ကောင်းကင်၏အပြစ်ပေးမှု၊ ကောင်းကင်ကိုသတ်ပြီး နတ်ဘုရားအား အပြစ်တင်ရှုံ့ချခြင်း
Vol. 68 Ch. 1342
အဲတော့ဘာဖြစ်လဲ။
ထိုစကားလုံးလေးလုံးသည် ချက်ချင်းပင် ပင်ဖုန်း၏ပျက်စီးနေသော ခန္ဓာကိုယ်ကို မရပ်နိုင်လောက်အောင်ဖြစ်စေသည်။ သူမသာ ဤအချိန်တွင် ထိုစကားလုံးများကိုကြားပြီး သေသွားပါက အလောင်းဖြစ်သွားလျှင်တောင် ဒေါသထွက်မိမည်ဖြစ်သည်။ သူမ အခေါင်းထဲသို့ရောက်သွားလျှင်တောင် ဒေါသထွက်၍ အခေါင်းထဲမှ ထွက်လာမည်ဖြစ်သည်။
ပင်မတိုက်ကြီးမှတခြားသူများသည် သူတို့ရှေ့မှလူသည် ပေထင်းဟွမ်ဖြစ် သည်ကို မယုံနိုင်ကြပေ။
ပေထင်းဟွမ်၏ ဖြောင့်မတ်မှု၊ အပြင်ပန်းတွင် လျစ်လျူရှုတတ် သော်လည်း ရင်ထဲရှိကြင်နာမှု၊ အားကောင်းသော်လည်း တခြားသူကို ကူညီ တတ်မှုတို့ကြောင့် ပင်မတိုက်ကြီးတွင် ထိုကျေးဇူးကို လက်ခံသည့်လူ မည်မျှရှိ သည်ကိုမသိတော့ပေ။ နတ်မိစ္ဆာဧကရာဇ်သည် သူမကို အလွန်ချစ်မြတ်နိုးကာ နတ်ဘုရားမှပေးသနားသည့် သွေးစာချုပ်ကို ဖျက်ရန်အတွက် နတ်ဘုရား၏ အပြစ်ပေးမှုကို ခံယူရန်မကြောက်ပေ။
ကောင်းကင်အပြစ်ပေးမှု၊ သခင်ပေထင်းဟွမ်သည် ကောင်းကင်အပြစ် ပေးမှု၏ အဓိပ္ပာယ်ကို သိရဲ့လား။
ကမ္ဘာကြီးသည် အနည်းငယ်လက်တွေ့မဆန်လာသည်ကို အားလုံးခံစား မချိန်တွင် ပေထင်းဟွမ်၏အသံသည် ကမ္ဘာကိုဖြတ်ပြီး ထွက်လာပြန်သည် “ကောင်းကင်က အပြစ်ပေးမှုရှိတယ်ဆိုရင်တောင် ဘာဖြစ်လဲ၊ ငါ ပေထင်းဟွမ် က ငါ့ညီအစ်ကိုတွေ သူငယ်ချင်းတွေ သားရဲတွေနဲ့ ငါ့ရဲ့လက်တွဲဖော်ကို ဘယ်တော့မှပစ်မသွားဘူး၊ နတ်ဘုရားက သူ့ကိုအပြစ်ပေးရန် အဲနေ့ပဲ နတ်ဘုရားကို သတ်မယ်၊ ဘာလို့ကြောက်နေရမှာလဲ”
ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ ထိုအခိုက်အတွင် ၃၃ ကောင်းကင်ဘုံနှင့် လျှို့ဝှက်ဆက်သွယ်နေသော ကွမ်ယန်းနှင့် လုကျီတို့သည် သလင်းကျောက်နှင့် ဆက်သွယ်ခြင်းကိုရပ်တန့်ကာ ပေထင်းဟွမ်အား လှည့်ကြည့်ကြလေသည်။ လူငယ်သည် မီးကဲ့သို့ နီရဲသော ဝတ်စုံကိုဝတ်ဆင် ထားပြီး ဆံပင်ရှည်များသည် လေထဲတွင် ပျံ့လွင့်နေသည်။ သူမသည် ဘေးမှ ငွေရောင်ဆံပင်ရှိသောလူနှင့် လေထဲတွင် စုံတွဲအလားရှိနေသည်။ ဧကရာဇ်၏ လွှမ်းမိုးမှုအောက်တွင် ကောင်းကင်ပေါ်၌ရပ်နေသည်။
