တစ်ခုခုလွှဲနေပြီ
Vol. 166 Ch. 2365
ယွမ်ရှီးနန်းတော်၏ ဆက်ခံသူနှင့် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့ကို ကြည့်ရသည်မှာ အနည်းငယ်ပို၍ လေးနက်လာပုံရသည်။ အားလုံးသော ကျင့်ကြံသူများက ဤတိုက်ပွဲကို စောင့်ကြည့်နေကြသည်။ သူတို့က ရှေးဟောင်းနတ်ဘုရားကလန်၏ အဓိကအင်အားစုနှစ်ခုမှ ဆက်ခံသူများ ဖြစ်ကြသော်လည်း ရီဖူရှင်းအား အမှန်တကယ် အနိုင်ယူနိုင်ခြင်း မရှိကြပေ။ အဖြူရောင်ဆံပင်နှင့် လူငယ်က တစ်ယောက်တည်းနှင့် သူတို့နှစ်ယောက်ကို တပြိုင်တည်း တိုက်ခိုက်နိုင်သည်။ သူက သူတို့ကို လွှမ်းမိုးဖိနှိပ်ထားနိုင်ပေသည်။
ဤသည်မှာ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုက ရီဖူရှင်းအတွက် သက်ရောက်မှုမရှိစေသလို ထင်မှတ်ရစေသည်။
ထိုသည်ကို တွေးမိလိုက်သည်နှင့် သူတို့၏ မျက်လုံးများက ပို၍ တောက်ပကာ လောင်ကျွမ်းလာသည်။ ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်က လက်များကို ဆုပ်လိုက်ကာ ချက်ချင်းပင် တုန်ခါသံတို့က သူတို့အနီးမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ မဟာလမ်းစဥ် နတ်သံစဥ်တို့က သူတို့ကို ဝိုင်းပတ်နေပုံရသည်။ ရွှေရောင်ရောင်ဝါတို့က လေဟာနယ်အတွင်း ပြည့်နှက်နေပြီး ကောင်းကင်တစ်ခွင်ကို ရွှေရောင်များ စွန်းထင်းစေခဲ့သည်။
ဘုန်း...
ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော် ပုံရိပ်က ကောင်းကင်အမြင့်သို့ ထိုးတက်လာသည်။ သူ၏ ပုံရိပ်က ရွှေရောင်ကောင်းကင်အောက်တွင် ရပ်နေပုံရသည်။ သူက တည်ငြိမ်သော အမူအရာနှင့် လက်များကို ဆုပ်လိုက်သည်။ ရွှေရောင်နတ်အလင်းတို့က ကောင်းကင်ကို လွှမ်းမိုးသွားပြီးနောက် လူအုပ်ကြီးသည် မျက်နှာတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ကြရသည်။ ကြည့်ရသည်မှာ ၎င်းက ဗုဒ္ဓနယ်မြေ၏ ရှေးဟောင်းနတ်ဘုရားတစ်ပါး မျက်နှာ ဖြစ်ပေသည်။
အဆုံးမဲ့ ရွှေရောင် နတ်ရောင်ဝါတို့က ကျဆင်းလာကာ လေဟာနယ်ကို လွှမ်းခြုံထားသည်။
၎င်းက ဗုဒ္ဓစက်ကွင်းနယ်မြေပင် ဖြစ်သည်။ အဝေးရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ နှလုံးသားများက တုန်ယင်သွားခဲ့သည်။ ထိုသည်ကို ကြည့်လျှင် ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်က အလေးအနက် ဖြစ်နေပုံရသည်။ သူသည် အမှန်တကယ်ပင် ဗုဒ္ဓစက်ကွင်းနယ်မြေကို ထုတ်လွှတ်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားကလန် ဗုဒ္ဓဘုံသည် ဗုဒ္ဓနယ်မြေအတွင်းမှ အင်အားစုတစ်ခု ဖြစ်သည်။ ၎င်းကို ရှေးခေတ်မဟာအင်ပါယာတစ်းပါးမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။ လက်ရှိတွင် ဗုဒ္ဓဘုံ၏ ကျင့်ကြံခြင်းနယ်မြေက အမှီအခိုကင်းသော လောကတစ်ခု ဖြစ်လာခဲ့သည်။
