အစွမ်းထက်သည့် ပြိုင်ဘက်များ
Vol. 166 Ch. 2363
ကောင်းကင်ထက်တွင် ရီဖူရှင်းက မားမားမတ်မတ် ရပ်နေခဲ့ပြီး သူ့ကို စိန်ခေါ်သည့် ကျင့်ကြံသူများက ဝန်းရံထားသည်။ တောက်ပသည့် နတ်အလင်း၏ အောက်တွင် ရှိနေသည့်သူများမှာ ကောင်းကင်ဒေသအတွင်း ထင်ရှားကျော်ကြားသူများသာ ဖြစ်ကြပေသည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် ရှေ့သို့ ခြေလှမ်းလာသည်။ ထိုသူက ရွှေရောင်နတ်ရောင်ဝါတို့နှင့် တောက်ပသည့် အလင်းတို့ကို ထုတ်လွှတ်နေသည်။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ရွှေရောင်အဝတ်တစ်ပိုင်း ဝတ်ဆင်ထားကာ သူ၏ ရွှေရောင်သမ်းနေသော အသားအရောင်နှင့် တူညီနေပေသည်။ ဤသည်မှာ ပြင်းထန်သော ခွန်အားတို့ကို ပိုင်ဆိုင်ထားသည့် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော် ဖြစ်ပေသည်။
ရှေးဟောင်းနတ်ဘုရားကလန်အတွင်း ဗုဒ္ဓနယ်မြေက တစ်ခုအပါအဝင်ဖြစ်ကာ ကောင်းကင်ဒေသမှ နယ်မြေဆယ့်ရှစ်ခု၏ ဗုဒ္ဓနယ်မြေအတွင်း တည်ရှိသည်။ ဗုဒ္ဓနယ်မြေ၏ ကျင့်ကြံရေးနည်းလမ်းက ကြမ်းတမ်းခက်ထန်ပြီး ထိုးဖောက်နိုင်ရန်ခက်ခဲကာ ပြိုင်ဘက်ကင်းသည်။ ကျင့်ကြံသူများ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များသည် အလွန် ကြံ့ခိုင်ကာ ပြိုင်ဘက်ကင်းလှသည်။ မည်သည့် မဟာလမ်းစဥ်နှင့်မှ ထိခိုက်အောင် မလုပ်နိုင်သည့် မဖျက်ဆီးနိုင်သော ဗုဒ္ဓခန္ဓာကို ဖွဲ့စည်းထားနိုင်သော ကျင့်ကြံသူများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလွန် အားကောင်းလှသည်။ တူညီသည့် အဆင့်မှ မည်သည့် သူမဆို အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ထိုရုပ်ခန္ဓာ၏ ခုခံကာကွယ်မှုအား ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ဗုဒ္ဓနယ်မြေအတွင်း ဗုဒ္ဓဘုံက လောကတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းသည် ရှေးယခင်က နတ်ဘုရားများ ဖန်တီးခဲ့သော လောကတစ်ခု ဖြစ်သည်။ ပြောကြသည်မှာ ထိုလောကအတွင်းရှိ မဟာလမ်းစဥ် နိယာမတို့က အပြင်ဘက်လောကနှင့် ကွာခြားသည်ဟု ဖြစ်သည်။ ဗုဒ္ဓနယ်မြေအတွင်း မွေးဖွားခဲ့သူများမှာ ထူးခြားဆန်းကြယ်ကာ မွေးဖွားစဥ်အတွင်း ဗုဒ္ဓဘုံအတွင်းမှ နတ်စွမ်းအားတို့ဖြင့် ကောင်းချီးပေးခံရသည်ဟု ဆိုပေသည်။ ဗုဒ္ဓဘုံအတွင်း စွမ်းအားနိုးထလာနိုင်သည့် သူသာလျှင် တရားဝင်အဖွဲ့ဝင်ဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ ထိုသို့မလုပ်ဆောင်နိုင်ခဲ့သည့် သူများက ဗုဒ္ဓဘုံအစွန်အဖျား၌သာ နေနိုင်ပြီး ၎င်းတို့ထဲမှ စစ်မှန်သော ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ခြင်း မရှိပေ။ ရှေးဟောင်းနတ်ဘုရားကလန်အတွင်း အင်အားစုများစွာအတွက် ၎င်းမှာ အတူတူသာ ဖြစ်ပြီး အများစုက အဓိက ပုဂ္ဂိုလ်များ ဖြစ်နိုင်မည် မဟုတ်ပေ။
