မင်းကြောက်ကြလား
Vol. 68 Ch. 1353
မင်ရှို့သည်လည်း ထိုနတ်အလင်းကြောင့် အချိန်ကြာအောင် မှင်တက်နေ ပြီး သတိပြန်ဝင်မလာသေးပေ။ ထိုအလင်းတန်းသည် သူ့အား မိခင်၏သန္ဓေထဲ သို့ ပြန်သွားရသလို၊ လက်တစ်စုံဖြင့် နွေးထွေးစွာ ပွေ့ဖက်လိုက်သည့် သက်တောင့်သက်သာခံစားချက်ကို ပေးလေသည်။ သူ သတိပြန်ဝင်လာချိန်၌ နောက်ကျနေပြီဖြစ်သည် “သူ အောင်မြင်သွားပြီလား”
မင်ရှို့သည် ထိုအချိန်တွင် စတင်စိုးရိမ်လာသည်။ သူသည် နတ်သွေးကို အားတက်သရော် လှုံ့ဆော်လိုက်သည်။ သို့သော် သူ၏ဝိညာဉ်ထဲတွင် တာအို နှင့် ကောင်းကင်နှင့်မြေကြီးကြားမှ ဆက်သွယ်မှုသည် ပြတ်တောက်သွားသည် ကို တွေ့လိုက်ရသည် “မဟုတ်သေးဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လို လုပ်ဖြစ်သွားတာလဲ ရှောင်ကျို့ မင်း ငါ့ကို တကယ် အဲလောက်တောင် မုန်းတာ လား”
“မဟုတ်ဘူး မင်ရှို့ ခင်ဗျားကိုမမုန်းဘူး ကျေးဇူးတောင်တင်သေးတယ်”
ကြည်လင်သောအသံသည် နတ်ခန်းဆီးထဲမှထွက်လာရာ ထိုအသံသည် ပေထင်းဟွမ်၏အသံပင်ဖြစ်သည်။ မင်ရှို့သည် ရုတ်တရက် ပျော်ရွှင်သွားသည်။ သူသည် ရှေ့တစ်လှမ်းတိုးပြီး ပေထင်းဟွမ်နားသို့ကပ်နိုင်ရန် မျှော်လင့်မိလေ သည်။ သို့သော် သူသည် ပင်မတိုက်ကြီးသို့ရောက်နေသော ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည် “ရှော်ငကျို့ ငါကသာ မင်းကို တောင်းပန်ရမှာပဲ၊ ငါ ငါ့အဖေရဲ့ စကားကိုနားထောင်ပြီး နတ်ဘုရားကပေးသနားတဲ့ သွေးစာချုပ်ကို ပုံမသွင်း သင့်ဘူး၊ မင်းလိုချင်ရင် ငါတို့ပြန်လုပ်လို့ရတယ်လေ၊ ငါတို့တွေ နတ်ဘုရားပေး သနားတဲ့သွေးစာချုပ်ကို ပြန်တည်ထောင်လို့ရတယ် ဟုတ်ပြီလား ကောင်းတယ်မလား”
ရင်ပြင်ထဲတွင် သိန်းချီသောလူများသည် မှင်တက်သွားကြ၏။ သူတို့၏ မျက်လုံးများသည် နတ်ဘုရားခန်းဆီးမှ ခွာကာ ရေထဲတွင်ရှိနေသော မင်ရှို့အား ကြည့်လိုက်ကြသည်။ ထိုလူသည် သခင်ပေထင်းဟွမ်နှင့် သွေးစာချုပ် တည်ထောင်ခဲ့သည်မဟုတ်ပါလား။ သည်လိုဆိုလျှင် မျှတမည်ဆိုပါက ဘာကြောင့် တခြားကြင်ယာတော်နှင့် ဇနီးများကို လက်ထပ်ထားသေးသနည်း။
အရှက်မဲ့လွန်းသည်။
ကောင်းကင်မှပေးသနားသည့်သွေးစာချုပ်ကို မသိသည့်လူများပင် ဤ ကဲ့သို့ပွဲကြီးပွဲကောင်းကို ကြုံတွေ့ရပြီးနောက် သွေးစာချုပ်အကြောင်းကို နားလည်သွားကြသည်။ သို့သော် ယခုအခါ မင်ရှို့ပြောသည့်စကားများကို ကြား ပြီးနောက် မတရားလှသဖြင့် ချက်ချင်းပင် လူများနာကြည်းမိကြသည်။
