ငါ့ကံတရားကို ငါပဲဆုံးဖြတ်မယ်
Vol. 68 Ch. 1350
လုကျီ၏အော်သံကိုကြားသောအခါ ငေးငိုင်နေသော မင်ရှို့သည် ထိတ်လန့်သွားကာ အမှတ်တရာများစွာမှ သတိပြန်ဝင်လာသည်။ သူသည် ရုတ်တရက်ခေါင်းမော့ကာ နတ်ခန်းဆီးဆီသို့ကြည့်လိုက်ရာ နတ်ကန့်လန့် ကာသည် လည်ပတ်မှုရပ်တန့်ကာ အလင်းခန်းဆီးသည် ရွှေရောင်များ စီးဆင်းထွက်လာသည်ကိုမြင်လိုက်ရသဖြင့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကိုကောင်းစွာသိသောမင်ရှို့သည် ချွေးအေးများပြန်လာလေသည်။
အောင်မြင်တော့မည်ဖြစ်သည်။ ဆိုလိုသည်မှာ ယန်ယဲ့နှင့်တူရှိနေသည့် လူငယ်သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ပျောက်ကွယ်ခဲ့သော ဟွမ်ကျို့ဖြစ် မည်။ သူမ၏ဝိညာဉ်ထဲတွင် နတ်ဘုရားများ၏သွေးများ အသက်ဝင်နေဆဲဖြစ် သည်။ သူမသည် ကောင်းကင်မှ သွေးစာချုပ်ကို ဆင့်ခေါ်ခဲ့သည်။ သူမ၏ သွေး နောက်တစ်စက်နှင့် သွေးစာချုပ်မှ မင်ရှို့၏အမည်ကို ပယ်ဖျက်လိုက်မည်ဆိုပါ က သူသည် သူမအား တစ်သက်လုံး ဆုံးရှုံးလိုက်ရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် မင်ရှို့၏ရင်သည် အပြင်းအထန်တုန်ခါသွားကာ လွန်ခဲ့သည့် နှစ် ၁၂,၀၀၀ ကကဲ့သို့ပင် ခက်ခဲသည့်ရွေးချယ်မှုအကြား ရောက်သွားပြန်သည်။ လွန်ခဲ့သည့် နှစ် ၁၂,၀၀၀ က သူသည် ကောင်းကင်မှ ပေးသနားသော သွေးစာချုပ်ကို ချည်မည်၊ မချည်မည်အကြားတွင် ရွေးချယ်မှု ခက်ခဲခဲ့သည်။ ဟွမ်ကျို့မသိဘဲနှင့် သူမနှင့် သွေးစာချုပ်တည်ထောင်ခဲ့သည်မှာ မှားယွင်းသောရွေးချယ်မှုဖြစ်ခဲ့သည်ကို သူ သိသည်။ သို့သော် မိသားစုနှင့် ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုတို့သည် သူ့ကို အပေးအယူတည့်သွားစေ၏။
ယခုအခါ သူ ကောင်းကင်မှ သွေးစာချုပ်ကို လှုံ့ဆော်မည်ဆိုပါက ပေထင်းဟွမ် ထပ်မံပျောက်ကွယ်သွားနိုင်သည်။ မလှုံ့ဆော်ပါက ပေထင်းဟွမ် အား တစ်သက်တာ ဆုံးရှုံးရမည်ပင်။
အချိန်သည် နည်းနည်းချင်းကုန်ဆုံးနေသည်။ နတ်ခန်းဆီးဆီသို့ ပျံသွားသောလူနှစ်ယောက်ကို မင်ရှို့မြင်နေရသည်။ အချိန်ကလုဆဲဆဲပင်။ သူသည် အချိန်တိုအတွင်းတွင် ဆုံးဖြတ်ချက်ချရတော့မည်။ မင်ရှို့အတွက် ခက်ခဲလွန်းသည်။
ဝိညာဉ်နတ်ဘုရားမျိုးနယ်နှင့် အနောက်တောရိုင်းမြေတို့နှစ်ခုလုံးသည် ယခင်ဟွမ်ကျို့ ယခုပေထင်းဟွမ်အပေါ် ပြစ်မှားမိခဲ့သည်ကို သူ ကောင်းစွာသိ သည်။ ဤနတ်ဘုရားသွေးစာချုပ်သည် ပေထင်းဟွမ်၏နောက်ကွယ်တွင် တည်ထောင်ခဲ့ရာ ၎င်းသည် မမျှမတဖြစ်လှသည်။ အနောက်တောရိုင်း၏ ဧကရာဇ်သည်လည်း ထိုအချိန်တွင်ရှိနေကာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လက်ထဲတွင် သွေးစာချုပ်ရောက်သွားချိန်တွင် ဝမ်းနည်းတကြီးမျက်လုံးမှိတ်နေ ခဲ့သည်။