ကျင့်ကြံသူများများစားစား မရှိသည့် အကြောင်းပြချက်အတွက်ကြောင့် ဗုဒ္ဓနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ လူများသည်ပင် ဗုဒ္ဓဘုံအတွင်းမှ ကျင့်ကြံသူများကို အထူးလေးစားမှု ပြကြရပေသည်။ ထိုကျင့်ကြံသူများ၏ အဆင့်အတန်းက နယ်မြေသခင်အိမ်တော်ထက် နိမ့်ကျခြင်းမရှိဘဲ အများစုက သူတို့၏ အထက်၌ပင် ရှိနေပေသည်။
ထိုအခိုက်အတန့်တွင် ဗုဒ္ဓဘုံ၏ နတ်ဘုရားသားတော်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက လက်အုပ်ချီရင်း စကားမပြောဘဲ အရိုအသေပေးလိုက်သည်။ သို့သော် မဟာလမ်းစဥ်၏ နတ်အလင်းက တောက်ပလာပြီး အလွန် ထက်ရှသည့် အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ သူ့လက်များကို လှုပ်ရှားလိုက်သည်နှင့် အလွန် အားကောင်းပြီး ထက်ရှသည့် အရှိန်အဝါတို့က ရုတ်တရက် လေဟာနယ်အတွင်း ဖွဲ့တည်လာကာ ရွှေရောင်နတ်အလင်းတို့ဖြင့် လွှမ်းခြုံထား၏။ သူက လှုပ်ရှားခြင်းမပြုသော်လည်း သိသာရှင်းလင်းသော ခြိမ်းခြောက်မှုကို ခံစားမိနိုင်ပေသည်။
နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းတို့က အလွန် ခမ်းနားထည်ဝါကာ ဖျက်ဆီး၍မရနိုင်အောင် တောက်ပပေသည်။ သူက လက်ကိုမြှောက်လိုက်ပြီး လေဟာနယ်ကို ဖြတ်၍ ရီဖူရှင်းအား ညွှန်ပြလိုက်သည်။ ချက်ချင်းပင် ထိုစွမ်းအားက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်လာပြီး လေဟာနယ်အတွင်း လေးကိုင်းသဏ္ဌာန်အလင်းတန်းကို ချန်ထားရစ်ကာ ရီဖူရှင်းအား သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တိုးဝင်လာသည်။
ဘုန်း... နတ်အလင်းက အလွန် တောက်ပလာပြီး အကြွင်းမဲ့ လွှမ်းမိုးနိုင်သော စွမ်းအားက လေဟာနယ်ကို ဖြတ်ခွင်းသွားသည်။ ထိုလက်ချောင်းတစ်ချောင်း၏ စွမ်းအားက မည်သည့်နတ်ဓားများထက်မဆို ပို၍ ကြောက်မက်ဖွယ် ကောင်းလှပြီး အရာအားလုံးကို ထိုးဖောက်နိုင်စွမ်းရှိကာ ရီဖူရှင်းရှေ့သို့ ရောက်ရှိလာသည်။
လူတိုင်းက ထိုတိုက်ခိုက်မှုကို အာရုံစိုက်လေ့လာနေကြသည်။ ဗုဒ္ဓဘုံ၏ နတ်စွမ်းအားက ပြိုင်ဘက်ကင်းပြီး ရှေးဟောင်းနတ်ဘုရားကလန်ကြားမှ လူများထဲတွင်ပင် ရှာတွေ့ရန် ခက်ခဲပေသည်။ သူတို့အားလုံးသည် ရီဖူရှင်းက ၎င်းကို မည်သို့ တန်ပြန်တိုက်ခိုက်မည်အား သိချင်နေသည်။
ရီဖူရှင်းသည် သူ့ပြိုင်ဘက်က လှုပ်ရှားမှုပြုလိုက်ချင်းမှာပင် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသော အလင်းတို့ဖြင့် ပြည့်နေခဲ့ပြီး ကြောက်မက်ဖွယ်အလင်းတို့က နတ်ခန္ဓာမှ ထွက်ပေါ်လာသည်။ နှိုင်းယှဥ်၍ မရအောင် လွှမ်းမိုးနိုင်သည့် လမ်းစဥ်အဖြစ် ပြောင်းလဲသွားသော သူ၏ ခန္ဓာကိုယ်မှ မဟာလမ်းစဥ် အော်မြည်သံများ ထွက်ပေါ်လာသည်။
