← Chapters

သူက ဘယ်လိုလုပ် မင်းနဲ့သွေးစာချုပ်တည်ထောင်နိုင် တာလဲ

Vol. 68 Ch. 1356

သူက ဘယ်လိုလုပ် မင်းနဲ့သွေးစာချုပ်တည်ထောင်နိုင် တာလဲ

Vol. 68 Ch. 1356

ယန်ယဲ့ ငြင်းဆန်လိုက်သည့်ချိန်တွင် အကြီးအကဲကြီးနှင့်တခြားသူများ၊ ချုံချီနှင့်တခြားကိုယ်ရံတော်လေးဦးတို့သည် ခပ်မှိုင်းမှိုင်းကြည့်လိုက်ကြသည်။ ကြီးစွာသောဝမ်းနည်းမှု လှိမ့်တက်လာကာ သူတို့၏ကိုယ်ပင် အပြင်းအထန် လှုပ်ခါသွားကာ မိုးပေါ်မှကျလုနီးပါးဖြစ်သွားလေသည်။

နတ်မိစ္ဆာဧကရာဇ်က ဘယ်လိုလုပ် နတ်မိစ္ဆာဧကရီရဲ့ တောင်းဆိုချက်ကို ငြင်းနိုင်ရတာလဲ။ သူမအပေါ်ထားတဲ့ သူ့အချစ်တွေက ပြီးခဲ့တဲ့နှစ်တစ်သောင်း မှာ ပြောင်းလဲသွားပြီလား။ သူ နတ်မိစ္ဆာဧကရီကို လက်ထပ်တုန်းက 'သေအတူ ရှင်အတူ' ဆိုပြီးတော့ ကတိပေးခဲ့သေးသည်။ နတ်မိစ္ဆာဧကရီသာ သူ့ပါးစပ်ကို ပိတ်ပြီး စကားပြောရန်မတားလိုက်ပါက နတ်မိစ္ဆာဧကရီပျောက်ကွယ်ချိန်က နတ်မိစ္ဆာဧကရာဇ်လည်း ရှိနိုင်တော့မည်မဟုတ်ပေ။ ယန်ယဲ့သည် နာကျင်မှုကို ခံစားခဲ့ရသည်။

နတ်မိစ္ဆာဧကရာဇ်သည် ပြီးခဲ့သည့်နှစ်တစ်သောင်းတွင် ဧကရီအပေါ်ရှိ ချစ်မေတ္တာကို အားလုံးခံစားမိကြသော်လည်း အချိန်ကြာသွားသည့်တိုင်အောင် နတ်မိစ္ဆာဧကရာဇ်၏အချစ်သည် ပြောင်းလဲသွားခြင်းမရှိသည်ကို သူတို့ ကိုယ်တိုင်မျက်လုံးဖြင့် ကြည့်ချင်ကြသည်။

နတ်မိစ္ဆာဧကရာဇ်သည် တခြားသူများ၏အမြင်တွင် ရက်စက်ပြီး အကြမ်းဖက်တတ်သည်။ သို့သော် သူတို့၏မျက်လုံးထဲတွင် သူသည် အချစ်တတ်ဆုံး မေတ္တာအကြီးဆုံးဖြစ်သည်။

အရေးကြီးဆုံးအရာမှာ သူတို့သည် သူ၏ငြင်းဆန်မှုကြောင့် ကောင်းကင် မှ အကြီးဆုံးအပြစ်ပေးမှုကို နတ်မိစ္ဆာဧကရာဇ်ခံစားရမည်ကို မကြည့်ချင်ကြ ပေ။ သူ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏လက်ထဲသို့ ရောက်သွားမည်ကို သူတို့ မကြည့်ချင်ကြပေ။

ငြင်းဆန်သည့်စကားကိုကြားပြီးနောက် ပင်ဖုန်းသည် ပျော်လွန်း၍ မြေပေါ်မှခုန်တက်လုမတတ်ပင်။ သူမသည် မြေကြီးကို လက်ဖြင့်ထောက်မ, ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ခက်ခက်ခဲခဲနှင့် မ,လိုက်သည်။ ခန္ဓာကိုယ်မှ ပြင်းထန်သောဒဏ်ရာများကို လျစ်လျူရှုကာ ရယ်မောလေတော့သည် “ဟား ဟား ဟား ပေထင်းဟွမ် အဲလောက်ကြီး စိတ်ကူးယဉ်မနေနဲ့၊ မင်းက ဟွမ်ကျို့ ပြန်‌ဝင်စားလည်းဘာဖြစ်လဲ၊ လူတစ်ယောက်က နှစ်တစ်သောင်းလောက်ကြီး မပြောင်းမလဲဘဲ မင်း ပြန်ဝင်စားတာကို မျှော်လင့်ချက်မရှိ စောင့်နေရမှာလား”

မင်ရှို့သည် သက်ပြင်းချလိုက်သည်။ နတ်မိစ္ဆာဧကရာဇ်သည် နတ်မိစ္ဆာ ဧကရာဇ်ပီသသည်။ မည်မျှပင် ရက်စက်၊ လျစ်လျူရှုတတ်ပြီး အထင်သေးတတ် စေကာမူ သူ ယုံကြည်သည့်အရာတစ်ခုရှိလျှင် ယုံကြည်လွန်းသည်။

