← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

'' ဒီလိုဆိုရင်ရော?

ထျန်ယုဆိုတဲ့ကုပ္မဏီမှာရင်းနှီးမြုပ်နှံဖို့ကူညီပေး ''

'' ကုမ္ပဏီအသစ်ကနေအမြတ်တွေလည်းရလာမယ် အဲ့ကနေတခြား ကုမ္ပဏီကြီးတွေမှာထပ်ရင်းနှီးမယ်

အဲ့လိုတွေမလုပ်ခင် စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာမှာကူညီပေး

အဖွဲ့တစ်ခု ဖွဲ့ပြီး မင်းက ဦးဆောင်ပေးရုံပဲ ''

ထန်ရှင်က ရှန်ဟိုင်းတက္ကသိုလ်ကနေ ငွေကြေးမေဂျာနဲ့ ဘွဲ့ရထားတာဆိုတော့ဒါတွေစီစဥ်ဖို့ကသိပ်မခက်ဘူး

သူသေချာလုပ်ရင်ကုမ္ပဏီရဲ့ဝါရင့်တစ်ယောက်ဖြစ်လာမှာ

ဟိုတယ်မှာလုပ်တာနဲ့ယှဥ်ရင် လုံးဝပြောင်းလဲသွားမှာ

ပြီးတော့ချင်းယွီမှာရှိတဲ့ငွေနဲ့ကုမ္ပဏီတစ်ခုထောင်မယ်ဆိုရင် ကုမ္ပဏီကြီးဖြစ်မှာ

အဲ့တော့သူလည်းစာကလေးဘဝကနေ ဇာမဏီဖြစ်သွားမယ်ဆိုတဲ့သဘောပဲ

'' ဘာအရင်လုပ်ရမလဲ ဘော့စ် ''

'' မင်းဘဏ်နံပါတ်ပြောပြ ငွေပမာဏတစ်ခုမင်းဘဏ်အကောင့်ထဲထည့်ပေးမယ် ပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းလုပ်''

'' ကောင်းပါပြီ ''

ထန်ရှင်သူ့ဘဏ်နံပါတ်ပေးလိုက်သည်

ချင်းယွီယူလိုက်ပြီးထန်ရှင့်ရှေ့မှာဖုန်းနဲ့ဟိုရွေ့ဒီရွေ့လုပ်လိုက်သည်

ဒါပေမဲ့တကယ်တမ်းက စနစ်ကိုထန်ရှင့်အကောင့်ထဲပိုက်ဆံထည့် ခိုင်းနေတာ

[ဒင်! အောင်မြင်စွာငွေလွဲပြီး

လက်ခံသူစေခိုင်းသည့်အကောင့်တွင်း တစ်သန်းအောင်မြင်စွာလွဲပြောင်းပြီး]

ချင်းယွီစနစ်ကငွေလွဲပြီးတာသိတော့ ထန်ရှင့်ဆီဘဏ်ကဒ်ပြန်ပေးလိုက်ပြီး

'' မင်းအကောင့်ထဲတစ်သန်းထည့်ပေးထားတယ် ငါ့လက်မှတ်လည်းပေးလိုက်မယ် ကုမ္ပဏီကိုမှတ်ပုံတင်ပေး(..) ကိုထျန်ယုရင်းနှီးမြုပ်နှံမှုမှာသုံးဖို့ မှတ်ပုံတင်လိုက် ကုမ္ပဏီလည်ပတ်ဖို့ ရင်းနှီးမြုပ်နှံဖို့သုံးလို့ရတယ် ပြီးတော့ အဲ့ထဲက သိန်း၃၀၀က မင်းလစာ ''

ထန်ရှင် ဘီလီယမ်ဒေါ်လာဘဏ်ကပို့တဲ့စာကိုကြည့်ပြီး လည်ချောင်းခြောက်လာသည်

'' ဘော့စ် ဘောစ့် ကျွန်မအကောင့်ထဲကိုပိုက်ဆံတွေအများကြီးထည့်ပေးထားတာ အဲ့လောက်တောင်ယုံတာလား ဒီပိုက်ဆံတွေယူပြီးထွက်ပြေးမှာမကြောက်ဘူးလား ဟင် ''

'' မင်းကိုယုံတယ် မဟုတ်ရင်အတွင်းရေးမှူးလုပ်ခိုင်းမှာတောင်မဟုတ်ဘူး ''

'' ကျေးဇူးပါဘော့စ်

စိတ်မပျက်စေရပါဘူး ''

'' ကုမ္ပဏီလိပ်စာကဘယ်မှာလုပ်မလဲ ရုံးခန်းအရင်ငှားချင်လား ''

