်ကို ထိုကဲ့သို့ ချန်ထားခဲ့လိမ့်မည် မဟုတ်ချေ။

“မင်းမှာ နာမည် ရှိလား...”

ဝေ့ဝူယင် စိတ်ဖြင့် ဆက်သွယ်ကာ မေးလိုက်၏။

”မရှိပါဘူး သခင်...”

ဝိညာဉ်အသွင်က ခေါင်းခါ ပြလိုက်သည်။

“ကျွန်မကို စတင် ဖန်တီးခဲ့တဲ့ အချိန်ကတည်းက စလို့ နာမည် မပေးရ‌‌သေးပါဘူး... အများစုကတော့ ကျွန်မ နေထိုင်တဲ့ မှော်သန့်စင် ဆေးအိုးတွေရဲ့ နာမည်တွေကိုပဲ သုံးပြီး ခေါ်ခဲ့ကြတာ”

လက်ရှိတွင်ပင် သူမကို ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ ဝိညာဉ် အဖြစ်သာ အကုန်လုံးက သိရှိထားကြသည် မဟုတ်ပါလား။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ပင်လျှင် သူမကို ထိုကဲ့သို့ နာမ်စား သုံးနှုန်း၍ ခေါ်ဝေါ်လေ့ ရှိပေသည်။

နာမည်များတွင် ပုံမဖော်နိုင်သည့် စွမ်းအား တစ်ခု ရှိပေသည်။ ၎င်းတို့မှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည့် ကမ္မ ချိတ်ဆက်မှု တစ်ခုကို ဖန်တီး ပေးနိုင်စွမ်း ရှိသည်။ ဝေ့ဝူယင်မှာ ပိုင်လင်ကို နာမည် ပေးခဲ့သည်။ ထို့နောက် သူမမှာ သူ့ထံမှ ကမ္မ တန်ဖိုးများနှင့် အတူ ဖီးနစ်ငှက်တစ်ကောင် ဖြစ်လာခဲ့သည်။

ဝေ့ဝူယင်က တစ်ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“ဒီနေ့စကပြီး မင်းနာမည်က ပိုင်ရှုပဲ”

ဝိညာဉ်အသွင်မှာ ခတ်ခနဲ တုန်ရီသွားကာ စိမ်းပြာ‌ရောင် ခန္ဓာကိုယ် တစ်ခုလုံးမှာ မျက်စိကျိန်းမတတ် အလင်းတန်းများနှင့် အတူ တောက်ပလာခဲ့၏။ မိန်းကလေး နှစ်ယောက်မှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိလေရာ အနည်းငယ် တုန်ရီသွားခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ထိုဖြစ်စဉ်မှာ မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်ခဲ့ပေသည်။

အလင်းတန်းများ ဖျပ်ခနဲ ပြန်လည် မှေးမှိန်သွားပြီးနောက်တွင် ပိုင်ရှု၏ မျက်လုံးများမှာ စိမ်းပြာ‌ရောင် မဟုတ်ပါတော့ချေ။ သူမ၏ သူငယ်အိမ်များမှာ အသက်ဓာတ်ကို ရရှိသွားပုံ ပေါ်ကာ ဝေ့ဝူယင်နှင့် ဆင်တူသည့် ငွေ‌ရောင် အဆင်းကို ရရှိလာသည်။ သူမက ဝေ့ဝူယင်ဘက်ကို လှည့်ကာ အလေးစားဆုံးသော အမူအရာနှင့် ဦးတစ်ချက် ညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် သခင်...”

ဝေ့ဝူယင်မှာ စိတ်ထဲမှ အနည်းငယ် အံ့သြ နေမိ၏။ ပိုင်ရှုအား နာမည် ပေးလိုက်သည့် တစ်ချိန်တည်းတွင်ပင် လောက၏ ထူးဆန်းသော အင်အားတစ်ခုက စီမံသည့် အလား သူ၏ ဝိညာဉ် အော်ရာမှာ ပိုင်ရှု၏ ခန္ဓာကိုယ် အတွင်း စုစည်းသွားသလို သူ ခံစားခဲ့ရသည်။ လက်ရှိ၌ ပိုင်ရှုမှာ သူ၏ ဝိညာဉ် အော်ရာဖြင့် သန့်စင် ခံထားရသည့် ဆက်စပ်မှု စစ်အလံထဲမှ စစ်ဝိညာဉ်များနှင့် ပိုမို ဆင်တူ သွားခဲ့ပြိ ဖြစ်သည်။

“မင်း သူ့ကို နာမည်ပေးလိုက်တယ်...”

