← Chapters

နတ်မိမယ် 

Vol. 166 Ch. 2368

နတ်မိမယ် 

Vol. 166 Ch. 2368

"စက်ဆုပ်စရာကောင်းတဲ့ကောင်။" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုသူက မျက်မမြင်ထျယ် ဖြစ်ပေသည်။

အဆင့်ကိုး အထွတ်အထိပ် ရန်ဟောင်က ရီဖူရှင်းကို တိုက်ခိုက်ရဲပေသည်။

ကောင်းကင်ဒေသမှ ကျင့်ကြံသူများက မျက်မမြင်ထျယ်ကို တစ်ချက် ကြည့်လိုက်ကြသည်။ အကန့်အသတ်မဲ့ ကြီးမားသည့် လက်ဝါးရိပ်တစ်ခုက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီးနောက် မျက်မမြင်ထျယ်ထံသို့ တိုးဝင်လာသည်။ ၎င်းက ဟောက်ထျန်းကလန်မှ အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ၏ အဝတ်များက တဖျတ်ဖျတ် လွင့်နေပြီး သူက ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ လက်ကို မြှောက်လိုက်ပြီး သူက လက်ဝါးတစ်ချက်တည်းဖြင့် လေဟာနယ်ကို ဖိနှိပ်လာသည်။

မျက်မမြင်ထျယ်က ဒေါသထွက်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးက တောက်ပနေကာ သူ့အပေါ်သို့ နတ်ရောင်ဝါတို့ ကျရောက်လာသည်။ နတ်ဘုရားတူတစ်လက် ပေါ်ပေါက်လာပြီး ထိုလက်ဝါးကြီးက အောက်သို့ တိုက်ရိုက်ကျဆင်းလာသည်။ ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်ထက်မှ ဆူဆူညံညံ ထွက်ပေါ်လာသည်။ မျက်မမြင်ထျယ်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သော်လည်း သူက နောက်သို့ ပြန်ဆုတ်ခွာသွားကာ သူ၏ အထက်ကို တက်နေသော အရှိန်အဟုန်က ရပ်တန့်သွားရပေသည်။

ဘုန်း... ဘုန်း... ကောင်းကင်အာဏာစက်ကျောင်းတော် ရှိရာဘက်မှ အဆင့်ကိုးရန်ဟောင်များစွာက လေထဲသို့ တက်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်ဒေသ၏ အင်အားစုများစွာမှ ရန်ဟောင်များကလည်း ရှေ့သို့ ခြေလှမ်းလာကာ သူတို့၏ လမ်းကို ပိတ်ဆို့တားဆီးရန် ကြိုးစားလိုက်ကြသည်။

"ဒါကတော့ နည်းနည်း လွန်လွန်းသွားပြီ။" အင်ပါယာရှီကလည်း ပြောရင်း အထက်သို့ တက်လာခဲ့သည်။ သို့သော် ကောင်းကင်ဒေသမှ အကြီးအကဲတစ်ယောက်က ကြားဝင်လာ၏။ "ပညာဖလှယ်ရုံလေးလောက်နဲ့ စိတ်ပူစရာမလိုပါဘူး။ စိတ်ချပါ.. ကောင်းကင်ဒေသနဲ့ မူလဘုံက တသားတည်းပါပဲ။ ကျုပ်တို့က ရန်ဟောင်ရီကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။"

သူက ပြောပြီးသွားသည်နှင့် မမြင်နိုင်သည့် စွမ်းအင်၏ ဖိအားက အဆုံးမဲ့လေဟာနယ်အတွင်း လွှမ်းခြုံလာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်တို့က အားကောင်းလှသော်လည်း ကောင်းကင်ဒေသမှ အင်အားစုများနှင့် ယှဥ်လျှင် အားနည်းနေသေးသည်။ အထူးသဖြင့် ထိပ်တန်းအဆင့်၌ ရှိသည့် အခြားသူများနှင့် ယှဥ်ရန်မှာ သူတို့အတွက် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

