← Chapters

မင်ရှို့ မင်းက တကယ်ကျုပ်ကို အံ့ဩအောင်လုပ်တာပဲ

Vol. 68 Ch. 1347

မင်ရှို့ မင်းက တကယ်ကျုပ်ကို အံ့ဩအောင်လုပ်တာပဲ

Vol. 68 Ch. 1347

ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် ယန်ယဲ့သည် သက်ပြင်းချမိ သည်။ အထူးသဖြင့် ယောက်ဖဆိုသည့်အသုံးအနှုန်းသည် သူ့ကို ခံစားချက် ကောင်းစေသည်။

မင်ရှို့သည် ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် အံ့ဩသွားရာ မျက်လုံးများသည် မီးတောက်လာသည့်အတိုင်း အပြုံးသဲ့သဲ့တစ်ခုသည် မျက်နှာပေါ်တွင်ပေါ်လာကာ အပြစ်မကင်းသောမျက်လုံးများဖြင့် ကြည့်လေ သည်။ “ရှောင်ကျို့ မင်းအစ်မ.. ငါတို့က မင်း ပြန်မလာတော့ဘူးလို့တွေးပြီး အနှစ် ၈၀၀၀ ကြာအောင်စောင့်လာခဲ့တာ၊ မင်း ပြန်လာရင် ဝိညာဉ်နတ်ဘုရား မျိုးနွယ်ရဲ့ မင်းသမီးရာထူးကို မင်းကိုပြန်ပေးမယ်လို့ သူမကပြောထားတယ်၊ သူမက ဒုကြင်ယာတော်ပဲလုပ်မယ်တဲ့”

ကြင်ယာတော်မဟုတ်ဘဲ ဒုကြင်ယာတော်ပင်။ ထိုစကားကိုကြားပြီး နောက် လုကျီသည် ရုတ်တရက် ထိတ်လန့်သွားလေသည်။ ထို့နောက် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒုကြင်ယာတော်၊ သူမသာ ဒုကြင်ယာ တော်ရာထူးကို အရယူနိုင်ပါက တခြားဆန္ဒမရှိတော့ပေ။

ရင်ပြင်တစ်ခုလုံးတွင် ပင်မတိုက်ကြီးရှိ လူတစ်သိန်းသည် ထိုလူအား သားရဲကဲ့သို့ မျက်လုံးများဖြင့် ကြည့်ကြလေသည်။ ရေ၏အလင်းနှင့်အရိပ်မှ ပေါ်လာသော လူသည် ထိုလူစကားကိုနားထောင်နေသည်။ သူသည် ဝိညာဉ် တစ်ခုပင်ဖြစ်လိမ့်မည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏မင်းသားသည် ပေထင်းဟွမ်နှင့် သွေးစာချုပ်ရှိသည့်လူဖြစ်သည်။

ဒီလူရူးများနေသလား။ သခင်ပေထင်းဟွမ်က ဘယ်လိုလူမျိုးလဲ။ သူများ ပေးတဲ့ရာထူးကို ဂရုစိုက်နေဦးမှာလား။ သူမကို နတ်မိစ္ဆာဧကရာဇ်ရဲ့ မိန်းကလေးအဖြစ်မခံရုံတင်မကဘဲ တခြားမိန်းမတွေနဲ့ပါ တန်းတူထားချင်တာ လား။ ဒီအရူးကတော့ ဘယ်သူ့ကိုစကားပြောနေလဲဆိုတာ သိရဲ့လား။

ထိုစကားကိုကြားပြီးနောက် ပင်ဖုန်းသည် အပြင်းအထန်ဒဏ်ရာရသွား လိုက်သလိုခံစားရလေသည်။ “ဟီး ဟီး ယန်ယဲ့ ရှင် နှစ်ပေါင်းထောင်ချီစောင့်ခဲ့ ရတဲ့မိန်းမကိုကြည့်ပါဦး ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့မင်းသမီးရာထူးရှိနေသေး တယ်၊ သူမကိုကြည့်လိုက် မင်ရှို့ရဲ့ အချစ်က ရှင့်ထက်မလျော့ဘူးပဲ”

ထိုရက်စက်ပြီး အကြမ်းဖက်တတ်သည့်လူသည် ဤကောင်လေးကို လက်ချောင်းတစ်ချောင်းနှင့်ပင် သေအောင်သတ်နိုင်သည်။