ကောင်းကင် စစ်ဝိညာဉ် ဥကလေးမှာ အနည်းငယ် တုန်ရီသွား၏ သူမ၏ အသံက ထိတ်လန့် တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ဒုတိယမြောက်စိတ်မှာ ဝိညာဉ်ကိုယ်ပွား အသွင်ကို ယူကာ သူမ၏ နံဘေးနားတွင် ပေါ်လာခဲ့၏။

“ဘာလို့လဲဗျ...”

သူက မေးလိုက်၏။

"နင် ဝိညာဉ် အသွင်ကို နာမည် ပေးလိုက်တယ်...”

ကောင်းကင် စစ်ဝိညာဉ်က စောစောက စကားကိုပင် ထပ်ခါ ‌ေရရွတ်လိုက်သည်။ ဒုတိယမြောက် စိတ်က ချက်ချင်းပင် မူလစိတ်နှင့် ချိတ်ဆက်ကာ အချက်အလက်များကို ရယူလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ် လိုက်၏။

“အဲဒါက ဆိုးလို့လား...”

“ဆိုးလား ဆိုရင် မဆိုးဘူး... ကောင်းလား ဆိုရင်လည်း မကောင်းဘူး... အနာဂတ်ကျရင် မင်း အဲဒါကို ရှာတွေ့လိမ့်မယ်... ငါတို့လို တာအို ဝိညာဉ်တွေကို အခြားလူတွေက နာမည်ပေးလို့ မရဘူး... ဒါပေမဲ့ အဲဒါက ခုတော့ ကိစ္စမရှိ‌သေးပါဘူး... ဒါပေမဲ့ မင်း အစစ်အမှန် ဝိညာဉ်ကို ကောင်းကင်နဲ့ ချိတ်ဆက်ရတဲ့ အခါ... ကြီးကျယ် မြင့်မြတ်တဲ့ အဲဒီ နယ်မြေကို ဝင်‌ရောက်ရတဲ့ အခါ မင်းရဲ့ ဒီနေ့ လုပ်ရပ်က ဘယ်လောက်တောင် တုန်လှုပ်စရာ ကောင်းလဲ နားလည် သွားလိမ့်မယ်”

ကောင်းကင် စစ်ဝိညာဉ်သည် ထိုကဲ့သို့ ပြောပြီးနောက် လုံးဝ တိတ်ဆိတ် သွားခဲ့၏။ သူမက နောက်ထပ် ဘာကိုမှ ထပ်မံ ရှင်းမပြတော့ချေ။

“ငါတို့ တာအို ဝိညာဉ်တွေ...”

မိန်းကလေး နှစ်ယောက်အား ယင်အရိုး ဖွဲ့စည်းခြင်း ပြုလုပ်ရန် လမ်းညွှန်ပေးနေသည့် ပိုင်ရှုကို ဝေ့ဝူယင် လှမ်းကြည့် လိုက်သည်။ ပိုင်ရှုနှင့် ကောင်းကင် စစ်ဝိညာဉ်တို့မှာ တူညီသည့် မျိုးစိတ် တစ်ခုတည်းမှလော။

...

ယင်အရိုး ဖွဲ့စည်းခြင်းမှာ လျှို့ဝှက် ဆန်းကြယ်ကာ ခန္ဓာကိုယ်များကို ဖော်ပြရသည့် ဖြစ်စဉ် တစ်ခု ဖြစ်လေရာ မကြာခင်မှာပင် ဝေ့ဝူယင်မှာ ထျန်း‌ေရှာင်လော့၏ နေအိမ်ထဲမှ နှင်ထုတ် ခံခဲ့ရတော့သည်။ ဖြစ်စဉ်က အနည်းဆုံး နှစ်ပတ်အထိ ကြာမြင့်မည် ဖြစ်ခဲ့သည့် အပြင် ထိုစံအိမ် အတွင်း၌ သူ ဆောင်ရွက်စရာ ကိစ္စများလည်း မရှိပါတော့ချေ။

နှစ်ပတ်ပြည့်မြောက်ပြီး နောက်တွင် ဉာဏ်ပညာ အမွေ သင်္ကေတကိုလည်း ဆက်လက် လွှဲပြောင်းကြဦးမည် ဖြစ်သည်။ ပိုင်ရှု၏ အဆိုအရ ထိုလွှဲပြောင်းမှု ဖြစ်စဉ်မှာ ခန့်မှန်းခြေအားဖြင့် လအနည်းငယ်ခန့် ထပ်မံ ကြာမြင့်လိမ့်မည် ဖြစ်သည်။

