← Chapters

မင်းနဲ့ငါ့ကြားမှာ နဂိုကတည်းက မတရားတာ

Vol. 68 Ch. 1359

မင်းနဲ့ငါ့ကြားမှာ နဂိုကတည်းက မတရားတာ

Vol. 68 Ch. 1359

“ဒါဘယ်လိုနတ်ဘုရားမျိုးလဲ” လူတစ်ယောက်သည် တုန်ယင်စွာ မေးရ တော့သည်။

“ဧကရာဇ်အထွတ်အထိပ်ပဲ” ဇာမဏီမြို့တွင် ခေါင်းဆောင်နန်လင်းသည် အသက်ကိုပြင်းပြင်းရှူကာ ခဲရွှေရောင်စွမ်းအင်ကိုကြည့်ပြီး သူကိုယ်တိုင်ပင် မသိလိုက်ခင်မှာပင် ထိုစွမ်းအားကို အားကျပြီးတပ်မက်သည့်အရိပ်အယောင် ဖြစ်ပေါ်လာသည်။ ဤအချိန်တွင် သူအလိုအပ်ဆုံးအရာမှာ ခွန်အားဖြစ်သည်။ အားကောင်းသောစွမ်းအားကသာ ရှောင်ကျို့အတွက် ဇာမဏီမြို့ကို ကူညီနိုင် မည်ဖြစ်သည်။

ဓာသွားနှင့် ဓားကြီးသည် ပြင်းထန်စွာ ရိုက်မိကြပြီး စွမ်းအင်လိမ့်တက် လာရာ နေရာတစ်ခုလုံးသည် ရွဲ့စောင်းနေသည်။

မင်ရှို့သည် ထင်ရှားစွာပင် အားကျနေသည်။ ထိုအချိန်တွင် အကြီးအကဲ ကြီး၏ခွန်အားသည် သူမယှဉ်နိုင်ဟု ခံဏားမိလျှင်တောင် ခြေလှမ်းတစ်ဝက်နှင့် လက်မလျော့နိုင်သေးပေ။ သူ၏မျက်လုံးများသည် ထိုင်းမှိုင်းနေကာ အကြီးအကဲကြီးနှင့် တိုက်ခိုက်လျှင်တောင် နတ်ခန်းဆီးမှေးမှိန်သွားသည့် ရင်ပြင်အလယ်ကိုသာ ကြည့်နေသည်။

“ယန်ယဲ့ မင်း သောက်ညစ်ကောင် မင်းက မင်းကတိကိုဖျက်ပစ်တယ်၊ မင်း ငါနဲ့မျှမျှတတပြိုင်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ မင်းနဲ့ ရှောင်ကျို့တို့ သွေးစာချုပ်တည်ထောင်လိုက်တာ မတရားဘူး”

ထိုအချိန်တွင် နတ်ဘုရားခန်းဆီး ပျောက်ကွယ်သွားကာ ယန်ယဲ့နှင့် ပေထင်းဟွမ်တို့ နတ်ဘုရားတိုင်လုံးများအကြားတွင် ပွေ့ဖက်နေသည့် မြင်ကွင်း ပေါ်လာလေသည်။ ယန်ယဲ့သည် ခေါင်းငုံ့ပြီး ပေထင်းဟွမ်အား ချစ်ခြင်း အပြည့် ဖြင့်ကြည့်နေရာမှ မင်ရှို့အား လှမ်းကြည့်လေသည်။ သူသည် ခံစားချက်ကောင်း နေပုံပေါက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေတုန်းပင်။ သို့သော် မင်ရှို့ထိုသို့အတိုင်းမြင်ပြီးနောက် အပြုံးသည် အနည်းငယ်ပြောင်းလဲ သွားသည်။ အားကောင်းသော အသံတစ်ခုထွက်ပေါ်လာသည်။

“မင်ရှို့ မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ နားမလည်ဘူး၊ ငါက မင်းနဲ့ မျှမျှတတပြိုင်ချင်တယ်လို့ တစ်ခါမှမပြောဖူးဘူး” ယန်ယဲ့သည် ပေထင်းဟွမ် အားလွှတ်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သို့သော် အလင်းတန်းမှကာဆီး ထားသဖြင့် နောက်သို့ပြန်ကန်ထွက်လေသည်။ ထိုအလင်းတန်း၏စွမ်းအား သည် ကောင်းလွန်းရာ ပတ္တမြားကမ္ဘာ၏စစ်မှန်သော နတ်ဘုရားဧကရာဇ်၏ ခွန်အားနီးပါးရှိသည့်လူကိုပင် ကန်ထွက်စေသည်။

