← Chapters

ကောင်းကင်မိစ္ဆာနတ်ဘုရားဆင့်ခေါ်ခြင်း

Vol. 166 Ch. 2372

ကောင်းကင်မိစ္ဆာနတ်ဘုရားဆင့်ခေါ်ခြင်း

Vol. 166 Ch. 2372

ထိပ်သီးအင်အားစုများမှ လူများသည် ရီဖူရှင်း၏စကားကိုကြားသည်တွင် သူတို့အားလုံး တည်ငြိမ်နေကြသည်။ သူတို့၏အမူအရာများတွင် အပြောင်းအလဲ မရှိပေ။

ဟွာဂျီယူသည် အဆင့်ကိုးတွင် ဖြစ်ကာ ယူချင်းနှင့် ရီဖူရှင်းတို့သည် အဆင့်ခုနစ်များ ဖြစ်ကြသည်။ သူတို့သုံးယောက်မျှဖြင့် ကောင်းကင်ဒေသတစ်ခုလုံးကို ရင်ဆိုင်လိုသည်လား။

ဗုဒ္ဓနတ်သားတော်နှင့် ယွမ်ရှီးနန်းတော်အမွေခံတို့သည် ရှုံးနိမ့်ခဲ့သော်လည်း သူတို့မှာ အဆင့်ရှစ်ရန်ဟောင်များ ဖြစ်ကြသည်။ ကောင်းကင်ဒေသမှ လာရောက်သူများထဲတွင် မလှုပ်ရှားရသေးသူများ အများအပြား ရှိနေသေး၏။ ထိုလူများထဲတွင် အားနည်းသူ တစ်ဦးတစ်ယောက်မှ မပါ။ သူတို့ထဲတွင် အဆင့်ကိုးရန်ဟောင်များလည်း ပါဝင်သေးသည်။ ရီဖူရှင်းတို့သုံးယောက်က မည်သို့ တိုက်ခိုက်မည်နည်း။

ဟွာဂျီယူသည် အလွန်မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သော်လည်း ၎င်းက လုံလောက်ခြင်း မရှိနိုင်ပေ။ စိန်ခေါ်သူများအားလုံးကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။

ထိုစဉ် ရီဖူရှင်းက တန်ခိုးရှင်များကို လှမ်းကြည့်ကာ ပြောသည် “ကျုပ်က ဘယ်သူ့ကိုမှ ရန်မစခဲ့ဘူး။ ဒါပေမဲ့ ကောင်းကင်ဒေသက လာခဲ့တဲ့ ခင်ဗျားတို့ဟာ အရမ်း ရန်လိုလွန်းတယ်။ ကျုပ်ရဲ့ကျင့်ကြံခြင်းကို စစ်ဆေးလိုတယ်ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ ခင်ဗျားတို့က အဆင့်ခုနစ်မှာ ရှိတဲ့ ကျုပ်ကို ရန်ဟောင်အဆင့်ကိုးတွေနဲ့ တိုက်ခိုက်ပြီး အနိုင်ကျင့် ဗိုလ်ကျချင်ကြတယ်။ ခင်ဗျားတို့က ဒီလောက် တိုက်ခိုက်ဖို့ စိတ်ပါနေမှတော့ ကျုပ်ကလည်း ခေါင်းငုံ့ခံဖို့တော့ မရှိဘူး”

သူတို့၏အဆင့်တွင် အဆင့်ကိုးရန်ဟောင်နှင့် အဆင့်ခုနစ်ရန်ဟောင်တို့ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေပြင်အလား ကြီးမားလွန်းသည်။ အနန္တနတ်ဘုရားသားတော်ကဲ့သို့ အဆင့်ကိုးရန်ဟောင်က ရီဖူရှင်းအား ဝင်ရောက်တိုက်ခိုက်ခြင်းမှာ အလွန်အရှက်ရဖွယ်ကိစ္စဖြစ်သည်။

ကောင်းကင်ဒေသမှ လူများမှာ ရီဖူရှင်း ပြောစကားကို မည်သို့မှ ထူးထူးခြားခြား မတုန့်ပြန်ပေ။ သူက မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကိုသုံး၍ တိုက်ခိုက်မည်လော။

