Chapters

လုပ်လိုက်

Vol. 68 Ch. 1358

လုပ်လိုက်

Vol. 68 Ch. 1358

၎င်းသည်ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း မင်ရှို့၏ခွန်အားသည် သန်မာပြီး မင်ဟွမ်၏အဆင့်ကိုပင် ယှဉ်နိုင်လောက်သည်။ ရွှေရောင်ဓားသွား သည် ကြယ်တံခွန်ကဲ့သို့၊ တင်ပါးတွင်ရွှေရောင်အမြီးတွဲလောင်းကျနေသော မြင်းကဲ့သို့ အကြီးအကဲကြီးနှင့်တခြားသူများကို အရမ်းမဲ့ဖောက်ခွဲလေသည်။

ထိုအခိုက်တအန့်တွင် ဤကဲ့သို့အားကောင်းသောစွမ်းအင်ကိုမြင်လိုက်ရ သော ရင်ပြင်ထဲမှလူများသည် တညီတည်းမျက်လုံးပြူးသွားကြလေသည်။ သူတို့အားလုံးသည် မင်ရှို့၏ခွန်အား မည်သည့်အဆင့်ရောက်နေပြီကို သိချင်နေ ကြသည်။ ဇာမဏီမြို့နှင့် မီးတောက်မြို့မှလူများသည် အကြီးအကဲကြီးအတွက် ချွေးအေးများပြန်မိကြသည်။

အကြီးအကဲကြီးသည် ထိုခွန်အားကိုခံနိုင်မည်လား။ အကြီးအကဲကြီး သည် နတ်ဘုရားအဆင့်သာရှိသေးသည်။ သာမန်နတ်ဘုရားဆိုပါက သူသည် ဖိနှိပ်ထားသည်ဘုံ၌ပင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာနတ်စွမ်းအားကို လက်ခံ နိုင်မည်နည်း။

ရွှေရောင်နတ်စွမ်းအားသည် တဟုန်ထိုးပင် အဆုံးမရှိစီးဆင်းသွားပြီး ရေလှိုင်းအလင်းနှင့်အရိပ်ဆီသို့ ဦးတည်လေသည်။ ထိုအချိန်တွင် ပင်ဖုန်းပင် လျှင် ထိုတဟုန်ထိုးစီးဆင်းနေသော စွမ်းအင်ကိုမြင်လိုက်ရချိန်တွင် တဆတ်ဆတ်တုန်ယင်မိလေသည်။ မင်ရှို့ အကွက်ထုတ်သည်ကို မြင်ရသည်မှာ ရှားပါးလှသည်။ သူသည် ထိတ်လန့်စရာကောင်းလောက်အောင် အားကောင်း လိမ့်မည်ဟု သူမ ထင်မထားပေ။

သို့သော် စဉ်းစားကြည့်လျှင် လွန်ခဲ့သည့်နှစ်တစ်သောင်းက ဤလူသည် နတ်မိစ္ဆာဧကရာဇ်၏ဓားချက်ဖြင့် ခေါင်းဖြတ်ခံခဲ့ဖူးသည်။ သူ ကျဆုံးချိန်တွင် သူသည် အမြင့်ဆုံးဘုံသို့ရောက်နေပြီဖြစ်သည်။ နဂိုကတည်းကပင် ဖန်ဆင်း ရေး နတ်ဘုရားသွေးသားနှင့် နီးစပ်သည့် သူသည် နှစ်တစ်သောင်းကျော်လွန် ပြီးနောက်တွင် အနည်းငယ်ပို၍ဝီရိယရှိလာလိမ့်မည်။

သို့သော် ဤကဲ့သို့အားကောင်းသော တိုက်ခိုက်မှုသည် အကြီးအကဲကြီး ကို လဲကျအောင်မလုပ်နိုင်ပေ။ အကြီးအကဲကြီး၏ အိုမင်းနေသော မျက်လုံးမှ ရက်စက်သည့်အရိပ်အယောင်လက်လာပြီး လည်ချောင်းမှ ဟိန်းဟောက်သံ ထွက်လာသည်။ ခဲရွှေရောင်စွမ်းအားသည် ဓားကြီးတစ်ချောင်းအဖြစ်ပြောင်းပြီး လက်ဖဝါးမှ အနီရဲရဲပန်းဖွားအဖြစ်ထွက်လာသည်။

ဘုန်း..

