← Chapters

အဲတုန်းက မင်းပြောခဲ့တာ

Vol. 68 Ch. 1351

အဲတုန်းက မင်းပြောခဲ့တာ

Vol. 68 Ch. 1351

ထိုအခိုက်အတန့်တွင် လုကျီ၏အသံထွက်လာသဖြင့် ပေထင်းဟွမ်၏ လက်သည် အနည်းငယ်ရပ်တန့်သွားလေ၏။ သူမသည် မင်ရှို့ကို အနည်းငယ်မျှ ကြောက်သည်ဟုဆိုရမည်။ ပေထင်းဟွမ်သည် အကင်းပါးသည်။ သူမသည် နှစ်တစ်သောင်းကြာအောင် ဝိညာဉ်ပျံ့နေခဲ့သည်ဟုဆိုလျှင်တောင် ယန်ယဲ့ သည် သူမအား သေဆုံးရမည့်အဖြစ်ကိုကြုံခွင့်ပေးလောက်သည့် နှလုံးသားမျိုး မရှိပေ။

“ဒီမိန်းမစုတ်... အဂ္ဂိရတ်အစည်းအဝေးမှာ သူမကို ခေါင်းမဖြတ်နိုင်တာက ငါ့ဘဝမှာ အတုံးအဆုံးလုပ်ရပ်ပဲ” ပေထင်းဟွမ်သည် သူမကိုယ်သူမ အပြစ်တင် လေ့မရှိပေ။ သို့သော် ဤအချိန်တွင် သူမသည် အနည်းငယ်စိတ်မြန်လက်မြန် ရှိနေသည်။

ယန်ယဲ့သည်လည်း တစ်ကိုယ်လုံးတုန်ယင်လာသည်။ ထင်ရှားစွာပင် သည်တစ်ခေါက်တွင် သူသည် အလောတကြီးမလုပ်ရဲပေ။ ကောင်းကင်တွင် ပြည့်နေသည့် ရွှေရောင်အလင်းကပင် သူမ၏မျက်နှာကို မဖြတ်နိုင်လောက် အောင် ပေထင်းဟွမ်၏ မျက်နှာကို အနက်ရောင်အလွှာနှင့်ဖုံးအုပ်ထားသည် ကိုကြည့်ပြီး ယန်ယဲ့သည် အလွန်ပင်စိတ်မချမ်းမြေ့ဖြစ်မိလေသည်။ သူသည် ပေထင်းဟွမ်အား ပွေ့ဖက်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးလေသည် “မင်း သူမကို သတ်လိုက်ရင် မင်ရှို့က ဒီနေ့ရောက်လာမှာမဟုတ်ဘူး၊ သူမက ရှီဖုန်းရဲ့ အစေခံ ပဲ၊ သူမက ရှီဖုန်း အနောက်တောရိုင်းကနေ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို လက်ထပ်တုန်းက လိုက်လာခဲ့တာ၊ ကိုယ်တို့တွေ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ တမန်တော်နဲ့ မင်ဟွမ်ကို ခေါင်းဖြတ်လိုက်တာကို သူမ မင်ရှို့ကို သတင်းပေးမှပဲ ဒီလိုဖြစ်လာမှာလေ”

ထိုသို့ပြောပြီးနောက် ယန်ယဲ့သည် အသက်ကိုပြင်းပြင်းရှိုက်ကာ ပေထင်းဟွမ်၏လက်ချောင်းများကို ဆုပ်ကိုင်ပြီးနောက် မင်ရှို့၏နာမည်ရှိရာသို့ ဖြည်းဖြည်းချင်းရွှေ့သွားလိုက်သည်။ သို့သော် ပါးစပ်မှလည်းပြောနေသည် “မင်ရှို့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကိစ္စကိုမှတ်မိသေးလား၊ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ငါဘာပြောခဲ့လဲ”

မင်ရှို့သည် ခက်ခဲသောရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။ သူသည် ဤကဲ့သို့ရွေးချယ်ရခြင်းမျိုးကို ကြောက်သည်။ သို့သော် ပေထင်းဟွမ်အား ဆုံးရှုံးရမည်ကို ပိုကြောက်သည်။ ယန်ယဲ့၏စကားများသည် သူ၏ဘဝကို တစ်ခဏချင်းကယ်လိုက်သလိုဖြစ်သည်။ အချိန်တစ်ခုကြာအောင် ဆုံးဖြတ်ချက်ချရန်မလိုသေးသဖြင့် သူ၏တစ်ကိုယ်လုံးတုန်ယင်သွားကာ ပြော လေသည် “မင်းဘာပြောခဲ့တာလဲ”

ယန်ယဲ့၏အသံသည် အနည်းငယ် ရက်စက်တတ်ပုံပေါက်ကာ အမှတ်တရများဆီမှ ထွက်လာသလိုပင် “အဲနှစ်က မင်းက အသက် ၈၀၀ ကျော် ပဲရှိသေးတယ်၊ ငါ အနောက်တောရိုင်းမှာနေနေတုန်း အနောက်တောရိုင်းကို လာပြီးတော့ အကေရှားသစ်ပင်အောက်မှာ မင်းပြောခဲ့တာ”

