ဖိနှိပ်ခြင်း
Vol. 166 Ch. 2361
ကျင့်ကြံသူများက ရီဖူရှင်းနှင့် ရှီးချီယောင်ကို ကြည့်နေခဲ့ကြသည်။ ယခု သူတို့နှစ်ယောက်က သဟဇာတဖြစ်နေပေသည်။
အနောက်အင်ပါယာနန်းတော်သည် ရီဖူရှင်း ပိုင်ဆိုင်သော ကျင့်ကြံရေးအရင်းအမြစ်တို့ကို လက်ဝါးကြီးအုပ်ရန် စီစဥ်နေသည်လား။ သူတို့က ရှီးချီယောင်ကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်၍ ရီဖူရှင်းကို မြှူဆွယ်ကာ ကျင့်ကြံစေရန် တွေဝေခြင်းပင် မရှိခဲ့ပေ။ နတ်မိမယ်ချီယောင်၏ ပြိုင်ဘက်ကင်း ကျက်သရေရှိမှုနှင့် ရီဖူရှင်းသည်ပင် သူမ၏ ဆွဲဆောင်ညှို့ငင်မှုကို ခုခံရန် ခက်ခဲပေလိမ့်မည်။
သူတို့က စုံတွဲဖြစ်လာနိုင်ပေသည်။
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက သူတို့၏ အနာဂတ်ထိပ်တန်းပုဂ္ဂိုလ်ကို လက်ထပ်ပေးရန် ဆန္ဒရှိလိမ့်မည်လား။
ရီဖူရှင်းက သူတို့အတွက် ထိုသို့လုပ်ရန် ထိုက်တန်ပါရဲ့လား။
သူတို့က အဆင့်အတန်းများကို ဘေးဖယ်ထားလျှင် သူတို့နှစ်ယောက်က အလွန် လိုက်ဖက်ညီလှသည်။ သူတို့နှစ်ယောက်က ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ရီဖူရှင်း၏ မူလဇာစ်မြစ်က မရှင်းလင်းသေးပေ။ ယခု လူတိုင်းက ခန့်မှန်းချက်များ ပြုလုပ်နေကြသည်။ သို့သော် ရှီးချီယောင်က မဟာအင်ပါယာတစ်ပါး၏ စစ်မှန်သော မျိုးဆက်ဖြစ်သည်။ သူမက အနောက်အင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး သူ့သွေးဆက်စွမ်းအားကို အသန်မာဆုံး နိုးထနိုင်ခဲ့သူ ဖြစ်သည်။ သူမသည် နှစ်ပေါင်းတစ်ထောင်အတွင်း ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည့် ပထမဆုံးသူ ဖြစ်သည်။ ထိုသို့သော အဆင့်အတန်းနှင့် ထူးခြားသော ပါရမီတို့ ရှိနေလေရာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သော ရီဖူရှင်းသည်ပင် သူမနှင့် ထိုက်တန်ရန် ဝေးကွာနေသေးသည်။
"ဒီလိုဆိုတော့ ရန်ဟောင်ရီက ကောင်းကင်ဒေသရဲ့ တခြားအင်အားစုတွေကို အထင်သေးနေတာများလား။" တစ်စုံတစ်ယောက်က ရန်စသော အသံနှင့် ပြောလိုက်သည်။
ထိုသူက ဆက်ပြောလိုက်၏။ "မင်းက စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့ပြီး အနောက်အင်ပါယာနန်းတော်ရဲ့ နတ်မိမယ်ချီယောင်ကိုလည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ဝင်ရောက်ကျင့်ကြံဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် မင်းက ကောင်းကင်ဒေသရဲ့ တခြားအင်အားစုတွေကိုတော့ ဒီလို တူညီစွာ ဆက်ဆံဖို့ ဆန္ဒမရှိဘူးထင်တယ်။ ကြည့်ရတာ ရန်ဟောင်ရီက စွန့်ပစ်ခံကလန်နဲ့ အဖြစ်အပျက်ကို လက်လွှတ်ပေးဖို့ ဆန္ဒမရှိဘူးထင်ပါရဲ့။"
"ခင်ဗျား ဘာလို့ ဒီလိုပြောရတာလဲ။ ခင်ဗျားသာ ဆန္ဒရှိသရွေ့ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်ဒေသ အင်အားစုတွေနဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေ ဖလှယ်ပြီး မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်လို့ ကျုပ် ပြောခဲ့တယ်လေ။" ရီဖူရှင်းက သာမန်လေသံနှင့် ပြန်ဖြေလိုက်သည်။ သူက ဒေါသမထွက်ခဲ့ပေ။ သူသည် ကောင်းကင်ဒေသမှ အင်အားစုများက သူ့ကို တမင်သက်သက် ရန်စပြီး ပဋိပက္ခဖြစ်ချင်နေသည်အား နားလည်ပေသည်။