ထိုအခိုက်တွင် ယန်ယဲ့၏မျက်နှာသည် မည်းနက်သွား၏။ လင်းနေခဲ့သော မျက်လုံးထောင့်မှခရမ်းရင့်ရောင်သည် ပြန်မည်းနက်သွားကာ တဖြည်းဖြည်းနှင့် နားထင်ဆီသို့ တွားသွားလေ၏။ သူ၏မျက်လုံးသည် မုန်တိုင်းမလာခင် ညကဲ့သို့ မည်းမှောင်သွားကာ စကြာဝဠာရှိ တွင်းနက်ကဲ့သို့ အရာအားလုံးကို ဝါးမျိုနိုင် လောက်အောင် လုံလောက်လေသည်။

သူသည် ပေထင်းဟွမ်အား လက်တစ်ဖက်ဖြင့်လွှတ်ကာ လက်ဖဝါးထဲ တွင် အနက်ရောင်မြူခိုးသည် စီးဆင်းလာသည်။ သူ၏လက်သည် တဖြည်းဖြည်းလှုပ်ခါလာသည်။ သူသည် မင်ရှို့အား ခေါ်ရန် ခွန်အားများစွာကို ချုပ်တည်းခဲ့ရပုံပင်။

ပေထင်းဟွမ်သည် ရာစုနှစ်တစ်စုစာ ဟာသတစ်ခုကိုကြားလိုက်ရသကဲ့ သို့ ရယ်မောလေသည်။ သူမသည် ပျော်ရွှင်နေသည့်အလား ရယ်သံမှာ တဖြည်းဖြည်းနှင့် ငေါ့လုံးကဲ့သို့ဖြစ်လာပြီး အရိုင်းဆန်လာသည်။ မျက်ရည်ကျ လောက်အောင်ရယ်မောပြီးနောက် နောက်ဆုံးတွင် သူမသည် အရယ်ရပ်ပြီး တဖြည်းဖြည်းခေါင်းခါလေသည် “မင်ရှို့ ခင်ဗျားက ကျုပ်ကို အံ့ဩအောင် လုပ်လိုက်တာပဲ ကျုပ် ပေထင်းဟွမ်က ဘယ်သူလဲ၊ တခြားသူတွေ အသုံးပြုပြီး သား ပစ္စည်းကိုသုံးမှာတဲ့လား ကျုပ်ရဲ့တော်လွန်းတဲ့အစ်မကိုသွားပြောလိုက်၊ ကျုပ်မလိုချင်တဲ့ ယောက်ျားကို သူမက ကောက်သွားခဲ့တာလို့၊ ဆိုလိုတာက ကျုပ်က သူမလိုမျိုးမဟုတ်ဘူး၊ ပေထင်းဟွမ်ရဲ့ ယောက်ျားက ပြိုင်ဘက်ကင်း သူရဲကောင်း ဒီစကြာဝဠာမှာ ထူးခြားပြီး ဘယ်သူမှမယှဉ်နိုင်တဲ့သူပဲ”

“အဲတော့...” ပေထင်းဟွမ်သည် သူမအား ခက်ထန်စွာစိုက်ကြည့်လေ သည်။ မင်ရှို့ပြောသည်မှာ သူမအား စော်ကားသည်ထက်မပိုပေ “ကျုပ်က ခင်ဗျားလို ငကြောက် ကောက်ကျစ်တဲ့ဗီလိန် ခြေထောက်ပျော့တဲ့ပုစွန်ကွေး မဟုတ်ဘူး”

ပေထင်းဟွမ်စကားဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီးအကြားတွင် ရယ်သံနောက်တစ်ခုထွက်လာသည်။ ယန်ယဲ့ဖြစ်လေ၏။ သူသည် လွတ်လွတ် လပ်လပ်ပင် ရယ်မောလေသည်။ ထိုအခိုက်အတန့်တွင် နှစ်ပေါင်းတစ်သောင်း ကြာအောင်ခံစားခဲ့ရသော ခါးသက်မှုများ ပျောက်ကွယ်သွားခဲ့သည်။ အောင်နိုင် သူ၏အနေအထားနှင့်အတူ သူသည် မင်ရှို့အား အထင်သေးစွာကြည့်ပြီး ပေထင်းဟွမ်အား ပွေ့ဖက်ရင်း နတ်ကန့်လန့်ကာအလယ်သို့သွားလေသည်။

အလင်းနှင့်အရိပ်လှိုင်းတွင်ရှိနေသော မင်ရှို့သည် ပေထင်းဟွမ်၏ စကား များကိုကြားပြီးနောက် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူ၏ပုံရိပ်သည် လှိုင်းများ ထဲတွင် အကြိမ်အနည်းငယ်လွှဲယမ်းသွားလေသည်။ သူသည် စိတ်ကို အတင်း ထိန်းချုပ်ကာ ရင်ပြင်အလယ်ရှိ အစီအရင်ကို ပြန်ကြည့်လေသည်။

All Chapters