ဗုဒ္ဓစက်ကွင်းနယ်မြေသည် မဟာအင်ပါယာတစ်ပါးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းက အလွန် အစွမ်းထက်သော အဆင့်မြင့်နည်းစနစ် ဖြစ်ပေသည်။ ဗုဒ္ဓစက်ကွင်းနယ်မြေအတွင်း အရာအားလုံး ကန့်သတ်ခံရပေလိမ့်မည်။ ထွက်ပြေးချင်သည့် မည်သူမဆို စက်ကွင်းနယ်မြေကို ဖြိုခွဲဖျက်ဆီးရပေလိမ့်မည်။ ထိုသို့ လုပ်ဆောင်ရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ဗုဒ္ဓစက်ကွင်းနယ်မြေ သက်ရောက်မှုအောက်တွင် ဗုဒ္ဓနယ်မြေ၏ နတ်စွမ်းအားက အစွမ်းထက်ဆုံး စွမ်းအားတို့ကို ထုတ်လွှတ်နိုင်ပေသည်။ ၎င်း၏ စွမ်းအားတို့က လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းပေသည်။ ယခု ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်က ရီဖူရှင်းကို ရင်ဆိုင်ရန်အတွက် သူ၏ စစ်မှန်သော စွမ်းရည်ကို ထုတ်လွှတ်လိုက်သည်မှာ ရှင်းလင်းနေသည်။
နောက်တစ်နေရာတွင် အခြားကျင့်ကြံသူများ ရှိနေခဲ့သည်။ ယွမ်ရှီးနန်းတော်၏ ဆက်ခံသူက တိုက်ပွဲမြေပြင်ကို စိုက်ကြည့်လိုက်သည်။ ဗုဒ္ဓစက်ကွင်းနယ်မြေ၏ ပေါ်ထွက်လာမှုက သူ့ကို သက်ရောက်စေခဲ့သည်။
သို့သော် ဗုဒ္ဓနယ်မြေ နတ်ဘုရားသားတော်က သူ၏ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်ဖြစ်ရာ ယွမ်ရှီးနန်းတော်၏ ဆက်ခံသူက ယာယီ ထောက်ပံ့သူအဖြစ် လုပ်ဆောင်ပေးရလိမ့်မည် ဖြစ်ပြီး သူ၏ ကြီးမားသော တိုက်ပွဲဝင်္ကပါကို မထုတ်လွှတ်နိုင်သေးပေ။ သူက သေးငယ်သော တိုက်ပွဲဝင်္ကပါကိုသာ အရင်ထုတ်ဖော်နိုင်သည်။
သူက ၎င်းကို ဆုံးဖြတ်ပြီးသည်နှင့် ယွမ်ရှီးနယ်မြေ၏ ဆက်ခံသူက အထက်သို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းပင် နတ်အလင်းတန်းတို့က ကောင်းကင်တွင် လင်းလက်လာသည်။ မတူညီသော နေရာများမှ လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်လာသည်။ ၎င်းတို့က ရေဂယက်များနှင့် တူညီပြီး အပြင်ဘက်သို့ ဖြန့်ကျက်လာ၏။ မကြာခင်မှာပင် ရေဂယက်များမှ ဝင်္ကပါအစီအရင်တစ်ခု ဖြစ်တည်လာပေသည်။
ကောင်းကင်၏ မတူညီသော နေရာများတွင် တူညီသော မြင်ကွင်းများ ဖြစ်ပေါ်လာသည်။ ပို၍ များပြားသော ဝင်္ကပါအစီအရင်တို့ ဖြစ်ပေါ်လာပြီး ဓားစွမ်းအားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ရစ်ဝဲနေသည်။ ဓားစွမ်းအားတို့က မိုင်တစ်ထောင်ခန့် ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံထားသည်။ မတူညီသော ဝင်္ကပါအစီအရင်လေးများက တူညီသည့် ဝင်္ကပါအစီအရင်အဖြစ် အဆုံးသတ်သွားသည်။ ၎င်းက နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါ ဖြစ်သည်။
