← Chapters

ယောက်ဖ အဲဒီမှာပဲနေ

Vol. 68 Ch. 1345

ယောက်ဖ အဲဒီမှာပဲနေ

Vol. 68 Ch. 1345

“ဟား ဟား ဟား”

ရယ်မောသံပျံ့လွင့်လာကာ ရယ်သံထွက်လာချိန်တွင် ရင်ပြင်တစ်ခုလုံး သည် တုန်ခါသွားကာ ရွှေရောင်လင်းလက်လာပြီး အားလုံးကို ခေါင်းမော့သွား စေသည်။ သူတို့သည် နားမလည်နိုင်ပေ။ မည်သို့သောဒဏ္ဍာရီမျိုးက ဤရက်စက်ပြီး အကြမ်းဖက်တတ်သော ယောက်ျားသားတစ်ယောက်အား ယခု လိုဖြစ်စေသနည်း။

ယန်ယဲ့၏မျက်လုံးများသည် လူသိန်းချီကိုဖြတ်ပြေးသွားကာ ရင်ပြင် ထောင့်တစ်ထောင့်တွင် ရပ်သွားလေသည်။ ထိုအချိန်တွင် တူညီသော အလင်း ကန့်လန့်ကာ ပေါ်ပေါက်လာလေသည်။ သို့သော် ထိုအလင်းကန့်လန့်ကာနှင့် ယှဉ်လျှင် ငွေရောင်အလင်းကန့်လန့်ကာတစ်ဝက်သည် မြင်မကောင်းလှပေ။

ကျောက်တုံးတစ်တုံးကို ရေထဲသို့ချလိုက်သကဲ့သို့ အလင်းကန့်လန့်ကာ သည် ရေလှိုင်းများကဲ့သို့ ဂယက်ထလေသည်။ တုန်ခါသွားပြီးနောက် ရုတ်တရက်ပင် ကြည်လင်သောပုံရိပ်တစ်ခုပေါ်လာသည်။ လခြမ်းကွေးကဲ့သို့ ထူထဲသည့်မျက်ခုံးရှိပြီး နှင်းဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသောလူသည် ဉာဏ် ပညာအပြည့်ရှိသောမျက်လုံးတစ်စုံ၊ စင်းဖြောင့်သောနှာတံ၊ အနည်းငယ် ကွေးတွန့်နေသော နှုတ်ခမ်းပါးများရှိ၏။ သူ၏ချောမောသော မျက်နှာမှာ ထူးခြားသည့်အရသာရှိပြီး ၇ လပိုင်း ကန်ထဲတွင်အပြည့်ပေါက်သော ကြာပန်း နှင့်တူလေသည်။ ကြာပန်းသည် ရွှံ့နွံ့ထဲတွင် ပေါက်ရောက်ခြင်းဖြစ်သော်လည်း စွန်းထင်းနေခြင်းမရှိပေ။

ပေထင်းဟွမ်သည် မျက်တောင်ခတ်လိုက်သည်။ ထို့နောက် ထိုလူကို နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းတွင်မြင်ဖူးခဲ့သည်ကို မှတ်မိသွားလေသည်။ ထိုတိုက်ပွဲအတွင်းတွင် ဤလူငယ်သည် အလင်းယူနီကွန်ကိုစီးကာ မင်းသမီး ဟွမ်ကျို့နှင့် ဘေးချင်းယှဉ်ရပ်ခဲ့သည်။ မင်းသမီးဟွမ်ကျို့ကို ယန်ယဲ့ဖမ်းဆီး ပြီးနောက် မင်းသမီးဟွမ်ကျို့အား လေး၊မြားတို့နှင့် ချိန်ရွယ်ခဲ့သူဖြစ်သည်။

သူသည် ၃၃ ကောင်းကင်ဘုံအထက်တွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသား မင်ရှို့ပင်ဖြစ်သည်။

ထိုလူသည် အရင်မင်းသမီးဟွမ်ကျို့၊ယခုပေထင်းဟွမ်နှင့် သွေးစာချုပ်ရှိခဲ့ ကာ အနောက်တောရိုင်း၏ အကြီးဆုံးမင်းသမီးရှီဖုန်း၏ခင်ပွန်းလည်းဖြစ်သည်။

ယန်ယဲ့သည် ပေထင်းဟွမ်အတွက်နှင့် သွေးစာချုပ်ကို ဖောက်ဖျက်မည် ဟု မင်ရှို့ကြားလိုက်ရချိန်တွင် ဖခင်ဖြစ်သူ မင်ဟုန်းတကျိကျွင်းကိုပင် သတင်းပို့ရန်အချိန်မရလလိုက်ဘဲ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရှိ ဖန်ဆင်းရေး နတ်ဘုရားမှချန်ထားခဲ့သည့် စွမ်းအားကို အလျင်အမြန်အသုံးပြုကာ ကိုယ်တိုင် အသွင်ပြောင်းကာ ရောက်လာခြင်းဖြစ်သည်။ သူ၏ဇနီးလောင်း နတ်မိစ္ဆာဧကရီ သည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာလိမ့်မည်ဟု သူယုံမထားပေ။ ယန်ယဲ့သည် ပေထင်းဟွမ်အတွက်နှင့် သွေးစာချုပ်ကိုဖျက်ပြီး ကောင်းကင်ဘုံ ၏ အပြစ်ပေးမှုကို ခံယူလိမ့်မည်ဟု သူ မယုံနိုင်သေးပေ။