ထိုအကြောင်းအားတွေးပြီးနောက် မင်ရှို့သည် အနည်းငယ်စိတ်မကောင်း စွာဖြင့် ပေထင်းဟွမ်အား ခေါ်လိုက်သည် “ရှောင်ကျို့ နတ်မိစ္ဆာဧကရာဇ်က ငါနဲ့ မျှမျှတတပြိုင်ဖို့ ကတိပေးထားတယ်၊ သူက ဘယ်လိုလုပ် မင်းနဲ့ သွေးစာချုပ် တည်ထောင်နိုင်မှာလဲ၊ ရှောင်ကျို့ မင်းလိုချင်ရင် ငါ မင်းကိုပေးနိုင်တယ်”

မင်ရှို့၏နှလုံးသားမှာ ပျံတက်မတတ်ပင်။ နတ်မိစ္ဆာဧကရာဇ်သာ ငြင်းဆန်ပါက ကောင်းကင်အပြုစ်ပေးမှုသည် သူ့အား စီရင်ချက်‌ဗိမာန်ဆီသို့ ပို့ပေးမည်ဖြစ်သည်။ သူတို့သည် ဤအခွင့်အရေးကိုယူကာ ယန်းမို့ထျန်းမျိုးနွယ် ကို တစ်ခါတည်းရှင်းပစ်ချင်ပစ်လိမ့်မည်။ ထိုအချိန်မှစပြီး ကမ္ဘာပေါ်တွင် မင်ရှို့ တစ်ယောက်သာရှိတော့မည်။

အရှက်မဲ့သူများကို မြင်ဖူးခဲ့သည်။ သို့သော် ဤကဲ့သို့အရှက်မဲ့သူကို မမြင် ဖူးပေ။ ပင်မတိုက်ကြီးမှလူများသည် မင်ရှို့၏စကားများကို ကြားလိုက်ရချိန် တွင် ယန်ယဲ့အပေါ်မှ ဒေါသများသည် မင်ရှို့ဘက်သို့လှည့်သွားသည်။ ပေထင်းဟွမ်၏ ကမ်းလှမ်းမှုကို ငြင်းဆန်သူမှာ နတ်မိစ္ဆာဧကရာဇ်မဟုတ်ဘဲ မင်ရှို့ဖြစ်နေသည့်အလား သူတို့သည် ထိုလူအားစိုက်ကြည့်နေသည်။

“သူသာ လူအစစ်ဆိုရင် အရာရှိတွေနဲ့ အဲကောင်ကို သေအောင်ရိုက်ပြီးပြီ”

“သူ့ရဲ့ ကိုယ်ပွားကို ဖောက်ခွဲလို့ရသေးတယ်လေ ဒါပေမဲ့ ကိုယ်ပွားကိုတောင် ငါတို့မလုပ်နိုင်ကြသေးဘူး”

“တစ်နေ့ တစ်နေ့ပေါ့ ငါတို့လုပ်နိုင်မှာပါ”

ထိုအချိန် နတ်ခန်းဆီးထဲတွင် ယန်ယဲ့သည် ပေထင်းဟွမ်၏မျက်နှာကို ကိုင်ကာ နက်ရှိုင်းစွာအနမ်းပေးနေသည်။ သူ၏နှုတ်ခမ်းများသည် ကိတ်မုန့်အနု သားကဲ့သို့ ချိုသော်လည်း အီစိမ့်မနေဘဲ ပုလဲလက်ဖက်ရည်ကဲ့သို့ ချောမွတ် နူးညံ့နေသည်။ အေးစက်သောခံစားချက်ရလာသောအခါ ပေထင်းဟွမ်သည် ထိုနှုတ်ခမ်းနှစ်ခုကို လောဘတကြီးမျိုချမိသည်။ ပါးလွှားသောနှုတ်ခမ်းများမှာ အားပါပါစုပ်ယူခံလိုက်ရကာ ချိုမြမှုသည် သူမ၏ပါးစပ်ထဲသို့ဝင်လာပြီး လည်ချောင်းထဲသို့ဝင်သွားလေသည်။ ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ် နှင့် စိတ်သည် အလွန်ကျေနပ်မှုရသွားလေသည်။

ပွင့်ချပ်လေးချပ်သည် သွယ်ယှက်လျက်ရှိသည်။ နှာခေါင်းထိပ်များ ထိနေ ပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အရသာရှိသော အစားအစာ များကို စုပ်ယူနေကြသည်။ ပေထင်းဟွမ်၏လက်သည် ယန်ယဲ့၏ လည်ပင်းကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး မျက်လုံးများမှာ စေ့စေ့ပိတ်ထားသည်။ ယန်ယဲ့ အား သူမ၏ခန္ဓာကိုယ်လေးကို ပွေ့ဖက်ခွင့်ပြုထားပြီး အရိုးထဲထိ တင်းကြပ်စွာ ချည်နှောင်ရန်မျှော်လင့်နေသည်။

All Chapters