နတ်ဘုရားများ၏စွမ်းအားများ
Vol. 68 Ch. 1344
နေရာထဲတွင် ထိုအခိုက်အတန့်၌ပင် အိပ်မောကျနေခြင်းမရှိသည့် မင် သည် တိတ်တိတ်လေး သက်ပြင်းချနေသည် “ပြီးသွားပြီ အဲကောင်ယန်ယဲ့က ဟွမ်ကို သစ္စာဆိုအောင်လုပ်လိုက်ပြီ၊ သေလိုက်စမ်း ဒီသခင်ကြီးက ဟွမ်နဲ့အတူ ဆက်ခံသူရချင်သေးတာ”
ထို့အပြင် ဖန်ဆင်းရေးနတ်ဘုရားပြီးကတည်းကပင် နဂါးနှင့်ဇာမဏီတို့ သည် ထူးခြားသောတည်ရှိမှုဖြစ်ရာ ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် ဒုတိယ မြောက် ရှာရန်မဖြစ်နိုင်ပေ။ မင်သည် နိဗ္ဗာန်မီးမှ မွေးဖွားလာခြင်းဖြစ်သည်။ သူသည် အထီးကျန်သော်လည်း ကမ္ဘာမြေကြီးမိခင်မှကောင်းချီးပေးသည့် ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုသုံးကာ တခြားနဂါးနှင့်ဇာမဏီအမတို့နှင့် တွဲဖက်နိုင်သည်။ သို့သော် နှစ်ပေါင်းထောင်ချီတွင် သူသည် ထိုကဲ့သို့အကြံကို မတွေးမိပေ။
“လိမ္မာလိုက်တဲ့ကောင်လေး ငါက နောက်ဆုံးမှ ဟွမ်ကိုချစ်မိသွားပြီး သူမ နဲ့သာယာချင်တာ ဒါပေမဲ့ ယန်ယဲ့အဲကောင်က ဝင်နှောက်သွားပြီ” မင်သည် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည် “ယန်ယဲ့ မင်းစောင့်နေလိုက် သခင်ကြီး အရွယ်ရောက်ရင် မင်းနဲ့ဘယ်လောက်ရှုပ်မလဲကြည့်လိုက်”
မင်၏ဝမ်းပုပ်နေသည်ကိုကြားသောအခါ ယန်ယဲ့သည် ပေထင်းဟွမ်၏ သားရဲနေရာကို ကြည့်လေသည်။ ယခုအချိန်တွင် မင်သည် ယန်ယဲ့၏ပြိုင်ဘက် မဟုတ်နိုင်ပေ။ သူသည် နှာမှုတ်လိုက်သည်။ အချိန်တစ်ခုလောက်တော့ ပြဿနာမရှာရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် ပေထင်းဟွမ်နှင့် မင်ရှို့တို့သည် ကောင်းကင်၏သွေးစာချုပ်ရှိနေ သည်။ စဉ်းစားကြည့်ရုံနှင့်တင် မင်သည် ရင်ထဲစူးသွားကာ လက်မခံနိုင်ပေ။
ရွှေရောင်ကောင်းကင်ကန့်လန့်ကာသည် တဖြည်းဖြည်းဆင်းသက်လာပြီး အားလုံး၏မျက်လုံးများသည် နတ်တိုင်လုံး ၄ လုံးပတ်ပတ်လည်တွင် ကြီးထွား လာသည့် ကောင်းကင်ကန့်လန့်ကာကို စိုက်ကြည့်နေကြသည်။ ရွှေရောင် အလင်းသည် မနက်ခင်းမြူခိုးထဲတွင် ကျရောက်နေသော နေရောင်ကဲ့သို့ပင်။ အရောင်လေးရောင် လွင်ပြင်ကို ရွှေရောင်အလင်း ဖြန့်ကျက်လိုက်သည့် အခိုက် အတန့်တွင် မိုးပြာရောင်၊ ဟင်္သပြဒါးရောင်၊ အဖြူနှင့်အနက်တို့သည် ရေကဲ့သို့ ထူထဲစွာဖြင့် ရွှေရောင်အလင်းကန့်လန့်ကာဆီသို့ စုဝေးလာကြသည်။
ရင်ပြင်တစ်ခုလုံးတွင် အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချမိကြသည်။ နတ်အလင်းပိတ်ဆီးသည်နှင့် အရောင်လေးရောင် ပျောက်ကွယ် သွားပြီး တစ်ကိုယ်လုံးသည် ဆောင်းရာသီနေနှင့် အနွေးဒဏ်ကိုယူလိုက်သကဲ့ သို့ နွေးသွား၏။ ချွေးပေါက်အားလုံးသည် လျော့ကျသွားပြီး တစ်ကိုယ်လုံး သက်သက်သာသာဖြစ်သွားသည်။ သို့သော် ဝိညာဉ်အတွင်းနက်ပိုင်းထဲတွင် လေးစားမှုများ လှုံ့ဆော်မှုဖြစ်လာသည်။
