← Chapters

နှစ်ယောက် တစ်ယောက်

Vol. 166 Ch. 2364

နှစ်ယောက် တစ်ယောက်

Vol. 166 Ch. 2364

တိုက်ခိုက်မှုများက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ လူအုပ်ကြီးသည် ကျရောက်လာသော တိုက်ခိုက်မှုများ၏ အောက်တွင် နစ်မြုပ်သွားတော့မလို ဖြစ်နေသော်လည်း သူက အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။ သူ့ကို ကြည့်ရသည်မှာ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် တုံ့ဆိုင်းသွားသလို ထင်မှတ်ရပေသည်။

တောက်ပသည့် လေဟာနယ်ရောင်ဝါတို့က သူ၏ မဟာလမ်းစဥ်နတ်ခန္ဓာပေါ် တောက်ပလင်းလက်လာသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ သင်္ကေတတို့ ထွက်ပေါ်လာပြီး လေဟာနယ်တံခါးများ ပေါ်ပေါက်လာသည်။ ၎င်းတို့က သူ့ခန္ဓာကို ဝန်းရံနေပြီး သူတို့အထဲ၌ လွှမ်းခြုံထားသလိုပင် ဖြစ်သည်။

ဘုန်း... နတ်ဘုရားပြစ်ဒဏ်ဓားက ရီဖူရှင်းကို သတ်ဖြတ်ရန် အောက်သို့ ကျဆင်းလာသည်။ ကံမကောင်းစွာနှင့် ၎င်းတို့က ရီဖူရှင်းကို ချဥ်းကပ်လာသောအခါ လေဟာနယ်နတ်တံခါးအတွင်း တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ဓားများက အစအနပင်မကျန်အောင် ပျောက်ကွယ်သွားပေသည်။ သို့သော် ၎င်းတို့က လေဟာနယ်တံခါးများအား ပြင်းထန်စွာ တုန်ယင်လာစေသည်။

ပို၍ ပြင်းထန်သော တိုက်ခိုက်မှုများက ရီဖူရှင်းပေါ် ကျဆင်းလာသည်။ ဗုဒ္ဓလက်ဝါးများက ဓားနှင့်အတူ တပြိုင်တည်း ထိုးဆင်းလာခဲ့သည်။ သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး လေဟာနယ်တံခါးများက ပို၍ပင် တောက်ပလာကာ အမှီအခိုကင်းသည့် နယ်မြေတစ်ခု ဖြစ်တည်လာသည်။

၎င်းက လောကအသေးပင် ဖြစ်ပေသည်။

ဖန်းကိုင့်နှင့် အဘိုးမာက ထိုမြင်ကွင်းကို မြင်သည့်အခါ စိတ်လှုပ်ရှားသွားကြသည်။ လောကအသေးက လေဟာနယ်နတ်ဘုရားနည်းစနစ်တစ်ခု ဖြစ်၏။ ရီဖူရှင်းက ထိုသို့သော အဆင့်ထိ အမှန်တကယ် အောင်မြင်နိုင်စွမ်း ရှိခဲ့ပေသည်။ ထိုသည်ကို ကြည့်လျှင် ရီဖူရှင်းက လေးမျက်နှာကျေးရွာမှ နတ်ဘုရားနည်းစနစ်ခုနစ်ခုလုံးကို အပြည့်အဝ ကျွမ်းကျင်ပုံရလေသည်။ သူက သူတို့အတွက် သင်ယူရန် ခက်ခဲသော အရာအားလုံးကို သင်ယူတတ်မြောက်နိုင်ကာ ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်းရှိပေသည်။

လောကအသေးကို အသုံးပြုနိုင်သူများက သူ့အနီးဝန်းကျင်တွင် အမှီအခိုကင်းသည့် လောကတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိပေသည်။ လောကအသေးက အားလုံးသော တိုက်ခိုက်မှုများကို ခုခံတားဆီးနိုင်ပြီး အသုံးပြုသည့် ကျင့်ကြံသူအား အပြင်လောက၏ အားလုံးသော အနှောက်အယှက်များမှ တားဆီးပေးသည်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့်အခါ ကျင့်ကြံသူက သူ့အနီးတွင် လောကအသေးတစ်ခု ဖန်တီးနိုင်ပြီး အပြင်လောကနှင့် သီးခြားခွဲထွက်နိုင်စွမ်း ရှိသည်။

