ကံမကောင်းစွာနဲ့ပဲ ကျုပ်အသက်ရှင်နေတယ်
Vol. 68 Ch. 1346
နဂိုကတောက်ပနေသော မင်ရှို့၏မျက်လုံးများသည် ပေထင်းဟွမ်ကို မြင်ပြီးနောက် ပို၍ပင်မှေးမှိန်သွားလေသည်။ သူ၏ပုံရိပ်သည် အလင်း ကန့်လန့်ကာရေလှိုင်းကဲ့သို့ပင် နူးညံ့စွာ လှိုင်းဂယက်ထနေသည်။ ပြီးနောက် ထိုအခိုက်အတန့်တွင် မင်ရှို့၏နှလုံးသားမှာ မည်မျှ နာကျင်နေသည်ကို မည်သူ မှမသိကြပေ။ သူမသည် အမှန်တကယ်ပင် အသက်ပြန်ရှင်လာခဲ့သည်။ သူမ သည် ပြန်လာချေပြီ။ သူမ အသက်ပြန်ရှင်လာရာ ဘာကြောင့်များ ပြန်လာခဲ့ သနည်း။
လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမသည် နတ်မိစ္ဆာဧကရာဇ်၏ ဓားချက် အောက်တွင် သေဆုံးခဲ့သော်လည်း နတ်မိစ္ဆာဧကရာဇ်သည် ဝိညာဉ်ဆေးကို မချေဖျက်ဘဲ ပြန်လည်မွေးဖွားရန် အခွင့်အရေးပေးခဲ့သည်။ လွန်ခဲ့သည့် နှစ် ၈၀၀၀ က သူသည် ထိုဝိညာဉ်ဆေးကိုအသုံးပြု၍ ခန္ဓာကိုယ် ကိုယ်ထည်ကို ပြန်ကျင့်ကြံခဲ့သည်။
နှစ် ၈၀၀၀ ကျော်လွန်သွားသည်ကိုသိပြီး လွန်ခဲ့သည့် နှစ် ၈၀၀၀ အတွင်း တွင် နတ်မိစ္ဆာဧကရာဇ်သည် ဘုံများစွာကိုဆင်းသက်ခဲ့ကာ ဟွမ်ကျို့၏ ဝိညာဉ် ကို စုဆောင်းခဲ့သည်။ မင်ရှို့သည် တရားမမျှတသလိုခံစားရသည်။ သူမ ပြန်မလာရန် သူ ဆုတောင်းခဲ့သည်။
သို့သော် ဖခင်ဖြစ်သူမင်ဟုန်တကျိကျင်းသည် သူ့ကို ဆင်းသက်ခွင့်မပေး ခဲ့ပေ။ သူသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသားတစ်ပါးဖြစ်ကာ တခြားသူ များမယှဉ်နိုင်သည့် ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ခဲ့သည်။ “အနှစ် ၈၀၀၀၊ မင်းက သူမနဲ့အတူရှိတာလုံလောက်ပြီ မင်းရဲ့မသေဆုံးနိုင်တဲ့ဘဝအတွက် သူမ ကို ပေးဆပ်ခိုင်းချင်နေတာလား”
ဟွမ်ကျို့၏အသက်မီးအိမ် ပြန်လင်းလာသည်ဟု ကြားသည်နှင့် ရှီဖုန်း သည် အနောက်တောရိုင်းသို့ပြန်သွားခဲ့သည်။ မင်ရှို့သည် မယုံနိုင်သေးပေ။ ဤ အခိုက်အတန့်မတိုင်ခင် သူ့ရှေ့တွင် ဟွမ်ကျို့အသက်ရှင်လျက်ရှိသည်ကို ကိုယ်တိုင်မမြင်ရခင်အထိ မယုံနိုင်ပေ။ သူသည် ပြုံးလိုက်၏။
မင်ရှို့၏နှုတ်ခမ်းများသည် တုန်ခါသွားလေသည်။ သူ စကားမပြောနိုင်ခင် မှာပင် ပေထင်းဟွမ် ထပ်ပြောလာသည်။ ပေထင်းဟွမ်၏အသံသည် နှစ်တစ် သောင်းအကြာတွင် သူ၏နားထဲသို့ ဝင်လာခဲ့သည်။ ထိုအသံမှာလုံးဝပြောင်းလဲ ခြင်းမရှိပေ “နှမြောစရာပဲ ကျုပ်အသက်ပြန်ရှင်လာပြီ ဒါပေမဲ့ ယောက်ျားလေး ဖြစ်နေပြီ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က မင်းသားမှာ ကြင်ယာတော် ၁ ပါးနဲ့ ဇနီး ၄ ယောက်ရှိတယ်လို့ကြားတယ် အဲတော့ သူတို့တွေက ပုလ္လိင်တော့မဖြစ်နိုင်ဘူး”