"ကောင်းပြီ။ ကျုပ်တို့ အနန္တတောင်တန်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဖလှယ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်။" ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ သူက အနန္တကုန်းမြေ၏ အားအကောင်းဆုံး အင်အားစုဖြစ်သည့် အနန္တတောင်တန်းမှ ဖြစ်ပေသည်။ သူတို့က ရှေးခေတ်မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်ကို ဆက်ခံထားနိုင်သူများ ဖြစ်ကြသည်။ ယခု သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့ရန် အစပြုလှုပ်ရှားလာခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က တစ်ဖက်လူ၏ ရိုးသားစစ်မှန်မှုကို သံသယဖြစ်နေခဲ့သည်။ အနန္တနယ်မြေမှ ကျင့်ကြံသူများက သူတို့၏ ထိပ်တန်းကျင့်ကြံရေး အရင်းအမြစ်တို့ကို ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မျှဝေရန် အမှန်တကယ် ဆန္ဒရှိလိမ့်မည်လား။
အနန္တနယ်မြေမှ ကျင့်ကြံသူများက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံရေးအရင်းအမြစ်များကို လဲလှယ်ရယူရန်အတွက် အချို့သော ကျင့်ကြံရေးနည်းစနစ်များကိုသာ ဝတ်ကျေတန်းကျေ ပေးအပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်။
ရန်ဟောင်ချန်းက ရှေ့သို့ တစ်လှမ်းလှမ်းလာကာ ပြောလိုက်သည်။ "အဲဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျုပ်အနေနဲ့ ခင်ဗျားတို့ ဘယ်လို အရင်းအမြစ်မျိုးကို အလဲအလှယ် လုပ်ချင်လဲဆိုတာ အရင်စစ်ဆေးကြည့်ဖို့ လိုအပ်တယ်။ အဲဒီပေါ် အခြေခံပြီးတော့မှ ကောင်းကင်အာဏာစက်ကျောင်းတော်ကနေ ဘယ်လို အဆင့်ရှိတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်မျိုးနဲ့ လဲလှယ်ရမလဲ ဆုံးဖြတ်နိုင်လိမ့်မယ်။" တစ်ဖက်လူများအတွက် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ တစ်ဖက်လူက သူတို့၏ ကျင့်ကြံခြင်းအရင်းအမြစ်များကိုသာ တပ်မက်နေခြင်းဖြစ်ပါလျှင် သူတို့က တောင်းဆိုချက်ကို သဘောတူလိမ့်မည် မဟုတ်ပေ။
"ဒီလိုဆိုတော့ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို အခုထိ မယုံကြည်သေးဘူးပဲ။ မဟာမိတ်ဖွဲ့တယ်ဆိုတာ ပါးစပ်အပြောသက်သက်ပဲ ရှိပြီး တကယ်ကတော့ မင်းတို့က ကျုပ်တို့ အင်အားစုတွေနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်ရှိမနေဘူး ဟုတ်တယ်မလား။" အနန္တတောင်တန်းမှ ကျင့်ကြံသူက သရော်လိုက်သည်။ သူက ထပ်ပေါင်း ပြောဆိုလိုက်၏။ "ကြည့်ရတာ အနောက်အင်ပါယာနန်းတော်က စည်းရုံးရေး ပိုတော်ပုံရတယ်။"