သိန်းချီသောလူများသည် မြေကြီးပေါ်သို့ အလိုလိုဒူးထောက်ကျလေ၏။ ထိုခမ်းနားသောမြင်ကွင်းသည် ပတ္တမြားကမ္ဘာတစ်ခုလုံး မွေးဖွားလာကတည်း ကပင် မမြင်ဖူးသည့်မြင်ကွင်းဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် မည်သူ မှ ခေါင်းမမော့ရဲဘဲ မျက်လုံးဖြင့်သာခိုးကြည့်နေရသည်။
လေးနက်မှုနှင့် ကိုင်းရှိုင်းမှု။
နတ်အလင်း၏အောက်တွင် ဝိညာဉ်အတွင်းနက်ထဲ၌ သာမန်သားရဲမှာ သွေးသား သားရဲကိုရင်ဆိုင်နေရသကဲ့သို့ လူတစ်ယောက် မည်မျှပင် အားကောင်းစေကာမူ ဤအချိန် ကိုင်းရှိုင်းမှုလှိုင်းသည် ဝိညာဉ်အတွင်းနက်ထဲ တွင် ပေါက်ဖွားလာလေသည်။
ဤအရာသည် နတ်ဘုရားများ၏ စွမ်းအားပင်ဖြစ်သည်။
ထိုအခိုက်တွင် ပေထင်းဟွမ်ပင်လျှင် ရွှေအလင်းကန့်လန့်ကာသည် သူတို့ဆီသို့ တဖြည်းဖြည်းဆင်းသက်လာသည်ကို တွေ့နေရ၏။ အလင်း ကန့်လန့်ကာပေါ်တွင် ရွှေရောင်အလင်းသည် မြစ်တစ်စင်းကဲ့သို့ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေသည်။ သမိုင်းကြောင်းရှည်လားသည့် မြစ်တစ်စင်းကဲ့သို့ မြစ်ဖျားကိုမသိနိုင်သလို မြစ်ဆုံးကိုလည်းမသိနိုင်ပေ။
ယန်ယဲ့သည်လည်း ရွှေရောင်အလင်းကန့်လန့်ကာကို စိတ်လှုပ်ရှားစွာ ကြည့်လေသည်။ လူနှစ်ယောက်သည် အလင်းကန့်လန့်ကာ ဦးခေါင်းအထက် သို့မကျရောက်မှီတွင် လက်မြှောက်ကာ ထိကြည့်မိကြ၏။ ယန်ယဲ့သည် စိတ်သက်သာသွားသည်။ ခေါင်းငုံ့ကာ ပေထင်းဟွမ်အား ပြောလိုက်သည် “ဟွမ်အာ ငါ မင်းရဲ့သွေးတစ်စက်လိုချင်တယ်လို့ပြောတယ်မလား”
သူ၏မျက်နှာသည် တောင်နှင့်မြစ်များ၏ ခမ်းနားမှုအပြည့်နှင့် နတ်ဘုရား ၏ လက်များကဲ့သို့ လှပလျက်ရှိသည်။ ပေထင်းဟွမ် အကြိမ်ရေမည်မျှပင် ကြည့်စေကာမူ သူ၏မျက်နှာမှ အကြည့်မလွှဲနိုင်ပေ။ သူ ပြုံးလိုက်သည် “ယန်ယဲ့ ဒီအချိန်တွေပြီးသွားရင် ကျွန်မ ရှင့်ကိုဘယ်လောက်ပဲ လိုချင်တယ် ပြောပါစေ ဘာဆိုးကျိုးမှမရှိဖို့မျှော်လင့်ပါတယ်”
ယန်ယဲ့သည် မေတ္တာအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်း ထောင့်သည် တဖြည်းဖြည်းမြင့်တက်သွားကာ ပုလဲဖြူရောင်သွားများပေါ်လာ ပြီး မျက်လုံးများတဖြည်းဖြည်းကျဉ်းမြောင်းလာသည်။ သူ၏မျက်လုံးမှ အပြုံး သည် ပူကျစ်နေသောနေရောင်အောက်တွင် လူးလွန့်နေသည့် မြစ်နှင့်တောင် များကဲ့သို့ပင်။ သူ၏ရင်ဘတ်မှ အားအပြည့်ရယ်မောသံသည် တဖြည်းဖြည်း တုန်ခါထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ရယ်မောသံသည် အလင်းကန့်လန့်ကာကိုဖြတ်ကာ ကောင်းကင်နှင့်မြေကြီးအကြား ရင်ပြင် အထက်တွင် ပဲ့တင်ထပ်လေသည်။