အခန်း (၄၇)
Vol. 4 Ch. 47
'' အင်း မင်းကိုကြီးဟွာကိုစောစောလာမလာမေးလိုက်ဦး ငါကအခုဟိုတယ်မှာ ''
'' ဟုတ်ကဲ့ ခဏလေးနော် ကျွန်တော်ဖုန်းခေါ်လိုက်မယ် ''
ဂျန်ရှန်းနည်းနည်းရှက်သွားပြီး
'' အစ်ကိုချင်း ကျွန်တော်တောင်းပန်ပါတယ် ကိုကြီးဟွာကဖုန်းသိပ်မကိုင်ဘူးဖုန်းပိတ်ထားတာထင်တယ် ကျွန်တော်သူ့ကိုစာတော့ပို့ထားတယ်သူစာပြန်တာစောင့်နေတာ ''
'' ဟိုတယ်ကိုအရင်လာခဲ့ တူတူစောင့်တာပေါ့ ''
'' ဟုတ်ကဲဲ့ ဖုန်းချပြီနော် ''
ချင်းယွီဖုန်းချလိုက်ပြီးတစ်ခုခုမှားနေသလိုခံစားလိုက်ရသည်
ဒါကစနစ်ကပထမဆုံးပေးတဲ့တာဝန်လေ ချင်းယွီတစ်ယောက်တည်းတွေးလိုက်၏
အဲ့အချိန်မှာဖုန်းမြည်လာတော့
ဂျန်ရှန်းခေါ်တယ်ထင်လို့ကိုင်လိုက်ပေမဲ့ ဟန်ရွမ်အသံထွက်လာ၏
'' တောင်းပန်ပါတယ်မစ္စတာချင်း မစ္စတာရှီဟိုတယ်ကိုရောက်နေတာ၁၅မိနစ်ရှိသွားပြီ အဲ့အချိန်အတွင်းတစ်ခုခုဖြစ်သွားတယ်ထင်တယ် အခုသူတို့ ၃၅ထပ်က ဥက္ကဌရုံးမှာ အစ်မဝမ်လည်းရှိတယ်
ရှယ်ယာလွှဲစာချုပ်ချုပ်ဖို့လည်းပြင်နေကြပြီ ''
'' မန်နေဂျာ ဟန် အခုဘယ်မှာလဲ ကျုပ်ဆင်းလာနေပြီ ''
'' ကျွန်မအခုဥက္ကဌရုံးရှေ့မှာ ''
'' သူတို့ကိုအရင်တားထားပေးလို့ရလား ''
'' အဲဒါ..... ကြိုးစားကြည့်ပါ့မယ် ''
'' ဟုတ်ကဲ့မန်နေဂျာဟန် ကျေးဇူးတင်ပါတယ် ''
ချင်းယွီလည်းအခန်းထဲကထွက်ပြီးဆင်းလာလိုက်သည်
ယွမ်ဇန်ဂန်း စိတ်လှုပ်ရှားမှုထိန်းမထားနိုင်ဘူး သူ့နာမည်နဲ့စာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်၏
ဂျန်ယွမ်ဟိုတယ်ရဲ့၂၀ ရာခိုင်နှုန်း ကို ၂၂သန်းနဲ့ဝယ်လိုက်ရသည်
လွန်ခဲ့တဲ့ငါးနှစ်က သူရောင်းတုန်းက (...)နဲ့ပဲရောင်းလိုက်ရတာဆိုတော့နည်းနည်းတော့စိတ်နာ၏
(နောက်ဆုံးကြငါ့ဆီပဲပြန်ရောက်လာတာဆိုတော့တန်ပါတယ် )
စာချုပ်ချုပ်ပြီးတော့ စာချုပ်ကိုသူ့ဘေးမှာထိုင်နေတဲ့ရှီဂျင်ဟွာ့ကိုပေးလိုက်ပြီး
'' အခု ညီလေးအလှည့်ပဲ စာချုပ်ကိစ္စပြီးရင် ငွေအလွဲအပြောင်းလဲ ပြီးပါပြီ အရင်ဆုံး ၁၇သန်းလွှဲပေးထားမယ် ''
'' ဟုတ်ကဲ့ပါ ဥက္ကဌယွမ် က တဲ့တိုးဆန်တာပဲ လက်မှတ်ထိုး ပါ့မယ် ''
ရှီဂျင်ဟွာပြုံးပြုံးလေးပြောလိုက်ပြီးလက်မှတ်ထိုးမဲ့အချိန်
'' ဘော့စ် ခဏလေး ''
ဝင်နှောင့်ယှက်လိုက်တဲ့သူကတော့ ဟန်ရွမ်ပါ သူရှီဂျင်ဟွာ့ကိုရိုရိုသေသေဦးညွှတ််လိုက်ပြီးတော့