မထွက်ခွာခင် ဝေ့ဝူယင်မှာ လောကကြီး တစ်ခုလုံးက မမျှတသည့် အလား စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း တစ်ချက် ချခဲ့သေးသည်။ သူ၏ ထိုလုပ်ရပ်က ထျန်း‌ေရှာင်လော့၏ မျက်လုံးများကို မီးများဖြင့် တဝင်းဝင်း တောက်ပ သွားစေခဲ့သည်။ ထိုကောင်စုတ်ကလေးက သူတို့ နှစ်ယောက်ကို သူ့မယားတွေ ဖြစ်လာဖို့ မျှော်လင့် နေသေးသည်လား။ သူ ဘယ်လိုပဲ ငြင်းပယ်ပါစေ... နောက်ဆုံး၌ အမူအရာက စကားပြောလာခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်မှာ ထျန်း‌ေရှာင်လော့၏ တုန့်ပြန်ပုံကို တွေ့လိုက်ရလေရာ ရယ်ချင်လာခဲ့မိ၏။ ထို့ကြောင့်ပင် သူက မိန်းကလေး နှစ်ယောက် အနေဖြင့် ထိုနည်းလမ်းကို စမ်းသပ်လိုပါက အချိန်မ‌ေရွး ကြိုဆိုနေကြောင်း ခပ်တည်တည်ဖြင့် ပြောခဲ့သေးသည်။ ထိုစကားကပင် ထျန်း‌ေရှာင်လော့၏ ဒေါသကို ပို၍ ပေါက်ကွဲ သွားစေခဲ့ကာ သူ့ကို လောကအင်အားဖြင့် အခန်းထဲမှ တွန်းထုတ် ပစ်ခဲ့တော့သည်။

အောက်ထပ်ကို ‌ရောက်ရှိလာပြီးနောက် နာ့ရှင်းရီနှင့် ကျန်းဖေးလန်တို့လို ယင်ခန္ဓာ ကိုင်ရှင်များသာ ယင်အရိုး ပေါင်းစည်းခြင်းကို ဖွဲ့စည်းပါက မည်ကဲ့သို့ ဖြစ်မည်ကို ဝေ့ဝူယင် တွေးလိုက်မိသည်။ အကျိုးအမြတ်များက ကွဲပြား ခြားနားမည်လော။ ယင်အရိုး ပေါင်းစည်းခြင်း၏ အဓိက ရည်ရွယ်ချက်က‌ရော အဘယ်နည်း။ ၎င်းက အမွေအနှစ်များကို မျှဝေရန် တစ်ခုတည်း အတွက်တော့ ဟုတ်ပုံ မရချေ။

ဝေ့ဝူယင် ချောင်စွေ့ဖုန်းကို တွေးလိုက်မိ၏။ မိန်းကလေးမှာ သူ့ထံမှ အမွေအနှစ်များကို ပြန်လည် ရယူရန် ကြံစည်ထားတာ ရှင်းလင်းလှသည်။ သူမထံတွင် မည်ကဲ့သို့သော နည်းလမ်းများ ရှိသနည်း။

ဘယ်လိုပဲ ဖြစ်ဖြစ် ကံကောင်းတာ တစ်ခုက ချင်ကူးယဉ်‌ရော ထျန်း‌ေရှာင်လော့ပါ ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ ပိုင်ရှင် အပြောင်းအလဲကို လက်ခံခဲ့ကြခြင်း ဖြစ်သည်။ သူတို့ လက်မခံလျှင် ပိုင်ရှုဘက်ကလည်း အမွေအနှစ်များကို လွှဲပြောင်းပေးလိမ့်မည် မဟုတ်ပါချေ။ ပိုင်ရှုက သူမ၏ တည်ရှိမှုကို ဘယ်တော့မှ မဖော်ထုတ် ပါမည့် အကြောင်း မိန်းကလေး နှစ်ယောက်ကို လျှို့ဝှက် ကျိန်စာပင် ကျိန်ဆိုခိုင်းလိုက်သေးသည်။

နန်းတော်ထဲမှ ထွက်လျှင် ထွက်ချင်းပင် ဝေ့ဝူယင်မှာ ချောင်စွေ့ဖုန်းကို တွေ့လိုက်ရသည်။ မိတ်ကပ်ကို ပြန်ပြင်လိမ်းထားသည့်တိုင် သူမမှာ ယခင်ကလိုပင် လှပကာ ချစ်စရာ ကောင်းနေဆဲ ဖြစ်သည်။ ပန်းရောင်နှင့် ခရမ်း‌ရောင် ဝတ်စုံကလည်း သူမ၏ ခပ်ပါးပါး ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်လှကာ မျက်စိ ဖမ်းစားနိုင်စွမ်း ရှိသည့် ကောက်ကြောင်းများကို ဖော်ပြထားသည်။

ချောင်စွေ့ဖုန်း၏ နောက်ဖက် မီတာ အနည်းငယ်ခန့် အကွာတွင်တော့ ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းများနှင့် လျူစုယင် တစ်ယောက် ရှိနေခဲ့သည်။

ဟူး... ဟူး...

