နတ်မိစ္ဆာဧကရာဇ် အောင်မြင်တော့မယ်
Vol. 68 Ch. 1349
စစ်မြေပြင်တွင် မင်ရှို့သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် ယန်းမို့ထျန်း တို့အကြားမှခွန်အားကိုသိသလို သူနှင့် နတ်မိစ္ဆာဧကရာဇ်ကြားမှ ခွန်အားကို လည်း ရှင်းလင်းစွာသိသည်။ သူသည် နတ်မိစ္ဆာဧကရာဇ်၏ ပြိုင်ဘက်မဖြစ်နိုင် သည်ကိုမဆိုထားနှင့် ခွန်အားရှိလျှင်တောင် နတ်မိစ္ဆာဧကရာဇ်ကိုသတ်လိုက် ပါက ယန်းမို့ထျန်း၏ အဆုံးမရှိသောလက်စားချေမှုကိုသာ ရလာမည်ပင်။
ထိုအခိုက်အတန့်တွင် မင်ရှို့သည် အလွန်ပင်တုံ့ဆိုင်းနေသည်။ သူသည် ဖခင်ဖြစ်သူမင်ဟုန်းတကျိ၏ ဆန္ဒကိုနာခံကာ ချစ်ရသူမိန်းကလေး ဇနီးလောင်း အား မြားဖြင့်ချိန်ရွယ်ခဲ့သည်။
“မင်း နတ်မိစ္ဆာဧကရာဇ်ကို မသတ်နိုင်ရင် သူ့ရှေ့မှာ ဟွမ်ကျို့ကို သတ် သင့်တယ်၊ ကိုယ်ချစ်ရတဲ့မိန်းကလေးသေသွားတာကို မြင်လိုက်ရရင် သူက နတ်မိစ္ဆာြဖစ်လာမှာပဲ၊ နတ်မိစ္ဆာဖြစ်လာရင် သူ့စိတ်ကလည်း နတ်ဆိုးအတွေး တွေပဲဝင်လာလိမ့်မယ်၊ သူ့ကို သခင်တစ်ယောက်လိုမျိုး သဘောထားပေးမယ်၊ အဲအချိန်ကျရင် ၃၃ ကောင်းကင်ဘုံမှာ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်ရင် တောင် အမြင့်ဆုံးအဆင့်တွေ အတူတိုက်ခိုက်ရင် နတ်မိစ္ဆာဧကရာဇ်မသေမှာ ကို စိုးရိမ်စရာမလိုဘူး”
ဟွမ်ကျို့သည် ထက်မြက်လိမ့်မည်ဟု မင်ရှို့လုံးဝထင်မထားပေ။ သူမသည် အရာအားလုံးကိုသိနေပြီး မှတ်မိနေသည်။ မင်ရှို့သည် အတိတ်မှ အရှက်ရမှုများကိုမခံနိုင်တော့ဘဲ မျက်လုံးများနီရဲလာပြီး အသံမှာလည်း အနည်းငယ် အက်ကွဲလာသည် “ရှောင်ကျို့ ငါ ဘာပဲလုပ်လုပ် မင်းအပေါ်ချစ်တဲ့ အချစ်က ဘယ်တော့မှမပြောင်းလဲဘူး၊ ငါ မင်းကိုအရမ်းချစ်တယ်၊ မင်းလည်း သိသင့်တယ်၊ ငါ မင်းကိုကတိပေးတယ်၊ ငါ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို ထိန်းချုပ်ပြီးတာနဲ့ မင်းကို ဧကရီတစ်ပါးလိုမျိုး လေးစားပေးမယ်၊ မင်း ဘာပဲလို ချင်ပါစေ ငါ မင်းကို နာခံမယ်”
“ဟိုးအရင်တုန်းကတည်းက အဲလိုတွေးခဲ့တယ်၊ မင်းနဲ့ ပြေလည်ဖို့ကိုလေ၊ ငါ့မှာအခွင့်အရေးရတာနဲ့ မင်းနဲ့ သေချာပေါက် ပြေလည်အောင်လုပ်မှာ၊ မင်းကို ထိခိုက်အောင်မလုပ်ချင်ပါဘူး”
ထိုစကားများကိုကြားပြီးနောက် ရင်ပြင်ထဲမှ လူတစ်သိန်းသည် မည်သို့ ပြောရမည်ကိုမသိတော့ပေ။ ချုံချီသည် ဒေါသထွက်လွန်းသဖြင့် တုန်ယင်လာ သည်။ သူသည် ပြေးဝင်ပြီး အလင်းနှင့်အရိပ်လှိုင်းတို့နှင့် အကြိမ်ပေါင်းများစွာ ဖောက်ခွဲချင်မိသည်။ သို့သော် သူ့ကို အကြီးအကဲနှင့်ပိုင်ဇီတို့က တားလိုက်ရာ စိတ်ဆိုးမာန်ဆိုးနှင့် ကျိန်ဆဲလေသည် “အရှက်မရှိလိုက်တာ တကယ် အရှက် မရှိဘူး၊ ဒီလောက်အရှက်မရှိတဲ့လူကို တွေ့ဖူးတာပထမဆုံးအကြိမ်ပဲ”