'' ဘော့စ်ရှီ တအားလောနေပြီ ရှင်နဲ့တွေ့ချင်တဲ့သူတစ်ယောက်ရှိသေးတယ် သူနဲ့လက်မှတ်ထိုးဖို့နောက်မကျသေးပါဘူး ''
'' မန်နေဂျာဟန် ကိုယ့်အလုပ်ကိုမလုပ်ဘဲ ဘာလို့သူများ ကိစ္စဝင်ရှုပ်နေတာလဲ ''
ဟိုတယ်ဥက္ကဌ အနေနဲ့ ယွန်ဇန်ဂန်း ဟိုတယ်စီမံခန့်ခွဲရေးအကြောင်းသိတယ်
ဟန်ရွမ်က ထိန်းသိမ်းရေးဌာနကမန်နေဂျာ။
သူနည်းနည်းတော့စိတ်တိုသွားတယ်
ဂျင်ဟွာစာချုပ်ချုပ်တော့မဲ့အချိန်ကျမှ ဟန်ရွမ့်ကလာနှောင့်ယှက်သည်
သူ့မှာရည်ရွယ်ချက်တစ်ခုခုရှိတာသေချာ၏
'' မန်နေဂျာ ဟန် သူဌေးနှစ်ယောက်ကြားက ကိစ္စနော် မင်းဝင်လာဖို့ကတအားရိုင်းလွန်းမနေဘူးလား ''
မာရီကွမ်လည်း ရုပ်ပျက်ပန်းပျက်ဖြစ်နေသည်
ဒီကိစ္စကြောင့်ဟန်ရွမ်ရေးကြီးခွင်ကျယ်လုပ်မိသွား၏
တစ်ခုခုသာဖြစ်သွားရင်သူတာဝန်ယူရမှာ
လစာတိုးဖို့ ဘောနပ်စ်ရဖို့ဆိုတာတွေးတောင်တွေးမနေနဲ့တော့။
ဒီနှစ်ကုန် ဘောနပ်စ်လည်းပြောင်ပြီပဲ
သူဌေးနှစ်ယောက်လုံးရဲ့အကြည့်တွေကြားမှာ သူကြောက်လာသည်
ရှီဂျင်ဟွာလက်မှတ်ထိုးမှာကိုဝင်တားလိုက်ကတည်းက ယွမ်ဇန်ဂန်းနဲ့ရန်သူဖြစ်သွားပြီဆိုတာသူသိပါတယ်
တစ်ခုခုမအောင်မြင်ရင်အထုပ်ပြင်ပြီးထွက်သွားရုံပဲ။
အောင်မြင်ရင်တော့ တဆင့်တက်ပြီး ဂျန်ယွမ်ဟိုတယ် ရဲ့ အထွေထွေမန်နေဂျာ ဖြစ်ပြီ
'' ဘော့စ်ရှီ မစ္စတာချင်းရောက်လာတော့မှာပါ သူရှင်နဲ့တွေ့ချင်နေတာ ''
တိတ်တိတ်လေးချင်းယွီမြန်မြန်လာပါစေလို့ဆုတောင်းနေမိသည်
'' မစ္စတာ ချင်း ? ''
ရှီဂျင်ဟွာသင်္ကါမကင်းဖြစ်သွားပြီးဘောပင်ကိုဘေးကိုချထားလိုက်သည်
သူမှတ်မိသလောက်ဆိုရင်
'' မင်းပြောတဲ့မစ္စတာချင်းက ချင်းယွီမလား ''
'' ဟုတ်ပါတယ် သူပါ ဘော့စ်ရှီ သူ့ကိုသိတာပဲ ''
'' အဲ့လူကတော့တကယ်ပါပဲ ဟိုတယ်မန်နေဂျာက သူ့အစားအလုပ်လုပ်ပေးတဲ့အပြင် ဟိုကလေးဂျန်ရှန်းလည်းသူ့ကိုတော်တော်လေးစားတယ် ''
ဂျင်ဟွာ့ကိုမနေ့က ဂျန်ရှန်းဖုန်းခေါ်ကတည်းက ချင်းယွီကိုစိတ်ဝင်စားနေတာ ညနက်လေပြည် ကိုသိန်း၈၀၀၀ ကျော်ပေးပြီးဝယ်မှန်းသိတော့ ပိုတောင်စိတ်ဝင်စားသွားသေး။
ခဏလောက်တွေးကြည့်လိုက်တော့
ဒီလူကတအားလည်းငယ်တယ် ဂျန်ယွမ်ဟိုတယ်ဘယ်လောက်တန်မှန်းသိမှာလည်းမဟုတ်ဘူး ။
စူပါကားတွေဝယ်တာနဲ့မတူဘူး
ပြီးတော့ ယွမ်ဇန်ဂန်းကဟိုတယ်ရဲ့အဓိကရှယ်ယာရှင် ပြီးတော့ ဟိုတယ်ရှယ်ယာတွေလည်းလိုချင်နေတဲ့သူ