သို့သော် အဝေးမှ ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ထိုနေရာသို့ ရောက်ရှိလာသည်။ သူတို့က စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ဖြစ်သည်။ သူတို့က ဤနေရာမှ အခြေအနေကို သိရသည်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လျင်မြန်စွာ ရောက်ရှိလာပေသည်။ သို့သော် တိုက်ပွဲမြေပြင်၌ ရှိနေသည့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိခဲ့ပေ။

ဤနေရာက ရှန်းယိကုန်းမြေမဟုတ်သလို အဆင့်မြင့်ဝင်္ကပါအစီအရင်လည်း မရှိသည့်အတွက် စွန့်ပစ်ခံကလန်၏ ရောက်ရှိလာမှုက မည်သည့် အဓိပ်ပါယျမှ မရှိသလို ပြောင်းလဲသွားမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ထက် ကျယ်ပြောသော လေဟာနယ်အတွင်း တိုက်ပွဲနေရာက အဝေးသို့တိုင် ကျယ်ပြန့်လာခဲ့သည်။ အဆုံးမှာတော့ သူတို့ကဲ့သို့ အရည်အချင်းရှိသည့် တစ်စုံတစ်ယောက်က တိုက်ခိုက်လာသည့်အခါ လက်တစ်ချက်ဝေ့လိုက်ရုံနှင့် မိုင်ပေါင်း ထောင်ချီသော အကွာအဝေးသို့ ရောက်ရှိနိုင်ပေသည်။ အနန္တတောင်တန်းမှ ထိပ်တန်းကျင့်ကြံသူက လက်ကို မြှောက်လိုက်ပြီး မရေတွက်နိုင်သည့် နတ်ဓားများက ကောင်းကင်မှ ကျဆင်းလာကာ တစ်ခုချင်းစီက ကြောက်မက်ဖွယ် စွမ်းအားတို့ ပါဝင်နေပြီး လေဟာနယ်ကို ဖျက်ဆီးကာ ထိတ်လန့်ဖွယ် အသံတို့နှင့်အတူ ရီဖူရှင်းထံ ဦးတည်လာသည်။

ထိုနတ်ဓားများကျဆင်းလာသည့် မဟာလမ်းစဥ် နယ်မြေအတွင်း ဟန့်တားမှုအချို့ ရှိနေသော်လည်း ဤတစ်ကြိမ်၌ လှုပ်ရှားလာသည့် ကျင့်ကြံသူက အဆင့်ကိုးရန်ဟောင် ဖြစ်သည်။ ထို့ကြောင့် စက်ကွင်းနယ်မြေအတွင်းမှ မဟာလမ်းစဥ်အရှိန်အဝါတို့က နတ်ဓားများကို အပြည့်အဝ မတားဆီးနိုင်ပေ။ ကြယ်များက စီးဆင်းနေပြီး အချို့သော ဓားများက ပျက်စီးသွားသော်လည်း ထိုဓားများသည် နေရာအနှံ့၌ ရှိနေခဲ့ကာ အဆုံးမရှိသည့် ကောင်းကင်ကို မြှုပ်နှံပစ်တော့မလို ထင်မှတ်ရပေသည်။

"အနှိုင်းမဲ့ပဲ။" လူအများက မော့ကြည့်လိုက်သည်။ ထိုနေရာရှိ တိုက်ပွဲသို့ အသစ်ဝင်ရောက်လာသော အနန္တနတ်ဘုရားသားတော်က အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက လှုပ်ရှားလိုက်လျှင် ရီဖူရှငအနေနှင့် သူ့ကို ယှဥ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲက မျှတသော တိုက်ပွဲတစ်ခု ဖြစ်နေခြင်း မရှိတော့ချေ။

ရီဖူရှင်းက ကြယ်အလင်းလွှာဖြင့် ဝန်းရံခံထားရပြီး အကြွင်းမဲ့ ခုခံကာကွယ်မှုကို ဖန်တီးပေးထားသည်။ သို့သော် ကောင်းကင်အပြည့် နတ်ဓားများကျဆင်းလာပြီး ကျယ်လောင်သော တုန်ခါသံတို့နှင့် ကြယ်များသည် အနောက်သို့ လွင့်စင်သွားပြီး ရီဖူရှင်း ရှိနေသည့် နေရာအပါအဝင် ပြိုကွဲပျက်စီးသွားခဲ့ပေသည်။