နန်ကုန်းညီအစ်မတို့သည် ထိတ်လန့်မိကြ၏။ ဖူးပွင့်သည့်ရာသီရောက် နေကြသည့်မိန်းကလေးများ၏ စိတ်ထဲတွင် မရေတွက်နိုင်သောအတွေးများရှိ နေပြီဖြစ်သည်။ အချစ်စကားများကို တခြားသူမှပြောလာလျှင် ရင်ထဲထိလွန်း၍ မျက်ရည်ကျမိမည်ဖြစ်သည်။ သို့သော် မင်ရှို့၏စကားလုံးများသည် သူတို့နှစ် ယောက်ကို တုန်လှုပ်စေသည်။ သူမသည် ကြက်သီးထလာသဖြင့် ခပ်တင်းတင်း လက်ပိုက်မိလေသည်။
“နတ်မိစ္ဆာဧကရာဇ်နဲ့ နတ်မိစ္ဆာဧကရီတို့ကြားက အချစ်ဇာတ်လမ်းကို ကြားတုန်းက ငါ အရမ်းငိုခဲ့တာကိုမှတ်မိသေးတယ်၊ ဒါပေမဲ့ ဒီလူက ဘာလို့ ဒီလို ဖြစ်နေတာလဲ” နန်ကုန်းချန်းရှီး ပြောလေသည်။
“အင်းလေ မနေ့ညကစားထားတဲ့ ထမင်းတွေတောင် ပြန်အန်မိလောက် အောင်ကို ရွံလိုက်တာ” နန်ကုန်းချန်းမိုသည် မအီမသာဖြစ်သည့် အသွင်ကို တမင်လုပ်ပြလေသည်။
ပေထင်းကျင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလေသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက အဖြစ်အပျက်နှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ခလောက်ဆန်မှုတို့ မရှိလျှင် သူမကဲ့သို့ အရည်အချင်းရှိသောညီမမျိုး သူ့တွင် ရှိမလာနိုင်သော်လည်း ဤကဲ့သို့လူမျိုးသည် သူ၏ ညီမဖြစ်သူကို ဖွင့်ပြောနေ သည်။ သို့သော် ပေထင်းကျင်သည် ညီမဖြစ်သူစော်ကားခံနေရသလို ခံစားနေရ တုန်းပင်။
“ဘယ်သူကမှ သူမနဲ့ ယှဉ်ဖို့အရည်အချင်းမရှိဘူး”
ပင်ဖုန်းနှင့်ကွမ်ယန်းတို့သည် ၃၃ ကောင်းကင်ဘုံတွင် အရယ်အပြုံးမရှိ၊ လေးနက်ကာ စေ့စပ်ပြီး ပါးနပ်သောဤလူကိုတွေ့ဖူးသည်။ သို့သော် ယနေ့တွင် သူတို့သည် ဤလူကိုကောင်းစွာသိလိုက်ရသလိုပင်။
သူသည် အမြဲတစေအေးစက်ခဲ့သည်။ သူ၏ ဧကရီမင်းသမီးရှီဖုန်းအပေါ် တွင်ပင် ရေခဲကဲ့သို့ဆက်ဆံခဲ့သည်။ သူသည် သွေးအေးသည့်လူဟု ထင်ထားခဲ့ ကြသည်။ ဤအခိုက်အတန့်တွင် ဤလူသည် နှလုံးသားမရှိ တက်ကြွသူ မဟုတ် သည်ကို သိလိုက်ရသည်။ သူ၏ တက်ကြွမှုအားလုံးသည် လွန်ခဲ့သည့် နှစ်တစ် သောင်းက ထိုမိန်းကလေးဝိညာဉ်ပြိုကွဲသွားကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ် မည်။
လုကျိသည် ကြောက်လန့်မိသည်။ သူသည် အနောက်တောရိုင်းမှ ၃၃ ကောင်းကင်ဘုံသို့ ရှီဖုန်းနောက်မှလိုက်ခဲ့သည်မှာ နှစ် ၂၀၀၀ ရှိပြီဖြစ်သည်။ သူမသည် ဤကဲ့သို့ အချစ်ကြီးသောမင်းသားကို မမြင်ဖူးပေ။ သာမန်မင်းသား တစ်ပါးနှင့်ပင်မတူပေ။ သို့သော် ဤအခိုက်အတန့်တွင် မင်းသားကြင်နာနေချိန် တွင် သူမသည် မင်းသားဆီသို့ ရှေ့တိုးလေသည် “မင်းသား မြန်မြန် သွေးစာချုပ် ကိုမလှုံ့ဆော်ရင် နတ်မိစ္ဆာဧကရာဇ်ရသွားလိမ့်မယ်”