သို့သော် မည်သည့် ကျင့်ကြံရေးနည်းစနစ်မှ ပြီးပြည့်စုံသည်ဟူ၍ မရှိပေ။ အားလုံးသော ကျင့်ကြံရေးနည်းစနစ်များက အခြားနည်းစနစ်များ၏ အားဖြည့်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို ခံထားရသည်။ နည်းစနစ်တစ်ခု၏ စွမ်းအားက ၎င်းကို အသုံးပြုသူပေါ်၌ မူတည်ပေသည်။ လောကအသေးက အစွမ်းထက်လျှင်ပင် အခြားသော တိုက်ခိုက်မှုများအားလုံးကို အပြည့်အဝလျစ်လျူရှုနိုင်သည့် အစွမ်းထက်နည်းစနစ်မျိုး မဟုတ်ပေ။ နတ်ဘုရားပြစ်ဒဏ်ဓားများနှင့် ကြီးမားသော လက်ဝါးတို့က လောကအသေးကို ရိုက်ခတ်သွားပြီး လေဟာနယ်တံခါးများက ပြင်းထန်စွာ တုန်ယင်သွားသည်။ တဖြေးဖြေးနှင့် လေဟာနယ်တံခါးများက ဖျက်ဆီးခံရကာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။

သို့ဆိုလျှင်ပင် ၎င်းတို့က တိုက်ခိုက်မှုအများဆုံးကို တားဆီးရန် ကြိုးစားနေဆဲ ဖြစ်သည်။ ကျင့်ကြံသူနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည်ပင် ရီဖူရှင်း၏ ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။

ဤမြင်ကွင်းသည် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်နှင့် ယွမ်ရှီးနန်းတော်မှ ကျင့်ကြံသူများကို ထိတ်လန့်အံ့သြသည့် အမူအရာတို့ ဖြစ်ပေါ်လာစေသည်။ ရီဖူရှင်းက အမှန်တကယ်ပင် မတူညီသော ကျင့်ကြံရေးနည်းစနစ်များစွာကို ကျင့်ကြံနိုင်ပေသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီက ထူးချွန်လှသည်။ သူက လေးမျက်နှာကျေးရွာမှ ထိုထူးခြားသော နည်းစနစ်များကို အကောင်းဆုံး သင်ယူနိုင်ခဲ့ပေသည်။

ထင်ထားသလိုပင် စီဝေ့ကြယ်ကမ္ဘာနှင့် လေးမျက်နှာကျေးရွာ နှစ်ခုလုံးတွင် ထူးခြားသော ကျင့်ကြံရေးနည်းစနစ်တို့ ပါဝင်နေသည်။ မဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို သင်ယူနိုင်ခဲ့သည့် ရီဖူရှင်းက လမ်းလျှောက်နေသည့် ရတနာသိုက်ကြီးဟုပင် သတ်မှတ်နိုင်ပေသည်။ သူတို့က သူ့ကို သူတို့၏ ထိန်းချုပ်မှုအောက်တွင် ထားနိုင်သရွေ့ ထိုရတနာများကို ရယူနိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။

နတ်အလင်းက ရီဖူရှင်း၏ ကိုယ်ပေါ်၌ တောက်ပနေခဲ့သည်။ သူက ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့၏။ သူ၏ မျက်လုံးများက ရွှေရောင်နတ်ရောင်ဝါတို့ လင်းလက်လာပြီး သူ့အောက်ဘက်ရှိ ကျင့်ကြံသူနှစ်ယောက်ကို ဝေ့ကြည့်လိုက်သည်။ သူ၏ အနီးတွင် နောက်ထပ် မဟာလမ်းစဥ်နယ်မြေတစ်ခု ထွက်ပေါ်လာ၏။ နေမင်းနှင့် လမင်းတို့က တပြိုင်တည်း ပေါ်ပေါက်လာကာ ကြယ်များက သူ့အား လှည့်ပတ်နေခဲ့သည်။ သူ့အနီးတွင် ဖြစ်ပေါ်လာသည့် နတ်သဘာဝဖြစ်စဥ်များကြောင့် လောကတစ်ခွင်က ပြောင်းလဲသွားပုံရသည်။

