မဖြစ်ဘူး
Vol. 68 Ch. 1355
“ဝူး ဝူး ဝူး”
တုန်ဖန်းမိသားစု၏ သခင်လေးတစ်ယောက်အနေနှင့် တုန်ဖန်းအောင် သည် သန့်ရှင်းမှုမဆိုထားနှင့် သူ့ကိုယ်ပေါ်သို့ညစ်ပေခံမည်လား။ ရုတ်တရက် ပျို့အန်ချင်လာသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
ဟူး
ရင်ထဲမှ ဒေါသနှင့် မသက်မသာခံစားချက်ကို အတင်းချုပ်ဖိထားလိုက် သည်။ နောက်ဆုံးတွင် တုန်ဖန်းအောင်သည် မအောင့်နိုင်တော့ဘဲ ချင်းရှဲလင် ကို ဆွဲထုတ်ကာ ဘေးသို့ပစ်လိုက်သည် “ဝေးဝေးနေလို့မရဘူးလား”
ချင်းရှဲလင်သည် ရာယာအင်ပါယာ၏ တော်ဝင်ဂိုဏ်းထောက်၏ မြေးမ ဖြစ်ရာ သွားလေရာတိုင်းတွင် လေးစားခံရသည်။ ဤကဲ့သို့ငယ်ရွယ်သော အသက်နှင့် သူမသည် ကြယ်ဝိညာဉ်သခင်ဖြစ်နေပြီဖြစ်သည်။ အရေးအကြီးဆုံး မှာ သူမသည်လည်း သံမဏိသွေးကြေးစားအဖွဲ့၏ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ် သည်။ သူမသည် မိသားစုထဲတွင် အလွန်မြင့်သောရာထူးအဖြစ် လေးစားခြင်းခံ ရသည်။
ချင်းရှဲလင်သည် တခြားသူ၏ ရွံရှာခြင်းကို ဘယ်အချိန်ကတည်းက ခံရ သနည်း။
ချင်းရှဲလင်သည် မပြင်မဆင်ရှိနေချိန်တွင် ဆွဲထုတ်ခံလိုက်ရသည်။ ကံကောင်းစွာပင် ထိုနေရာတွင်ထိုင်နေကြသူများသည် ဟွမ်ချန်းနှင့် ယန်ချန်းမှ ဖြစ်ကြသည်။ သူမ ဆွဲဖယ်ခံလိုက်ရသည်ကိုမြင်သောအခါ လူတစ်ယောက် သည် သူမအား ချက်ချင်းပင် ဖမ်းဆုပ်လိုက်သဖြင့် ဆိုးဆိုးဝါးဝါးတော့ ကျမသွား ပေ။
“ဒီမှာ ဒီမှာ ကျွန်မကို ဘာလို့ ဒီလိုဆက်ဆံတာလဲ” ချင်းရှဲလင်သည် တုန်ဖန်းအောင်ဆီသို့ အော်ပြောလေသည်။
တုန်ဖန်းအောင်သည် လှည့်လာသည်။ ချောမောသောမျက်နှာနှင့် အန္တရာယ်ရှိသောအကြည့်တို့နှင့်အတူ သူ ဘာမှမပြောပေ။ သို့သော် ဝတ်ရုံ၏ ရင်ဘတ်ကို ရွံရှာစွာနှင့်ဆွဲထုတ်လိုက်သည်။ ဝတ်ရုံမှာ မျက်ရည်များ၊ နှာရည် များစွန်းထင်းနေပြီး တုန်ဖန်းအောင်၏ လေနှင့်လကဲ့သို့ ပုံရိပ်နှင့် ဝေးကွာလှ ကာ ကြည့်ရအလွန်ဆိုးလေသည်။
ချင်းရှဲလင်သည် အော်ဟစ်တော့မည့်အပြုတွင် ထိုမြင်ကွင်းကိုမြင်လိုက်ရ ချိန်တွင် ဘာမှမပြောနိုင်တော့ပေ။