အနောက်တောရိုင်းတွင် ကြီးမားသောနန်းတော်ဧရိယာသည် ထုံရှန့်လမ်း ဘေးများနှင့် ဆက်သွယ်လျက်ရှိသည်။ ထောင့်လေးထောင့်တွင် အကေရှား သစ်ပင်များရှိကာ သစ်ပင်အမိုးသည် မျက်နှာကြက်ကဲ့သို့ ကောင်းကင်တစ်ဝက် ကို ဖုံးကာလုနီးပါးပင်။ အတိတ်များဆီက ရှီဖုန်းနှင့် ဟွမ်ကျို့တို့နှစ်ယောက်လုံး သည် အကေရှားပင်အောက်တွင် ဆော့ကစားရသည်ကို နှစ်သက်ခဲ့သည်။ မင်ရှို့ အနောက်တောရိုင်းသို့ သွားသည့်အချိန်တိုင်းတွင် သူသည် သူတို့နှင့်အတူ အကေရှားပင်အောက်တွင် ဆော့ကစားသည်။

ထိုနှစ်က သူ ထိုနေရာသို့သွားသည့်အချိန်တွင် အကေရှားသစ်ပင်အောက် ၌ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး လေနှင့်အတူလွင့်နေသည့် ငွေရောင် ဆံပင်ရှိကာ ပသာဒဖြစ်လောက်စရာမျက်လုံးပိုင်ဆိုင်သည့် ကောင်လေး တစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ ပြောလိုက်သည် “အစ်ကိုယဲ့ မင်းရဲ့မျက်လုံးထဲက ခရမ်းရောင်သလင်းကျောက်ပုတီးလုံးကို ပေးမယ်လို့ပြော ပြီးသားမလား၊ ကတိတည်ရမယ်နော်၊ ငါ အဲဒါကိုနေ့တိုင်းကြည့်ချင်တာ ငါ မျက်လုံးဖွင့်တိုင်း အဲဒါကိုမြင်ချင်တာ”

မင်ရှို့သည် ထိုအချိန်က ဟာသတစ်ပုဒ်ဟုသာ တွေးခဲ့သည်။ ကလေးသည် ကလေးအတွေးသာရှိခဲ့သည်။ သူပြောခဲ့သည်မှာ အလွန်ပင် ကလေးဆန်သည်။ သူလျှောက်သွားပြီး ဟွမ်ကျို့၏ ဆံထုံးကိုဆုပ်ကိုင်ရန် ကြိုးစားသည်။ သို့သော် ဟွမ်ကျို့သည် ရှောင်ရှားကာ သူ၏လက်ကို ဆုပ်ကိုင် ပြီးပြောလေသည် “ရှောင်ကျို့ သူများက ဘယ်လိုလုပ် သူ့မျက်လုံးကို ပေးလို့ရမှာလဲ”

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ကောင်လေးမှာ ယန်ယဲ့ဖြစ်သည်။ သူသည် မင်ရှို့အား သဲ့သဲ့ကြည့်လိုက်သည်။ ထို့နောက် ဟွမ်ကျို့ဆီသို့ မျက်လုံး ပြန်ရောက်သွားကာ ဟွမ်ကျို့အား အလေးအနက်ပြောလေသည် “ဟွမ်အာ အစ်ကိုယဲ့က မင်းကို ကတိပေးခဲ့တာကို သေချာပေါက် လုပ်ပေးမှာပါ၊ တစ်နေ့ မင်း မျက်လုံးဖွင့်တာနဲ့ ဒီခရမ်းရောင်ပုတီးစေ့ကို တွေ့ခွင့်ပေးမှာ”

“ဟုတ်ပြီ ဟုတ်ပြီ” ဟွမ်ကျို့သည် ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလေသည်။ သို့သော် မကျေနပ်သလိုခံစားရသဖြင့် ရှေ့တိုးကာ ယန်ယဲ့၏လည်ပင်းကို ပွေ့ဖက်ပြီး သူ၏ပါးပြင်ကို မွှေးမွှေးပေးလိုက်၏။

မင်ရှို့သည် ထိုနှစ်ယောက်ကို ကလေးသာသာမြင်သဖြင့် ခေါင်းခါကာ သူတို့အားလျစ်လျူရှုလိုက်သည် “တကယ် ရိုးစင်းတာပဲ၊ ငါ ဝိညာဉ်အဆင့်ကို ရောက်ပြီး ငါ့ခန္ဓာကိုယ်ကို ပြန်ပုံသွင်းပြီးရင် ငါ့ရဲ့လက်ရှိမျက်လုံးကို ရှောင်ကျို့ ကိုပေးလို့ရမယ်ထင်တယ်၊ မင်းက မင်းအစွမ်းအစကို တော်တော်အထင်ကြီး နေတာပဲ”

All Chapters