ရီဖူရှင်းက နောက်သို့ ဆက်လက် ဆုတ်ခွာသွားစဥ်တွင် ကောင်းကင်နှင့် မြေကြီးကြားမှ အနန္တဓားများက ရှေ့ကို ဆက်လက် တိုက်ခိုက်လာပေသည်။

ဘန်း.. ဘန်း... ဘန်း....... ရီဖူရှင်း၏ ခန္ဓာကိုယ်ကို နတ်ဓားများက ရိုက်ခတ်သွားပြီး သူနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ များပြားလှသော နတ်ဓားများက ချေမွဖျက်ဆီးခံလိုက်ရစဥ်တွင် ရီဖူရှင်းသည်လည်း နောက်သို့ လွင့်စင်သွားခဲ့ကာ ခပ်တိုးတိုး ညည်းညူလိုက်သည်။

ကြောက်မက်ဖွယ် ဓားမုန်တိုင်းက ကောင်းကင်ကို လွှမ်းခြုံလာကာ အနန္တနတ်ဓားများက ရုတ်တရက် ရီဖူရှင်းထက် ကောင်းကင်၌ ရပ်တန့်သွားသော်လည်း သူ့ကို ဦးတည်လာခဲ့ပေသည်။

အနန္တနတ်ဘုရားသားတော်က အဆင့်ကိုး ရန်ဟောင်အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက ထူးခြားသော ပါရမီအရည်အချင်း ရှိသည်ဟု ကျော်ကြားပေသည်။ သူက အနန္တနယ်မြေမှ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် အဆင့်ခုနစ်ရန်ဟောင်သာ ဖြစ်သော ရီဖူရှင်းအား ဆန့်ကျင်တိုက်ခိုက်ခြင်းက ဂုဏ်ယူစရာတော့ မဟုတ်ပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင့်မားလာသော စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့သော်လည်း အဘိုးမာက ပြောလိုက်သည်။ "စိတ်မပူကြနဲ့။ သူက လုပ်နိုင်ပါသေးတယ်။"

ယခင်က သူသည် ရီဖူရှင်း မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ပြန်ယူကာ လေးမျက်နှာကျေးရွာသို့ ပြန်လာစဥ် အတူလိုက်ပါခဲ့သည်။ ရီဖူရှင်းက အမှန်တကယ် အန္တရာယ်ရှိလျှင် တိုက်ပွဲအတွင်း နတ်ဘုရားရုပ်ကြွင်းကို ထုတ်ယူလိုက်မည်မှာ သေချာပေသည်။ ထိုသူများက ၎င်းအခြေအနေကို ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းက အနည်းငယ် လွန်လွန်းနေဆဲ ဖြစ်သည်။

"အင်ပါယာရီ ကျုပ်တို့ မြင်တွေ့ရအောင် နယ်နိမိတ်ဝင်ရိုးရဲ့ သဏ္ဌာန်အစစ်အမှန်ဖို့ ထုတ်ဖော်ဖို့ အစီအစဥ်များ မရှိဘူးလား။" ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်းက ဝှက်ဖဲအားလုံး ထုတ်ဖော်လာမည့်အချိန်အား စောင့်ဆိုင်းနေကြပေသည်။ သူတို့က ရီဖူရှင်း ကိုင်ဆောင်ထားသည့် လျှို့ဝှက်ချက်အားလုံးကို မြင်တွေ့ချင်နေကြသည်။