“ဟူး” မည်သူမည်ဝါမှန်းမသိသော အပြင်လူသည် အရင်ဆုံးရယ်မော လိုက်သည်။ ကံကောင်းစွာပင် သူတို့သည် သူတို့လူများဖြစ်ကာ မလိုတမာစိတ် မရှိကြပေ။ မျိုးဆက်ငယ်များသည် ဤကဲ့သို့ပဋိပက္ခများရှိလျှင်တောင် ဂိုဏ်းထောက်ချင်းရှန့်နှင့် ဂိုဏ်းထောက်လုတို့သည် သူတို့၏ အငယ်များကို အရှုံးမပေးစေချင်ကြပေ။ ထိုအစား သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ခေါင်းခါကြလေသည်။
သည်လိုနှင့် ဒေါသများပြယ်သွားပြီး မူလကဝမ်းနည်းမှုနှင့် ငြီးငွေ့မှုတို့ သည်း ပျောက်ကွယ်သွားလေသည်။ ထိုအခိုက်အတန့်တွင် အားလုံး၏ မျက်လုံး များသည် ရင်ပြင်အလယ်ရှိ အလင်းခန်းဆီးဆီသို့ ပြန်ရောက်သွားကြသည်။ ထို အခိုက်အတန့်တွင် သူတို့၏စိတ်နှင့်အာရုံကို မည်သည့်အရာကမှ မနှောင့်ယှက် နိုင်ကြပေ။
အားလုံးနီးပါးသည် ပေပထင်းဟွမ်နှင့်ယန်ယဲ့တို့ဆီရောက်ကာ ယန်ယဲ့၏ အဖြေကိုစောင့်ဆိုင်းနေကြသည်။
ပေထင်းဟွမ်အား နှစ်ပေါင်းတစ်သောင်းစောင့်လာသည်မှာ နတ်မိစ္ဆာ ဧကရာဇ်သည် ဤစကားကိုစောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။ ပေထင်းဟွမ်၏ လက်ထပ်ခွင့်ကိုကြားပြီးနောက် နတ်မိစ္ဆာဧကရာဇ်မှာ မည်သို့ခံစားရမည်ကို မသိပေ။ အားလုံးသည် နတ်မိစ္ဆာဧကရာဇ်၏မျက်လုံးထဲမှ ပေါက်ကွဲထွက်လာ သော ကြယ်များကဲ့သို့တောက်ပနေသော မီးရှူးမီးပန်းများကိုကြည့်ချင်ကြ၏။
ထိုအခိုက်အတန့်တွင် အားလုံးကို နတ်ခန်းဆီးဖြင့် ကာဆီးထားသည်မှာ တော့ နှမြောဖွယ်ရာကောင်းလှသည်။ ထိုအချိန်တွင် ယန်ယဲ့၏မျက်နှာထားကို မည်သူကမှ မမြင်နိုင်ကြပေ။ အားလုံးသည် ထိုလူ၏ဘဝင်ခိုက်မှုကို တွေးကြည့် နေချိန်တွင် သက္ကတသံကဲ့သို့အသံသည် နတ်ခန်းဆီးထဲမှထွက်လာသည်။
“မဖြစ်ဘူး ဟွမ်အာ”
ဘာ... ရင်ပြင်ပေါ်တွင် လူတစ်သိန်းသည် ရှေ့သို့တညီတည်း ထွက်လာ ကြသည်။ နတ်ခန်းဆီးနှင့် အနီးဆုံးလူများသည် နတ်ခန်းဆီး၏ ကြောက်မက် ဖွယ်ရာဖိနှိပ်မှုကို ဂရုမစိုက်တော့ဘဲ အထဲသို့ပြေးဝင်ချင်ကြမိသည်။ နတ်မိစ္ဆာ ဧကရာဇ် ငြင်းရသည့်အကြောင်းအရင်းကို သူတို့သိချင်ကြသည်။ နတ်မိစ္ဆာ ဧကရာဇ်သည် သခင်ပေထင်းဟွမ် ယောက်ျားလေးဖြစ်နေခြင်းကြောင့် အထင် သေးနေသည်လား။