ပေထင်းဟွမ်သည် ထိတ်လန့်သွားကာ လေထဲတွင်ရပ်နေရာမှ အလျင်အမြန်ပင် ယန်ယဲ့အား ထိန်းပေးလိုက်သည် “ယဲ့”

ယန်ယဲ့သည် လုံးဝစိတ်လှုပ်ရှားခြင်းမရှိပေ။ သူသည် သဲ့သဲ့ပြုံးပြီး ပေထင်းဟွမ်အား လက်ဝေ့ယမ်းပြကာ နှစ်သိမ့်ပေးလေသည် “မကြောက်နဲ့”

ထိုအချိန်တွင် သူ၏မျက်လုံးများသည် ထိုနေရာတွင်ရှိနေသောမင်ရှို့ဆီသို့ ရောက်နေပြီး တည်ငြိမ်သောမျက်နှာထားရှိနေတုန်းပင် “မင်းနဲ့ငါ့ကြားမှာ မတရားဘူး၊ အစကတည်းက မတရားခဲ့တာ”

ကောင်းသည်။ မင်ရှို့သည် သခင်ပေထင်းဟွမ်၏ နောက်ကွယ်တွင် သွေးစာချုပ်တည်ထောင်ရလောက်အောင် ကောက်ကျစ်သည်။ ၎င်းသည် နတ်မိစ္ဆာဧကရာဇ်အတွက် အမှန်တကယ်ပင် မတရားပေ။

သို့သော် ထိုအချိန်တွင် အားလုံး၏နှလုံးခုန်ရပ်တန့်သွားကာ ထိုအချစ်ရေး ကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။ နတ်ခန်းဆီးသည် ကောင်းကင် ပေါ်တွင် ပျောက်ကွယ်သွားလေသည်။ မူလကကြည်လင်နေသော ကောင်းကင် သည် ထိုအချိန်တွင် မည်းနက်သွားပြီး ကောင်းကင်မှာ မှိန်ကျသွားသည်။ အနား ကပ်ရန်ကြိုးစားသူများသည် ထိုအချိန်တွင် တစ်ပြိုင်နက် နောက်ဆုတ်ကြလေ သည်။

နတ်ဘုရား၏အပြစ်ပေးမှု ရောက်လာချေပြီ။

သို့သော် ထိုလူသည် အဆင်ပြေနေသေးပုံပေါက်ကာ ဆက်ပြီးပြုံးနေ၏ “မင်းက အဲတုန်းက ဟွမ်အာနဲ့သွေးစာချုပ်တည်ထောင်ခဲ့ပေမဲ့ မင်းနဲ့ငါ့ကြားမှာ မတရားခဲ့ဘူး၊ မင်းက သူမရဲ့ နှလုံးသားကို အနိုင်မရခဲ့ဘူး၊ သူမရဲ့နှလုံးသားထဲ မှာ အမြဲတမ်းငါပဲရှိခဲ့တယ်၊ သွေးစာချုပ်မချုပ်ခင်ကရော ချုပ်ပြီးတဲ့အချိန်ရော၊ မသေခင်ကရော သေပြီးတဲ့အချိန်ရော၊ ဒီနေ့ထိ လက်ရှိအချိန်ထိ အခုကစပြီး တစ်သက်လုံးပဲ”

မင်ရှို့၏ရွှေရောင်မျက်လုံးများသည် ယခုအခါ ရဲတက်သွားသည်။ သူသည် ယန်ယဲ့၏စကားများကြောင့် ဒေါသထွက်သွားကာ စိတ်အေးအေးမထားနိုင် တော့ပေ။ သူ၏တစ်ကိုယ်လုံးသည် ရေလှိုင်းအလင်းနှင့်အရိပ်ထဲမှ ထွက်လာ တော့မည့်အတိုင်း အမည်မသိစွမ်းအင်၏ ထိပ်တိုက်တွေ့မှုအောက်တွင် လှုပ်ခါ သွားလေသည်။

သူသည် စိတ်အားထက်သန်စွာနှင့် ရုန်းကန်နေရသည်။ ထိုအချိန်တွင် ရပ်နေသောရင်ပြင်တိုင်သည် စတင်လှည့်ပတ်လာသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး မူမမှန်သောမင်ရှို့သည် မေ့လဲလုနီးပါးဖြစ်ကာ မှင်တက်နေသည်။ ခေတ္တမျှစောင့်ကြည့်ပြီးနောက် ယန်ယဲ့သည် သူ့ကို စကားပြောချင်စိတ်မရှိ တော့သလို ကောင်းကင်အပြစ်ပေးမှုလည်း ကျရောက်တော့မည်ကိုကြည့်ပြီး ကျယ်လောင်စွာ စတင်ရယ်မောတော့သည်။

All Chapters