သို့သော် ယခုထိတိုင် သူတို့က ရှာဖွေနိုင်ခြင်းမရှိသေးပေ။

"စိတ်မပူပါနဲ့။ ကျုပ်တို့ မင်းကို တကယ် ထိခိုက်အောင် မလုပ်ပါဘူး။ မင်း ဘယ်လောက်ထိ အားကောင်းလဲဆိုတာ မြင်တွေ့ချင်ရုံပါပဲ။" အနန္တနတ်ဘုရားသားတော်က ပြောလိုက်သည်။ သူတို့အနီး ကျယ်ပြောသော လေဟာနယ်ကို နတ်အလင်းတို့က ဝန်းရံထားပြီး ရီဖူရှင်းကို ကာကွယ်ပေးထားသည်။

ရီဖူရှင်းက ထိုကျင့်ကြံသူများကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက အလွန် အေးစက်နေခဲ့သည်။ သူက မဟာအင်ပါယာရုပ်ကြွင်းကို ထုတ်ယူရန် လက်အား ဆန့်ထုတ်လိုက်သည်။

"မင်းက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်တာ သိပေမယ့် အခု ဒီနေရာမှာ တကယ် ထုတ်ပြီး အသုံးပြုမယ်ဆိုရင် အဲဒါကို မင်း ဆက် ထိန်းသိမ်းထားနိုင်စွမ်းရှိမရှိဆိုတာ ထည့်စဥ်းစားသင့်တယ်။" တစ်စုံတစ်ယောက်က ခြိမ်းခြောက်မှု အနည်းငယ် ပါဝင်သည့် အကြံပြုချက်ကို ထုတ်ပြောလိုက်သည်။ ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများက ရီဖူရှင်း ပိုင်ဆိုင်ထားသည့် မဟာအင်ပါယာ အမွေအနှစ်များအတွက် ဆန့်ကျင်အကွက်ဆင်နေကြခြင်း ဖြစ်သည်။ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထုတ်ယူလိုက်လျှင် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးတွင် ရှင်သန်ကျန်ရစ်ခဲ့သူတို့က ဘေးတွင် ရပ်ကာ စောင့်ကြည့်နေတော့မည် မဟုတ်ပေ။

ရှင်းလင်းစွာပင် ရီဖူရှင်းကလည်း ၎င်းကို ကောင်းစွာ နားလည်ပေသည်။ သူက ထိုလူများကို ဝေ့ကြည့်ကာ မေးလိုက်၏။ "အဲဒီတော့ ခင်ဗျားတို့က ဒီနေ့ ကျုပ်ကို ဖိအားပေးဖို့ ဆုံးဖြတ်ပြီးပြီလား။"

သူသည် အခုထိတိုင် ကောင်းကင်ဒေသမှ ထိုကျင့်ကြံခြင်းအင်အားစုများကို ဆန့်ကျင်ချင်သည့်စိတ် မရှိသေးပေ။ မူလဘုံအတွင်းမှ လက်ရှိအခြေအနေအောက်တွင် သူက သူ့ကိုယ်သူ တိုးတက်စေရန် တိတ်တဆိတ်သာ ကျင့်ကြံချင်နေဆဲ ဖြစ်သည်။ သို့သော် ကောင်းကင်ဒေသမှ ထိုလူများက သူ့ကို လွှတ်ပေးလိုခြင်းမရှိလျှင် သူ့တွင် ရွေးချယ်စရာ မရှိဘဲ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို ပေါင်းစည်းကာ ဆန့်ကျင်တိုက်ခိုက်ရပေလိမ့်မည်။

"ကျုပ်တို့က ရန်ဟောင်ရီရဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို မြင်တွေ့ချင်ရုံပါပဲ။" နတ်အလင်းတို့နှင့်  ရှေးဟောင်းနတ်ဘုရားကလန်မှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ သူတို့အားလုံးက အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူက ဆက်ပြောလိုက်သည်။ "ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူတွေက ကောင်းကင်ဒေသရဲ့ အကောင်းတကာ့အကောင်းဆုံးတွေချည်းပဲ။"

