← Chapters

ယန်ယဲ့ ကိုယ့်စကားကိုယ်တာဝန်ယူရမယ်

Vol. 68 Ch. 1352

ယန်ယဲ့ ကိုယ့်စကားကိုယ်တာဝန်ယူရမယ်

Vol. 68 Ch. 1352

ယန်ယဲ့တွင် တခြားအကြံရှိနေလိမ့်မည်ဟု မင်ရှို့ထင်မထားပေ။ သူ သိ လိုက်ရချိန်တွင် သူတို့သုံးယောက်သည် အရွယ်ရောက်နေပြီဖြစ်၏။ နောက်တစ်နှစ် ယန်ယဲ့ အနောက်တောရိုင်းသို့ရောက်သည့်အချိန်တွင် အမြန် ပြေးသွားခဲ့သည်။ ထိုအချိန်က ရှီဖုန်း၏အကူအညီနှင့် သူသည် ဟွမ်ကျို့နှင့် သွေးစာချုပ်တည်ထောင်ပြီးလေ၏။

အကေရှားပင်အောက်တွင် ယန်ယဲ့ တစ်ဦးတည်းရပ်နေသည်ကိုကြည့်ပြီး ယန်ယဲ့သည် ဟွမ်ကျို့နှင့်သူ၏ မင်္ဂလာပွဲစာချုပ်အကြောင်းကို တွေးနေလိမ့် မည်ကို မင်ရှို့သိသဖြင့် ယန်ယဲ့အား ဂုဏ်ယူစွာဖြင့်ပြောခဲ့သည် “မင်းမှာ အခွင့်အရေးရှိသေးတယ် ငါ မင်းနဲ့ မျှမျှတတပြိုင်ချင်စိတ်ရှိတယ်၊ ရှောင်ကျို့က မင်းကိုကြိုက်လာတဲ့တစ်နေ့ ငါ နောက်ဆုတ်ပေးမယ်”

ထိုစကားတစ်ခွန်းကြောင့်ပင် ယန်ယဲ့သည် နှစ်ပေါင်းထောင်ချီတိုက်ခိုက် လာခဲ့သည်။ ဟွမ်ကျို့နှင့်စစ်မြေပြင်တွင် ရန်သူနှစ်ယောက်သည် မရေမတွက် နိုင်လောက်အောင် ရင်ဆိုင်တွေ့ခဲ့သည်။ ဟွမ်ကျို့အားမထိခိုက်ရန်အတွက် ယန်းမို့ထျန်းမျိုးနွယ်သည် အရှုံးပေးခဲ့ကာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် တစ်ဆင့်ချင်း နယ်နိမိတ်ချဲ့ထွင်ခဲ့သည်။

ထိုအချိန်တွင် ယန်ယဲ့သည် အကေရှားပင်အောက်တွင် မင်ရှို့ပြောခဲ့သည့် စကားများကိုပြောပြလေသည် “မင်းမှာ အခွင့်အရေးရှိသေးတယ် ငါ မင်းနဲ့ မျှမျှတတပြိုင်ချင်စိတ်ရှိတယ်၊ ရှောင်ကျို့က မင်းကိုကြိုက်လာတဲ့တစ်နေ့ ငါ နောက်ဆုတ်ပေးမယ်” ထိုစဉ်က မင်ရှို့သည် ထိုစကားလုံးများနှင့် ယန်ယဲ့အား လှည့်စားခဲ့သည်။ နောက်ကွယ်မှဇာတ်လမ်းကို ယန်ယဲ့သိလျှင်တောင် လက်လျော့မည်မဟုတ်ပေ။

ယနေ့တွင် ယန်ယဲ့သည် ထိုစကားကို ထပ်ပြောလာပြန်သည်။ ထိုအရာ သည် မည်သို့သောအဓိပ္ပာယ်ဖြစ်သနည်း။

စိန်ခေါ်မှုတစ်ခုပင်။ ယန်ယဲ့သည် သူ့ကိုစိန်ခေါ်နေသည်။ ယန်ယဲ့ဆိုလို သည်မှာ မင်ရှို့သာ ရှောင်ကျို့၏စိတ်ကိုအပိုင်ရလျှင် ယန်ယဲ့ နောက်ဆုတ်မည် လား။ ထိုသို့တွေးပြီးနောက် မင်ရှို့၏စိတ်ထဲတွင် မျှော်လင့်ချက်များ စိတ်အား ထက်သန်စွာမြင့်တက်လာသည်။ သူ၏ မှေးမှိန်သောမျက်လုံးများသည် ရုတ်တရက် လက်သွားကာ အသံလည်းမြင့်လာပြီးပြောလေသည် “ယန်ယဲ့ ဒါ မင်းပြောတာပဲ၊ ငါတို့ပြောခဲ့တာကို တာဝန်ယူရမယ် မျှမျှတတပြိုင်ကြတာပေါ့”

