ယန်ယဲ့ အတူသယ်သွားရအောင်
Vol. 68 Ch. 1360
“ဟားဟား ယန်ယဲ့ မင်း ဒီနေ့လည်းရှိနေတာပဲ၊ မင်းက တကယ်ကို ကောင်းကင်ကို ဖီဆန်နိုင်တာပဲ၊ မင်းက ဖန်ဆင်းရေးနတ်ဘုရားလို့ထင်နေတာ၊ မင်းလည်း ကောင်းကင်ရဲ့အပြစ်ပေးမှုကို မရှောင်နိုင်ဘူးပဲ”
မင်ရှို့သည် ကြမ်းရမ်းစွာရယ်မောနေသည်မှာ ရေထဲမှအရိပ်နှင့်လှိုင်းများ မှ မျက်ရည်များထွက်လာသလိုပင်။ သူ့ဆီမှ ကောင်းကင်မှ ငရဲသို့ကျသွားသည် နှင့်မခြားပေ။ လွန်ခဲ့သည့်စက္ကန့်ပိုင်းက သူနှင့်ပေထင်းဟွမ်တို့အကြားမှ သွေး စာချုပ်ကို ယန်ယဲ့ပယ်ဖျက်ကာ ယန်ယဲ့၏နာမည်နှင့်အစားထိုးခံလိုက်ရသည်။ သို့သော် လက်ရှိတွင် ကောင်းကင်၏အပြစ်ပေးမှုမှာ ယန်ယဲ့ပေါ်သို့ ကျရောက် လာသဖြင့် သူ မည်သို့မကြိုက်ဘဲနေမည်နည်း။
“ပါးစပ်ပိတ်ထား”
ကြည်လင်ပြီးကျယ်လောင်သောအသံသည် ကောင်းကင်ပေါ်မှ မိုးကြိုး သွားအလား ထွက်ပေါ်လာကာ မင်ရှို့အား ဖောက်ခွဲလိုက်သည်။ ထိုအခိုက်အတန့်တွင် နတ်တိုင်လုံးလေးလုံးသည် အလွန်လျင်မြန်စွာဖြင့် ပေထင်းဟွမ်တို့နှစ်ယောက်အား လှည့်ပတ်လေသည်။ ထို့ကြောင့် လူများသည် သူတို့နှစ်ယောက်ကို ရှင်းလင်းစွာမမြင်နိုင်ကြပေ။ သို့သော် ထိုမျက်လုံးနှစ်လုံး သည် မြားကဲ့သို့ချွန်ထက်ပြီး သူတို့နှစ်ဦးကိုဖြတ်ပြီးထိုးဖောက်သွားသည်ကို ခံစားမိကြတုန်းပင်ဖြစ်သည်။ လှည့်ပတ်နေသောတိုင်လုံးများကိုဖြတ်ပြီး သူ သည် မင်ရှို့ဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အားလုံး၏နှလုံးသားများသည် တင်းမာသွားသည်။ သူတို့သည် ကောင်းကင်မှ အပြစ်ပေးမှုသည် မည်မျှကြမ်းတမ်းသည်ကိုပင် မသိ ပေ။ ဟွမ်ချန်းမှလူများသည် ထိုအချိန်တွင် ပေထင်းဟွမ်အား အစိုးရိမ်ဆုံးဖြစ် သည်။ ပေထင်းဟွမ်သည် ယန်ယဲ့လက်ခံရမည့် အပြစ်ကို ခံနိုင်ရည်မရှိမည်ကို ကြောက်ကြသည်။
ကောင်းကင်ပေါ်တွင် မိုးကြိုးများလှိမ့်တက်လာပြီး တိမ်တိုက်မည်းများ သည် ရင်ပြင်အထက် ကောင်းကင်ဆီသို့ ဆက်တိုက်စုပုံလာသည်။ လက်မောင်း အရွယ်အစားရှိ ခရမ်းနီရောင် မိုးကြိုးနှင့်လျှပ်စီးများသည် တိမ်တိုက်ထဲတွင် လက်နေသည်မှာ သံကြိုးများချိတ်ဆွဲထားကာ ဤသေမျိုးကမ္ဘာကို သတ်ရန် ကြိုးစားနေသလို ကြောက်မက်ဖွယ်ကောင်းလှသည်။
တစ်ခါက ကျို့ယန်နှင့်ကင်းကောင်တို့သည် မိုးကြိုးဘေးဒုက္ခကို ခံစားဖူး သည်။ ကောင်းကင်မိုးကြိုးသည် ကောင်းကင်ဘုံကိုးလွှာမှ ကျခဲ့သည်။ ထိုအချိန် က ပေထင်းဟွမ်သည် ကြောက်မက်ဖွယ်ရာကို ခံစားခဲ့ရသည်။ သို့သော် ယခု အချိန်တွင် သူမသည် ကောင်းကင်ပေါ်မှ မိုးကြိုးကို ခေါင်းမော့ကြည့်လိုက်၏။ သူမ၏မျက်လုံးနက်နက်များသည် ကောင်းကင်ပေါ်မှ ခရမ်းနီရောင်များဖြင့် ပြည့်နှက်နေပြီး ထိုမိုးကြိုးနှင့်လျှပ်စီးများသည် ယန်ယဲ့၏ ခန္ဓာကိုယ်ကို ထိမှန် မည်ဟုတွေးလိုက်သည်နှင့် သူမ၏နှလုံးသားသည် နာကျင်လာသည်။