ဒီလိုအခြေအနေမျိုးမှာအပြင်လူတစ်ယောက်ဝင်ပါဖို့ဆိုတာမလွယ်ဘူး
အဲ့တော့သူအဲ့လောက်စိတ်ထဲမထားမိဘူး
ဟန်ရွမ်သာသူ့ကို သတိမပေးရင် မေ့တော့မလို့
'' ချင်းယွီပဲ သူလည်းဘော့စ်ရှီရဲ့ရှယ်ယာတွေစိတ်ဝင်စားလို့လား ''
မာရီကွမ့်မျက်နှာပုံစံပြောင်းသွားတယ်
'' မင်းလည်းသူ့ကိုသိတာပဲ ''
ယွမ်ဇန်ဂန်မျက်နှာပိုပျက်သွားသည်
သူ့စိတ်ထဲမှာတစ်ခုခုမှားနေပြီဆိုတာလည်းသိလိုက်၏
သူကလွဲပြီးလူတိုင်းအဲ့လူအကြောင်းကိုသိတဲ့ပုံပဲ
မာရီကွမ် ရှင်းပြဖို့လုပ်တဲ့အချိန်မှာပဲ ချင်းယွီဝင်လာသည်
ချင်းယွီစိတ်ထဲမှာအသေဆဲနေမိတယ်
ဟိုတယ်လှေကားတက်ဖို့လုံခြုံရေးတံခါးရှာရတာအသေခက်တာ ချီးးး
ကံကောင်းတာက သန့်ရှင်းရေး လုပ်တဲ့အန်တီကြီးကိုမေးပြီး ပြေးလာလိုက်တာ
ဥက္ကဌရုံးခန်းကအရမ်းကျယ်သေး
စားပွဲခုံအပြင် စားပွဲအကြီးကြီးပါရှိသေးသည်
လူသုံးယောက်ထိုင်နေကြသည်
မာရီကွမ်ရယ် အသက်၅၀အရွယ်လူကြီးတစ်ယောက်ရယ်
သက်လတ်အရွယ်လူတစ်ယောက်ရယ်
အသက်ကြီးတဲ့ပုံပေါက်ပေမဲ့ မျက်လုံးတွေကတော့တောက်ပနေ၏
အဲ့လူကြီးက ဥက္ကဌ ယွမ်ဇန်ဂန် ဖြစ်မယ်
သူ့ဘေးမှာထိုင်နေတဲ့အသက်၄၀အရွယ်လောက်အမျိုးသမီးကြီးက ဟိုတယ်ငွေကြေးမန်နေဂျာဖြစ်မယ်
ဘေးမှာထိုင်နေတာကတော့ ချင်းယွီထပ်နည်းနည်းလောက်ကြီးမယ်ထင်ကတဲ့သူ
'' ကိုကြီးဟွာမလားဗျ ကျွန်တော်ကချင်းယွီပါ ဂျန်ရှန်းဆီက ကိုကြီးအကြောင်းအများကြီးကြားထားပါတယ်ကိုကြီးဟွာက တကယ်ခန့်တာပဲ ''
ချင်းယွီရှေ့ကိုလှမ်းလာပြီး ရိုရိုသေသေလက်လှမ်းလိုက်သည်
'' ညီလေးချင်းအကြောင်းလည်း အများကြီးကြားထားပါတယ် ''
မပြုံးဘဲနဲ့လက်လှမ်းပေးလိုက်သည် ချင်းယွီသာမန်လိုပဲဝတ်စားထားတာကိုဂျင်ဟွာအံ့သြမိပေမဲ့လက်ဆွဲနှုတ်ဆက်လိုက်၏
'' ဥက္ကဌယွမ်မလားဗျ ဥက္ကဌကတကယ် တက်ကြွပြီးခန့်ညားပါပေတယ် ''
ဟိုတယ်ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်တဲ့ ယွန်ဇန်ဂန် ကိုလည်းကြည့်လိုက်သည်
ပထမဆုံးတွေ့တဲ့အချိန် မျက်နှာရချင်လို့ ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်
'' မစ္စတာချင်းကိုအများကြီးချီးကျူးထားကြတာ သိပ်မဆိုးဘူးပဲ ''
ယွမ်ဇန်ဂန် ပြုံးပြလိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ပြန်ပြီးစူးရှသွား၏
'' မစ္စတာချင်းကလည်း ကျုပ်ညီလေး ဂျင်ဟွာ့လက်ထဲက ရှယ်ယာတွေကိုစိတ်ဝင်စားနေတာပဲ ''