Chapters

မင်းအလိုရှိလား

Vol. 68 Ch. 1354

မင်းအလိုရှိလား

Vol. 68 Ch. 1354

ချူဖုန်း၏အသံသည် ထပ်မံထွက်လာရာ အားလုံး၏စိတ်သည် တုန်ခါ သွားလေသည်။ ကြောက်ရွံ့မှုမဟုတ်ဘဲ စိတ်ဓာတ်တက်ကြွခြင်း၊ သတ္တိရှိခြင်း၊ သွေးများဆူပွက်သည့် ခံစားချက်တစ်ခုပင်။

“ကြောက်တယ်ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ခေါင်းဆောင် လာ နောက်နေတာလား” အဖွဲ့ထဲတွင် နောက်မှဝင်လာသော တချို့စစ်သည်များ သည် မင်ရှို့အား အထင်သေးသောမျက်လုံးများဖြင့် ကြည့်ကြလေသည်။

“ဟုတ်တယ် ငါတို့က ခေါင်းဆောင်ပေထင်းဟွမ်ရဲ့ အချွန်ထက်ဆုံး ဓား ဖြစ်ပေးရမယ်၊ တစ်နေ့ သူ့လက်ထဲက အားအကောင်းဆုံးလက်နက်ဖြစ်ပြီး အစဉ်အလာတွေကိုဖိနှိပ်မယ် သူ့အတွက် ပတ္တမြားကမ္ဘာတစ်ခုလုံးနဲ့ တိုက်ခိုက် မယ်” ဆယ်လင်း၏မျက်လုံးထဲတွင် မိန်းကလေးတစ်ယောက်အနေနှင့် မင်ရှို့၏ နည်းလမ်းများကို အမုန်းဆုံးဆိုသည့်အကြည့်နှင့် ရွံရှာစွာကြည့်လေသည်။

“ခေါင်းဆောင်ကြီး ဒါက ငါတို့ရဲ့အသက်နဲ့တန်ပါတယ်” ဝမ်ဝေ့သည် ခံစားချက်လေးနက်နေသည်။

မင်ရှို့၏အသံသည် ခန်းဆီးထဲသို့ဝင်လာပြီး အတန်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမှမရှိပေ။ စောင့်ဆိုင်းရသည့်အချိန်မှာ ကြာရှည်နေသလိုပင်။ မင်ရှို့သည် အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိပြီး ရင်ပြင်ထမှ ၁ သိန်းသောလူများ သည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်း ကွဲအက်ပြီးနောက် ကောင်းကင်၏အပြစ်ပေးမှု ကျရောက်လာတော့ မည်။

နတ်ဘုရား၏အပြစ်ပေးမှု ယခုလာတော့မည်လား။

ကောင်းကင်ပေါ်တွင် ခေါင်းလောင်းသံသည် ရှေးခေတ်အချိန်နှင့်နေရာမှ ရောက်လာသကဲ့သို့ မြည်ဟီးနေပြီး သက္ကတစကားနှင့်အတူ အားလုံး၏ ရင်ကို တုန်ခါသွားစေသည်။ နတ်ခန်းဆီးထဲတွင် အသံတစ်သံထပ်မံထွက်ပေါ်လာ၏ “ယန်ယဲ့ ကျွန်တော်ပေထင်းဟွမ်က မင်းကိုတစ်သက်လုံးလက်ထပ်မယ် ဆန္ဒရှိ လား”

ယန်ယဲ့ ကျွန်တော်ပေထင်းဟွမ်က မင်းကိုတစ်သက်လုံးလက်ထပ်မယ် ဆန္ဒရှိလား။

ပေထင်းဟွမ်သည် ခေါင်းလောင်းသံနှင့် သက္ကတသံများကိုပင် ကျော်လွန် ကာ ကမ္ဘာကြီးကိုဖြတ်ကျော်လာပြီး အတန်ကြာအောင် မြည်ဟီးရာ ပဲ့တင်သံ များထပ်သွားပြီး အားလုံး၏ နှလုံးသားမှာလည်း ထိုကြိမ်နှုန်းကြောင့် တုန်ခါ သွားလေသည်။