"ခင်ဗျား ဘာကိုဆိုလိုတာလဲ။" အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ သူက အနန္တတောင်တန်းမှ ကျင့်ကြံသူအား မကျေနပ်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ ထိုလူက ဂရုစိုက်ပုံမပေါ်ဘဲ ပြုံးရုံမျှသာ ပြုံးနေခဲ့၏။ ထို့နောက် အနန္တတောင်တန်း၏ ကျင့်ကြံသူများထဲမှ လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုလူငယ်ကို မဟာလမ်းစဥ် နတ်ရောင်ဝါတို့နှင့် ဝန်းရံထားသည်။ သူ့အနီးတွင် ဝန်းရံနေသော တောက်ပသည့် ရောင်ဝါတို့က သဘာဝအတိုင်း လင်းလက်နေပုံပေါ်ပြီး တမင်သက်သက် ထုတ်လွှတ်ထားခြင်း ဖြစ်ပုံမပေါ်ပေ။ ကြည့်ရသည်မှာ သူက မဟလမ်းစဥ်ခန္ဓာကိုယ်နှင့် မွေးဖွားလာပြီး ထူးခြားသော ပါရမီရှိပုံရလေသည်။
အကြည့်တစ်ချက်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ထိုလူငယ်ကို သတိပြုမိလိုက်သည်။ သူက အနန္တတောင်တန်းမှ မျိုးဆက်တူ ကျင့်ကြံသူများကြားတွင် အရည်အချင်း အရှိဆုံး ဖြစ်သည်။ သူက အနန္တတောင်တန်း၏ နတ်ဘုရားသားတော် ဖြစ်ပြီး မဟာအင်ပါယာဆက်ခံသူနှင့် ဆင်တူသည်။ သူက အစွမ်းထက်လှပြီး အနန္တနတ်ဘုရားသားတော်ဟူသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
အနန္တနတ်ဘုရားသားတော်က ရီဖူရှင်း နှင့် ရှီးချီယောင်ကို ကြည့်ရင်း ရှေ့သို့ ခြေလှမ်းလာသည်။ သူက ပြောလိုက်သည်။ "ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီ။ နတ်မိမယ်ချီယောင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ကျင့်ကြံချင်တယ်ဆိုမှတော့ ကျုပ်ကလည်း ကျောင်းတော်မှာ အချိန်တစ်ခုလောက် ကျင့်ကြံချင်ပါတယ်။ ရန်ဟောင်ရီက ကျုပ်ရဲ့ ရုတ်တရက် ဆန်တဲ့ တောင်းဆိုချက်ကို လက်ခံပေးနိုင်မလား။"
အနန္တနတ်ဘုရားသားတော်က ဆက်ပြောလိုက်သည်။ "ကျုပ်က ရန်ဟောင်ရီအနေနဲ့ ကျုပ်တို့အားလုံးကို မျှမျှတတ ဆက်ဆံပေးဖို့ တောင်းဆိုတာပါ။ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို စိတ်မဝင်စားဘူး။"
သူက ပြောလိုက်သည်နှင့် နောက်ထပ်တစ်ယောက်ကလည်း လူအုပ်ထဲမှ ထွက်လာကာ ပြောလိုက်သည်။ "ကျုပ်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အချိန်တစ်ခုထိ ကျင့်ကြံချင်ပါတယ်။ ရန်ဟောင်ရီ ခွင့်ပြုပေးနိုင်မလား။"
ထိုလူက ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော် ဖြစ်သည်။ ရွှေရောင်နတ်အလင်းတို့က သူ့တစ်ကိုယ်လုံးကို ဝန်းရံထား၏။ သူ့တွင် ရွှေနတ်ခန္ဓာ ရှိပုံပေါ်သည်။ ၎င်းကို ကြည့်ရသည်မှာ အလွန် အစွမ်းထက်သည့်ပုံရပေသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက်က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက် ကျင့်ကြံလိုသည့် ရည်ရွယ်ချက်များကို ဖော်ပြလာသည်။ ၎င်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကို အလွန် ထူးဆန်းသည့် အကြည့်များ ဖြစ်ပေါ်လာစေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က မည်သူမဆို ဝင်ရောက်ကျင့်ကြံနိုင်သည့် သန့်စင်မြင့်မြတ်နယ်မြေ မဟုတ်ပေ။ သူတို့၏ကျောင်းတော်ကို မူလဘုံ၏ နံပါတ်တစ်ကျင့်ကြံရေးနယ်မြေ ဖြစ်သော်လည်း ထိုလူများက ရှေးဟောင်းနတ်ဘုရားကလန်မှ လူများ ဖြစ်သည်။ သူတို့က ထိုသို့ လုပ်ဆောင်ရန် လိုအပ်ပါသည်လား။