ရီဖူရှင်းက ထိုကျင့်ကြံသူများကို ကြည့်လိုက်ကာ သူ့ထံမှ မမြင်နိုင်သော လှိုင်းများက အဆုံးမဲ့ လေဟာနယ်ထံ ဖြန့်ကျက်သွားကာ ထိုကျင့်ကြံသူများထံ ရောက်ရှိသွားပေသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ဒေသမှ ထိုထိပ်သီးအဆင့်ပုဂ္ဂိုလ်များက သိချင်စိတ်နှင့် ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက နောက်ဆုံး၌ သူ၏ နယ်နိမိတ်ဝင်ရိုးအား ဖုံးကွယ်မထားတော့ရန် ဆုံးဖြတ်လိုက်ပေသည်။

ဘုန်း... ဘုန်း... ဘုန်း.... ရီဖူရှင်းအနီးတွင် စုစည်းနေသော ကျင့်ကြံသူများအား လင်းလက်တောက်ပသည့် နတ်အလင်းတို့က ဝန်းရံထားသည်။ တစ်ယောက်ချင်းစီ၏ အရှိန်အဝါတို့က အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး  ခမ်းနားထည်ဝါမှုက အနှိုင်းမဲ့ပင် ဖြစ်သည်။ မဟာလမ်းစဥ်၏ နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည့်အခါ ကြောက်မက်ဖွယ် အရှိန်အဝါတို့ စုစည်းကာထွက်ပေါ်လာသည်။ သူတို့က လှုပ်ရှားရန်အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုအချိန်၌ ကောင်းကင်ထက်တွင် နတ်အလင်းတို့ ရုတ်တရက် လွှမ်းခြုံလာသည်။ နတ်အလင်းတို့က နှိုင်းယှဥ်မရအောင် တောက်ပနေပြီး ၎င်းသည် ကောင်းကင်အပြင်ဘက်မှ ထွက်ပေါ်လာကာ တိုက်ပွဲသို့ တိုက်ရိုက် ကျဆင်းလာပုံရသည်။

"ဘာတွေလဲ။" ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူတို့က တစ်စုံတစ်ယောက် ရောက်လာနေသည်ကို အပြည့်အဝ သတိမပြုမိခဲ့ပေ။

နတ်အာရုံတိုင်းက ကောင်းကင်သို့ တိုးဝင်သွားပြီး ကောင်းကင်အပြည့် နတ်အလင်းတို့ကို မြင်တွေ့လိုက်ရပြီး အောက်ဘက်တိုက်ပွဲမြေပြင်သို့ ပုံရိပ်တစ်ခု လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

အကန့်အသတ်မဲ့သော နတ်အလင်းတို့၏ အလယ်တွင် နတ်ရောင်ဝါတို့ လွှမ်းခြုံထားသည့် ကျိုထျန်းနတ်မိမယ်ကဲ့သို့ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။ သူမက နေမင်း၏ နွေးထွေးသော ရောင်ဝါတို့ လွှမ်းခြုံထားပြီး ခမ်းနားထည်ဝါသည့် အသွင်အပြင်နှင့် နှိုင်းယှဥ်မရအောင် လှပသည့် မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူမက အထက်စီးဆန်ပြီး မြင့်မြတ်ကာ ကျက်သရေတင့်တယ်လှသည်။ သူမသည် ဤလောကမှ လူသားတစ်ယောက် မဟုတ်သလို ထင်မှတ်ရသည်။

သူတို့၏ မျက်လုံးများက သူမကို မြင်သောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့က ကောင်းကင်ထက်၌ ထွက်ပေါ်လာသော နတ်မိမယ်ကို ကြည့်လိုက်ပြီး မယုံကြည်နိုင်မှုနှင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရီဖူရှင်းသည် အဆုံးမဲ့ နတ်ရောင်ဝါများက သူ့အပေါ် လွှမ်းခြုံလာသည့်အခါ ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူက နှိုင်းယှဥ်မရနိုင်သော နတ်အလင်းတို့နှင့်အတူ ရောက်ရှိလာသည့် နတ်မိမယ်ကို မြင်သောအခါ အကြည့်လုံးဝ မလွှဲဖယ်နိုင်တော့ပေ။

All Chapters