ယခု ရီဖူရှင်းက သူ၏ ကိုယ်ပိုင်စွမ်းအားကို ဖိနှိပ်မထားတော့ပုံရသည်။ သူ၏ မဟာလမ်းစဥ် အရှိန်အဝါက ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံထား၏။ လောကအတွင်း ထိုနေရာအစိတ်အပိုင်းက သူ၏ ကိုယ်ပိုင်နယ်မြေ ဖြစ်လာသကဲ့သို့ပင် ဖြစ်သည်။ ကြယ်များက သူ့ကို လှည့်ပတ်နေပြီး နေမင်း၊ လမင်းနှင့် ယင်ယန်ဝင်္ကပါတို့က ကောင်းကင်ထက်၌ အလွန် အစွမ်းထက်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။

ဘုန်း...

ယင်ယန်နတ်အလင်းတို့က ကျဆင်းလာ၏။ ၎င်းတွင် အစွမ်းထက်သော ကပ်ဘေးဓားစွမ်းအားများ ပါဝင်နေပြီး နတ်ဘုရားပြစ်ဒဏ်ဓားများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ၎င်းတို့က အမှန်တကယ်ကို အားမနည်းလှပေ။ ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျသော်လည်း သူက ယင်ယန်စွမ်းအားကို ကျွမ်းကျင်ပေသည်။ ထိုနတ်ဘုရားပြစ်ဒဏ်စွမ်းအားကို ဆန့်ကျင်၍ပင် သူက တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် ကြယ်ကျောက်စာချပ်များက ထွက်ပေါ်လာ၏။ မရေတွက်နိုင်သော သင်္ကေတများနှင့် ရှေးဟောင်းအက္ခရာတို့က ထိုကြယ်ကျောက်စာချပ်များအတွင်း ပါဝင်နေသည်။ ကျောက်စာချပ်များ၏ စွမ်းအားများက လေဟာနယ်ကို ဖိနှိပ်ကာ ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်ထံ တိုးဝင်သွားပေသည်။

ရှေးဟောင်းအက္ခရာများ ထွင်းထုထားသည့် မရေတွက်နိုင်သော နတ်ကျောက်စာချပ်များက လေဟာနယ်ကို ဖိနှိပ်ထားကာ ဗုဒ္ဓဘုံ၏ ကြီးမားသည့် လက်ဝါးများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် တုန်ခါသံများက ကောင်းကင်ထက်၌ ထွက်ပေါ်လာ၏။ ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်သည် ကောင်းကင်မှ ထွက်ပေါ်လာပြီး သူ့ထံသို့ ဖြန့်ကျက်လာသည့် အလွန် အစွမ်းထက်သော ဖိနှိပ်လွှမ်းမိုးသည့် မဟာလမ်းစဥ်အရှိန်အဝါကို ခံစားမိလိုက်သည်။

သူက မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်၌ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ကောင်းကင်ထက်တွင် ရှေးခေတ်အချိန်အခါမှ တံခါးတစ်ချပ် ပေါ်ပေါက်လာပုံရသည်။ ယင်းက အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိပေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် လေဟာနယ်အတွင်း ပိတ်လှောင်ခံထားရသလို ထင်မှတ်ရသည်။ ထိုတံခါး၏ ဖိနှိပ်ခြင်းစွမ်းအားတို့က ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။

၎င်းက ဖိနှိပ်ခြင်းလောက၏ ဂိတ်တံခါးပင် ဖြစ်သည်။ အောက်ဘက်ရှိ အင်ပါယာရှီက သူ့ဘေးမှ ဆေးအင်ပါယာကို ကြည့်လိုက်သည်။ ဆေးအင်ပါယာ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာရသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ ယခင်နေ့ရက်များ၌ သူ၏ ဂုဏ်အယူရဆုံးတပည့်က ကျုံးချန် ဖြစ်သည်။ သို့သော် ကျုံးချန်က နင်ဟွာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။ ရီဖူရှင်းကို သူ့တပည့်ဟု ဆုံးဖြတ်၍ မရနိုင်သော်လည်း သူက ဆေးအင်ပါယာ၏ ပညာအမွေကို ဆက်ခံခဲ့ပေသည်။ ရီဖူရှင်းက လောကဖိနှိပ်ခြင်းဂိတ်တံခါး၏ စွမ်းအားကို ထိုမျှအဆင့်ထိ ထုတ်သုံးနိုင်ပေသည်။ သူသည် ထိုယခင်နေ့ရက်များမှ ကျုံးချန်ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