အနန္တဓားသဏ္ဌာန်အက္ခရာစာလုံးများ ပေါ်ပေါက်လာပြီး သူ၏ နတ်ခန္ဓာကို ဝန်းရံထားသည်။ အလားတူစွာပင် ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။ ခဏချင်းအတွင်း အနန္တဓားစွမ်းအားများက ကောင်းကင်နှင့် မြေကြီးတို့ဖြင့် တသားတည်းဖြစ်လာပုံရသည်။ မရေတွက်နိုင်သော ဓားသဏ္ဌာန်အက္ခရာများက ရီဖူရှင်း၏ လက်ချောင်းတွင် စုစည်းလာပြီး သူ့ လက်ချောင်းအရှိန်နှင့်အတူ ကျဆင်းလာသည်။ သူ၏ လက်က ကျဆင်းလာသသည့်အခါ သူ့လက်ချောင်းများကြား ဓားသဏ္ဌာန်ဖွဲ့တည်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏ မဟာလမ်းစဥ်နတ်ခန္ဓာက ဓားလမ်းစဥ်ခန္ဓာကိုယ် ဖြစ်လာခဲ့သည်။
လက်ချောင်းနှစ်ချောင်း၏ စွမ်းအားနှစ်ခုက လေဟာနယ်အတွင်း ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုဗုဒ္ဓလက်ချောင်းက ရှေ့သို့ ဆက်တိုးလာပြီး လမ်းတလျှောက် ဓားစွမ်းအား အားလုံးက ဖျက်ဆီးခံလိုက်ရပေသည်။ သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် အဆုံးမဲ့ နတ်ဓားစွမ်းအားတို့ စုစည်းလာကာ ဓားမြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ဗုဒ္ဓလက်ချောင်းက ကြောက်မက်ဖွယ် နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာကာ ဓားမြစ်ကို ဖြတ်သန်းသွားသည်။ သို့သော် ၎င်းသည် ရီဖူရှင်း၏ အနီးသို့ ချဥ်းကပ်နိုင်ခဲ့ခြင်း မရှိဘဲ အနန္တဓားစွမ်းအားများအောက်၌ ဖျက်ဆီးခံလိုက်ရပေသည်။
"ဘယ်လောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုလဲ။" အောက်ဘက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက တုန်ယင်သွားကြသည်။ သူက အမှန်တကယ်ပင် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော် ဖြစ်သည်။ ထင်ထားသလိုပင် ထိုသူများထဲက မည်သူမှ သာမန်မဟုတ်ကြပေ။ သူတို့က ရီဖူရှင်းအတွက် စိုးရိမ်ပူပန်နေကြသည်။
အဆုံးမှာတော့ ဤတိုက်ပွဲက မျှတသည့် တိုက်ပွဲမျိုး မဟုတ်ခဲ့ပေ။ ဤကျင့်ကြံသူများ အားလုံးက သူ့ကို ဝန်းရံထားပြီး ရီဖူရှင်းသည် သူတို့အား မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။
ဗုဒ္ဓဘုံ၏ နတ်ဘုရားသားတော်က ထိုနေရာ၌ ရပ်တန့်ခြင်းမရှိပေ။ သူ့ လက်များကို ဆုပ်လိုက်ပြီး ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ အနန္တနတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာကာ နတ်ဘုရားကဲ့သို့ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ရီဖူရှင်းကို စိုက်ကြည့်ကာ လက်ဝါးကို ရှေ့သို့ တွန်းလွှတ်လိုက်စဥ် အသံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် အဆုံးမဲ့ ကြီးမားသော လက်ဝါးက ရှေ့သို့ တွန်းထိုးထွက်လာပေသည်။ တစ်ချိန်တည်းတွင် လေဟာနယ်အထက်၌ မရေတွက်နိုင်သော ကြီးမားသည့် ဗုဒ္ဓလက်ဝါး ဖြစ်တည်လာသည်။ ၎င်းတို့က ကောင်းကင်တစ်ခုလုံးကို ပြိုကွဲသွားစေလောက်သည့် စွမ်းအားရှိကာ ရီဖူရှင်းအား ချက်ချင်းမြေမြှုပ်ပစ်ရန် ရည်ရွယ်နေသည်။