ဝင်္ကပါအစီအရင်တစ်ခုချင်းစီက နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါပင် ဖြစ်သည်။ ကောင်းကင်ထက်တွင် နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါများက ၉၉ ခု ရှိနေသည်ကို မြင်တွေ့ရပေသည်။ လေဟာနယ်ကို လွှမ်းမိုးထားသည့် စွမ်းအားများက ကောင်းကင်ကို ဖျက်ဆီးပစ်ရန် လုံလောက်နေသည်။ ၎င်းက အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
ယွမ်ရှီးနန်းတော်၏ ဆက်ခံသူက ရီဖူရှင်းအား လက်ညှိုးညွှန်လိုက်သည်။ ၉၉ ခုလုံးသော နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါလေးများကလည်း ရီဖူရှင်းထံသို့ ချိန်ရွယ်ခဲ့သည်။ ချက်ချင်းပင် ရီဖူရှင်းသည် သူ၏ စိတ်ဝိညာဥ်က ဤနေရာအတွင်း ချိတ်ပိတ်ခံထားရသည်ဟု ခံစားမိလိုက်သည်။ ၎င်းသည် သူက မည်သည့်နေရာကိုမှ ပြေးရန်မြေမရှိတော့သလို ထင်မှတ်ရစေသည်။ သူ မည်သည့်နေရာသို့ သွားပါစေ သူ့အား သတ်ဖြတ်မည့် နတ်ဘုရားပြစ်ဒဏ်ဓားများက စောင့်ဆိုင်းနေသလို ခံစားမိပေသည်။
"ဒါက နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါအစီအရင်ရဲ့ နောက်ဆုံးအဆင့် မဟုတ်သေးဘူး။" ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုမှ တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။ ဤနတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါအစီအရင်က ၎င်း၏ နောက်ဆုံးအဆင့်ထိ မရောက်ရှိသေးပေ။ ၎င်းက နောက်ဆုံးအဆင့်သာ ဖြစ်လျှင် ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော် ထုတ်လွှတ်သည့် တိုက်ပွဲသဏ္ဌာန်နှင့် ဆင်တူပေလိမ့်မည်။ ဝင်္ကပါတစ်ခုလုံးက နေကို ပိတ်ဆို့တားဆီးပြီး ကျယ်ပြောသည့် လေဟာနယ်ကို လွှမ်းခြုံသွားလိမ့်မည် ဖြစ်သည်။ ၎င်းက မဟာလမ်းစဥ်၏ နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားပြစ်ဒဏ်ဓားများ ကျဆင်းလာသည့်အခါ အားလုံးသော သက်ရှိများက ပျက်စီးခြင်းဆိုက်ရောက်ရပေလိမ့်မည်။
ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ကျင့်ကြံသူနှစ်ဦးလုံးက အဆင့်မြင့်တိုက်ခိုက်ရေးပညာရပ်များကို ထုတ်လွှတ်ပြီး ကြောက်မက်ဖွယ် စွမ်းအားတို့ကို စုစည်းထားသည်။ သူတို့က သူ့ကို သတ်ဖြတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။ သို့ဆိုလျှင်ပင် သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး မည်သည့်အပြောင်းအလဲမှ ပြသခြင်း မရှိပေ။
သူက ထိုကျင့်ကြံသူနှစ်ယောက်ကို ကြည့်လိုက်သည်။ သဏ္ဌာန်မဲ့စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖြေးညင်းစွာ ထိုးဖောက်သွားသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုပြီး အမှီအခိုကင်းသော နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ ဤနယ်မြေအတွင်း နေမင်းနှင့် လမင်းတို့က တစ်ချိန်တည်း တောက်ပနေခဲ့သည်။ ကြယ်များက ကိုယ်ပိုင်စည်းမျဥ်းများကို လိုက်နာရင်း ဖြေးညင်းစွာ ရွေ့လျားနေသည်။ ထိုနယ်မြေက အပြင်လောကနှင့် ယှဥ်လျှင် မတူညီသော ဥပဒေသများနှင့် လည်ပတ်နေခဲ့သည်။