ကျုံးချန်က ထိုမြင်ကွင်းကို မြင်လျှင် အတော်လေး စိတ်ကျေနပ်သွားပေလိမ့်မည်။

ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်၏ မျက်နှာအမူအရာ လေးနက်လာသည်။ လောကဖိနှိပ်ခြင်းဂိတ်တံခါးက ရီဖူရှင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ကျင့်ကြံစဥ်က ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက အလွန် အစွမ်းထက်ပေသည်။ ရီဖူရှင်းက လောကဖိနှိပ်ဂိတ်တံခါးကို သူ၏ နားလည်သဘောပေါက်မှုနှင့် ပေါင်းစပ်ကာ ကျင့်ကြံခြင်းပုံစံကို သူနှင့် ပိုသင့်တော်စေရန် ပြုလုပ်ခဲ့သည်။ ၎င်းက ကောင်းကင်ကိုပင် ဖိနှိပ်နိုင်စွမ်းရှိပေသည်။ သူ၏ အခြားတိုက်ခိုက်မှုများနှင့် တူညီစွာပင် လောကဖိနှိပ်ခြင်းဂိတ်တံခါးက လွှမ်းမိုးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်က သူ့လက်များကို လက်အုပ်ချီသည့် သဏ္ဌာန်ပြုလုပ်လိုက်သည်။ ကျန်းတစ်သောင်းခန့် ရောက်ရှိနိုင်သော နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာပေသည်။ ခမ်းနားထည်ဝါသည့် ဗုဒ္ဓ တိုက်ပွဲသဏ္ဌာန်က ပို၍ ကြောက်မက်ဖွယ် ကောင်းသည့် ရွှေရောင်နတ်အလင်းတို့နှင့် တောက်ပလာကာ မိုင်တစ်သောင်းခန့်ထိ တောက်ပလင်းလက်နေခဲ့ပေသည်။ ဒင်... ကျယ်လောင်သောအသံနှင့်အတူ နတ်ဘုရားကဲ့သို့သော ကြီးမားသည့် တိုက်ပွဲသဏ္ဌာန်က လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။ ထိုအကန့်အသတ်မဲ့ ကြီးမားသော လက်ဝါးကြီးက မရေတွက်နိုင်သည့် ဗုဒ္ဓအက္ခရာသင်္ကေတများနှင့် ထွင်းထုထားသည်။ ၎င်းက ဖျက်ဆီး၍ မရနိုင်အောင် ဖြစ်သည်။ ၎င်းသည် ဗုဒ္ဓနယ်မြေ၏ အဆင့်မြင့်တိုက်ခိုက်မှုပညာရပ်ဖြစ်သည့် ဗုဒ္ဓနတ်ဘုရားချိပ်စည်း ဖြစ်ပေသည်။

ကောင်းကင်ထက်တွင် ဗုဒ္ဓနတ်ဘုရားချိပ်စည်းနှင့် လောကဖိနှိပ်ခြင်းဂိတ်တံခါးတို့ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ထိပ်တိုက်တွေ့ဆုံသွားသည့် အသံက လေဟာနယ်ကို ဖြတ်သန်း ပဲ့တင်ထပ်လာသည်။ ဗုဒ္ဓနတ်ဘုရားချိပ်စည်းက နတ်ရောင်ဝါတို့ ဖြာထွက်နေပြီး လက်ဝါးတစ်ခုလုံးကို တောက်ပနေစေသည်။ ၎င်းသည် လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။ လောကဖိနှိပ်ခြင်း ဂိတ်တံခါးက တွေ့ကြုံလာသမျှ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ စွမ်းအားများက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ဘုန်း... မိုးချုန်းသံကဲ့သို့ ဆူညံသည့် အသံတို့ ထွက်ပေါ်လာသည်။ ဗုဒ္ဓ၏ နတ်ဘုရားချိပ်စည်းက ပြိုကွဲသွားခဲ့သည်။ လောကဖိနှိိပ်ခြင်း ဂိတ်တံခါးသည်လည်း ပြိုကွဲပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ အားလုံးသော ကျင့်ကြံသူများသည် နောက်ဆက်တွဲ စွမ်းအင်လှိုင်း ရိုက်ခတ်မှုကို တားဆီးရန် သူတို့၏ စွမ်းအားများကို အလျင်စလို ထုတ်လွှတ်လိုက်ကြသည်။

