← Chapters

ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ လက်မလွှတ်ဘူး

Vol. 68 Ch. 1343

ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ လက်မလွှတ်ဘူး

Vol. 68 Ch. 1343

တစ်ယောက်နှင့်တစ်ယောက် စစ်မြေပြင်တွင်တွေ့ခဲ့စဉ်မှ ဝိညာဉ်ပျံ့လွင့် ကာ ပြန်လည်ဝင်စားချိန်ထိ အားလုံးပေါင်း နှစ် ၁၂,၀၀၀ ကြာမြင့်သည်။ နှစ်ပေါင်းထောင်ချီအတွင်းတွင် ယန်ယဲ့သည် အချိန်နှင့်နေရာကို ဖြတ်သန်းခရီး သွားကာ သူမကိုရှာရန်နှင့် သူမပြန်လာသည်ကိုစောင့်ဆိုင်းရန်အတွက် ဘုံများစွာတွင် အခြေချခဲ့သည်။ သို့သော် သူမ၏ပါးစပ်မှ အချစ်ဆိုသည့် စကား လုံးကို ကြားရလိမ့်မည်ဟု မမျှော်လင့်ရဲပေ။

သို့သော် ယနေ့ ပင်မတိုက်ကြီးတစ်ခုလုံးရှေ့တွင် ပေထင်းဟွမ်သည် သူ ယန်ယဲ့မှာ သူမ၏ချစ်သူဖြစ်ကြောင်းကို အားလုံးကို ကြေညာခဲ့သည်။

“ဟွမ်အာ တကယ်ကြီးလား ကိုယ်က မင်းချစ်သူလား” ယန်ယဲ့သည် ကလေးတစ်ယောက်လိုပင်။ ထိုအခိုက်တွင် သူ၏မျက်လုံးထောင့်နှင့် မျက်ခုံးတို့ မှ နှင်းခဲတို့သည် မသိလိုက်ခင်မှာပင် ပျော်ကျကာ မျက်လုံးထောင့်မှာ မည်းရာမှ ခရမ်းရောင်အဖြစ်သို့ပြောင်းလေသည်။ သူ၏မျက်လုံးထဲမှ ခရမ်းရင့်ရောင်သည် လည်း တောက်ပလာသည်။ သူသည် ပေထင်းဟွမ်၏ ပခုံးကိုလက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ၏ပါးစပ်မှ ထပ်ခါထပ်ခါအတည်ပြုရန် မျှော်လင့်လေသည်။

ပေထင်းဟွမ်သည် ယန်ယဲ့အား ထိုသို့မြင်သောအခါ ရင်ထဲမှ ချဉ်စုပ်စုပ် ခံစားချက်ကိုရလေသည်။ သူသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ဟွမ်ကျို့ကို ဂရုတစိုက်ချစ်ခင်သူမဟုတ်တော့ပေ။ ဤဘဝတွင် သူသည် ချစ်လျှင် စိတ်ပါ လက်ပါချစ်မည်။ သူတိုက်ခိုက်လျှင် ကမ္ဘာကြီးပြိုကျပြီး သူ့ကိုသတ်ချင်သူများ မှာ ငရဲသို့အပို့ခံရမည်။

“ဟုတ်တယ် ယန်ယဲ့ ကျွန်မအရင်ကပြောဖူးတယ်လေ၊ ကျွန်မ ပေထင်းဟွမ်က တာဝန်မယူတတ်တဲ့လူမဟုတ်ဘူး၊ ကျွန်မက သူငယ်ချင်းတွေ၊ မိသားစုနဲ့ ကျွန်မနောက်ကိုလိုက်တဲ့လူတွေကို တာဝန်ယူတယ်၊ ခံစားချက် အတွက်ဆို ပိုတာဝန်ယူတယ်၊ ကျွန်မ ရှင့်ကို သဘောကျတယ် ချစ်တယ်၊ ဒီဘဝ မှာ ကျွန်မ ပေထင်းဟွမ်က ဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူး အဲတော့...”