ရှင်းလင်းစွာပင် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အမှန်တကယ် ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်လိုသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရီဖူရှင်း အမွေဆက်ခံခဲ့ရသော မဟာအင်ပါယာများ၏ ပညာရပ်များနှင့် ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေကဲ့သို့သော အရာများသာ ဖြစ်သည်။
မဟုတ်လျှင် ဖြစ်နိုင်သည်က ကောင်းကင်ဒေသမှ ထိုအင်အားစုများသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရီဖူရှင်းကို ဖိအားပေးကာ အရင်းအမြစ်များ ရယူလိုခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်က ကျင့်ကြံရေးအရင်းအမြစ်များကို သူတို့အားလုံးနှင့် မျှဝေရန် ဖိအားပေးချင်နေကြပေသည်။
သို့မဟုတ်ပါက မည်သည့်အတွက်ကြောင့် သူတို့၏ အဆင့်အတန်းကို နှိမ့်ချကာ ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျင့်ကြံရန် ဝင်ရောက်ရန် လုပ်ဆောင်နေပါမည်နည်း။
ရှေးဟောင်းနတ်ဘုရားကလန်မှ ထိုကျင့်ကြံသူများက မူလဘုံ၏ ဒေသခံအင်အားစုဖြစ်သည့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အထင်သေးနှိမ့်ချကြပေသည်။
ထို့ပြင် စွန့်ပစ်ခံကလန်နှင့် တိုက်ပွဲအတွင်း ရီဖူရှင်းက ရှေးဟောင်းနတ်ဘုရားကလန်၏ အင်အားစုအချို့ကို ဆန့်ကျင်မိခဲ့သည်။ အဆုံးမှာတော့ ရီဖူရှင်းက ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်ရန်အတွက် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုနှင့် ပူးပေါင်းခဲ့ဖူးပေသည်။ ထိုအင်အားစုများသည် ရီဖူရှင်းက တိုက်ပွဲအတွင်း အကောင်းဆုံး မကြိုးစားခဲ့သည့်အတွက် ဝင်္ကပါအစီအရင်ကို ချိုးဖျက်ရန် ကျရှုံးခဲ့ကြောင်း ယူဆကြသည်။ မဟုတ်လျှင် သူတို့က ထိုစဥ်ကပင် စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်နိုင်ခဲ့ပေလိမ့်မည်။
ရီဖူရှင်းကိုယ်တိုင်က စွန့်ပစ်ခံကလန်နှင့် မဟာမိတ်ဖွဲ့၍ သူတို့၏ ကျင့်ကြံရေးအရင်းအမြစ်များကို ရယူနိုင်ခဲ့သည်။ ထို့နောက် သူက အနောက်အင်ပါယာနန်းတော်မှ နတ်မိမယ်ချီယောင်ကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်ကာ သူနှင့်အတူ ကျင့်ကြံစေရန် ဆွဲဆောင်နိုင်ခဲ့သည်။ အနာဂတ်တွင် ရီဖူရှင်းက အနောက်ပင်လယ်နယ်မြေ၏ ကျန်သော အင်အားစုများကိုပါ သူနှင့် မဟာမိတ်ဖွဲ့ရန် စည်းရုံးနိုင်ခဲ့သည်။ သူ့ ကျောင်းတော်၏ လွှမ်းမိုးနိုင်စွမ်းက ယခုထက်ပင် ပို၍ သာလွန်ကျယ်ပြန့်လာပေတော့မည်။