တစ်သက်တာ လင်မယားအဖြစ်ရောက်မည်။ ထို့အပြင် မည်မျှပင် မာကျောသောနှလုံးသားဖြစ်ပါစေ ဤကဲ့သို့ဆန္ဒမျိုးပြုပြီး ကိုယ့်ဘဝတစ်ခုလုံး ကို စတေးခံကာ လူတစ်ယောက်နှင့် အိမ်ထောင်ဖက်အဖြစ် ရေရှည် လက်တွဲ သွားနိုင်ဖို့အတွက် ဆန္ဒတစ်ခုစီရှိကြသည်။ အထူးသဖြင့် ပေထင်းဟွမ်ကဲ့သို့ နတ်ဘုရားအဆင့်သို့ဝင်ပြီးသားလူတစ်ယောက်သည် ခွန်အားမယှဉ်နိုင်လျှင် သူမ၏ဘဝတစ်ခုလုံး လျစ်လျူရှုခံရမည်ဖြစ်သည်။ အသက်တစ်ချောင်းသည် ထိုမျှရှည်နိုင်သည်လား။

သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်မေးသောစကားများကို ကြား ပြီးနောက် အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏နှာခေါင်းများ ချဉ်လာပြီး မျက်ရည်များ ကျလုနီးပါးပင်။ နန်ကုန်းချန်းရှီးကဲ့သို့လူမျိုးပင် တောင့်မခံနိုင်တော့ဘဲ အစ်မဖြစ်သူ၏ရင်ခွင်ထဲသို့ တိုးဝင်လေသည် “ဝူး သူ ပျော်နေပြီလား”

နန်ကုန်းချန်းမိုသည် ညီမဖြစ်သူကို ပွေ့ဖက်ပြီး စတင်ငိုယိုကာ ပြောလေသည် “အရူးလေး ခေါင်းဆောင်က သူချစ်တဲ့သူနဲ့ အတူရှိသွားတာ၊ နတ်မိစ္ဆာဧကရာဇ်က သူ့ကို နှစ်ပေါင်းတစ်သောင်းကြာအောင်စောင့်ခဲ့တာ၊ မိန်းကလေးကနေ ယောက်ျားလေးဖြစ်ပါစေ သူ့ကို နှစ်တစ်သောင်းကြာတဲ့ထိ စောင့်ခဲ့တာ၊ ဘဝပေါင်း တစ်သောင်းကြာပြီးတော့ အလှည့်ပြန်ရောက်လာတာ ပဲ”

ချင်းရှဲလင်းသည် လှည့်ပတ်ကြည့်ရာ သူမအား ပွေ့ဖက်နှစ်သိမ့်မည့် မိန်းကလေးမရှိတော့သဖြင့် ဘေးမှရှိသည့်လူကို ပွေ့ဖက်ပြီးငိုလေတော့သည် “ဝူး ခေါင်းဆောင် အဲဒီနတ်မိစ္ဆာဧကရာဇ်စုတ်ကြီး လုတာခံလိုက်ရပြီ”

တုန်ဖန်းအောင်သည် သတိလက်လွတ်ဖြစ်သွားချိန်တွင် ချင်းရှဲလင်း၏ ပွေ့ဖက်ခြင်းကိုခံလိုက်ရ၏။ ဤကဲ့သို့အခြေအနေအောက်တွင် သူ၏ခံစားချက် သည် အနည်းငယ် ချဉ်နေသည်။ ထိုအချိန်တွင် သူသည် မိန်းကလေးတစ်ဦး၏ နာကျင်စွာပွေ့ဖက်ခြင်းကိုခံနေရသည်။ တစ်ဖက်လူ၏ မျက်ရည်များသည် သူ၏ အင်္ကျီပေါ်သို့ ရေတံခွန်ကဲ့သို့ စိုစွတ်သွားသည်ကိုခံစားမိသဖြင့် ဖယ်ရှား လိုက်ချင်သော်လည်း မလုပ်ရက်ပေ။

“အင်း အင်း မငိုပါနဲ့ မင်းက ကောင်းပါတယ် တစ်နေ့ကျရင်တော့ မင်းကို သဘောကျတဲ့ အထင်ကရလူပေါ်လာမှာပါ” တုန်ဖန်းအောင်သည် လက်မြှောက်လိုက်သည်။ သူသည် ချင်းရှဲလင်ကိုမထိရဲပေ။ သူသည် ငိုယိုနေ သောမိန်းကလေးကို ချော့မော့နေရသည်။ သူမက တုံးအလွန်းတာလား။