မင်ရှို့သည် အချိန်ကိုက်ရောက်လာရာ ယန်ယဲ့မှာ မအံ့ဩတော့ပေ။ သူသည် ဤအခိုက်အတန့်ကိုစောင့်နေခြင်းဖြစ်သည်။ မင်ရှို့ရှေ့တွင်ပင် ပေထင်းဟွမ်၏ဘေးမှ နာမည်ကို ဖျက်ပေးချင်သည်။

သို့သော် သူသည် မင်ရှို့အပေါ်ရှိ ပေထင်းဟွမ်၏သဘောထားကို အနည်း ငယ် စိုးရိမ်နေတုန်းပင်။ ထို့အပြင် လွန်ခဲ့သည့် နှစ်တစ်သောင်းက ဟွမ်ကျို့ကို ယန်ယဲ့ မဖမ်းစဉ်က ဟွမ်ကျို့သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်တွင် နေထိုင်ခဲ့ သည်။ နှစ်ပေါင်းတစ်ရာ နေ့ရောညပါ အဖော်ပြုပြီးနောက် ပေထင်းဟွမ်သည် မင်ရှီု့အပေါ် ခံစားချက်များရှိနေမည်ကို ယန်ယဲ့ စိုးရိမ်လျက်ရှိသည်။

ယန်ယဲ့သည် မင်ရှို့အား နှုတ်ဆက်ခြင်းမပြုဘဲ ပေထင်းဟွမ် သူ့ကို စွန့်ပစ် သွားမည်ကို ကြောက်သဖြင့် ပေထင်းဟွမ်အား ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။

ပေထင်းဟွမ်သည် ယခုအချိန်တွင်ဖြစ်နေသည့် ယန်ယဲ့၏ခံစားချက်ကို မည်သို့မသိဘဲနေမည်နည်း။ သူမသည် သူ့ကိုဂရုစိုက်သည်။ ပေထင်းဟွမ်သည် ယန်ယဲ့၏လက်ကို ကိုင်လိုက်သည်။ မင်ရှို့ သူမကို ကြည့်နေစဉ်တွင် ပေထင်းဟွမ်သည် သူ့ကို သေချာပြန်ကြည့်သည်။ မင်ရှို့၏နှုတ်ခမ်းသည် နှစ်ကြိမ်မျှ တွန့်သွားသည်ကိုမြင်လိုက်ရသည်။ သူသည် မယုံနိုင်စွာဖြင့် အော်လေသည် “ရှောင်ကျို့”

ပေထင်းဟွမ်သည် ချိုမြစွာ ပြုံးလိုက်သည်။ ထိုအပြုံးနှင့်အတူ တောင်နှင့် မြစ်များ ပျောက်ကွယ်သွားသလို နေနှင့်လတို့ မှေးမှိန်သွားသလိုပင်။ လူအားလုံး သည် သူမအားကြည့်လိုက်ကြသည်။ သူမသည် လူငယ်တစ်ယောက်ဖြစ်သည် ကို အားလုံးသိကြသော်လည်း ပန်းပွင့်သံကိုကြားလိုက်ရသလို ပန်းရနံ့ကိုပင် ရှုရှိုက်မိလိုက်ကြ၏။

“ယောက်ဖ” ပေထင်းဟွမ်သည် ပြုံးပြီးနှုတ်ဆက်လေသည် “ဒီကိုမလာနဲ့”

“ယောက်ဖ” ယန်ယဲ့သည် သက်ပြင်းချမိသည်။ သူသည် ပေထင်းဟွမ် အား တင်းကြပ်စွာပွေ့ဖက်ရာမှ အနည်းငယ်အားလျှော့ပေးလိုက်သည်။ ပေထင်းဟွမ်လည်း ရှေ့သို့တစ်လှမ်းတိုးကာ မင်ရှို့၏ ဝမ်းနည်းသော မျက်လုံး များအောက်တွင် အပြုံးဖြင့်ပြောလေသည် “အစက ယောက်ဖနဲ့ သွေးစာချုပ်ရှိ ခဲ့တယ် ဒါပေမဲ့ မထင်မှတ်ဘဲ ကျုပ်အစ်မနဲ့ ယောက်ဖတို့က မင်္ဂလာပွဲကျင်းပပြီး သွားပြီပဲ၊ အချစ်နဲ့တည်ဆောက်ထားမှတော့ ကျုပ်အစ်မနဲ့ ခင်ဗျားတို့ကို ဘာလို့ သွေးစာချုပ်တည်ထောင်မပေးရမှာလဲ”

All Chapters