မျှတမှုဆိုသည့်အရာသည် သူတို့သည် တူညီသောမျဉ်းမှ တာထွက်ခြင်း ပင်။ ယန်ယဲ့သာ သူ၏နာမည်ကိုမဖျက်ပါက သူ၏မူလနာမည်နေရာတွင် ယန်ယဲ့၏နာမည်ကိုရေးမည်ဆိုပါကလည်း မင်ရှို့မကြောက်ပေ။

ပြိုင်ဆိုင်ရမည်။ မင်ရှို့တွင် မျှော်လင့်ချက်ရှိသေးသည်။ သူသည် ဟွမ်ကျို့ သူ့ကိုချစ်လာအောင်လုပ်ရန် ယုံကြည်ချက်တချို့ရှိနေတုန်းပင်။ ထို့အပြင် သူတို့ သည် နှစ်ပေါင်းများစွာ အတူနေလာခဲ့ပြီးဖြစ်ကာ တူညီသည့်ကလေးဘဝ အမှတ်တရများရှိသည်။ သူတို့၏ဆက်ဆံရေးသည် ကမ္ပည်းထိုးပြီးသားဖြစ်ကာ ဟွမ်ကျို့ အရွယ်ရောက်လာပြီးနောက်တွင်လည်း တချို့အရာများကို နားလည် ခဲ့သည်။

မင်ရှို့၏အသံသည် နတ်ခန်းဆီးကို ထိုးဖောက်ကာ ယန်ယဲ့၏ နား ထဲသို့ဝင်သွားချိန်တွင် ယန်ယဲ့ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏လက်ချောင်းကို ယူကာ နတ်ဘုရားခန်းဆီးကို အားပါပါ ထိလိုက်သည်။ သူမ၏လက်ချောင်းမှသွေးသည် နတ်ဘုရား၏ခန်းဆီးဆီ မှ မင်ရှို့နာမည်ရေးထားသည့်နေရာသို့ စီးဆင်းသွားလေသည်။ ဖြတ်သွားသည့် နေရာတိုင်း၊ နတ်ခန်းဆီးတစ်ခုလုံးမှာ တောက်ပသောရွှေရောင်အလင်း ထုတ်လွှတ်လေသည်။

သွေးစီးသွားသည့်နေရာမှ ရွှေအလင်းသည် ပွင့်ဖူးနေသော ရွှေရောင် ကြာပန်းကဲ့သို့ ဖြာထွက်လာ၏။ တိုင်လေးတိုင်မှ ပွင့်ဖတ်များသည် ကောင်းကင် ပေါ်သို့ထိုးတက်ကာ သက်တန့်တစ်စင်းအလား ကောင်းကင်ဘုံ ၉ ခုဆီသို့ ချက်ချင်းပင်ရောက်လေသည်။

ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို မည်သို့တည်ထောင်ထားသည်ကို မည်သူမှမသိကြပေ။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို မည်သည့်နေရာတွင် ထွင်းထုထားသည်ကို မည်သူမှမသိကြေပေ။ ကမ္ဘာကြီးကို ထိန်းချုပ်သည့် လက်တစ်ဖက်ကို မည်သူပိုင်ဆိုင်သည်ကို မည်သူမှမသိကြပေ။ ပတ္တမြားကမ္ဘာ ၏တည်ထောင်ကတည်းကပင် ပထမဆုံးအကြိမ်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းသည် သူတို့ကဲ့သို့ သေမျိုးများ၏ရှေ့တွင် ပေါ်လာသည်။

အားလုံးနီးပါးသည် ရွှေရောင်အလင်းကြောင့် မျက်စိကျိန်းလုနီးပါးဖြစ် သွားကြသည်။ သို့သော် သူတို့သည် မျက်လုံးများကိုကျဉ်းမြောင်းကာ ထို အလင်းကို စိုက်ကြည့်နေတုန်းပင်။ ဗုဒ္ဓ၏လက်ထဲမှ ကြာပန်းပွင့်သကဲ့သို့ ၎င်း၏ တောက်ပမှုနှင့်ရောင်ဝါကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍မရနိုင်ပေ။ ၎င်းမှ ပျံ့နှံ့လာသောတောက်ပမှုသည် ပင်မတိုက်ကြီး၏မြေပေါ်သို့ ကျရောက်လေ သည်။ ချက်ချင်းဆိုသလိုပင် အရာအားလုံးသည် အနည်းငယ်တက်ကြွမှု ပါဝင် လာသလိုပင်။ သူတို့အကြားမှ ရောင်ဝါသည် အနည်းငယ်သန်မာလာသလိုပင်။

All Chapters