တစ်ဖက်မှာ သူ၏အကြီးဆုံးသမီးဖြစ်ပြီး နောက်တစ်ယောက်မှာ တရားမဝင်အငယ်ဆုံးသမီးဖြစ်သည်။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ အငယ်ဆုံးသမီးကို စတေးကာ အနောက်တောရိုင်း၏မျက်နှာကို ကာကွယ်ရ တော့မည်။ သူမ၏ခင်ပွန်းလောင်းကို သူမ၏ဘဝကိုခြယ်လှယ် ထိန်းချုပ်ခွင့် ပေးရတော့မည်။
“မင်းသား မင်းသား မြန်မြန် ကောင်းကင်သွေးစာချုပ်ကို လှုံ့ဆော်တော့ လေ” မင်ရှို့ တွန့်ဆုတ်နေသေးသည်ကိုကြည့်ပြီး လုကျီသည် စိတ်လှုပ်ရှားလာ သည်။ သို့သော် ယခုမင်းသားပုံစံသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ စစ်မှန် သော မင်းသားတစ်သားဖြစ်သည်။ သူသည် မပြတ်သားသလို သတ္တိလည်းမရှိ ပေ။
ယန်ယဲ့သည် ပေထင်းဟွမ်အား ပွေ့ဖက်ကာ နတ်ဘုရားခန်းဆီး ထိပ်ဆီသို့ လျင်မြန်စွာ ပျံတက်သွားလိုက်သည်။ နတ်ဘုရားခန်းဆီးထဲ တွင် ရွှေအလင်းသည် ပေါများစွာ လင်းလက်လာသည်။ ၎င်းသည် ယန်ယဲ့နှင့် ပေထင်းဟွမ်တို့ ရှာဖွေနေသည့် နေရာတစ်ခုပင်။ မရေတွက်နိုင်သော ကောင်းကင်နှင့်မြေကြီးတို့၏ စည်းမျဉ်းများ ရေးထားပြီး ဖန်ဆင်းရေးနတ်ဘုရား၏ သွေးတစ်ခုသာ ထိုနေရာတွင် နာမည်ကို ထွင်းထုခွင့် ရှိလေသည်။ အဆုံးမရှိသောဂုဏ်သရေကို ပျော်မွေ့နေချိန်တွင် တစ်ခါတရံတွင် သူသည် ပေထင်းဟွမ်ကဲ့သို့ လက်ခံရမည်ဖြစ်သည်။ ကံတရားသည် သာမန် လူထက်ပင် ရက်စက်သည်။
“ဒီအချိန်ပဲ ငါ့ကံတရားက ငါ့အပေါ်မှာမူတည်တယ်” ပေထင်းဟွမ်သည် ငွေရောင်သွားများကို တင်းတင်းကြိတ်လိုက်သည်။ သူမသည် ယန်ယဲ့၏ရင်ခွင် ထဲမှထွက်လိုက်ကာ တောက်ပနေသောအလင်းရှေ့တွင် တားရန်မစောင့်နိုင် တော့ပေ။
စာလုံးသေးနှစ်ခုသည် တောက်ပစွာလင်းလက်နေသည်။ မင်ရှို့၏ နာမည် ကို ဘယ်ဘက်တွင်ထွင်းထုထားပြီး ဟွမ်ကျို့၏အမည်မှာ ညာဘက်တွင်ရှိ၏။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူမအား သခင်အဖြစ်ရွေးချယ်ခဲ့ကာ ဖန်ဆင်းရေးနတ်ဘုရား၏အသန့်စင်ဆုံးသွေးသည် သူမ၏ခန္ဓာကိုယ်ထဲတွင်ရှိ သည်။ ဤကဲ့သို့သွေးအဆီအနှစ်သည် သူမ၏အကြောများထဲတွင် စီးဆင်းနေ သည်။ သို့သော် နတ်သွေးသည် သူမ၏ဝိညာဉ်ထဲတွင် စီးဆင်းနေသည်။
“ဟင်း” ပေထင်းဟွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။ သူမ သည် လက်ချောင်းမြှောက်လိုက်ရာ လက်ချောင်းထိပ်မှ သွေးသည် မင်ရှို့၏ နာမည်ပေါ်သို့ ကျတော့မည်ဖြစ်သည်။ သူမ လက်ချောင်းကိုဖိသုတ်လိုက်သည် နှင့် သူမ၏သွေးသည် မင်ရှို့၏နာမည်ပေါ်တွင် ဖုံးအုပ်သွားမည်ဖြစ်သည်။ ထိုအခါ ကောင်းကင်မှပေးသနားသည့် သွေးစာချုပ်ပျက်သွားမည်ဖြစ်သည်။