တောက်ပသည့် အလင်းရောင်ဝါများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးဖြင့် တသားတည်း ဖြစ်သွားသည်။
"ဟမ်" ရှီးချီယောင်က ရီဖူရှင်း ရှိရာသို့ ကြည့်လိုက်သည်။ သူမက တစ်စုံတစ်ရာကို ခပ်ရေးရေး ခံစားမိလိုက်သည်။ သူမသည် ရီဖူရှင်းနှင့် တိုက်ခိုက်သည့်အချိန်အတွင်း နောက်ဆုံးမိနစ်တွင် သူက အချို့သော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်အား ခံစားမိလိုက်၏။ ထိုအချိန်တွင် ၎င်းက မည်သည့်အရာဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမိခဲ့ခြင်း မရှိပေ။
ရီဖူရှင်း၏ လက်ရှိအခြေအနေက ယခင် သူတို့ တိုက်ပွဲအတွင်း အခြေအနေနှင့် ဆင်တူသည်။ သူမ၏ အကြည့်များက ရီဖူရှင်းပေါ်၌ မြဲမြဲနေခဲ့သည်။ သူမက ဗုဒ္ဓဘုံနှင့် ယွမ်ရှီးနန်းတော်မှ ကျင့်ကြံသူတို့က ရီဖူရှင်းကို အနိုင်ယူနိုင်စွမ်း ရှိမရှိ သိချင်နေသည်။
မဟာလမ်းစဥ်၏ တေးသွားက သူတို့ကို ရစ်ပတ်ထားသည်။ ကောင်းကင်ကို လွှမ်းမိုးထားသည့် ဗုဒ္ဓနယ်မြေမှ ရှေးဟောင်းနတ်ဘုရားက လှုပ်ရှားလာသည်။ ချက်ချင်းပင် တောက်ပသည့် နတ်အလင်းတို့က လင်းလက်လာ၏။ နောက်တခဏတွင် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားပြီး ကောင်းကင်တစ်ခုလုံး ပြိုကျတော့မလို ဖြစ်သည်။ အဆုံးမဲ့ ဗုဒ္ဓနတ်ဘုရားချိပ်စည်းက အောက်ဘက်သို့ အရှိန်အဟုန်နှင့် ကျဆင်းလာသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်က အပိုင်းပိုင်း ဖျက်ဆီးခံရတော့မလို ထင်မှတ်ရသည်။ အကန့်အသတ်မဲ့သော ဗုဒ္ဓနတ်ဘုရားချိပ်စည်းများက ရီဖူရှင်းထံ အဆက်မပြတ် တိုးဝင်လာသည်။ ထိုမြင်ကွင်းက အလွန် ခမ်းနားထည်ဝါလှသည်။ ထိုတိုက်ပွဲကို မြင်တွေ့နေရသည့် အားလုံးသော ကျင့်ကြံသူများက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။
ကောင်းကင်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။ အဆုံးမဲ့ ဗုဒ္ဓနတ်ဘုရားချိပ်စည်းက တည်ရှိမှုအားလုံးကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိပေသည်။ သူတို့ကို မည်သူက ဆန့်ကျင်ရပ်တည်နိုင်ပါမည်နည်း။
ချက်ချင်းပင် ဗုဒ္ဓ နတ်ဘုရားချိပ်စည်းက ရီဖူရှင်းရှိရာသို့ ကျဆင်းလာသည်။ သူတို့က သူ့ပုံရိပ်ထံသို့ တိုက်ရိုက် ထိုးဆင်းလာသည်။ ရီဖူရှင်း ရပ်နေသည့် လေဟာနယ်က ရီဖူရှင်းအပါအဝင် အရာအားလုံး ချက်ချင်း ပြိုကျပျက်စီးသွားတော့မည်ပုံ ပေါ်သည်။
ဘုန်း...