သူ၏လက်ဖဝါးတွင် ကြီးမားသောဓားသည် အနည်းငယ်လှုပ်ခါသွားကာ မြေကြီးကို လှုပ်ယမ်းသွားစေသည့် ဟိန်းသံထွက်လာလေသည်။ အားကောင်း သော လူသတ်မည့်ရောင်ဝါနှင့်အတူ သူသည် မြင့်မြင့်မြှောက်ကာ ခေါင်းပေါ်မှ ရွှေရောင်ဓားသွားဖြင့် တွေ့ဆုံလေသည်။ ရွှေရောင်ဓားနှင့် ခဲရွှေရောင်ဓားတို့ သည် အပြင်းအထန်ရိုက်မိကြပြီး အားကောင်းသော လှိုင်းများသည် ရေလှိုင်း များကဲ့သို့ ထွက်ပေါ်လာသည်။ ရင်ပြင်၏အရှေ့ဘက်တစ်ခုလုံးသည် မုန်တိုင်း တိုက်နေသကဲ့သို့ မြေကြီးသည် တစ်လက်မချင်းစီ အက်ကွဲလေသည်။ အဆောက်အဦးများအားလုံး ပြိုကျလေသည်။

ကံကောင်းစွာပင် အခမ်းအနားသို့ တက်ရောက်ကြသူများသည် ပြည်မကြီးမှ အားကောင်းသောလူများဖြစ်ကြသည်။ သူတို့၏ခွန်အားသည် နတ်ဘုရားများလောက် မမြင့်သော်လည်း ထိုသန်မာသောလူနှစ်ယောက်၏ စစ်မြေပြင်မှ ထွက်ပြေးရန် ခွန်အားတော့ရှိသေးသည်။ မင်ရှို့၏ ဖောက်ခွဲမှု ကြောင့် သတိလက်လွတ်ဖြစ်သွားသော လူတချို့မှလွဲ၍ မည်သူမှ ဒဏ်ရာမရ ကြပေ။

လူများအားလုံးသည် ဝိညာဉ်ကိုးပါးခန်းမရှိရာဘက်ရှိ ရင်ပြင်တွင် သွားစု ကြသည်။ ကောင်းကင်အထက်မှ မြေကြီးအထိ လူများတစ်လွှာပြီးတစ်လွှာရှိ နေသည်။ ဤကဲ့သို့အခြေအနေသည် ပင်မတိုက်ကြီး၏ မည်သည့်နေရာတွင်မှ မဖြစ်နိုင်ပေ။ ကောင်းကင်စွမ်းအားရှင်များ၏ စစ်ပွဲကိုစောင့်ကြည့်ခြင်းမှလွဲပြီး မည်သူကမှ ခေါင်းထောင်ကြည့်ကြမည်မဟုတ်ပေ။ သို့သော် ယန်ချန်းတွင် မည်သူမှ ထိုသို့စိုးရိမ်ခြင်းမရှိကြပေ။ ယန်ချန်းတွင် မည်သူမှ တသီးတသန့် မတိုက်ခိုက်ရဲကြပေ။

မည်သူမှ ထိုတန်ရာတန်ကြေးကို မပေးနိုင်ကြပေ။

ထိုအချိန်တွင် အားလုံး၏မျက်လုံးများသည် ကြောက်လန့်မှုကိုသာ ပြသ နိုင်တော့သည်။ ယန်ချန်း၏ အကြီးအကဲကြီး၏ခွန်အားသည် သူတို့ထင်ထား သလို သာမန်နတ်ဘုရားအဆင့်မဟုတ်သည်ကို တွေ့လိုက်ရသည်။ သူ၏လက် ထဲမှ ဓားကြီးသည် စွမ်းအင်မှအသွင်ပြောင်းထားခြင်းဖြစ်ကာ ခဲရောင်ပါဝင်နေ သော ရွှေရောင်သည် သူတို့မမြင်ဖူးသည့်အရောင်ဖြစ်သည်။