သူမသည် ခေါင်းမော့ပြီး ကောင်းကင်ဘုံ ၉ ဘုံသို့ထိုးတက်နေသော နတ် တိုင်လုံး ၄ လုံးကိုကြည့်လိုက်သည်။ မိုးပေါ်တွင် ကောင်းကင် ကန့်လန့်ကာ တဖြည်းဖြည်းကျလာသည်။ မရေမတွက်နိုင်သော ရွှေရောင်စီးကြောင်းသည် ကောင်းကင်ကန့်လန့်ကာကို ဖြတ်လာ၏။ သူမသည် အသက်ကို ပြင်းပြင်းရှူ လိုက်သည် “ယန်ယဲ့ ကျွန်မကိုခေါ်သွားပေးပါ ကျွန်မဆီကနေ မင်ရှို့ရဲ့ နာမည် ကိုဖျက်ပေးပါ၊ အဲနေရာမှာ ရှင့်နာမည်ကို ကျွန်မလက်နဲ့ကိုယ်တိုင်ရေးမယ် ပြီးတော့ အခုကစပြီး ကျွန်မတို့က တစ်သက်လုံး လင်မယားဖြစ်သွားပြီ”

ပေထင်းဟွမ်၏အသံသည် ရှေးခေတ်များဆီက ဟုန်ကျန်းကဲ့သို့ အရောင် လေးရောင်လွင်ပြင်ကိုဖြတ်ပြီး အားလုံး၏ရင်ကို တုန်ခါစေသည်။ တုန်ဖန်းကျောက်၊ ယွိရုန်းကယ်၊ နန်ကုန်းညီအစ်မတို့လို သူမကိုကာကွယ်ချင် သည့်လူများပင် ထိုအချိန်တွင် ရင်ထဲထိမိကြသည်။ ဧကရာဇ်မို၏ နှစ်ပေါင်း သောင်းချီကြာအောင် မဆုတ်မနစ်သောအချစ်အတွက် ပေထင်းဟွမ်၏ တစ်သက်တာ ချစ်ခြင်းသစ္စာဆိုခြင်းအတွက် ရင်ထဲထိမိကြသည်။

အားလုံးသည် မီးကဲ့သို့နီရဲသောဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်အား ကြည့်လိုက်ကြသည်။ သူမ၏လှပသောနှုတ်ခမ်းများမှ သင်းပျံ့သောစကားလုံး များထွက်လာကာ အလင်းနတ်ဘုရားသည် သူမအားလွှမ်းမိုးလိုက်သကဲ့သို့ သူမ၏ ကိုယ်ထည်သည် ရွှေရောင်အလင်းကန့်လန့်ကာထဲသို့ တဖြည်းဖြည်း ဝင်သွားလေသည်။

သူမ၏ရန်စပေးမှုသည် ပေထင်းဟွမ်အား ယခုလိုစကားများထွက်လာ အောင် ပြုလုပ်ပေးလိမ့်မည်ဟု ပင်ဖုန်း ထင်မထားပေ။ ထိုအခိုက်အတန့်တွင် ယန်ယဲ့သည် ဘာကိုမှဂရုမစိုက်တော့ဘဲ ရင်ခွင်ထဲမှကောင်လေးကို မေတ္တာ အပြည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ခရမ်းပြာနုရောင်မျက်လုံးများမှာ ဘဝင်ခိုက်နေ၏။ သူသည် ကောင်းကင်ဘုံ ၉ ခုမှ သက္ကတအသံကိုကြားလိုက်ရ ဟန်တူသည်။ သူသည် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည်။ သူ ဤစကားကို ကြားလိုက်ရလျှင် နောင်တမရှိ သေနိုင်သည်။

ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် အကြီးအကဲကြီး၊ ချုံချီနှင့် တခြားအစောင့်အရှောက်များသည် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချမိကြ သည်။ အစောင့်လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် လက်ဖဝါး ချင်းရိုက်ကြသည်။ သူတို့ မည်မျှ ပျော်ရွှင်နေသည်ကို မည်သူမှ မသိကြပေ။ သူတို့၏သခင်သည် နောက်ဆုံးတွင် ချစ်သူရသွားပြီဖြစ်သည်။

“ကောင်းလိုက်တာ နတ်မိစ္ဆာဧကရီက ကြင်နာပြီးဖြောင့်မတ်တယ်လို့ ပြောရမယ်၊ လွန်ခဲ့တဲ့နှစ်ထောင်ချီက သူမက သခင့်အတွေးကို ဖျက်ချင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အသေခံခဲ့တာ” ချုံချီ၏မျက်လုံးများသည် သလင်းကျောက် အရောင်လက်နေကာ ပြုံးလေ၏။

“ဟုတ်တယ်” အကြီးအကဲကြီး၏အသံထဲတွင် စိတ်သက်သာရာရသည့် အငွေ့အသက်ပါဝင်နေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရီ ဖြစ်ဖြစ် ဒီနေ့သခင်ပေထင်းဟွမ်ဖြစ်ဖြစ် သူတို့တွေက ချစ်တတ်ပြီး ဖြောင့်မတ် တဲ့သူတွေပဲ”

All Chapters