အခုချိန်ကစပြီး တစ်သက်လုံးပဲ
Vol. 68 Ch. 1357
အချိန်မည်မျှကြာသွားသည်မသိပေ။ အပြင်မှလူများသည် ဝင်လာချင်နေ ကြသည်။ နတ်ခန်းဆီး၏အလင်းသည် ဖျော့သွားရာ ယန်ယဲ့သည် ပေထင်းဟွမ် အားလွှတ်လိုက်သည်။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ်၏မျက်နှာကို ကိုင် ထားဆဲဖြစ်သည်။ လူငယ်၏မျက်နှာသည် ရှက်သွေးဖြာနေသည်။ သူသည် မသက်မသာမခံစားရတော့ဘဲ သွားရည်ကျနေသော နှုတ်ခမ်းများကို မကျေနပ်သည့်မျက်လုံးများကြည့်နေသည်။
ယန်ယဲ့သည် ရယ်မောမိတော့သည်။ သူသည် ရှေ့ကိုင်းပြီး ပေထင်းဟွမ် ၏နှုတ်ခမ်းကို ညင်သာစွာ လျက်လိုက်သည်။ သူ၏လျှာထိပ်ဖြားသည် ပေထင်းဟွမ်၏နှုတ်ခမ်းတွင် ကျန်ခဲ့သော တံတွေးကို သပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ပေထင်းဟွမ်သည် နှုတ်ခမ်းကို ပြန်သပ်လိုက်၏ “ဟွမ်အာ ကိုယ်က မင်းကို နှစ်ထောင်ချီကြာအောင်စောင့်နေခဲ့တာ၊ မင်းက ကိုယ့်ကို နှစ် တစ်သောင်းလောက်နဲ့ ပြန်ပေးဆပ်ချင်တာလား”
ယန်ယဲ့သည် သူမ၏တောင်းဆိုမှုကို ငြင်းဆန်ခဲ့သော်လည်း ပေထင်းဟွမ် တွင် မည်သည့်ဝန်ထုပ်ဝန်ပိုးမှမရှိပေ။ ဤယောက်ျားသည် သူ့ခြေထောက်နှင့် သူ ရပ်တည်ချင်သည်ကို သူမသိသည်။ သူမသာ ဤသို့မတောင်းဆိုလျှင် ယန်ယဲ့သည် ဦးစွာလုပ်မည်မဟုတ်ပေ။ သူသည် သူမအား အလွန်မြတ်နိုးသည်။ သူမအား လက်ထပ်သည့်အရာနှင့် မျိုးဆက် အဆက်ဆက် သူမအား မည်သို့ ချည်နှောင်မည်နည်း။
ပေထင်းဟွမ်သည် သူမ၏ရည်ရွယ်ချက်များကို ဖော်ပြပြီးနောက် ယန်ယဲ့ သည် မတင်းတိမ်နိုင်ဘဲ ထပ်တောင်းဆိုချင်သည်။
ပေထင်းဟွမ်သည် သူ့အား ခက်ထန်စွာ စိုက်ကြည့်ကာ ခေါင်းကိုခါယမ်းမိ သည်။ သူမသည် ယန်ယဲ့၏လက်ချောင်းကို ဆုပ်ကိုင်ကာ လက်ချောင်းထိပ်ကို ကိုက်လိုက်သည်။ သွေးသည် အနည်းငယ်ငံသော်လည်း အရသာမှာ ကောင်း သည်။ ပေထင်းဟွမ်၏လျှာထိပ်သည် ဒဏ်ရာပေါ်သို့ကျရောက်ကာ ညင်သာစွာ လျက်လိုက်သဖြင့် ယန်ယဲ့၏တစ်ကိုယ်လုံးတုန်ယင်သွားသည်။ မထိန်းချုပ်နိုင် သောခံစားချက်သည် ရုတ်တရက် ရိုက်ခတ်လာသည်။
အပူလှိုင်းတစ်ခုသည် အောက်ပိုင်းမှလှိမ့်တက်လာပြီး ရုတ်တရက်ဆို သလိုပင် သူ၏ခန္ဓာကိုယ်မှာ အေးခဲသွားသည်။ ချက်ချင်းပင် သူသည် ပေထင်းဟွမ်၏ပါးစပ်မှ လက်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူမအား စူးရှသောအကြည့်ဖြင့် စိုက်ကြည့်လေသည်။ ဖန်သားပြင်တွင် မင်ရှို့၏ နာမည်ကို ဖျက်ပြီး သူကိုယ်တိုင် သူ၏နာမည်ကိုရေးသားသည်။