သူမသည် ယောက်ျားတစ်ယေဦက်ဖြစ်သည်။ မင်ရှို့သည် ပေထင်းဟွမ်၏ မျက်နှာကို မျက်လုံးနှင့်အတပ်မြင်နိုင်လေသည်။ နူးညံ့နေတုန်းပင်။ ကမ္ဘာပေါ် တွင် မည်သည့်စုတ်တံကမှ သူမ၏အလှတရားကို ဆေးမခြယ်နိုင်ပေ။ ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် ဤအခိုက်အတန့်တွင် မင်ရှို့သည် စိတ်ထဲ၌တွေးမိလေသည်။ ယောက်ျားနဲ့မိန်းမကြားက ဆက်ဆံရေး ကဘာလဲ။ တစ်စုံတစ်ယောက်ကို သဘောကျမိလျှင် ယောက်ျားမိန်းမဆိုသည် ကို ဂရုစိုက်စရာလိုသေးရဲ့လား။
မင်ရှို့၏မျက်လုံးထဲမှအကြည့်သည် ယန်ယဲ့၏မျက်လုံးများကို ရောင်ပြန် ဟပ်နေသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာသည် ယန်ယဲ့ အကြောက်ဆုံးဖြစ်သည်။ ဤလူသည် ပေထင်းဟွမ်အား အလေးအနက် မေတ္တာရှိကာ နှစ်ပေါင်းသောင်းချီကြာအောင် သူ၏ ပြတ်သားမှုကို မတုန်မလှုပ် ဖြစ်စေသည်။
သို့သော် ထိုအကြည့်သည် ပေထင်းဟွမ်၏မျက်လုံးထဲတွင် နှုတ်ခမ်း ထောင့်မှအပြုံးကိုဖြစ်စေသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းတွင် မင်ရှို့ ဟွမ်ကျို့ အားချိန်ရွယ်ပြီး လေးတင်လိုက်ပြီး ပစ်လွှတ်ခဲ့သည်ကိုသာ မမြင်ဖူးလျှင် ဤ အခိုက်အတန့်တွင် သူ သနားမှုကို ပြသလိမ့်မည်။
မဟုတ်သေးပေ။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းမှ အဖြစ်အပျက်မရှိလျှင် တောင် ပေထင်းဟွမ်သည် ဤလူကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။ သူ၏ ခွင့်ပြုချက်မရှိလျှင် သွေးစာချုပ်ကို ဖျက်နိုင်မည်မဟုတ်ပေ။ သူသည် တစ်ဘဝ လုံး ချေဖျက်မပေးနိုင်ပေ။
မင်ရှို့သည် သူမနှင့် သွေးစာချုပ်တည်ထောင်ထားသည်ဆိုလျှင်တောင် ပေထင်းဟွမ်သည် ဤလူအနားသို့ကပ်မည်မဟုတ်ပေ။ မင်ရှို့သည်လည်း ထိုသို့ ခံစားရပါက ပေထင်းဟွမ် ခံစားရသက်သာလိမ့်မည်။ မင်ရှို့သည် ကောင်းကင်မှ ပေးသနားသည့်သွေးစာချုပ်ရှိပြီး ကြင်ယာတော် ၁ ပါးနှင့် ဇနီး ၄ ယောက်ရှိ သည်။ ပေထင်းဟွမ်သည် မင်ရှို့ကို သဘောမကျဘဲ အမြင်မကြည်လျှင်တောင် ရင်ထဲတွင် ဒေါသထွက်နေတုန်းပင်ဖြစ်သည်။
ဤကဲ့သို့ဒေါသသည် အချစ်နှင့်ဘာမှမဆိုင်ဘဲ တရားမျှတမှုသက်သက် သာဖြစ်သည်။
ပေထင်းဟွမ်သည် မင်ရှို့၏ မျက်လုံးထဲမှ လေးနက်သော ခံစားချက်များကြောင့် ရင်ထဲထိသွားမည်ကို ယန်ယဲ့ အလွန်စိတ်လှုပ်ရှားသလို ကြောက်လည်းကြောက်သည်။ ပေထင်းဟွမ်၏ နှုတ်ခမ်းရဲရဲများထဲမှ ရယ်သံ ထွက်လာသည် “ယောက်ဖ ကျေးဇူးပြုပြီး ကျုပ်အစ်မကို ကိုယ်စား နှုတ်ဆက် ပေးပါဦး ၃၃ ကောင်းကင်ဘုံမှာ သူမကို တတ်နိုင်သလောက်မြန်မြန်လာတွေ့ပါ မယ်လို့၊ သူမ ကျုပ်ဆီက ယူသွားတာတွေကို ပြန်လာယူမယ် ကျုပ်ကို နာကျင် အောင်လုပ်ခဲ့တာရဲ့ နှစ်ဆကို ပြန်တောင်းမယ်”