ရီဖူရှင်းက ထိုနေရာသို့ အာရုံစိုက်ကာ တစ်ချက်တွေးလိုက်သည်။ ချက်ချင်းပင် ကြယ်များစွာက သူ့ကို ဝန်းရံထားပြီး ထိုနေရာအား ကြယ်ကောင်းကင်လောကအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ရီဖူရှင်း၏ အနီးတွင် လှည့်ပတ်နေသည့် ကြယ်များစွာက တောက်ပသော အလင်းများ ထုတ်လွှတ်နေပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသလို ထင်မှတ်ရပေသည်။
ကျယ်လောင်သော တုန်ခါသံများနှင့်အတူ မရေတွက်နိုင်သော ကြီးမားသည့် ဗုဒ္ဓလက်ဝါးများက ပြောပြ၍ မရနိုင်သော အရှိန်အဟုန်နှင့် သူ့အား တိုက်ခိုက်လာသည်။ ထိုလက်ဝါးကြီးများက ကြယ်များကို ဖျက်ဆီးနိုင်သည့်အထိ ဆက်လက်ကြီးမားကျယ်ပြန့်လာကာ ပေါက်ကွဲထွက်သွားခဲ့သည်။ သို့သော် ၎င်းတို့က ဤကြယ်ကောင်းကင်နယ်မြေ၏ ကြယ်အကာအကွယ်ကို ချိုးဖျက်နိုင်စွမ်းက မရှိနေဆဲပင် ဖြစ်သည်။
နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင််နေပြီး သူ၏ ဗုဒ္ဓတိုက်ပွဲသဏ္ဌာန်က ပို၍ ကြီးမားလာသည်။ ချက်ချင်းပင် အဆုံးမဲ့ရွှေရောင်နတ်ရောင်ဝါတို့က လောကကို လွှမ်းခြုံကာ လောကတစ်ခွင်လုံးကို ဗုဒ္ဓနယ်မြေအဖြစ် ပြောင်းလဲယူလိုက်သလို ထင်မှတ်ရပေသည်။ ကောင်းကင်ထက်မှ အဆုံးမဲ့ ဗုဒ္ဓလက်ဝါးများက ရိုက်ချလာကာ ကြယ်စင်နယ်မြေအပါအဝင် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားသည်။
ဘုန်း... ထိုအခိုက်အတန့်တွင် ရီဖူရှင်းကို ဝန်းရံနေသည့် ကြယ်များစွာက စတင်၍ အရူးအမူး ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီးသည်ပင် ထက်ခြမ်းကွဲတော့မတတ် ဖြစ်လာပေသည်။ မြင်ကွင်းတစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်းသည်ထက်ပင် ကျော်လွန်နေခဲ့၏။ ထိုကြောက်မက်ဖွယ် လက်ဝါးများက အောက်ဘက်သို့ ဆက်လက်ရိုက်ခတ်လာပြီး ကြယ်များဖြင့် ဝန်းရံထားသော ရီဖူရှင်းဆီ တိုက်ရိုက် ဆင်းသက်လာပေသည်။
"အံ့သြလောက်စရာပဲ။"
"ဗုဒ္ဓနယ်မြေရဲ့ နတ်စွမ်းအားက တကယ့်ကို ကျော်ကြားဖို့ ထိုက်တန်ပါတယ်။ လောကရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းအားဆိုတာ တကယ် မှန်တဲ့ပုံပဲ။" ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူတချို့က တီးတိုးပြောလိုက်သည်။ သူတို့က တိုက်ပွဲကို စောင့်ကြည့်နေရင်း ပါဝင်လှုပ်ရှားရန် အလျင်စလို လုပ်ဆောင်ခြင်းမရှိပေ။ ရီဖူရှင်းက ရှီးချီယောင်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိလျှင် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်အတွက် သူ့ကို ရင်ဆိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ပို၍တောက်ပသော ကြယ်အလင်းများက ရီဖူရှင်းထံမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကြယ်များကလည်း ရုတ်တရက် ပိုမို တောက်ပလာပေသည်။ အလင်းက မြင်သာသော တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ အကြွင်းမဲ့ နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာအတွင်း ကြယ်အကာအကွယ်က ရီဖူရှင်းအား ကာကွယ်ပေးထားသည်။