၎င်းကပင် သူတို့အား တစ်ခုတည်းသော တုန်လှုပ်စေနိုင်သော နည်းလမ်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ရီဖူရှင်းက ထိုသို့လုပ်လျှင် မည်သို့သော ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်မည်ကို မပြောတတ်ပေ။

ကလန်…

ထိုအခိုက်တွင် ကောင်းကင်နှင့်မြေပြင်အကြား အသံတစ်သံ ထွက်ပေါ်လာ၏။ ကျယ်ပြောသော လေဟာနယ်ထဲ ကျက်သရေရှိသော အသံနှင့်အတူ ရွှေဝါရောင် နတ်အလင်းများ ဖြာထွက်လာခဲ့သည်။

ကလန်…

ထိုအခိုက်တွင် တစ်နေရာမှ ထိန်ထိန်ညီးနေသော ရောင်ဝါများ ထွက်ပေါ်လာ၏။ အားလုံးက အံ့အားသင့်သွားကြသည်။ သူတို့က ထိုအလင်းနေရာသို့ လှမ်းကြည့်သည်တွင် ဗုဒ္ဓနတ်ဘုရားသားတော်ရှိသော နေရာ ဖြစ်ကြောင်း သိလိုက်ကြ၏။

ထိုအခိုက်တွင် သူဝတ်ဆင်ထားသော အပေါ်ပိုင်းဝတ်စုံသည် ပေါက်ကွဲထွက်သွားကာ ရွှေရောင်ဝင်းလက်နေသော ခန္ဓာကိုယ် ပေါ်လာသည်။ ခန္ဓာကိုယ်ပေါ်တွင်ကား အစင်းကြောင်းများသည် စင်္ကြများအလား ရစ်ပတ်သွားလာနေကြသည်။

“ဒါ…” ကောင်းကင်ဒေသမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

“သူက လျှို့ဝှက်နည်းစနစ်ကိုသုံးပြီး တိုက်ခိုက်ရေးစွမ်းအားကို မြင့်တက်အောင် လုပ်နေတာ” ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက သေချာကြည့်နေကြသည်။ ရှေးနတ်ဘုရားကလန်မှ လူများအားလုံးတွင် မြင့်မားသော ခွန်အားရှိကာ လျှို့ဝှက်နည်းနစ်များကိုလည်း ပိုင်ဆိုင်ကြ၏။ ဗုဒ္ဓနတ်ဘုရားသားတော်သည်လည်း ထိုနည်းတူ ဖြစ်သည်။

သူသည် ရန်ဟောင်အဆင့်ရှစ် ဖြစ်သည်။ နတ်ဘုရားသားတော်ကဲ့သို့သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသော သူသည် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းနည်းစနစ်များ၌ ပြိုင်စံရှား၏။ သို့သော်လည်း ရီဖူရှင်းထံတွင် သူသည် အရှက်တကွဲ ရှုံးနိမ့်ခဲ့ကာ ဟွာဂျီယူ၏စိတ်စွမ်းအားထံ၌လည်း ဒဏ်ရာရခဲ့သည်။ သူကဲ့သို့သော ဂုဏ်မောက်သူက မည်သို့ သည်းခံနိုင်မည်နည်း။

ထိုအကြောင်းပြချက်ကြောင့်ပင် ဗုဒ္ဓနတ်ဘုရားသားတော်သည် လျှို့ဝှက်နည်းနစ်အား အသုံးပြုရန် ဝန်မလေးခဲ့ပေ။

ဗုဒ္ဓကုန်းမြေမှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ကြည့်ကာ လေးနက်သော အမူအရာများ ဖြစ်လာကြသည်။ နတ်ဘုရားသားတော်က မည်သို့ ကြံရွယ်နေသည်ကို သူတို့ သဘောပေါက်ကြ၏။ သည်တိုက်ပွဲတွင် အရှုံးအနိုင်မှာ သူ့အပေါ်တွင် မူတည်နေသည်။ မည်သို့ဆိုစေ ကောင်းကင်ဒေသမှ လူများအား ဦးဆောင်၍ တိုက်ပွဲအား သူက ဦးဆုံး အစပျိုးခဲ့သည် မဟုတ်ပါလား။

