← Chapters

မင်းအသက်ကိုကယ်ဖို့ ဒူးထောက်ပါ

Vol. 68 Ch. 1341

မင်းအသက်ကိုကယ်ဖို့ ဒူးထောက်ပါ

Vol. 68 Ch. 1341

ယန်ယဲ့၏ဝိညာဉ်အသိစိတ်မှာ မည်မျှအားကောင်းသလဲဆိုလျှင် ကွမ်ယန်းနှင့် လုကျီတို့သည် ၃၃ ကောင်းကင်ဘုံ၊ အနောက်တောရိုင်းနှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်သို့ သတင်းပို့မည်ကို သိထားသည်။ သို့သော် သူသည် သူတို့နှစ်ယောက်အား မထင်သလိုကြည့်လိုက်သည်။ နှစ်တစ်သောင်းကြာပြီး နောက် သူသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှလူများနှင့် တွေ့ရန် အခွင့်အရေး လိုချင်မိသည်။

သူ့မျက်လုံးများသည် ပင်ဖုန်းဆီသို့ ပြန်လည်ကျရောက်သွားကာ ယန်ယဲ့ ၏ အသံသည် မိုးကြိုးသံကဲ့သို့ ကောင်းကင်နှင့်မြေကြီးအကြားတွင် ထပ်မံ ပဲ့တင်ထပ်လာသည် “ပင်ဖုန်း မင်းဒူးထောက်တာ အလဟဿတော့မဖြစ်ပါဘူး၊ ငါ မင်းအသက်ကို သက်ညှာပေးမယ် မင်းနဲ့ ဒီနေရာကလူကြားမှာ တိုက်ပွဲရှိရင် သူမနဲ့တိုက်ခိုက်မယ်ဆိုရင် ဒီနေရာက မင်းအသက်ကိုကယ်ပေးလိမ့်မယ်”

ယန်ယဲ့၏စကားလုံးများသည် ပင်ဖုန်း၏မျက်နှာမှ မျက်ရည်များကို တန့်သွားကာ ရပ်တန့်စေလေသည်။ သူမသည် ယန်ယဲ့အား မယုံနိုင်စွာကြည့် လေသည်။ ယန်ယဲ့သည် သူမအားမသတ်ဘဲ အရှင်ထားချင်လိမ့်မည်ဟု မယုံနိုင် ပေ။ သူမသည် ပေထင်းဟွမ်နှင့် တိုက်ခိုက်ရန် ကံပါလာခဲ့သည်။

ထိုသို့ဆိုလျှင် သူမသည် ယခုသေသွားလိုက်လျှင်ကောင်းမည်။

သို့သော် ယန်‌ယဲ့ရှေ့တွင် ပင်ဖုန်းသည် ရွေးချယ်စရာမရှိတော့ပေ။ ယန်ယဲ့၏အင်္ကျီလက်ခါလိုက်သည်နှင့် ဓားအလင်းသည် လေခွင်းသည့် စူးရှသောအသံနှင့်အတူ ပင်ဖုန်းရှိရာသို့ ပြေးဝင်လေသည်။

အပြာရောင်လွင်ပြင်မှ ဓားအလင်းကိုကြည့်ပြီး လူမရှိသည့်မြေသို့ဝင် လိုက်ရသည့်အလား ရင်ပြင်တစ်ခုလုံးမှလူများမှာ နှလုံးခုန်ရပ်သွားသလိုပင်။ အစောက နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်ရောက်နေသော သန်မာသောလူ၏ မယှဉ်နိုင်သော ဓားအလင်းတိုက်ခိုက်မှုကို ပူဆွေးနေဆဲဖြစ်သည်။ ယခုအခါ မည်သို့ဖြစ်ပြန်သနည်း။

နတ်မိစ္ဆာဧကရာဇ်သည် အင်္ကျီလက်ကို ခါလိုက်ရုံဖြစ်သော်လည်း ဓား အလင်းသည် ပြောင်းလဲသွား၏။ နတ်မိစ္ဆာဧကရာဇ်သည် မည်သည့်ခွန်အားမှ ထည့်လိုက်သည်ကိုမမြင်လိုက်ရပေ။ ဓားအလင်းသည် မိုးကြိုးသွားထက်ပင် အဆပေါင်းရာချီမြန်လေသည်။ တိုက်ခိုက်မှုသည် ရေခဲဇာမဏီလိုပင်။