ဝေ့ဝူယင် ထွက်လာလာချင်းပင် မ‌ေရမတွက်နိုင်သော ဝိညာဉ်အာရုံများမှာ သူ့အပေါ် စုပြုံ ကျ‌ရောက် လာခဲ့၏။ ၎င်းတို့က မုန်တိုင်း တစ်ခုလိုမျိုး ပြင်းထန်လှလေရာ သူ၏ အဝတ်အစားများပင် လေမတိုက်ပဲ တဖျပ်ဖျပ် လွင့်သွားခဲ့သည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။

ချောင်စွေ့ဖုန်းက ချက်ချင်းပင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သူမ၏ လျှို့ဝှက် ဝိညာဉ်ဖြင့် အကာအရံ တစ်ခု တံတိုင်း တစ်ခု ဖွဲ့စည်းလိုက်သည်။ ထို့နောက်... သူမက ကိုယ်ပိုင် နယ်မြေ အတွင်းရှိ ဝိညာဉ်အာရုံများကို ဖျက်ဆီး ပစ်လိုက်၏။

ချက်ချင်းပင် အဝေးဆီမှ နာကျင်သည့် အော်ဟစ်သံများကို သူတို့ ကြားလိုက်ရသည်။ မိန်းကလေးက အနည်းငယ် ပြုံးလိုက်ကာ ဝေ့ဝူယင် အနားသို့ ကပ်သွားခဲ့၏။ သို့သော်လည်း.. သူမက ပတ်ဝန်းကျင်ကို သတိမလစ် စောင့်ကြည့်နေဆဲ ဖြစ်သည်။

လျူစုယင်က မျက်မှောင်ကြုတ်လိုက်၏။ သူမက အပြင်လူ တစ်ယောက် ဖြစ်လေရာ အကယ်ဒမီ အတွင်း ချောင်စွေ့ဖုန်းလို မတုန့်ပြန်ရဲပါချေ။ ပေါ်တင်ကြီး လာစပ်စုနေသည့် ထိုကျင့်ကြံသူများကို သင်ခန်းစာ တစ်ခု ပေးချင်သည့်တိုင် နှစ်ပေါင်း များစွာတိုင် ထောင်ဒဏ်ချခံရခြင်း၊ ကာကွယ်သူ မြို့တော်ထဲမှ နှင်ထုတ်ခံရခြင်း စသည် ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။

ချောင်စွေ့ဖုန်း ပင်လျှင် တာအို လမ်းညွှန်သူ တစ်ယောက်၏ ထောက်ခံမှုကို ရရှိထားသောကြောင့်သာ ထိုကဲ့သို့ လုပ်ဆောင်ရဲခြင်း ဖြစ်သည်။ ယခုလက်ရှိ ဝေ့ဝူယင်မှာလည်း တာအို လမ်းညွှန်သူ တစ်ယောက်ပင် ဖြစ်လေရာ ထိပ်တန်း သြဇာအာဏာရှိသူ နှစ်ယောက်က သူမကို ပံ့ပိုးထားသည်ဟု ဆိုနိုင်ပေသည်။ ဝေ့ဝူယင်မှာ အကယ်ဒမီကို မကြာသေးခင်ကမှ ‌ရောက်ရှိလာသူ တစ်ယောက် ဖြစ်သည့်တိုင် တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

ကျင့်ကြံသူများမှာလည်း ထိုအရာကို သိကြလေရာ သူတို့အတွက် ပြစ်ဒဏ်ကို လက်ခံရုံမှ တစ်ပါး အခြား ရှိကြလိမ့်မည် မဟုတ်ပါချေ။ ထို့အပြင်.... အကယ်ဒမီထဲတွင် အဂ္ဂိရတ် ပညာရှင်များကို ဆန့်ကျင်ဖို့ ကြိုးပမ်းခြင်းမှာ အကြီးမားဆုံးသော ပြစ်ဒဏ်ပင် ဖြစ်လေသည်။

လျူစုယင်က ချောင်စွေ့ဖုန်းကို ဖြတ်ကျော်ကာ ဝေ့ဝူယင် အနားသို့ ချဉ်းကပ် လာခဲ့သည်။ ထို့နောက် သူမက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းရင်း မေးလိုက်၏။

“တခြားနှစ်ယောက်‌ရော...”

ဝေ့ဝူယင်က အကြောဆန့် လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး အမူအရာဖြင့်ပင် ခေါင်းကို ခါယမ်း ပြလိုက်၏။

“သူတို့ အထဲမှာ... အမွေအနှစ်ကို လက်ခံနေကြတယ်”

***

All Chapters