ဝုန်း…

အဆုံးမဲ့သော အလင်းများ သူ့ထံမှ ပေါက်ကွဲထွက်လာခဲ့၏။ ထိုအလင်းများအောက်တွင် သူ၏ရုပ်ခန္ဓာသည် ပျောက်ကွယ်သွားခဲ့ကာ စစ်မှန်သော နတ်ဘုရားတစ်ပါးအလား ဆင်းသက်လာခဲ့သည်။

ဧရာမနတ်ဘုရားပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ယခင်က ထိုပုံရိပ်သည် ဗုဒ္ဓနတ်ဘုရားသားတော်က ထိန်းချုပ်သော်လည်း ယခုကား သူသည် ထိုပုံရိပ်နှင့် လုံးဝ ပေါင်းစပ်သွားခဲ့သည်။

ကျယ်ပြောသော လေဟာနယ်ထဲ၌ အဆုံးမဲ့သော နတ်အလင်းများသည် သူ့ခန္ဓာကိုယ်သို့ စုပြုံတိုးဝင်ကြ၏။ သူ၏အရှိန်အဝါမှာလည်း ယခင်ကထက် များစွာ အားကောင်းလာခဲ့သည်။ ၎င်းသည် အဆင့်ရှစ်ရန်ဟောင်တစ်ပါးထက် များစွာ သာလွန်အားကောင်းသည်။

သူ့မျက်လုံးများသည် ဗုဒ္ဓနတ်မျက်လုံးများအသွင်ဖြင့် ရီဖူရှင်းတို့အား ကြည့်သည်။ သူ၏အရှက်ရမှုအတွက် လက်စားချေရပေမည်။

အဝေးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် အလွန်ထိတ်လန့်သွားကြ၏။ တိုက်ပွဲက ထိုမျှ အရေးကြီးလာသည်လား။

သူတို့သုံးယောက်က နတ်ဘုရားသားတော်ရှိရာသို့ ကြည့်လိုက်ကြသော်လည်း မည်သည့်ထူးခြားသည့် အမူအရာမှ မရှိပေ။ ရီဖူရှင်းထံမှ အရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ သူက ယူချင်းကို ပြောသည် “ယူချင်း… မင်းက တိုက်ရိုက်တိုက်ခိုက်မလား”

“ပြဿနာမရှိဘူး” ယူချင်းက ခေါင်းညိတ်သည်။ ချက်ချင်းပင် ရီဖူရှင်းသည် လေထဲကို တက်လိုက်ကာ ထိုင်ချလိုက်၏။ နတ်အလင်းတစ်ခုနှင့်အတူ တေးသံတစ်ခုကိုလည်း ကြားရသည်။

၎င်းကား ကု့ချင်း ‘ကျွမ့်ကျွမ့်’ ဖြစ်သည်။ ‘ကျွမ့်ကျွမ့်’ ပေါ်လာသည်တွင် မဟာလမ်းစဉ်၏သံစဉ်ကြိုးများသည် နတ်အလင်းများ ပိုမိုတောက်ပလာခဲ့ကာ ကောင်းကင်ဒေသမှ လူများသည် ကု့ချင်းထံမှ ထွက်ပေါ်လာသော စွမ်းအားကို ကောင်းကောင်း ခံစားမိကြသည်။

“မဟာအင်ပါယာရှန့်ယင်ရဲ့ ကု့ချင်း”

၎င်းကု့ချင်းသည် လိပ်နဂါးထံမှ ရခဲ့ကာ မဟာအင်ပါယာရှန့်ယင်၏အမွေအနှစ်လည်း ဖြစ်သည်။ သူသည် ထိုကု့ချင်းအား မည်သည့်အခါကမှ အသုံးမပြုခဲ့သော်လည်း မည်သူမှ ထိုကု့ချင်းကို အထင်မသေးရဲကြပေ။ ၎င်းသည် နတ်ဘုရားအဆင့် ရတနာဖြစ်ကာ မဟာအင်ပါယာရှန့်ယင်၏ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည်။