နတ်မိစ္ဆာဧကရာဇ်သည် သူမ၏အသက်ကို ကယ်တင်ပေးမည်ဟု ပြော လိုက်ရာ သေချာပေါက် သူမ၏အသက်ကို ကယ်တင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ဓားအလင်း၏အရှိန်သည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလျှင် တောင် တိုက်ခိုက်မှုစွမ်းအားသည် သူမကို သတ်နိုင်မည်ကို မည်သူမှ သံသယ မဝင်ကြပေ။ နတ်ဘုရားဘုရင်ထိပ်ဆုံးသည် သေဆုံးခြင်းနှင့် ရင်ဆိုင်ရတော့ မည်။

ပင်ဖုန်းလည်း ထိုအရာကိုယုံကြည်ထားသည်။ သို့သော် သူမ ခံစားရ သည့် စိတ်ဒဏ်ရာသည် နတ်မိစ္ဆာဧကရာဇ် သူမအပေါ် သက်ညှာပေးခြင်း မပေး ခြင်းပေါ်တွင် မူတည်ခြင်းမရှိပေ။

“ယန်ယဲ့ ဘာလို့ ဒီလောက်တောင် အညှာတာမဲ့ရတာလဲ၊ နှစ်တစ်သောင်း ရှိပြီ ရှင် သူမကို လွမ်းသလောက် ကျွန်မလည်းရှင့်ကိုလွမ်းတယ်၊ ကျွန်မအချစ် က သူမထက်မလျော့ဘူး၊ ဘာလို့ ကျွန်မကိုဒီလိုမျိုးဆက်ဆံရတာလဲ၊ ရှင် ကျွန်မကို သတ်ချင်လည်းသတ်နိုင်တယ်...” ပင်ဖုန်း၏အက်ကွဲသောအသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်ပြီး အားလုံးသည် ထိုအရူးအမူး စိတ်အားထက်သန်နေသည့်မိန်းကလေးကို ကြောက်လန့်တကြားမိလေသည်။

ထိုမိန်းကလေးစကားမဆုံးခင်တွင် ဓားအလင်းသည် သူမဆီသို့ ရက်စက် စွာတိုးဝင်လေသည်။ ပင်ဖုန်းသည် လက်ထဲတွင် ကံတရားကတ်ကိုကိုင်ထား သော်လည်း သူမ ထွက်ပြေးမည့်အခွင့်အရေးကို မည်သို့ပေးမည်နည်း။ သူမသည် အသက်ကတ်ပြားကို ချေရန်အချိန်ပင်မပေးပေ။ ဓားအလင်းသည် သူမ၏ ညာဘက်ရင်ဘတ်အား ဖြတ်ဖောက်ပြီးဖြစ်ကာ အပေါက်ဖြစ်သွားလေ ၏။

မည်မျှ ရက်စက်လိုက်သနည်း။

အားလုံးသည် မြေပေါ်သို့လဲကျသွားသောမိန်းကလေးအား မယုံနိုင်စွာဖြင့် စိုက်ကြည့်ကြလေသည်။ သို့သော် သူမသည် မသေနိုင်ပေ။ သူမ၏ နဂိုက တောက်ပနေသော နဂါးနှင့်ဇာမဏီဝတ်ရုံသည် ထိုအချိန်တွင် မှေးမှိန်သွား၏။ သူမ၏ အသားနှင့်နူးညံ့သောမျက်နှာသည် ပျောက်ကွယ်သွား၏။ သူမသည် ရင်ဘတ်ကိုဆုပ်ကိုင်ကာ ယန်ယဲ့အား ခေါင်းမာမာနှင့်ကြည့်နေသည်။ ယန်ယဲ့၏ တိုက်ခိုက်မှုကိုကြည့်ပြီးနောက် သူမ၏မျက်နှာသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရသဖြင့် အမူအရာမဲ့နေသည်။

“ဟွမ်ကျို့” ပင်ဖုန်း၏ အက်ကွဲသောအသံသည် ဧကရီဟောင်း၏အမည် ကိုခေါ်လိုက်သည် “မင်းအတွက် သွေးစာချုပ်ကို ယန်ယဲ့ဖောက်ဖျက်ပြီးရင် မင်းလည်း ကောင်းကင်ရဲ့အပြစ်ပေးတာကိုခံရမယ်ဆိုတာသိတယ်မလား မင်း မသိဘူးလို့မပြောနဲ့”

“ဟုတ်တယ် ငါသိတယ်” ပေထင်းဟွမ်သည် ရက်ရက်ရောရောပင် ဝန်ခံ သည်။ သို့သော် ထိုအချိန်တွင် သူမသည် သဲ့သဲ့ပြုံးကာ နှာမှုတ်လိုက်သည် “ဒါပေမဲ့ ဘာဖြစ်လဲ”

All Chapters