ဟူး
သိန်းချီသောအသံများသည် သက်ပြင်းချလိုက်သကဲ့သို့ အသက်ရှူထုတ် ကြကာ အားလုံးသည် ပျော်ရွှင်သောမျက်နှာကို ပြကြလေသည်။ သူတို့၏ ခေါင်းဆောင်ပေထင်းဟွမ်သည် ချစ်ခြင်းနှင့် ဖြောင့်မတ်မှုတွင် ပြတ်သားကာ သူမ ပြောသလိုပင် ညီအစ်ကိုများ၊ သူငယ်ချင်းများ၊ သားရဲများနှင့် ချစ်သူကို တစ်ခါမှမစွန့်ပစ်ဖူးပေ။
ထိုအချိန်တွင် ပေထင်းဟွမ်၏နေရာထဲမှ သားရဲများပင် တညီတညွှတ် တည်း တိတ်ဆိတ်သွား၏။ သူတို့သည် နေရာတံခါးရှေ့တွင် လှဲလျောင်းကာ လွှတ်ခနဲအော်မိကြလေသည်။ သူတို့၏သခင်သည် သူတို့အား မစွန့်ပစ်နိုင်ဟု ပြောရန်မမေ့ပေ။
“ဝူး...”
သူတို့ အန္တရာယ်ရှိသည့်နေရာတွင် လေ့ကျင့်နေချိန်တွင် အမှန်ကန်ဆုံး လုပ်ရပ်မှာ ပေထင်းဟွမ်၏သားရဲဖြစ်လာခြင်းပင်ဖြစ်သည်။
လျှပ်စီးနှင့်မိုးကြိုး သားရဲနှစ်ကောင်သည် ထိုအချိန်တွင် တည်ငြိမ်ရန် ခက်ခဲလေသည်။ သူတို့သည် ပေထင်းဟွမ်နောက်လိုက်ခဲ့သည့် ပထမဆုံး သားရဲများဖြစ်ကြသည်။ ပေထင်းဟွမ် သန့်စင်သောဝိညာဉ်အပျက်အစီးတွင် စီရင်ချက်ဗိမာန်၏သားတော်နှင့် တိုက်ခိုက်စဉ်က ပေထင်းဟွမ်သည် သူမ နောက်လိုက်သည့် သားရဲများကို ဘယ်သောအခါမှ သစ္စာမဖောက်ဟု ကျိန်ဆိုခဲ့ သည်။
ယနေ့ သူမသည် စိတ်ထဲတွင် ကျိန်ဆိုခြင်းမဟုတ်ဘဲ ပင်မတိုက်ကြီးတစ် ခုလုံးရှေ့တွင် သူမ၏သားရဲများကို ဘယ်သောအခါမှ မစွန့်ပစ်ပါဟု ကျိန်ဆိုနေ သည်။ လျှပ်စီးနှင့်မိုးကြိုးသွားတို့မှာ တခြားသားရဲများထက် များစွာ ရင်ထဲထိမိ ကြလေသည်။ ပထမဆုံးအကြိမ်အနေနှင့် နတ်မိစ္ဆာသားရဲနှစ်ကောင်သည် တစ် ကောင်နှင့်တစ်ကောင်ကြည့်ရာ အချင်းချင်းမျက်လုံးထဲမှ ခံစားချက်များကို မြင်ရလေသည်။
ထို့နောက် ယန်ယဲ့သည် 'ချစ်သူ' ဆိုသည့်စကားလုံးကိုကြားပြီးနောက် တစ်ကိုယ်လုံးတုန်ယင်စွာနှင့် ပေထင်းဟွမ်အား မယုံနိုင်သလိုကြည့်လေသည်။ သူ နားကြားမှားခြင်းမဟုတ်ပေ။ ပေထင်းဟွမ်သည် 'ချစ်သူကို ဘယ်တော့မှ မစွန့်ပစ်' ဟုပြောခဲ့သည်။ သူသည် သူမ၏ ချစ်သူဟု ပြောခဲ့သည်။