“ယန်ယဲ့ အတူရင်ဆိုင်ကြမယ်” ပေထင်းဟွမ်၏အသံသည် အလွန်ပင် တည်ငြိမ်သည်။ သွေးစာချုပ်တည်ထောင်ပြီးနောက် သူမနှင့်ယန်ယဲ့တို့သည် လက်မထပ်ရသေးသည် လင်မယားဖြစ်သည်။ သေရေးရှင်ရေးသည် စုံတွဲတိုင်း တမ်းတသည့် အမြင့်ဆုံးအခြေအနေဖြစ်သည်။
ပေထင်းဟွမ်၏မျက်လုံးများတွင် မိုးပေါ်မှ မိုးကြိုးမုန်တိုင်းများ ရောင်ပြန် ဟပ်နေသည်။ သူမ၏မျက်လုံးများသည် မူလကအနက်ရောင်မှ ခရမ်းရောင် ဖြစ်သွားလေသည်။ သို့သော် ထိုအချန်တွင် ယန်ယဲ့၏မျက်လုံးများတွင် လူငယ် တစ်ဦး၏ပုံရိပ်သာ ရောင်ပြန်ဟပ်နေသည်။ သူသည် ပေထင်းဟွမ်၏လက် ကောက်ဝတ်ကိုဆုပ်ကိုင်ကာ သူမ၏လက်ကောက်ဝတ်မှ လက်ပတ်ကို လှည့် လိုက်သည်။ ပေထင်းဟွမ်၏အသွင်အပြင်သည် ယန်ယဲ့၏မျက်လုံးထဲတွင် ပေါ် လာလေသည်။
သူရဲကောင်းဆန်သည့်စိတ်ဓာတ်နှင့် နူးညံ့ပြီးဆွဲဆောင်မှုရှိသည့် မိန်းကလေးပင်။ ပေထင်းဟွမ်သည် သတိပြန်ဝင်လာပြီး ယန်ယဲ့အား သံသယ မျက်လုံးများဖြင့် ကြည့်လေသည်။ ဤအချိန်၌ပင် သူမ၏ဖုံးကွယ်ထားသော လက်ပတ်ကို ဘာကြောင့် ဂရုစိုက်နေသေးသည်ကို နားမလည်နိုင်သေးပေ။ သို့သော် ယန်ယဲ့သည် လွမ်းဆွတ်သောမျက်လုံးများနှင့် အေးအေးလူလူရှိလှ သော အပြုံးများဖြင့် ခေါင်းငုံ့ကာ ပေထင်းဟွမ်၏နှုတ်ခမ်းများကို နူးညံ့စွာ အနမ်းပေးလေသည် “ဟွမ်အာ မင်း ကိုယ့်ကိုယုံလား”
ဒါ အလကားမေးနေတာပဲမလား။ ပေထင်းဟွမ်သည် ပြန်မဖြေဘဲ သူ့အား ခရမ်းနီရောင်မျက်လုံးများဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် ကောင်းကင်အထက်၌ မိုးကြိုးများဖြစ်ပေါ်လာပြီး လျှပ်စီး အလင်းသည် တိုင်လုံးဧရိယာတွင် ပိတ်လှောင်နေသည်။ သူတို့နှစ်ယောက်၏ ပုံရိပ်ကို ရှင်းလင်းစွာမမြင်ရသော်လည်း သူတို့၏စကားများကိုတော့ ကြားနိုင် လေ၏။ ရင်ပြင်ထဲမှလူများသည် နားမလည်နိုင်ဖြစ်သွားကြလေသည်။ နတ်မိစ္ဆာဧကရာဇ်က ဘာအဓိပ္ပာယ်လဲ။ နတ်ဘုရား၏အပြစ်ပေးမှုသည် သူ၏ ဦးခေါင်းထက်တွင် ပေါ်လာပြီဖြစ်သည်။ သို့သော် အချစ်ရေးအကြောင်း အေးအေးလူလူပြောနေတုန်းပင်။
ယန်ချန်းနှင့်ဟွမ်ချန်းအကြားတွင်ရပ်နေသော ရှီရှောင်မို၊ ချီဖေး၊ ချီလန် တို့သည် နတ်မိစ္ဆာဧကရာဇ် ယခုလိုလုပ်နေခြင်းအတွက် အနည်းငယ် စိတ်ထိခိုက်မိသည်။ မိန်းမပင်မဟုတ်သည့် ယောက်ျားတစ်ယောက်အတွက် ကောင်းကင်၏အပြစ်ပေးမှုကိုခံခြင်းသည် အနည်းဆုံးတော့ ခွန်အားဆုံးရှုံးနိုင် သည်မဟုတ်ပါလား။ သို့သော် ရှီရှောင်မိုသည် တစ်ချိန်လုံးစိတ်မအေးနိုင်ပေ။ ထိုအခိုက်အတန့်တွင် မျက်ရည်နှစ်ကြောင်းစီးကျလာသည်။ သူမသည် မျက်လုံး ထောင့်မှ ပေထင်းကျင်အား တိတ်တိတ်လေးခိုးကြည့်မိသည်။ ရှီရှောင်မိုသည် စိုးရိမ်စွာဖြင့် သက်ပြင်းချမိလေသည်။