ရီဖူရှင်း ရှိနေသည့် နေရာ၌ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော ဗုဒ္ဓနတ်ဘုရားချိပ်စည်းက အောက်သို့ တရှိန်ထိုး ကျဆင်းလာနေပြီး မည်သည့်အရာကမှ ၎င်းတို့ကို မတားဆီးနိုင်ပုံရသည်။
သို့သော် ရီဖူရှင်းက ၎င်းတို့ကို တစ်ချက်သာ ကြည့်လိုက်သည်။ သူ၏ အကြည့်များက တည်ငြိမ်နေ၏။ နောက်တခဏတွင် ဗုဒ္ဓနတ်ဘုရားချိပ်စည်းများက ပြင်းထန်စွာ တုန်ခါနေပြီး တဟုန်ထိုးကျဆင်းလာနေသည့် အရှိန်က ရုတ်တရက် လျော့နည်းသွားသည်။
ထိုတိုက်ခိုက်မှုအရှိန်က အလွန် လျင်မြန်လှသည်။ မစဥ်းစားနိုင်ခင်မှာပင် ရီဖူရှင်းက အသတ်ခံလိုက်ရနိုင်ပေသည်။
သို့သော် များပြားလှသော ကျင့်ကြံသူများသည် ကျဆင်းလာနေသည့် ဗုဒ္ဓနတ်ဘုရားချိပ်စည်းတို့က အရှိန်လျော့နည်းလာသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်ကြပေသည်။ မဟာလမ်းစဥ်၏ စွမ်းအားတချို့ စီးဆင်းမှုကလည်း နှေးကွေးလာပုံရသည်။
လရောင်များ ဖြာကျလာပြီး လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ ၎င်းက အလွန် အေးစက်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။ လေဟာနယ်က အေးခဲသွားတော့မလို ထင်မှတ်ရသည်။ အစွမ်းထက်သော လေဟာနယ်စွမ်းအားကလည်း ထိုနေရာကို လွှမ်းခြုံထားသည်။ ထိုနေရာအတွင်း မဟာလမ်းစဥ်စွမ်းအား နိယာမတို့က အပြင်လောကနှင့် မတူညီပုံရသည်။
ဤနေရာအတွင်း ရီဖူရှင်းက အကြွင်းမဲ့ ထိန်းချုပ်သူ ဖြစ်သည်။ ထိုကဲ့သို့ လွှမ်းမိုးနိုင်ကာ အစွမ်းထက်သော တိုက်ခိုက်မှုက ထိုမဟာလမ်းစဥ်နယ်မြေအတွင်း ဝင်ရောက်လာသည့်အခါ၌ပင် နယ်မြေအတွင်း စွမ်းအားသက်ရောက်မှုမှာ အပြင်ဘက်လောကထက် ပို၍ အားကောင်းနေဆဲ ဖြစ်သည်။
ဘုန်း.. ယင်နတ်အလင်းတို့က အောက်သို့ ကျဆင်းလာပြီး ဗုဒ္ဓနတ်ဘုရားချိပ်စည်းများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ နတ်ဘုရားချိပ်စည်းများက အေးစက်သည့် ရေခဲတစ်လွှာဖြင့် ဖုံးအုပ်လိုက်သည်။ သို့ဆိုလျှင်ပင် ကြောက်မက်ဖွယ် နတ်ဘုရားချိပ်စည်းများက ရီဖူရှင်းအား ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ကြောက်မက်ဖွယ် တုန်ခါသံများနှင့်အတူ အရှိန်ပြင်းစွာ ကျဆင်းလာသည်။
ထို့နောက် ကောင်းကင်၌ မရပ်မနားလှည့်ပတ်နေသည့် ကြယ်များက ထိုဗုဒ္ဓနတ်ဘုရားချိပ်စည်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ကြယ်များက ချိပ်စည်းများကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်၏။ ထိုဗုဒ္ဓနတ်ဘုရားချိပ်စည်းများက ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့ရာ လူအများ မှန်းဆထားသကဲ့သို့ အစွမ်းထက်ပုံမပေါ်နေပေ။
"ဘာတွေဖြစ်နေတာလဲ။" တချို့ကျင့်ကြံသူများက ရေရွတ်လိုက်သည်။ သူတို့သည် ထို အံ့သြထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် အံ့သြမှင်တက်သွားခဲ့သည်။ တစ်ခုခုက လွဲမှားနေပြီ ဖြစ်၏။