''အဲဒါမေ့သွားတယ် ''

'' ဒီလိုလုပ် ဟွာဂျန်းပလာဇာကိုသွားပြီး မန်နေဂျာ ဂျန်ရှင်ကိုရှာလိုက် ပြီးတော့ကျွန်တော့်နာမည်ကိုပြောပြီး အဲ့က ကြိုက်တဲ့ရုံးခန်းရွေးလိုက် ''

'' ဘော့စ်က ဟွာဂျန်းပလာဇာနဲ့ဘယ်လိုပတ်သတ်တာလဲ သူတို့ လက်ခံပါ့မလား ''

ထန်ရှင်စပ်စုပြီးမေးလိုက်သည်

ပြီးတော့သူအဲဒီနေရာနဲ့လည်းမစိမ်းဘူး

နမ်ဂျန်းမှာ ရုံးအများဆုံးရှိတဲ့နေရာလေ ။

'' ဟွာဂျန်ပလာဇာက ကျုပ်ပိုင်တာလေ သဘောမတူမယ်ထင်နေလား ''

ချင်းယွီရယ်လိုက်သည်

သူပိုင်တယ်လို့ပြောတာကြားတော့ထန်ရှင်တအားလွှမ်းမိုးခံလိုက်ရသည်

'' ဘာမှမဖြစ်ပါဘူးဘော့စ် ဟွာဂျန်းပလာဇာကိုအရင်သွားပြီး ရုံးလိပ်စာအရင်လုပ်လိုက်ပါ့မယ် ''

ချင်းယွီခေါင်းငြိမ့်ပြီး ပြုံးလိုက်သည်

အဲ့အချိန်မှာဟိုတယ်ဝန်ထမ်းတစ်ယောက်ချင်းယွီအတွက်မနက်စာယူလာပေးသည်

'' တူတူလာစားလေနှစ်ယောက်စာမှာထားတာ ဗိုက်ဝမှသေချာအလုပ်လုပ်နိုင်တာမလို့ ''

'' ဟုတ်ကဲ့ဒါဆိုလည်းလေးလေးစားစားလိုက်နာပါ့မယ်ရှင်''

ထန်ရှင်လည်းပြုံးပြပြီးထိုင်လိုက်သည်

တစ်ချိန်တည်းတွင်......

ချင်းယွီနေတဲ့အထပ်နဲ့တစ်ထပ်အကွာ

ဂျန်ယွမ်ဟိုတယ်ဥက္ကဌရုံးခန်းထဲမှာ

မာရီကွမ်လေးလေးစားစားရပ်လိုက်နေ၏

သူနဲ့မျက်နှာချင်းဆိုင် ခုံပေါ်မှာအသက်၅၀အရွယ်အမျိုးသားတစ်ယောက်ထိုင်နေတယ်

သူကတော့ ဂျန်ယွမ်ဟိုတယ်ရဲ့အကြီးဆုံးရှယ်ယာရှင် ဟိုတယ်ဥက္ကဌ ယွမ်ဇန်ဂန်။

'' ဟိုတယ်လက်တလောစီးပွားရေးဘယ်လိုလဲ မာရီကွမ်?ထွေထွေထူးထူးမရှိဘူးလား ''

သူကဂျန်ယွမ်ဟိုတယ်ရဲ့ဥက္ကဌတင်မကဘူး ယွမ်မိသားစုရဲ့အကြီးအကဲလေ ဒီနှစ်ပိုင်းအတွင်းမိသားစုစီးပွားရေးတွေလည်းတိုးချဲ့လာတော့ ဟိုတယ်ကိုသိပ်စိတ်မဝင်စားတော့ဘူး

အဲ့တော့ ဒီကိုခဏလောက်ပဲလာတယ်ကျန်တာကို မာရီကွမ်ကိုလွဲထားတာ

''လုပ်ငန်းလည်းတစ်ဖြည်းဖြည်းနဲ့၃၀ ရာခိုင်နှုန်း အထိတိုးလာပါပြီ'’

'' ကောင်းတယ် ''

'' တွေးကြည့်ရင်ငါဘာလို့ဒီနေ့လာလဲသိမှာပါ မစ္စတာ ရှီကဒီနေ့ရှယ်ယာလွဲပေးမယ်လို့ပြောထားတာ ပြီးတော့ ဒီနေ့စာချုပ်ချုပ်မှာ ရှယ်ယာလွဲပြောင်းစာချုပ်ပြင်ပေးထား ပြဿနာမတတ်စေနဲ့ စာချုပ်ချုပ်ပြီးတာနဲ့ဟိုတယ်က ယွမ်မိသားစုအပိုင်ထပ်ဖြစ်လာမှာ မင်းတော်တယ် မင်းကိုပဲထပ်ခန့်မယ်