"သူက အရမ်းအားကောင်းတာပဲ။" အောက်ဘက်တွင် ရပ်နေသော ကျင့်ကြံသူများက ပြောလိုက်သည်။

သူတို့က ထိုလွှမ်းမိုးနိုင်သော တိုက်ခိုက်မှုကြောင့် အထင်ကြီးသွားခဲ့ပေသည်။ သူတို့၏ အကြည့်များသည် ကောင်းကင်ထက်ရှိ အဖြူရောင်ဆံပင်နှင့် ပုံရိပ်ပေါ်သို့ ကျရောက်နေခဲ့သည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ နှလုံးသားတို့က ပြင်းထန်စွာ တုန်ယင်နေကြသည်။

သူသည် အမှန်တကယ်ပင် တစ်ယောက်တည်းနှင့် ထိပ်တန်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ပေသည်။ ဗုဒ္ဓနယ်မြေနှင့် ယွမ်ရှီးနယ်မြေတို့မှ ထိပ်တန်းကျင့်ကြံသူများက သူ့ကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သော်လည်း သူတို့က သူ့ကို ဖိနှိပ်နိုင်စွမ်း မရှိနေဆဲ ဖြစ်သည်။ သူက နှစ်ယောက်ကို တစ်ယောက်တည်းနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး သူ၏ တိုက်ခိုက်မှုစွမ်းအားက အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုထက် အားနည်းမနေပေ။

သူတို့အနီးရှိ ထိပ်တန်းကျင့်ကြံသူများစွာက တိုက်ပွဲအား လေ့လာနေကြသည်။ သူတို့၏ နှလုံးသားများကလည်း တင်းကျပ်နေခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံ၏ အုပ်ချုပ်သူ မူလဘုံမှ နံပါတ်တစ် ထိပ်တန်းပါရမီရှင်က အမှန်တကယ် ထိုမျှအထိ အစွမ်းထက်လှပေသည်။ သူက ပြိုင်ဘက်ကင်းသည်။ ကောင်းကင်​ဒေသတစ်ခွင်၌ပင် သူ့ကို ယှဥ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ရှီးချီယောင်က ပြုံးလိုက်သည်။ ယခင်က သူမသည် ရီဖူရှင်းနှင့် ယှဥ်တိုက်ဖူးသည့်အတွက် သူ့ကို အနိုင်ယူရန် မလွယ်ကူကြောင်း သေချာရှင်းလင်းစွာ သိရှိပေသည်။ သူနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း သူမက အရှုံးကို နောက်ဆုံးအချိန်ထိ လက်မခံဘဲ နေခဲ့လျှင် သူတို့၏ တိုက်ပွဲရလဒ်က မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။ သူမက အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ရလဒ်က မသေချာလှချေ။ ထိုလူများက ရီဖူရှင်းအား သူ၏ လျှို့ဝှက်ကတ်အား အလွယ်တကူ ထုတ်ဖော်လာအောင် လုပ်နိုင်စွမ်း မည်သို့ ရှိနိုင်ပါမည်နည်း။

အဆင့်ကိုးရန်ဟောင်က အရှက်မရှိ သူ့ကို တိုက်ခိုက်လာလျှင်ပင် ထိုထူးချွန်သော ထိပ်သီး ပုဂ္ဂိုလ်များက ရီဖူရှင်း၏ သရုပ်မှန်နှင့် စွမ်းရည်အစစ်အမှန်ကို ထုတ်ဖော်နိုင်ရန် သူတို့၏ အသန်မာဆုံး တိုက်ခိုက်မှုများကို မထုတ်ဖော်ဘဲနှင့် စစ်ဆေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

All Chapters