ဤသည်မှာ ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများကို ဒေါသထွက်စေခဲ့သည်။ ထို့ပြင် သူတို့သည် ရီဖူရှင်း၏ သရုပ်မှန်နောက်ကွယ်မှ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တို့ကို စိတ်ဝင်စားနေသည်။ ထို့ကြောင့် သူတို့က ယခု ရီဖူရှင်းကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေခြင်း ဖြစ်သည်။
ရီဖူရှင်းသည် ကောင်းကင်နေရာအနှံ့ မတူညီသော နေရာများ၌ ရပ်နေသည့် ပုံရိပ်များကို မြင်နေရသည်။ သူတို့တစ်ယောက်ချင်းစီက ထူးချွန်လှသော ကျင့်ကြံသူများ ဖြစ်ကြသည်။ ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများသည်လည်း သူတို့ကြားတွင် ရှိနေခဲ့သည်။ ရီဖူရှင်းက လူအုပ်ထဲမှ ဟွားကျွင့်လိုင်အား သတိထားမိလိုက်သည်။ သူတို့၏ အရှိန်အဝါနှင့် ခန္ဓာကိုယ်အနီးတွင် မဟာလမ်းစဥ် နတ်အလင်းများကို ခံစားကြည့်လျှင် သူတို့က သူနှင့် အမှန်တကယ် ပူးပေါင်းရန် ရည်ရွယ်ချက် မရှိကြပေ။ သူတို့က သိသိသာသာပင် သူ့ကို ဖိအားပေးနေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို သူတို့၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးစေလိုနေသည်။
ကောင်းကင်ဒေသမှ အခြားအင်အားစုများကလည်း နောက်တွင် ရပ်နေကြသည်။ သူတို့က ရပ်တည်ချက်ကို ရှင်းလင်းစွာ မကြေညာခဲ့ပေ။ သို့သော် သူတို့က ရီဖူရှင်း သဘောတူလိုက်မည်ကို စောင့်ဆိုင်းနေပြီး အကျိုးအမြတ် ရနိုင်သလောက် လိုချင်နေသည်။
ရှီးချီယောင်က ကောင်းကင်မှ ပုံရိပ်များကို မော့ကြည့်လိုက်သည်။ ထိုပုံရိပ်တစ်ခုချင်းစီက ထူးခြားလှသည်။ သူတို့က အဆင့်ရှစ်နှင့် အဆင့်ကိုးရန်ဟောင်များ ဖြစ်ကြသည်။ အများစုမှာ ကောင်းကင်ဒေသအတွင်း နယ်မြေဆယ့်ရှစ်ခု၏ သက်ဆိုင်ရာနယ်မြေများအတွင်း ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ယခု သူတို့အားလုံးက ကောင်းကင်ထက်တွင် ရပ်ကာ ရီဖူရှင်းအား ဖိအားပေးနေကြသည်။ သူတို့က မဟာမိတ်ဖွဲ့ချင်သည်ဟု ဆိုနေသော်လည်း အမှန်တကယ်၌ ဖိအားပေးနေခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ သူမနှင့် မသက်ဆိုင်ပေ။ သူမက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ကျင့်ကြံချင်ဟု ပြောခဲ့သော်လည်း ရီဖူရှင်းက ကောင်းကင်ဒေသမှ အင်အားစုများစွာကို ဆန့်ကျင်ရာ၌ ပါဝင်ကူညီမည်ဟု မဆိုလိုပေ။ သူမသည် ရီဖူရှင်းက ဤအခြေအနေအား မည်သို့ဖြေရှင်းမည်ကို မြင်တွေ့ချင်ပေသည်။
ထိုနေ့က စွန့်ပစ်ခံကလန်၏ နယ်မြေအတွင်း မင်းသမီးဒွန်ဟောင် ရောက်ရှိလာပြီး စွန့်ပစ်ခံကလန် ရင်ဆိုင်နေရသည့် ပြဿနာကို ဖြေရှင်းပေးကာ ရီဖူရှင်းအား အကျပ်အတည်းမှ လွတ်မြောက်စေခဲ့သည်။ သို့သော် ကောင်းကင်ဒေသမှ အင်အားစုများက သူ့အား အလွတ်မပေးလိုသည်မှာ ရှင်းလင်းပေသည်။ ယခု သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ တပြိုင်နက်တည်း ရောက်လာကြသည်။ ရီဖူရှင်းနှင့် စွန့်ပစ်ခံကလန်ကြားမှ မဟာမိတ်ဖွဲ့မှုက အင်အားစုများစွာကို ဒေါသထွက်စေခဲ့သည်မှာ ရှင်းလင်းပေသည်။