တစ်ချိန်တည်း ဒဏ်ရာရထားသော လက်ချောင်းနှစ်ချောင်းသည် ထိုအချိန်တွင် အတူတကွပိတ်သွားလေသည်။ သွေးများသည် ရောနှောသွား သည်။ ယန်ယဲ့သည် ရောနေသောသွေးကိုထုတ်ယူကာ လူနှစ်ယောက်၏ နာမည်များအကြားတွင် ချိတ်စည်းကဲ့သို့ ဖိနှိပ်လိုက်သည်။
၎င်းသည် အရေးအကြီးဆုံးအဆင့်ဖြစ်သည်။ ထိုစဉ်က ဝိညာဉ်နတ်ဘုရား မျိုးနွယ်သည် ပေထင်းဟွမ်၏သွေးကို အောက်ခြေတွင် အရင်ပုံနှိပ်ထားခဲ့ပြီး မင်ရှို့၏သွေးကို အပေါ်တွင်ထားကာ မမျှတသောသွေးစာချုပ်ကို တည်ထောင် ခဲ့သည်။ သို့သော် သည်တစ်ခေါက်တွင် နှစ်ကိုယ်ကြားမှ သွေးစာချုပ်သည် ညီတူညီမျှပင်။ မည်သူပင် သစ္စာဖောက်စေကာမူ သစ္စာဖောက်သူ သေဆုံးမည် ဖြစ်သည်။
ယန်ယဲ့၏အသံထွက်လာပြီး တစ်ချိန်တည်းမှာပင် နဂိုကမှိန်သွားသော နတ်ခန်းဆီးအလင်းသည် ပြန်လင်းလာကာ ရွှေရောင်ကြာပန်းသည် တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံ ၉ ဘုံဆီသို့ တက်သွားလေသည်။ ထိုအမြန် နှုန်းသည် နှေးကွေးလွန်းသည်ဟုထင်ရသော်လည်း အားလုံးမျက်တောင်ခတ် လိုက်ချိန်တွင် ရွှေရောင်ကြာပန်းသည် ကောင်းကင်ရှိတိမ်တိုက်များအကြား တွင် ပျောက်ကွယ်သွားလေသည်။
“ဟေ့ကောင်” ထိုအခိုက်အတန့်တွင် မင်ရှို့သည် ဒေါသထွက်လွန်းသဖြင့် စိတ်လွတ်သွားလေသည်။ ရေလှိုင်းအလင်းခန်းဆီးထဲတွင် သူသည် လက်သီးကို ဝေ့ယမ်းနေကာ ရေလှိုင်းအလင်းမှထွက်လာသော နတ်အလင်းနှင့်အရိပ်သည် ချွန်ထက်သောဓားသွားကဲ့သို့ပင်။ အလင်းခန်းဆီးအနားရှိနေသော ပင်မတိုက်ကြီးမှလူတချို့သည် တုံ့ပြန်ချိန်မရလိုက်ခင်မှာပင် မင်ရှို့၏ ရူးသွပ် သောစွမ်းအင်ကြောင့် သေဆုံးလုနီးပါးဖြစ်သွား၏။
“အာ ပြေးကြ”
ထိုနေရာရှိလူများသည် တစ်ယောက်ပြီးတစ်ယောက် လူစုကွဲကုန်ကြ သည်။ မင်ရှို့၏နတ်အလင်း တိုက်ခိုက်မှုသည် မျက်စိရှေ့မှ နတ်ခန်းဆီးဆီသို့ တစ်ခုပြီးတစ်ခုပြေးဝင်လေသည်။ ထိုအချိန်တွင် အကြီးအကဲကြီး၊ ချုံချီနှင့် တခြားသူများ ပျံလာကြသည်။ မင်ရှို့၏လက်ဖဝါးထဲတွင် ရွှေရောင်အလင်း ဓားသွားသည် ရေလှိုင်းအလင်းခန်းဆီးကို ဖြတ်ပြီးထိုးဖောက်သွားကာ အကြီးအကဲကြီးတို့ရှိရာသို့ တုံ့ဆိုင်းမှုမရှိ တိုးဝင်လေသည်။