ဘုန်း... ဘုန်း.. ဘုန်း... ကြောက်မက်ဖွယ် ဗုဒ္ဓလက်ဝါးကြီးက အောက်ဘက်သို့ ကျဆင်းလာပြီး အလင်းလွှာပေါ် ရိုက်ခတ်လာသော်လည်း ၎င်းကို ဖျက်ဆီးပစ်ရန် မလွယ်ကူလှပေ။ ကြယ်အလင်းလွှာက သလင်းကျောက်ကဲ့သို့ ကြည်လင်ရှင်းလင်းပြီး ဖောက်ထွင်းမြင်နေရပေသည်။ ရီဖူရှင်းပေါ်မှ နတ်ရောင်ဝါက အလင်းလွှာအဖြစ် ပျော်ဝင်သွားပြီး မဟာလမ်းစဥ်နတ်ခန္ဓာနှင့် တစ်စိတ်တစ်ပိုင်း ဖြစ်လာသကဲ့သို့ ထင်မှတ်ရပေသည်။ ဤသို့ ခမ်းနားထည်ဝါသည့် ခုခံကာကွယ်ရေး နည်းစနစ်မျိုးက ချိုးဖျက်ရန် ခက်ခဲလှပေသည်။
ထိုလူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ မျှော်မှန်းထားသလိုပင် ရှီးချီယောင်ပင် အနိုင်မယူနိုင်သည့် တစ်စုံတစ်ယောက်က အလွယ်တကူ ရှုံးနိမ့်နိုင်မည် မဟုတ်ပေ။ ဤကြယ်ကောင်းကင်၏ ခုခံကာကွယ်ရေး စွမ်းအားသည်ပင် ထူးခြားအံ့သြဖွယ် ကောင်းလှသည်။
ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်က မလှုပ်ရှားသေးခင် အခြားတစ်စုံတစ်ယောက် ရှေ့ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ ယွမ်ရှီးနယ်မြေအတွင်း ရှေးဟောင်းနတ်ဘုရားကလန်မှ ယွမ်ရှီးနန်းတော်၏ ဆက်ခံသူဖြစ်သည်။ သူက ထိုနေရာသို့ တစ်ချက်ကြည့်ကာ ညာဘက်လက်မြှောက်၍ ကောင်းကင်ကို ညွှန်လိုက်သည်။ ရုတ်တရက် ကောင်းကင်မှ ဝင်္ကပါအစီအရင်တစ်ခု ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် ဓားအော်မြည်သံများက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်လာသည်။ အဆုံးမဲ့ နတ်ဓားများက ဝင်္ကပါအတွင်း စုစည်းလာပြီး ထိတ်လန့်အံ့သြဖွယ် ဓားစွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ ဓားတစ်လက်ချင်းစီတွင် နတ်ဘုရားပြစ်ဒဏ်စွမ်းအားများ ပါဝင်နေပြီး တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
"စက်ဆုပ်စရာကောင်းလိုက်တာ။" ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အေးစက်စွာနှင့် ကျယ်လောင်စွာ ပြောလိုက်သည်။ ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်က တိုက်ခိုက်နေစဥ် အခြားတစ်စုံတစ်ယောက်ကလည်း ရှေ့တက်လာကာ ရီဖူရှင်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ကောင်းကင်ဒေသရဲ့ ရှေးဟောင်းနတ်ဘုရားကလန်က ကျင့်ကြံသူတွေ ပူးပေါင်းပြီး ကျင့်ကြံဆင့်နိမ့်တဲ့ လူတစ်ယောက်ကို တိုက်ခိုက်နေတာ ရယ်စရာပဲ။" ဖန်းကိုင့်က ထေ့ငေါ့ပြောလိုက်သည်။ သို့သော် လေဟာနယ်ထဲမှ ကျင့်ကြံသူက တုန့်ပြန်လိုက်သည်။ "စိတ်မပူပါနဲ့။ ဒါက စမ်းသပ်ချက်လေးတစ်ခုပဲ ဖြစ်ပြီး ကျုပ်တို့ သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး။ ကျပ်တို့က အင်ပါယာရီရဲ့ စွမ်းအင်အဆင့် အောင်မြင်မှုကို မြင်တွေ့ချင်ရုံပါပဲ။"