“ဒီကောင်က ချီးစားတဲ့ကောင်လား ဘာလို့ အဲလောက်တောင် အရှက်မဲ့ရ တာလဲ” မင်ရှို့ လက်တစ်ချောင်းနှင့် ရှင်းပစ်နိုင်လောက်သည့်လူ တုန်ဖန်းကျောက်သည် ကျိန်ဆဲလေသည်။
သူပါးစပ်ဟလိုက်သည်နှင့် မင်ရှို့အား ကြောက်နေသူများသည် စတင် ကျိန်ဆဲကြလေသည်။ စကားများမှာ နားဝင်မချိုလှပေ။
“ရွံဖို့ကောင်းလိုက်တာ သူ မိန်းမတွေကိုကြိုက်ရင် ပွင့်ပွင့်လင်းလင်း ပြော လေ ဒီလိုမျိုး အရှက်မဲ့တဲ့လှည့်ကွက်မျိုးလုပ်ဖို့လိုသေးလို့လား”
“ငါသာ သခင်ပေထင်းဟွမ်ဆိုရင် ၃၃ ကောင်းကင်ဘုံမှာ သူ့ကိုသတ်ပြီး ဒီကောင့်ကို အပိုင်းပိုင်းခုတ်ပစ်တယ်”
“သခင်ပေထင်းဟွမ်က သူနဲ့သွေးစာချုပ်တည်ထောင်ပြီးပြီလေ ဒီကောင် က ဦးနှောက်ဂုတ်ကပ်နေတာလား”
နန်ကုန်းချန်းရှီးတို့ညီအစ်မသည် ပို၍ပင် စိတ်ထိခိုက်မိသည်။ မိန်းကလေးများသည် ယောက်ျားလေးများထက် ပို၍စိတ်ခံစားချက်ပြင်းသည်။ သူတို့စိတ်လိုက်မာန်ပါပြုလုပ်လိုက်မည်ကို ကြောက်ကြသည်။ ရှီမန်ဆုန်းတို့ကို တင်းကြပ်စွာ ဆွဲမထားလျှင် သူတို့သည် ရေထဲသို့ ကြက်ဥပုပ်နှင့် ခရမ်းချဉ်သီး များကို ပစ်ချကြတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ချီဖုန်းသည် သံမဏိသွေး၏ရှေ့တွင်ရပ်ကာ သူ၏လက်များ မှာလည်း တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူ၏မျက်လုံးများသည် ဒေါသ ကြောင့် တောက်လောင်နေပြီး ဒေါသသံမှာ သူတို့အဖွဲ့ဆီသို့ ပျံ့သွားလေသည် “မင်းတို့မြင်လိုက်လား ဒါငါတို့ရဲ့ ရန်သူပဲ၊ နောက်ဆိုရင် ငါတို့ရင်ဆိုင်ရမယ့် ရန်သူက အရမ်းအားကောင်းတယ် မင်းတို့ကြောက်ကြလား”
သံမဏိသွေး၏မူလအဖွဲ့ဝင်များမှလွဲ၍ ချီဖုန်းသည် အားလုံး၏စိတ်ထဲသို့ အတွေးများ သွင်းပြီးသားဖြစ်၏။ သူတို့သည် သံမဏိသွေးသို့ဝင်သည့်အချိန်မှ စပြီး ပေထင်းဟွမ်၏ဓားရှည်ဖြစ်ပေးရမည်။ သူတို့ မည်သည့်နေရာတွင် သတ်ရ မည်ဆိုပါစေကာမူ သူတို့ကိုယ်သူတို့ သန်မာအောင်လုပ်ပြီး တစ်နေ့တွင် ပေထင်းဟွမ်နှင့်အတူ ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် တိုက်ခိုက်ရမည်ဖြစ်သည်။
“ငါတို့ရဲ့ခေါင်းဆောင်က နောက်ဆိုရင် ငါတို့ကိုဦးဆောင်ပြီး ပတ္တမြား ကမ္ဘာကို သိမ်းပိုက်မယ်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ နယ်နိမိတ်ကို ပြားအောင် လုပ်မယ် မင်းတို့ကြောက်ကြလား”