ရီဖူရှင်းက သည်းခံတော့မည်မဟုတ်ဟု ပြောခဲ့သည်။ ကြည့်ရသည်မှာ သူက အမှန်တကယ် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်တော့မည့် သဘောဖြစ်သည်။

ရီဖူရှင်းက ကု့ချင်းအား ထုတ်လိုက်သည်ကို ဟွာဂျီယူက မြင်သည်။ သူမသည်လည်း ရီဖူရှင်းဘေးတွင် ရပ်ကာ နတ်အလင်းများ ထုတ်လွှတ်လိုက်၏။ သူမ၏အဝတ်စများ တဖျတ်ဖျတ်လွင့်နေခြင်းက သူမအား ကျူးထျန်နတ်မိမယ် ကမ္ဘာမြေသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရစေသည်။

ယူချင်းက ရှေ့ကို တက်လိုက်သည်။ သူက ခေါင်းမော့ကာ အပေါ်မှ ဗုဒ္ဓနတ်ဘုရားပုံရိပ်အား ကြည့်သည်။ သူ့မျက်လုံးမှ ထိတ်လန့်ဖွယ် နတ်ဆိုးအငွေ့အသက်များအား ထုတ်လွှတ်၏။

ဝုန်း…

ယူချင်းထံမှ ပြင်းထန်သော နတ်ဆိုးအငွေ့အသက်များ ထွက်လာသည်။ တချိန်တည်းတွင် အင်အားများသည် သူ့ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စုပြုံတိုးဝင်လာကြဟန်ရှိသည်။ သူ၏အရှိန်အဝါမှာလည်း လွန်စွာ အားကောင်းလာ၏။

“မဟာအင်ပါယာရဲ့အငွေ့အသက်… ယူချင်းက နတ်ဆိုးအင်ပါယာရဲ့အမွေကို ဆက်ခံခဲ့တာပဲ” ယူချင်းက မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်သည်တွင် လူတိုင်း စိတ်နှလုံး တုန်ယင်သွားကြသည်။ သူသည်လည်း မဟာအင်ပါယာ၏အမွေကို ဆက်ခံခဲ့ကာ သူ၏နောက်ခံမှာ မရိုးရှင်းတော့သည်မှာ ထင်ရှား၏။

သို့သော်လည်း အဆင့်ကွာဟချက်ကို သူက ပြင်ဆင်နိုင်ပါမည်လော။

လက်ရှိတွင် ဗုဒ္ဓနတ်ဘုရားသားတော်သည် အလွန်သန်မာသည့်ဟန်ရှိသည်။

ဝုန်း… ဝုန်း… ဝုန်း…

ထိုအခိုက်တွင် ယူချင်းဘေး၌ နတ်ဆိုးကဲ့သို့ ပုံရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ ၎င်းနတ်ဆိုးများသည် ကွဲပြားခြားနားသော အရှိန်အဝါနှင့် ရုပ်သွင်များ ရှိကြ၏။ နတ်ဆိုးတစ်ကောင်စီသည် အဆုံးမဲ့သော စွမ်းအားများကို ပိုင်ဆိုင်ဟန်ရသည်။

ထိုနတ်ဆိုးများကို မြင်သည်တွင် ကောင်းကင်ဒေသမှ လူများ၏အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။

နတ်ဆိုးခြောက်ပါး…

“ကောင်းကင်မိစ္ဆာဆင့်ခေါ်ခြင်း… နတ်ဆိုးအင်ပါယာရဲ့ အစွမ်းအထက်ဆုံးပညာရပ်တစ်ခု… သူက တကယ်ပဲ ဒါကို သင်ယူနိုင်ခဲ့တာလား”

လူအများအပြား၏စိတ်နှလုံးများ တုန်ယင်သွားကြသည်။ ပြောကြသည်မှာ လူအနည်းငယ်ကသာ ထိုပညာရပ်ကို သင်ယူနိုင်ပြီး နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်တပည့်များသည်ပင် တတ်မြောက်ကြခြင်း မရှိပေ။

ယူချင်းက ကောင်းကင်မိစ္ဆာဆင့်ခေါ်ခြင်းပညာရပ်အား မည်သို့ ကျွမ်းကျင်နေရသနည်း။

All Chapters