နှစ်ကုန်ကျရင်အမြတ်နှစ်ဆမကဘူး လုပ်အားခလည်းတိုးပေးမယ် ''

'' ဥက္ကဌ ယွမ်ထင်ထားတာထက်ပိုကြိုးစားပါ့မယ် ''

'' ကဲဆင်းကြတော့ သခင်လေးဒီလာကိုလည်းစောင့်နေကြဦး သူလာတာနဲ့ ပြော ''

'' ဟုတ်ကဲ့ ဥက္ကဌယွမ် ဒါဆိုကျွန်တော်သွားပါတော့မယ် ''

မာရီကွမ်ပြန်သွားတော့သူ့ကိုယ့်သူပြောလိုက်သည်

ဂျန်ယွမ်ဟိုတယ်က ဂျင်ဟွာ့ရှယ်ယာ၂၀ ရာခိုင်နှုန်း ရသွားပြီ ဟိုတယ်က ငါ့လက်ထဲထပ်ရောက်လာမှာ အရေးကြီးအချက်တစ်ခုလွတ်နေတာက

ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း ရဖို့ဆိုရင် ဘဏ်က ရှယ်ယာတွေလည်းကျန်သေးသည်

ယွမ်မိသားစုမှာစားသောက်ဆိုင်ပေါင်း ၁၀ဆိုင်ကျော်ရှိ၏

ဒီအချိန်မှာ ဖန်မိသားစုကိုဖယ်လိုက်ရင်

ယွမ်မိသားစုက မြိုထဲမှာ အာဏာအကြီးဆုံးပဲ ဘယ်သူမှလာမထိရဲတဲ့အောင်မြင်မှုလို့သတ်မှတ်လို့ရမယ်

ဒါပေမဲ့ ရန်သူတွေအများကြီးကိုရန်စသလိုလည်းဖြစ်သွားမှာ။

သခင်ကြီးယွမ်ဆုံးသွားတုန်းက ယွမ်မိသားစုရဲ့အထောက်အပံ့ကြီးကိုဆုံးရှုံးလိုက်ရသည်

အာဏာကျသွားပြီး အချမ်းသာဆုံးမိသားစုကနေ ဒုတိယအချမ်းသာဆုံးမိသားစုဖြစ်သွားသည်

ကွင်းဆက်ကြီးလည်းပျက်သွားသလိုအရင်ရန်သူတွေနဲ့ ဘေးပတ်ပတ်လည်ကရန်သူတွေကလည်းစောင့်ကြည့်နေကြ၏

အဲ့တော့ယွမ်ဇန်ဂန်ဘာမှမတတ်နိုင်ဘဲ သူ့ပိုင်ဆိုင်မှုတွေကို ခွဲရောင်းလိုက်ရပြီး နောက်ဆုံးကျဂျန်ယွမ်ဟိုတယ်ရဲ့ရှယ်ယာ၄၀ ရာခိုင်နှုန်းပဲလက်ထဲကျန်ခဲ့သည်

ပြီးတော့ငွေပမာဏအများကြီးယူပြီးတခြားလုပ်ငန်းတွေစလုပ်ခဲ့၏

အခုတော့ယွမ်မိသားစုကပြန်အားကောင်းလာပြီး ဘယ်သူမှအသာလေးရန်မစရဲတော့ဘူး

ယွမ်ဇန်ဂန်ချက်ချင်းဂျန်ယွမ်ဟိုတယ်ကိုစစ်ဖို့လာခဲ့တာ ရှောင်ဂျင်ဟွာကလည်း ဒီအချိန်မှာမှ ပရောဂျက်ထဲမှာ ရင်းနှီးမြုပ်နှံချင်ပြီးငွေအရေးပေါ်လိုလို့ ရှယ်ယာလွဲပေးဖို့ဖြစ်လာသည်

ဂျန်ယွန်ဟိုတယ်ကနှစ်စဥ်ဝင်ငွေများပေမဲ့အမြတ်ကရှယ်ယာအပေါ်မူတည်နေတာ။

ဘယ်သူမှအဆက်အသွယ်တွေကိုအထင်မသေးရဲဘူး။

နမ်ဂျန်းမြို့ရဲ့အဆင့်တန်းမြင့်ဟိုတယ်ဆိုတဲ့အတိုင်းပဲ ဂျန်ယွမ်ဟိုတယ်မှာအဆင့်အတန်းပေါင်းစုံကလူတွေနဲ့အဆက်အသွယ်လုပ်လို့ရသည်။

All Chapters