အသံထွက်ပေါ်လာပြီးသည်နှင့် ကောင်းကင်ထက်မှ နတ်ဓားဝင်္ကပါကျဆင်းလာပြီး ၎င်းကို နတ်ဘုရားသတ်ဖြတ်ခြင်း စွမ်းအားများစွာနှင့် ဖွဲ့စည်းထားပုံရသည်။ ယင်းက ကြယ်အကာအကွယ်ကို သက်ရောက်စေပြီး ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။
သူတို့က ရီဖူရှင်း၏ အသက်ကို နှုတ်ယူမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း သူတို့သည် သူ့အား အဆုံးစွန်ထိ ဖိနှိပ်ကာ သူ၏ စွမ်းရည်နှင့် နည်းစနစ်အားလုံး ထုတ်ဖော်လာသည်အထိ ဖိအားပေးကြမည် ဖြစ်သည်။ သူတို့က မူလဘုံ၏ နံပါတ်တစ် ထိပ်တန်းပါရမီရှင်က မည်သည့်အရာကို ဖုံးကွယ်ထားကြောင်း မြင်ချင်နေပေသည်။
ဓားစွမ်းအားများက အကာအကွယ်အတားအဆီးပေါ် ကျဆင်းလာသောအခါ ထိုအကာအကွယ်၏ မျက်နှာပြင်၌ အက်ကြောင်းငယ်လေးများ ဖြစ်ပေါ်လာသည်။ ပို၍ များပြားသော အက်ကြောင်းငယ်များ ပေါ်ပေါက်လာပြီး ကြီးမားသည့် လက်ဝါးကြီးက အောက်သို့ ဆက်လက်ကျဆင်းလာကာ ထိုအက်ကြောင်းငယ်လေးများက ပို၍ ကြီးမားလာသည်။
"ယွမ်ရှီးနန်းတော်ရဲ့ နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါက တကယ် ကြောက်ဖို့ကောင်းတာပဲ။ ဒါတောင် ဓားဝင်္ကပါသေးသေးလေးပဲ ရှိသေးတယ်။" ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်ကိုသာ စူးစမ်းလေ့လာနေခြင်း မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများ၏ ခွန်အားကိုပါ စူးစမ်းလေ့လာနေခြင်း ဖြစ်သည်။ သူတို့သည် ယခင်က အချင်းချင်း၏ တည်ရှိမှုကို သတိပြုမိသော်လည်း မည်သည့်အခါကမှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသလို တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခဲ့ဖူးခြင်းလည်း မရှိပေ။
ယခု သူတို့က ထိုကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့် ခွန်အားအဆင့်ကို မြင်တွေ့နိုင်ကြပေသည်။
သူတို့က သူတို့၏ ကျင့်ကြံရေးနည်းလမ်းများကို တပြိုင်နက်တည်း အသုံးပြုမည်မဟုတ်ဘဲ စွမ်းရည်တချို့ကို သိမ်းဆည်းထားခြင်းကသာ ဉာဏ်ရှိရာ ကျပေလိမ့်မည်။
ဘန်း.... အဆက်မပြတ် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ကြယ်အကာအကွယ်က ပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ် နတ်ဘုရားပြစ်ဒဏ်ဓားနှင့် လွှမ်းမိုးနိုင်သော ဗုဒ္ဓလက်ဝါးက အောက်ဘက်သို့ ဆက်လက်ကျဆင်းလာကာ ရီဖူရှင်းနောက်သို့ လိုက်ပါလာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်သည့်အခါ စိုးရိမ်ပူပန်သွားကြသည်။ ယခု ရီဖူရှင်း ရင်ဆိုင်နေရသော ပြိုင်ဘက်များက ထူးချွန်လှသော အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်သည်။